fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ဘယ်လိုလူတွေမှာ ဆီးကျိတ်ရောဂါအဖြစ်များလဲ?

1.1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/08/2023
in အမျိုးသားကျန်းမာရေး
1 min read
A A

ဆီးကျိတ်ဟာ အမျိုးသားတွေအတွက် အရေးပါတဲ့ အရည်ထုတ်ပေးသော ဂလင်းတစ်ခု ဖြစ်ပါတယ်။ ဆီးအိမ်ရဲ့အောက်ဖက်၊ အစာဟောင်းအိမ်ရဲ့ အရှေ့မှာ ရှိတဲ့ ဆီးကျိတ်ဟာ ဆီးပြွန်ကနေ အောက်ဖက်ကို ဆင်းလာတဲ့ urethra လို့ခေါ်တဲ့ ဆီးလမ်းကြောင်းရဲ့ အပေါ်ပိုင်းကို ရစ်ပတ်ထားသလို ဖြစ်နေတဲ့အတွက် ဆီးကျိတ်မှာ ပြဿနာတစ်ခုခု ရှိတဲ့အခါ ဆီးသွားခြင်းနဲ့ လိင်ဆက်ဆံခြင်းတွေ အပေါ်မှာပါ အကျိုးသက်ရောက်မှု ရှိပါတယ်။

ဆီးကျိတ်က မျိုးပွားလုပ်ငန်းမှာ အဓိက ပါဝင်လုပ်ဆောင်ပါတယ်။ သုတ်လွှတ်ချိန်မှာ ဆီးကျိတ်အတွင်းရှိ ပြွန်တွေက အရည်တွေကို ဆီးလမ်းကြောင်း (urethra) ထဲကို ပို့ဆောင်ပေးပြီး ထိုအရည်တွေဟာ (ဆီးကျိတ်ဘေး တစ်ဖက်တစ်ချက်ရှိ seminal vesicles ကပါ ထုတ်လွှတ်လိုက်တဲ့ အရည်တွေနဲ့ ပေါင်းပြီး) ဝှေးစေ့က ထုတ်လွှတ်လိုက်တဲ့ သုတ်ကောင်တွေ ဆီးလမ်းကြောင်းထဲမှာ ပိုမိုလျင်မြန်စွာ သွားနိုင်ဖို့ ကူညီပေးပါတယ်။

ဆီးကျိတ်နဲ့ ပတ်သက်ပြီး အဓိက အဖြစ်များတာကတော့ အသက်ကြီးတဲ့သူတွေမှာ ဆီးကျိတ်ကြီးလာခြင်း (benign prostatic hyperplasia- BPH) နဲ့ ဆီးကျိတ်ကင်ဆာ Prostate cancer တို့ဖြစ်ပါတယ်။ ဘယ်လိုလူတွေမှာ ဒီရောဂါတွေ ဖြစ်နိုင်ခြေ ပိုရှိသလဲ ဆိုတာကို ဒီဆောင်းပါးမှာ ပြောပြပေးသွားပါမယ်။

ဆီးကျိတ်ကြီးခြင်း (BPH)

• အသက်ကြီးတဲ့သူတွေ (အသက် ၄၀ နဲ့အထက်မှာ ဆီးခဏခဏသွားချင်တာ၊ ဆီးသွားရခက်တာတွေရဲ့ အဓိကတရားခံက BPH ပါပဲ)
• မိသားစု မျိုးရိုးထဲမှာ ဖြစ်ဖူးသူတွေ
• အဝလွန်သူတွေ
• နှလုံးရောဂါနဲ့ ဆီးချိုရောဂါ ရှိသူတွေမှာ ဆီးကျိတ်ကြီးနိုင်ခြေ ပိုများပါတယ်။
ဆီးကျိတ်ကင်ဆာ (Prostate cancer)
• အသက်ကြီးတဲ့သူ (ဆီးကျိတ်ကင်ဆာဟာ အသက် ၇၀ အထက်တွေမှာ ပိုအဖြစ်များပါတယ်)
• လူမျိုး (လူဖြူတွေထက် လူမည်းတွေမှာ ပိုအဖြစ်များပြီး အာရှတိုက်သားတွေက အဖြစ်အနည်းဆုံးပါ)
• ဆေးလိပ်သောက်သူ
• အဝလွန်သူ
• ဆီးကျိတ်ကင်ဆာဖြစ်ဖူးတဲ့ မိသားစုရာဇဝင် ရှိသူ
• အရပ်ရှည်တဲ့သူ
• IGF- 1 ဟော်မုန်းများတဲ့သူ
• ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေနဲ့ ထိတွေ့မှုများသူတွေမှာ ဆီးကျိတ်ကင်ဆာ အဖြစ်များပါတယ်။ သုတေသန အများကြီး မလုပ်ရသေးပေမယ့် သားကြောဖြတ်ထားတဲ့သူတွေနဲ့ ဆီးကျိတ်ရောင်ဖူးသူတွေမှာလည်း ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ များတယ်လို့ ယူဆကြပါတယ်။

ဆီးကျိတ်ကြီးတာရော ဆီးကျိတ်ကင်ဆာရော နှစ်ခုလုံးဟာ ဆီးသွားရခက်ခြင်း၊ ဆီးသွားချင်စိတ် မကြာခဏဖြစ်ပြီး မသွားနိုင်ခြင်း၊ ဆီးသွားရတာ အားမရခြင်း စတဲ့ လက္ခဏာတွေ ပြနိုင်ပြီး ခွဲစိတ်ကုသဖို့ လိုအပ်တဲ့ ရောဂါတွေ ဖြစ်ပါတယ်။

ဆီးကျိတ်ကြီးတာနဲ့ ဆီးကျိတ်ကင်ဆာ မဖြစ်ရလေအောင် ဖြစ်နိုင်ခြေများတဲ့ အုပ်စုထဲမှာ ပါဝင်နေပြီဆိုရင် လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ ကျန်းမာတဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း၊ သံလွင်ဆီ၊ သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ အစေ့အဆံတွေ များများစားပေးခြင်းဖြင့် ကာကွယ်သင့်ပြီး နှစ်စဉ်ပုံမှန် ကျန်းမာရေးစစ်ဆေးခြင်း ပြုလုပ်သင့်ပါတယ်။

Author:Dr.Yee Mon

Previous Post

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

Next Post

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

3 weeks ago
184

သွေးလည်ပတ်မှုအားကောင်းစေမယ့် Korean Ginseng အကြောင်း

1 month ago
195

အမျိုးသားနှင့် ဆီးကျိတ်ကျန်းမာရေး

2 months ago
885

အသက် ၅၀ ကျော်အမျိုးသားတို့ သတိထားသင့်တဲ့ကျန်းမာရေးဆိုင်ရာပြဿနာများ

9 months ago
1k
Why men lose their sexuality prematurelyuality -prematurely

အမျိုးသားများ အရွယ်မတိုင်ခင် လိင်စိတ်နည်းပါးလာရခြင်းအကြောင်း

10 months ago
3.7k
To be a healthy, happy and energetic man

ကျန်းမာပျော်ရွှင်ပြီး တက်ကြွလန်းဆန်းတဲ့ အမျိုးသားတစ်ဦးဖြစ်ဖို့

11 months ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

အသည်းလေးရဲ့ ကျန်းမာရေး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.