fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အရိုးအကြောနှင့် လေးဖက်နာ

Type II Collagen ဆိုတာဘာလဲ?

64
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/09/2023
in အရိုးအကြောနှင့် လေးဖက်နာ
1 min read
A A

Collagen သောက်မှ ခေတ်မီသလို ဖြစ်နေတဲ့ခေတ်မှာ collagen တွေအကြောင်းကိုလည်း သိထားဖို့ လိုလာပါပြီ။ ကိုယ်ဖြစ်နေတဲ့ ပြဿနာနဲ့ ကိုယ်သောက်တဲ့ collagen က တလွဲကြီး ဖြစ်နေတဲ့အခါ ငွေကုန်ပြီး မထူးခြား ဆိုတာမျိုး ဖြစ်နေမှာပါ။ Collagen အမျိုးအစားစုစုပေါင်း ၂၈ မျိုးခန့် ရှိပါတယ်။ ဖြည့်စွက်စာတွေမှာ အသုံးများတာက type l, ll, lll, V နဲ့ X တို့ ဖြစ်ပြီး ဒီဆောင်းပါးမှာတော့ type ll collagen အကြောင်းကို ပြောပြပေးသွားမှာပါ။

Type ll collagen ဆိုတာ ဘာလဲ?

Type ll collagen ဆိုတာ အရိုးအဆစ်တွေရဲ့ အရိုးနုနေရာမှာ တွေ့ရတတ်တဲ့ peptide လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ဒြပ်ပေါင်း တစ်နည်းအားဖြင့် ပရိုတင်းဓာတ် ဖြစ်ပြီး တွယ်ဆက်တစ်ရှူး၊ အရိုးနုနဲ့ အရိုးတွေ တည်ဆောက်ရာမှာ ကူညီပေးပါတယ်။ Type ll collagen မှာ အပူချိန်နည်းနည်းနဲ့သာ ပြုပြင်ထားပြီး peptide တွေ ပုံစံမပျက် ရှိနေစေတဲ့ undenatured type နဲ့ အပူချိန်ပြင်းပြင်း၊ အက်ဆစ်၊ အင်ဇိုင်းတွေနဲ့ ပြုပြင်ထားပြီး peptide တွေကို သေးငယ်တဲ့အထိ ပြိုကွဲသွားစေတဲ့ hydrolyzed type ဆိုပြီး ၂ မျိုး ရှိပါတယ်။

Type ll collagen ရဲ့ ကောင်းကျိုးတွေ…

Undenatured type ll collagen ဟာ အဆစ်တွေ၊ အကြောတွေနဲ့ အရွတ်တွေရဲ့ အနီးတဝိုက်က တွယ်ဆက်တစ်ရှူးတွေကို ပြုပြင်ပေးတဲ့အတွက် အရိုးအဆစ်ရောင်ရမ်းနာနဲ့ လေးဖက်နာအဆစ်အမြစ်ရောင်ရမ်းခြင်းတွေကို သက်သာစေသလို အူလမ်းကြောင်းနံရံက တစ်ရှူးတွေကိုလည်း ထိန်းသိမ်းပေးပြီး အူလမ်းကြောင်း ကျန်းမာစေပါတယ်။ Hydrolyzed type ll collagen ကတော့ အဆစ်အမြစ်ရောင်ရမ်းကိုက်ခဲတာ သက်သာစေတဲ့အပြင် အသားအရေ၊ ဆံပင်နဲ့ ခြေသည်းလက်သည်းတွေ လှပဖို့အတွက်လည်း အသုံးဝင်ပါတယ်။

Type II collagen ကို သဘာဝအားဖြင့် ကြက်သားရဲ့ အရိုးနုပိုင်းနဲ့ ကြက်စွပ်ပြုတ်တွေကနေ ရရှိနိုင်ပါတယ်။ ကြက်သားကရတဲ့ type ll collagen မှာ အရိုးနုတွေကို ကျန်းမာစေတဲ့ chondroitin နဲ့ glucosamine ဓာတ်တွေ ပါဝင်နေပါတယ်။

ကြက်သားကို နေ့တိုင်းမစားချင်ရင် ဖြည့်စွက်စာ အနေနဲ့လည်း သောက်သုံးလို့ရပါတယ်။ Type ll collagen ပါဝင်တဲ့ အားဆေး​သောက်တာ၊ collagen အမှုန့်ကို ဖျော်သောက်တာ၊ စွပ်ပြုတ်ထဲထည့်တာ၊ မုန့်လုပ်တဲ့အထဲထည့်တာ စသဖြင့် နှစ်သက်သလို သောက်သုံးနိုင်ပါတယ်။

သောက်သုံးနိုင်တဲ့ ပမာဏ…

Undenatured type ll collagen ဆိုရင် 400 mg ခန့် သောက်သုံးရင် လုံလောက်ပြီး Hydrolyzed type ll collagen ဆိုရင်တော့ တစ်နေကြို 10 gm ထိ သောက်သုံးနိုင်ပါတယ်။
Type ll collagen ကို အချိန်မရွေး သောက်လို့ရပေမယ့် မနက်စာမစားခင် အစာအိမ်ထဲမှာ အစာမရှိတဲ့အချိန် သောက်သုံးနိုင်ရင် စုပ်ယူမှုအား ပိုကောင်းပြီး အာနိသင် ပိုရစေမှာပါ။

အရိုးအဆစ်ပြဿနာတွေကြောင့် collagen ကို သောက်ချင်တာဆိုရင် type ll collagen သီးသန့်ကို ဖြစ်စေ၊ type ll အပါအဝင် collagen အမျိုးမျိုးပါဝင်တဲ့ အမျိုးအစားကို ဖြစ်စေ၊ type ll collagen ပါဝင်တဲ့ အရိုးအားဖြည့်ဆေးတွေကို ဖြစ်စေ ရွေးချယ် သောက်သုံးသင့်ပါတယ်။

ဒါကြောင့် collagen ပါတယ်ဆိုတိုင်း အလွယ်တကူ ဝယ်ယူသောက်သုံးတာထက် မိမိမှာ ဖြစ်နေတဲ့ ရောဂါပြဿနာနဲ့ ကိုက်ညီတဲ့ collagen ကို ရွေးချယ်သောက်သုံးခြင်းဖြင့် ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

Author: Dr.Yee Mon

Previous Post

အသည်းလေးရဲ့ ကျန်းမာရေး

Next Post

နှလုံးကျန်းမာရေးအတွက် အရေးကြီးတဲ့ DHA အကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

3 weeks ago
84

ဒူးနာ၊ ခါးနာသမားများအတွက် အသင့်တော်ဆုံးဖြည့်စွက်အာဟာရ

7 months ago
522

အရိုးကျိုးသွားတဲ့အခါမြန်မြန်ပြန်ဆက်စေဖို့လိုက်နာသင့်တဲ့အချက်များ

8 months ago
437
women and knee pain

အမျိုးသမီးနှင့် ဒူးနာဝေဒနာ

1 year ago
624

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နှလုံးကျန်းမာရေးအတွက် အရေးကြီးတဲ့ DHA အကြောင်း

အမျိုးသမီးများဖြည့်စွက်အာဟာရသောက်သုံးဖို့ အကောင်းဆုံးအရွယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.