(Zawgyi)
ဇီဝကတို႔ ၂၁ ရာစုမွာ အိုင္တီပစၥည္းေတြ ျဖစ္တဲ့ တီဗြီ ၊ကြန္ပ်ဴတာ ၊ တက္ဘလက္ ၊လက္ကိုင္ဖုန္းေတြဟာ လူေနမႈဘဝရဲ႕ တစ္စိတ္တစ္ပိုင္း အျဖစ္ တစ္စတစ္စနဲ႔ ေနရာယူလာပါတယ္ ။ထိုအိုင္တီပစၥည္းေတြေၾကာင့္ လူသားေတြရဲ႕ က်န္းမာေရးအေပၚ ဘယ္လိုသက္ေရာက္မႈရွိလဲ ဆိုတာ ေလ့လာၾကတဲ့ စမ္းသပ္မႈေတြကမာၻအႏွံ႔ လုပ္ခဲ့ၾကပါတယ္ ။ဒီေဆာင္းပါးေလးမွာေတာ့ အျဖစ္မ်ားတဲ့ မ်က္စိျပႆနာ တစ္ခုျဖစ္တဲ့ မ်က္စိေညာင္းျခင္း Eye Strain အေၾကာင္း ေဖာ္ျပပါ့မယ္ ။
မ်က္စိကို ၾကာၾကာ အာ႐ုံစိုက္ရတဲ့အခါ ၊အလင္းျပန္ ဖန္သားျပင္ကိုတာရွည္စြာ ၾကည့္ရတဲ့အခါ မ်က္စိ ေညာင္းျခင္း ေဝဒနာကို ခံစားရပါတယ္ ။
မ်က္စိေညာင္းျခင္း လကၡဏာမ်ား
-မ်က္႐ိုးကိုက္ ၊နားထင္နဲ႔ ေခါင္းေတြကိုက္
-မ်က္စိေျခာက္ေသြ႕
-မ်က္စိနီရဲ
-အျမင္ေဝဝါး ၊မၾကည္လင္
-ပုံရိပ္ ႏွစ္ထပ္ျမင္
-အလင္းေရာင္ကို ေကာင္းေကာင္း ၾကည့္လို႔ မရ
စတာေတြပဲ ျဖစ္ပါတယ္ ။
ဒီလို မျဖစ္ေအာင္ ဘယ္လိုႀကိဳတင္ ကာကြယ္မလဲ ။
-စာလုံး ႀကီးႀကီး ေျပာင္းဖတ္ပါ ။
Font size ကို ႀကီးပါ ။
-မိမိ ၾကည့္ရႈ အသုံးျပဳေနတဲ့ အိုင္တီပစၥည္းမ်ားရဲ႕ အေနအထား မွန္ပါေစ ။ မ်က္စိနဲ႔ တစ္တန္းထားၿပီး ၾကည့္ပါ ။
-အိုင္တီပစၥည္းမ်ားရဲ႕ မ်က္ႏွာျပင္ ေတာက္ပမႈ Screen brightness ကိုေလ်ာ့ခ်ပါ။ အထူးသျဖင့္ ေမာ္နီတာေနာက္ခံကို ရႈပ္ေထြးစြာ မထားပါနဲ႔ ။အျဖဴေရာင္ ေအာက္ခံတြင္ အနက္ေရာင္ စာသားေတြ အျဖစ္ ခ်ိန္ညႇိထားပါ ။
-အလင္းေရာင္ကို ဂ႐ုစိုက္ပါ။ ပတ္ဝန္းက်င္ အလင္းေရာင္ လုံေလာက္စြာ မရက အိုင္တီပစၥည္းမ်ားရဲ႕ မ်က္ႏွာျပင္က ထြက္တဲ့ စူးရွတဲ့ အလင္းေရာင္ေၾကာင့္ မ်က္စိ ထိခိုက္ႏိုင္ပါတယ္။
ဒါေၾကာင့္ အိုင္တီပစၥည္းမ်ား သုံးတဲ့အခါ အလင္းေရာင္ ေကာင္းေကာင္းရေအာင္ လုပ္ပါ ။
-ေခတၱ အနား ယူၿပီး ေျဖေလ်ာ့ပါ ။
အိုင္တီ ပစၥည္းေတြကို နာရီေပါင္းမ်ားစြာ ဆက္တိုက္ အသုံးမျပဳသင့္ပါ ။
မိနစ္ ၂၀ သုံးၿပီးတိုင္း စကၠန႔္ ၂၀ခန႔္ အနားယူပါ ၊ေျဖေလ်ာ့ပါ ။
မ်က္စိကို အိုင္တီ ပစၥည္းမ်ားမွ ခြာၿပီး အေဝးတစ္ေနရာကို ေခတၱမွ် ၾကည့္ေပးပါ ။
မ်က္လုံးကို အေပၚ ေအာက္ ေဘးဘယ္ညာ ၾကည့္တဲ့ ေလ့က်င့္ခန္း လုပ္ေပးပါ ။
ေခတၱမွ် ထကာ လမ္းေလွ်ာက္တာ လုပ္ျခင္းျဖင့္ အေၾကာ ေျဖေလ်ာ့ပါ ။
-မ်က္လုံး က်န္းမာေရးကို ဂ႐ုစိုက္ပါ ။
အိုင္တီ ပစၥည္းမ်ားကို ကိုင္တြယ္ အသုံးျပဳၿပီး အသက္ေမြးဝမ္းေက်ာင္းျပဳသူမ်ား
အေနျဖင့္ ၁ႏွစ္ ၁ခါ မ်က္စိ စမ္းသပ္မႈ ခံယူပါ ။
အထူးသျဖင့္ မ်က္မွန္တပ္ရသူမ်ား မိမိ မ်က္မွန္ပါဝါကို အၿမဲ ခ်ိန္ညႇိဖို႔ လိုပါတယ္ ။
အျပင္ထြက္တဲ့အခါ ေနကာမ်က္မွန္ ဝတ္ဆင္ျခင္းျဖင့္ ခရမ္းလြန္ေရာင္ျခည္ကို
ကာကြယ္ပါ ။
လတ္ဆတ္ေသာ ဟင္းသီးဟင္း႐ြက္မ်ားကို စားသုံးပါ ။အထူးသျဖင့္ ဗိုက္တာမင္
ေအပါေသာ အနီေရာင္ရွိ ဟင္းသီးဟင္း႐ြက္မ်ား(ဥပမာ-မုန္လာဥနီ) ကို စားပါ ။
Author: ေခတ္သစ္ ဇီဝက
(Unicode)
ဇီဝကတို့ ၂၁ ရာစုမှာ အိုင်တီပစ္စည်းတွေ ဖြစ်တဲ့ တီဗွီ ၊ကွန်ပျူတာ ၊ တက်ဘလက် ၊လက်ကိုင်ဖုန်းတွေဟာ လူနေမှုဘဝရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် တစ်စတစ်စနဲ့ နေရာယူလာပါတယ် ။ထိုအိုင်တီပစ္စည်းတွေကြောင့် လူသားတွေရဲ့ ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ ဆိုတာ လေ့လာကြတဲ့ စမ်းသပ်မှုတွေကမ္ဘာအနှံ့ လုပ်ခဲ့ကြပါတယ် ။ဒီဆောင်းပါးလေးမှာတော့ အဖြစ်များတဲ့ မျက်စိပြဿနာ တစ်ခုဖြစ်တဲ့ မျက်စိညောင်းခြင်း Eye Strain အကြောင်း ဖော်ပြပါ့မယ် ။
မျက်စိကို ကြာကြာ အာရုံစိုက်ရတဲ့အခါ ၊အလင်းပြန် ဖန်သားပြင်ကိုတာရှည်စွာ ကြည့်ရတဲ့အခါ မျက်စိ ညောင်းခြင်း ဝေဒနာကို ခံစားရပါတယ် ။
မျက်စိညောင်းခြင်း လက္ခဏာများ
-မျက်ရိုးကိုက် ၊နားထင်နဲ့ ခေါင်းတွေကိုက်
-မျက်စိခြောက်သွေ့
-မျက်စိနီရဲ
-အမြင်ဝေဝါး ၊မကြည်လင်
-ပုံရိပ် နှစ်ထပ်မြင်
-အလင်းရောင်ကို ကောင်းကောင်း ကြည့်လို့ မရ
စတာတွေပဲ ဖြစ်ပါတယ် ။
ဒီလို မဖြစ်အောင် ဘယ်လိုကြိုတင် ကာကွယ်မလဲ ။
-စာလုံး ကြီးကြီး ပြောင်းဖတ်ပါ ။
Font size ကို ကြီးပါ ။
-မိမိ ကြည့်ရှု အသုံးပြုနေတဲ့ အိုင်တီပစ္စည်းများရဲ့ အနေအထား မှန်ပါစေ ။ မျက်စိနဲ့ တစ်တန်းထားပြီး ကြည့်ပါ ။
-အိုင်တီပစ္စည်းများရဲ့ မျက်နှာပြင် တောက်ပမှု Screen brightness ကိုလျော့ချပါ။ အထူးသဖြင့် မော်နီတာနောက်ခံကို ရှုပ်ထွေးစွာ မထားပါနဲ့ ။အဖြူရောင် အောက်ခံတွင် အနက်ရောင် စာသားတွေ အဖြစ် ချိန်ညှိထားပါ ။
-အလင်းရောင်ကို ဂရုစိုက်ပါ။ ပတ်ဝန်းကျင် အလင်းရောင် လုံလောက်စွာ မရက အိုင်တီပစ္စည်းများရဲ့ မျက်နှာပြင်က ထွက်တဲ့ စူးရှတဲ့ အလင်းရောင်ကြောင့် မျက်စိ ထိခိုက်နိုင်ပါတယ်။
ဒါကြောင့် အိုင်တီပစ္စည်းများ သုံးတဲ့အခါ အလင်းရောင် ကောင်းကောင်းရအောင် လုပ်ပါ ။
-ခေတ္တ အနား ယူပြီး ဖြေလျော့ပါ ။
အိုင်တီ ပစ္စည်းတွေကို နာရီပေါင်းများစွာ ဆက်တိုက် အသုံးမပြုသင့်ပါ ။
မိနစ် ၂၀ သုံးပြီးတိုင်း စက္ကန့် ၂၀ခန့် အနားယူပါ ၊ဖြေလျော့ပါ ။
မျက်စိကို အိုင်တီ ပစ္စည်းများမှ ခွာပြီး အဝေးတစ်နေရာကို ခေတ္တမျှ ကြည့်ပေးပါ ။
မျက်လုံးကို အပေါ် အောက် ဘေးဘယ်ညာ ကြည့်တဲ့ လေ့ကျင့်ခန်း လုပ်ပေးပါ ။
ခေတ္တမျှ ထကာ လမ်းလျှောက်တာ လုပ်ခြင်းဖြင့် အကြော ဖြေလျော့ပါ ။
-မျက်လုံး ကျန်းမာရေးကို ဂရုစိုက်ပါ ။
အိုင်တီ ပစ္စည်းများကို ကိုင်တွယ် အသုံးပြုပြီး အသက်မွေးဝမ်းကျောင်းပြုသူများ
အနေဖြင့် ၁နှစ် ၁ခါ မျက်စိ စမ်းသပ်မှု ခံယူပါ ။
အထူးသဖြင့် မျက်မှန်တပ်ရသူများ မိမိ မျက်မှန်ပါဝါကို အမြဲ ချိန်ညှိဖို့ လိုပါတယ် ။
အပြင်ထွက်တဲ့အခါ နေကာမျက်မှန် ဝတ်ဆင်ခြင်းဖြင့် ခရမ်းလွန်ရောင်ခြည်ကို
ကာကွယ်ပါ ။
လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို စားသုံးပါ ။အထူးသဖြင့် ဗိုက်တာမင်
အေပါသော အနီရောင်ရှိ ဟင်းသီးဟင်းရွက်များ(ဥပမာ-မုန်လာဥနီ) ကို စားပါ ။
Author: ခေတ်သစ် ဇီဝက