fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ကဖင်းနှင့်မှတ်ဉာဏ်အား

42
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/07/2016
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ယခုလမှာတော့ ကော်ဖီချစ်သူများအတွက် ကော်ဖီမှာအဓိကပါဝင်သည့်ကဖင်း၏ကောင်းခြင်း၊ဆိုးခြင်းများကိုဖော်ပြသွားမှာဖြစ်ပါ သည်။ ကဖင်းဓာတ်ဆိုသည်မှာ လူတို့ကိုစွဲလမ်းစေနိုင်သောဓာတ် တစ်မျိုးဖြစ်သော်လည်း တစ်ဖက်မှာ ကျန်းမာရေးအတွက် အထောက် အကူဖြစ်စေသည်။ ကဖင်းဓာတ်သည် ပင်မအာရုံကြောစနစ်ကို လှုံ့ဆော်နိုင်သောဓာတ်တစ်မျိုးဖြစ်ပြီးလူတွေကိုတက်ကြွစေနိုင်ခြင်း၊လန်းဆန်းစေနိုင်ခြင်း၊ ခေါင်းကိုက်ခြင်းများကိုလည်း လျော့ကျစေ နိုင်ခြင်း စသည့်အစွမ်းသတ္တိများသာမက ကင်ဆာရောဂါတို့ကိုလည်း ကာကွယ်ပေးသည်ဟုဆိုကြပြန်သည်။
ကဖင်းဟုပြောလျှင် လူအများစုသည် ကော်ဖီကိုသာပြေး မြင်တတ်ကြသော်လည်း အမှန်တကယ်မှာ အားပြည့်အချိုရည်များမှာလည်းကဖင်းပါဝင်မှုများပါသည်။ထို့ပြင်ကဖင်းဓာတ်ပါဝင်သည့် ဆေးပြားအသွင်နှင့်ပါရရှိနိုင်ပါသည်။  ထို့ကြောင့်လူများပင်ပန်းသည့်အချိန်များမှာ ကော်ဖီနှင့်အင်အားပြည့်အချိုရည်များကို သောက်သုံးလေ့ရှိကြသည်ကိုတော့ သတိထားမိလောက်ပါပြီ။  အချို့က ကော်ဖီကို အင်မတန်နှစ်ခြိုက်၍ တစ်နေ့ ငါးခွက်ထက်ပိုပြီးသောက်သုံးကြသလို၊ ကောက်ဖီသောက်လျှင်လန်းဆန်းသည်ဟုဆိုကာ သောက်သုံးကြပေသည်။ ထို့ကြောင့်လည်း နိုင်ငံတကာ ရုံးလုပ်ငန်းများမှာ သူတို့၏ဝန်ထမ်းများ လန်းဆန်းတက်ကြစွာ အလုပ်မှာစိတ်ဝင်တစားနှင့်တက်ြွကစွာလုပ်နိုင်ဖို့အရေးရုံးချိန်မှာCoffee Break တွေလည်းပေးလာကြပါသည်။
ကဖင်းသည်လူတို့၏နေ့စဉ်ကဏ္ဍမှာမရှိမဖြစ်ပါလာသည့် အချိန်တွင် နိုင်ငံတကာကသုတေသနပညာရှင်များကဖင်း၏ ကောင်းခြင်း၊ဆိုးခြင်းတွေကိုရှာဖွေလေ့လာပါတော့သည်။  ရှာဖွေ တွေ့ရှိချက်အများစုမှာလည်းကဖင်းသည်ကျန်းမာရေးအတွက် အထောက်အကူများပေးသည်ဟုဆိုကြပြန်သည်။  Nature Neuroscienc ဂျာနယ်ကထုတ်ပြန်လိုက်သည့်လေ့လာတွေ့ရှိ ချက်တွင် ကော်ဖီချစ်သူများအတွက် အကြောင်းပြချက်ကောင်း ကောင်း ထပ်ရရှိသွားပြီဟုဆိုရပါမည်။ ၎င်းမှာ လေ့လာသင်ယူချိန်ပြီး ကော်ဖီသောက်သုံးခြင်းသည် သောက်သုံးသူ၏ရေရှည်မှတ်ဉာဏ်ကိုတိုးစေသည်ဟုပြောပါသည်။  ဂျွန်ဟော့ကင်းတက္ကသိုလ် မှ Daniel Borota ခေါင်းဆောင်သောသုတေသနအဖွဲ့၏ ယခင် လေ့လာတွေ့ရှိချက်ကတော့ကဖင်းဟာမှတ်ဉာဏ်အားကို သိသိသာသာတိုးစေသည်ဟုပြောထားသော်လည်း ကြာရှည်မှတ်နိုင်စွမ်း အကြောင်းကို အသေးစိတ်မလေ့လာသည်ကိုသတိထားမိခဲ့သည့် အတွက် ကြာရှည်မှတ်နိုင်စွမ်းနှင့်ပတ်သက်သည်ကို လေ့လာခဲ့ ကြသည်။
ကြာရှည်မှတ်နိုင်စွမ်းနှင့်ပတ်သက်ပြီး သုတေသနပညာရှင် များမှာ အသက် ၁၆ နှစ် မှ ၃၀ အတွင်းရှိ လူ ၁၆၀ လောက်ကို အမျိုးအမည်မတူသည့်ပစ္စည်းများ၏ဓာတ်ပုံများကိုပြသခဲ့ပြီး အချိန် တိုအတွင်း ကဖင်း 200mg ပမာဏရှိ ဆေးပြား၊ သို့မဟုတ် ဆေး အာနိသင်မရှိသည့်ဆေးပြားများကို အုပ်စုနှစ်စုခွဲပြီးသောက်သုံး စေကာ ကဖင်းသည် လူတွေ၏ကြာရှည်မှတ်နိုင်စွမ်းကို စမ်းသပ် ခဲ့ပါသည်။ ဒုတိယနေ့တွင် ထိုဓာတ်ပုံများသာမက နောက်ထပ် ဓာတ်ပုံအချို့ကိုပါ ထည့်သွင်းပြသခဲ့ပါသည်။ ထို့နောက် ကဖင်း ပမာဏပါသည့်ဆေးပြားသောက်သုံးထားသူများနှင့် အာနိသင် မရှိသည့် ရိုးရိုးဆေးပြားသောက်သုံးထားသူတွေ၏မှတ်ဉာဏ်အားကို စမ်းသပ်လိုက်သည့်အခါမှာ ကဖင်းပမာဏ 200mg ပါသည့် ဆေးပြားကို သောက်သုံးထားသူများဟာ ပိုပြီးမှတ်မိနိုင်သည်ကို တွေ့ရသည့်အတွက် ကဖင်းဟာ လူတို့၏ကြာရှည်မှတ်နိုင်စွမ်းကို တိုးပွားစေကြောင်းကိုတွေ့ရှိခဲ့သည်။ သုတေပညာရှင်များသတိထားမိ သည်မှာ အုပ်စုနှစ်စုလုံးက ဓာတ်ပုံအသစ်နှင့်အဟောင်းများကို ခွဲခြားနိုင်ကြသော်လည်း ကဖင်းဆေးပြားများကိုသောက်သုံးထားသူ များက ပစ္စည်းအမျိုးအမည်အများစုကို ပိုမိုမှတ်မိသည်ကိုတွေ့ရှိ သောကြောင့် သင်ယူလေ့လာချိန်အပြီး ကဖင်းသောက်သုံးခြင်းသည် သင်ယူမှတ်သားထားသည်ကို အချိန်ကြာရှည်စွာမှတ်သားနိုင်သည်ဟု ဆိုရမည်။
ထိုသို့သာမကသုတေသနပညာရှင်များကကြာရှည်မှတ် သားနိုင်စွမ်းသည် သောက်သုံးသောကဖင်းပမာဏနှင့်သက်ဆိုင်မှုရှိမရှိကိုလည်း ထပ်မံစမ်းသပ်ခဲ့ပါသေးသည်။ 100mg ၊ 200mg ၊ 300mg ပမာဏများကို အသီးသီးခွဲပြီးစမ်းသပ်ခဲ့ပါသေးသည်။  တွေ့ရှိချက်မှာ သောက်သုံးသည့်ပမာဏပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါ သေးသည်။ 100mg သောက်သုံးထားသည့်သူများသည် 200mg သောက်သုံးထားသည့်လူများလောက် မှတ်Óဏ်အားသိပ်မကောင်း သည်ကိုတွေ့ရသည်။ သို့သော် 300mg သောက်သုံးထားသူများနှင့် 200mg ပမာဏသောက်သုံးထားသူများ၏မှတ်ဉာဏ်အားသည် သိပ် မထူးခြားသည်ကိုတွေ့ရသည်။  ထို့ကြောင့် ပညာရှင်များက အနည်း ဆုံး ၂၀ဝာါ သောက်သုံးမှသာလျှင် မှတ်Óဏ်အားကိုတိုးစေသည် ဟုဆိုသည်။
ကဖင်းဓာတ်ဟာ ဘာကြောင့် မှတ်ဉာဏ်အားကို ကြာရှည် စေပြီး ဘာကြောင့် လေ့လာချိန်ပြီးမှသောက်သုံးခြင်းကထိရောက် စေသလဲဆိုသည်ကိုပညာရှင်များကရှင်းပြထားသည်မှာသူတို့သည်အဆိုပါဓာတ်ပုံများပြ၍ မှတ်ဉာဏ်စွမ်းအားကိုစမ်းသပ်ရာတွင်လည်းထိုစမ်းသပ်မှုများမတိုင်ခင်တစ်နာရီအလို၌ထိုကဲ့သို့ဆေးနှစ်မျိုး ဖြင့်လည်းစမ်းသပ်ခဲ့သေးရာမှတ်ဉာဏ်စွမ်းအားကိုထိရောက်မှုမရှိ ကြောင်းသိရှိခဲ့သောကြောင့် အတန်းချိန်၊ လေ့လာချိန်ပြီးမှသောက် သုံးသင့်ကြောင်း ဖော်ပြခဲ့ကြသည်။ ကဖင်းသည် အဘယ်ကြောင့် လူတို့၏မှတ်ဉာဏ်အားကိုတိုးစေသလဲဆိုလျှင် ကဖင်းဓာတ်တွင် Norepinephrineဟုခေါ်သည့်မှတ်ဉာဏ်အားကောင်းစေသည့် ဟော်မုန်းကိုအဆတ်မပြတ်လုပ်ဆောင်စေနိုင်သောကြောင့် ဖြစ်သည်။

ကဖင်းသုံးစွဲခြင်း၏ကောင်းကျိုးနှင့် ဆိုးကျိုး
အမေရိကန်နိုင်ငံ၏ နောက်ဆုံး FDA စစ်တမ်းအရ ပျမ်းမျှ အမေရိကန်တစ်ယောက်သည် တစ်နေ့လျှင် ကဖင်းပမာဏ သောက်သုံးလေ့ရှိကြပါသည်။ အများအားဖြင့် ကော်ဖီ၊လက်ဖက်ရည်နှင့်အအေးမျိုးစုံတို့ဖြစ်ပါသည်။ အခြားလေ့လာမှုစစ်တမ်းများတွင်လည်း ကဖင်းသည်ကျန်းမာရေးအတွက် ကောင်းကျိုးများ ဖြစ်နိုင်ကြောင်း ရှာဖွေတွေ့ရှိမှုများစွာရှိခဲ့ပါသည်။  Medical News Today တွင် ကဖင်းဓာတ်သောက်သုံးခြင်းဖြင့် အသည်းရောဂါဖြစ်ပွားခြင်းမှကာကွယ်နိုင်သလို၊ နောက်ထပ်စစ်တမ်းတစ်ခုကလည်းတစ်နေ့ ကော်ဖီနှစ်ခွက်မှလေးခွက်အတွင်းသောက်သုံးသူများသည်မိမိကိုယ်မိမိသေကြောင်းကြံသည့်အန္တရာယ်မှကာကွယ်နိုင်ကြောင်း ကိုလည်း ဖော်ပြခဲ့ကြဖူးသည်။
သို့သော် ကဖင်းဓာတ်သည် လူများ၏အိပ်စက်မှုပုံစံကို အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်းနှင့် အားပြည့်အချိုရည်များတွင်ပါဝင်သောကဖင်းဓာတ်သည် နှလုံး၏လုပ်ဆောင်နိုင်စွမ်းကိုထိခိုက် စေနိုင်ကြောင်းတွေ့ရှိခဲ့ကြသည်။ ထို့ကြောင့် ပညာရှင်အချို့က ကဖင်းကိုအလွန်အကျွံစွဲလမ်းပြီး သင်တို့၏မနက်တိုင်းတွင် ကဖင်းဓာတ်ဖြင့်မဖွင့်သင့်ကြောင်းနှင့်တစ်ပတ်လျှင်အနည်းဆုံးနှစ်ရက် လောက်ကဖင်းဓာတ်ကိုမသောက်သုံးဘဲ ခန္ဓာကိုယ်အတွင်းထဲရှိကဖင်းဓာတ်ကိုဖယ်ရှားသင့်သည်ဟုအကြံပြုကြသည်။ ကိုယ်ဝန် ဆောင်များသည် တတ်နိုင်တတ်သမျှ ကဖင်းဓာတ်ကိုရှောင်ရှား သင့်သည်ဟုဆိုထားသည်။ လူအများ၏နေ့စဉ်လည်ပတ်မှုတွင် ကဖင်းသုံးစွဲသည့်ပမာဏသည်ကျန်းမာရေးအပေါ်ထိခိုက်မှုရှိ သောကြောင့်၊သင့်တင့်မျှတသည့် ကော်ဖီပမာဏကိုသာသောက် သုံးရန်တိုက်တွန်းချင်ပါသည်။ တစ်နေ့နှစ်ရာမှသုံးရာ (ကော်ဖီနှစ် ခွက်မှ လေးခွက်) အထိသောက်သုံးမှုသည် ကျန်းမာရေးကိုအရမ်းကြီး ထိခိုက်မှုမရှိသော်လည်း တစ်နေ့ ငါးရာမှခြောက်ရာ (ကော်ဖီငါးခွက်မှ ခုနစ်ခွက်) သောက်သုံးလျှင်တော့ အိပ်ရေးပျက်ခြင်း၊ စိတ်လှုပ်ရှား လွယ်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်း၊ အစာအိမ်၊ အူရောင်ရမ်းခြင်း၊ မအီမသာဖြစ်ခြင်း၊ ပျို့ခြင်း၊ အန်လွယ်ခြင်း စသည့် ဆိုးကျိုးများကို ခံစားရနိုင်ပါသည်။
ထို့ကြောင့် ကော်ဖီချစ်သူများသည် ကော်ဖီကို အလွန် အကျွံမသောက်သုံးရန်လည်း တိုက်တွန်းရခြင်းဖြစ်သည်။  ထို့ကြောင့် စာဖတ်သူကော်ဖီချစ်သူများအတွက်သတင်းကောင်းကတော့ သင်တို့ ၏မှတ်ဉာဏ်အားကိုပိုမိုကြာရှည်စေရန်နှင့် လေ့လာမှတ်သားထားမှုများကိုပိုမိုအထောက်အကူပြုနိုင်စေရန်အတွက် အတန်းပြီးချိန်၊ လေ့လာမှုများ၏နောက်မှ ကော်ဖီသောက်သုံးရန် အကြံပြုအပ်ပါ သည်။ သို့သော် ကျန်းမာရေးအတွက် သင့်တင့်သောကဖင်းပမာဏ ကိုသာသောက်သုံးရန်တိုက်တွန်းအကြံပြုရင်း နိဂုံးချုပ်လိုက်ပါ သည်။

 

Author – ဒေါက်တာထက်ဝေ

Previous Post

စိတ်ဖိစီးမှုကိုဖြေလျှော့ကြရအောင်

Next Post

စိတ်ဖိစီးမှုနှင့် ကျန်းမာရေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

စိတ်ဖိစီးမှုနှင့် ကျန်းမာရေး

အသင့်စားအစားအစာများနှင့်ကျန်းမာရေး

အစာစားချိန်မမှန်ခြင်း နှင့် နောက်ဆက်တွဲ ပြဿနာများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.