fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အရိုးအကြောနှင့် လေးဖက်နာ

ဆောင်းရာသီနှင့်အဆစ်ရောင်ရောဂါ

Winter and arthritis
179
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/02/2024
in အရိုးအကြောနှင့် လေးဖက်နာ
1 min read
A A

အဆစ်ရောင် ရောဂါရှင်တွေအတွက် ဆောင်းရာသီဆိုတာက အိပ်မက်ဆိုးတစ်ခုလို ဖြစ်နေမှာပါ။ ရာသီဥတုက အေးတော့ အဆစ်တွေက ပိုပြီး နာကျင်ကိုက်ခဲ၊ တင်းတောင့်နေတတ်လို့ လှုပ်ရှားရမှာတောင် မဝံ့မရဲ ဖြစ်နေကြရမယ် ထင်ပါတယ်။

အရိုးတွေရဲ့အဆုံး၊ အရိုးတခုနဲ့တခု ဆက်စပ်တဲ့ နေရာမှာ ကူရှင်သဘောမျိုး ခံထားတဲ့ အရိုးနု (cartilage) လေးတွေနဲ့ ချောဆီအရည် (sinovial fluid) ရှိတတ်ပြီး အရိုးအဆစ်တွေ လွယ်ကူချောမွေ့စွာ လှုပ်ရှားနိုင်အောင် ကူညီပေးပါတယ်။ အဆစ်ရောင်တာက အဲဒီအရိုးနုလေးတွေ ထိခိုက်ပျက်စီးသွားလို့ပါ။

အဆစ်ရောင်တာက ဆောင်းရာသီမှာ ဘာလို့ ပိုဆိုးတတ်တာလဲ?

အဆစ်ရောင်ရောဂါရှင်တွေရဲ့ ၈၀% ခန့်ဟာ ဆောင်းရာသီမှာ ရောဂါလက္ခဏာတွေ ပိုဆိုးလေ့ရှိပါတယ်။

*ပြင်ပ အပူချိန်လျော့ကျတဲ့အခါ အရိုးအဆစ်အတွင်းမှာလည်း အပူချိန် လျော့ကျတတ်ပြီး တောင့်တင်းလာတတ်ပါတယ်။

*ဆောင်းတွင်းမှာ အာရုံကြောတွေရဲ့ တုံ့ပြန်မှုက ပိုများနေတတ်တဲ့အတွက်လည်း အဆစ်ရောင်ရောဂါက ပိုဆိုးတာပါ။

*ဆောင်းတွင်းမှာ အေးနေရင် လှုပ်လှုပ်ရှားရှား မလုပ်ဘဲ အိပ်ရာထဲမှာ ငြိမ်ငြိမ်လေး ကွေးနေတတ်ကြလို့လည်း အဆစ်တွေက တောင့်တင်းပြီး ပိုမို နာကျင်တတ်ပါတယ်။

ဆောင်းတွင်းမှာ အဆစ်ရောင် သက်သာစေမယ့် နည်းလမ်းများ…

• လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်း လုပ်တာက အဆစ်ရောင်တာကို အနည်းနဲ့အများ သက်သာစေပါတယ်။ တနေ့ကို မိနစ် ၃၀ ခန့်နဲ့ တပတ်ကို ၅ ရက် လေ့ကျင့်ခန်း လုပ်နိုင်ဖို့ ကြိုးစားပါ။

• ကိုက်ခဲတတ်တဲ့ အဆစ်အမြစ်တွေကို နွေးထွေးအောင် ထားပါ
စောင်ထူထူခြုံတာ၊ ရေနွေးအိတ်ကပ်တာ၊ ဒူးစွပ်၊ခြေစွပ် ဝတ်တာ၊ လက်ဆစ်တွေ ကိုက်တတ်ရင် ရေနွေးခွက် ပူပူလေးကို ဆုပ်ကိုင်ထားတာတွေ လုပ်လို့ရပါတယ်။

• ခန္ဓာကိုယ်တခုလုံးကိုလည်း နွေးထွေးအောင် နေပါ
တံခါးတွေ လုံအောင်ပိတ်တာ၊ အပူပေးစက် heater ဖွင့်ထားတာ၊ ရေနွေးသောက်တာ၊ ဟင်းရည်ပူပူ၊ စွပ်ပြုတ်ပူပူလေးတွေ သောက်တာက ခန္ဓာကိုယ်ကို နွေးထွေးစေပါတယ်။

• ဝိတ်လျှော့ပါ
ဝနေတဲ့သူတွေအတွက် ဆောင်းရာသီက ဝိတ်လျှော့ဖို့ အချိန်ကောင်းဆုံးပါပဲ။ Gym မှန်မှန်သွားတာ၊ လေ့ကျင့်ခန်း မှန်မှန်လုပ်တာက ဝိတ်ကျပြီး အဆစ်ရောင်လည်း သက်သာစေမှာပါ။

• အရိုးအဆစ်အတွက် လိုအပ်တဲ့ အာဟာရတွေ ပါဝင်အောင် စားပါ
ကယ်လ်ဆီယမ်၊ ဗိုက်တာမင် D၊ type 2 collagen နဲ့ hyaluronic acid ပါတဲ့ အစားအစာတွေ စားတာ သို့မဟုတ် ဖြည့်စွက်စာ သောက်တာက အရိုးအဆစ်တွေကို ကျန်းမာစေပါတယ်။

အဆစ်ရောင်ရောဂါက ဘယ်လိုနည်းနဲ့မှ မသက်သာခဲ့ရင်တော့ ခွဲစိတ်ကုသမှု လိုအပ်နိုင်ပါတယ်။ ဒါကြောင့် အဆစ်ရောင် ရောဂါရှင်တွေ အနေနဲ့ အပ်နဲ့ထွင်းရမယ့် အချိန်မှာ မထွင်းခဲ့မိလို့ ပုဆိန်နဲ့ ပေါက်ရတဲ့ အဖြစ်မျိုး မရောက်ရအောင် ဂရုစိုက် နေထိုင်သင့်ပါတယ်။

Author : Yee Mon

Previous Post

ကိုယ်ခံအားနှင့် ဖြည့်စွက်အားဆေးများအကြောင်း

Next Post

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

သတိထားသင့်တဲ့ လေးဘက်နာရောဂါအမျိုးမျိုး

1 year ago
2.4k
Arthritis should not be neglected

မပေါ့ဆသင့်တဲ့ အဆစ်ရောင်ရောဂါ

1 year ago
387
Age and bone health

1 year ago
101
knee pain Lifestyle mistakes that cause back pain

ဒူးနာ၊ ခါးနာခြင်းကိုဖြစ်စေတဲ့ နေထိုင်မှုပုံစံအလွဲများ

2 years ago
263
knee pain Lifestyle mistakes that cause back pain

ဒူးနာ၊ ခါးနာခြင်းကိုဖြစ်စေတဲ့ နေထိုင်မှုပုံစံအလွဲများ

2 years ago
297

အရိုးပွ၊ အရိုးပါးရောဂါကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများ

2 years ago
231

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.