fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အထွေထွေရောဂါများအကြောင်း

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

UV rays and eye health
837
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/04/2024
in အထွေထွေရောဂါများအကြောင်း
1 min read
A A

နေရောင်ခြည်ထဲက ခရမ်းလွန်ရောင်ခြည်တွေက အသားအရေကို ထိခိုက်ပြီး အရေပြားကင်ဆာ ဖြစ်စေနိုင်သလို မျက်စိကိုလည်း ထိခိုက်စေနိုင်တယ် ဆိုတာ သိပြီးကြပြီလား?

ခရမ်းလွန်ရောင်ခြည်တွေ ဖြစ်တဲ့ UVA, UVB, UVC သုံးမျိုးစလုံးက အရေပြားကိုရော၊ မျက်စိကိုရော ထိခိုက်စေနိုင်တဲ့ ရောင်ခြည်တွေ ဖြစ်ပါတယ်။

ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်နိုင်တဲ့ မျက်စိပြဿနာများ…

1. Pinguecula

Sclera လို့ခေါ်တဲ့ မျက်သားဖြူပေါ်မှာ ပရိုတင်းနဲ့ အဆီတွေ ပါဝင်တဲ့ အဝါရောင်မျက်သားတက်ခြင်း ဖြစ်ပြီး မျက်စိယားယံပြီး ခိုးလို့ခုလု ဖြစ်စေပါတယ်။

2. Pterygium (Surfer’s Eye)

Pterygium ကလည်း မျက်သားဖြူကနေ မျက်ကြည်လွှာအထိ မျက်သားတက်ခြင်း တမျိုးဖြစ်ပါတယ်။ Pterygium က မျက်ကြည်လွှာအထိ ရောက်တဲ့အတွက် အမြင်အာရုံကို ထိခိုက်နိုင်ပါတယ်။

3. အတွင်းတိမ်

နေရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် မျက်စိမှန်ဘီလူး အတွင်းမှာ အတွင်းတိမ် (cataract) ဖြစ်တတ်ပါတယ်။ အတွင်းတိမ်က အမြင်ဝါးတာ၊ အမြင်မကြည်တာ၊ အရောင်တွေ မကွဲပြားတာကနေ ကာလကြာရင် မျက်စိကွယ်တဲ့အထိ ဖြစ်နိုင်ပါတယ်။

4. အသက်အရွယ်ကြောင့် မြင်လွှာရောင်ခြယ် ပျက်စီးခြင်း

Age-related macular degeneration (AMD) ဆိုတဲ့ မြင်လွှာရောင်ခြယ်ပျက်စီးခြင်းကြောင့် အသက်ကြီးသူတွေမှာ ရှင်းလင်းစွာ မမြင်ရတာ၊ သဲသဲကွဲကွဲ မမြင်ရတာမျိုး ဖြစ်တတ်ပါတယ်။

5. မျက်ခွံကင်ဆာ

ခရမ်းလွန်ရောင်ခြည်တွေက မျက်စိအတွင်းက ကင်ဆာရောဂါတွေနဲ့ ဆက်စပ်ကြောင်း တိကျတဲ့ သုတေသန အဖြေတွေ မရှိပေမယ့် မျက်ခွံအရေပြားကင်ဆာကိုတော့ ဖြစ်နိုင်စေပါတယ်။

ခရမ်းလွန်ရောင်ခြည်တွေရဲ့ ဒဏ်ကနေ မျက်စိကို ဘယ်လို ကာကွယ်ရမလဲ?

• အပြင်ထွက်တဲ့အခါ UV protection ပါတဲ့ နေကာမျက်မှန် တပ်တာ

• ဦးထုပ်ဆောင်းတာ၊ ထီးဆောင်းတာ

• ခရမ်းလွန်ရောင်ခြည်တွေ ထွက်တဲ့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း အိမ်ပြင်မထွက်တာ

• SPF ပါတဲ့ eyecream နဲ့ suncream လိမ်းတာတွေက မျက်စိကိုရော မျက်နှာကိုပါ ခရမ်းလွန်ရောင်ခြည်တွေရဲ့ ရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်လာတဲ့ ဓာတ်တိုးပစ္စည်းတွေကို ချေဖျက်ပေးတဲ့ Lutein, Zeaxanthin နဲ့ Carotenoids တွေကြွယ်ဝတဲ့ အနီရောင်နဲ့ အဝါရောင်ရှိတဲ့ အသီးအရွက်တွေ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ စားပေးရင် သို့မဟုတ် ဖြည့်စွက်စာအားဆေးတွေ သောက်ရင်လည်း ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်တဲ့ မျက်စိပြဿနာတွေကို အနည်းနဲ့အများ ကာကွယ်နိုင်ပါတယ်။

မျက်စိဟာ ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတွေထဲကတစ်ခုပါ။ အမြင်တွေ ကြည်လင်ရှင်းလင်းပြီး ဘဝအမှောင်မကျစေဖို့ သတိမမူမိတတ်တဲ့ နေရောင်ခြည်ဒါဏ်နဲ့ခရမ်းလွန်ရောင်ခြည်တွေကို ကာကွယ်နိုင်ရန် အရေးကြီးပါတယ်။

Author : Dr.Yee Mon

 

Previous Post

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

Next Post

မပေါ့ဆသင့်သော မျက်စိတိမ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

1 year ago
2.1k
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

1 year ago
820
Why is memory weak at a young age?

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

1 year ago
1.2k
The consequences of a weak immune system

ကိုယ်ခံအားနည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ

1 year ago
1.3k

နွေရာသီနှင့်မိတ်ပြဿနာ

1 year ago
1.4k
About immunity and supplements

ကိုယ်ခံအားနှင့် ဖြည့်စွက်အားဆေးများအကြောင်း

1 year ago
708

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.