(Zawgyi)
အူက်တယ္လို႔ေျပာေျပာေနၾကတာ တကယ္ကေတာ့အူကြၽံတာလို႔ေျပာရင္ ပိုမွန္ပါတယ္။အူကြၽံတယ္ေျပာတဲ့အခါ အမ်ိဳးသားေတြမွာပဲျဖစ္တတ္တဲ့ေရာဂါလို႔ထင္တတ္ၾကတယ္။ အမ်ိဳးသားေရာ အမ်ိဳးသမီးေရာ အူကြၽံတတ္ပါတယ္။ အမ်ိဳးသားေတြပိုအျဖစ္မ်ားပါတယ္။ အူကြံ်တယ္ဆိုေပမယ့္ ေနရာေတာ့မတူတတ္ပါဘူး။အမ်ိဳးသားေတြ အူကြၽံတဲ့အခါ ေပါင္ၿခံကေနစျဖစ္တတ္တယ္။ ကြၽံတဲ့ပမာဏ မ်ားရင္မ်ားလာသလို ကပ္ပယ္အိတ္ထဲထိ ဆင္းလာတတ္တယ္။
အမ်ိဳးသမီးေတြအူကြၽံတဲ့အခါ ဗိုက္ထဲမွာဆို ခ်က္ေနရာနဲ႔ ခ်က္ပတ္ပတ္လည္မွာျဖစ္တတ္တယ္။ ေပါင္အေပၚအတြင္းဘက္ေတြလည္းျဖစ္တတ္တယ္။
ႏွစ္ေယာက္လုံးမွာေတာ့ ခြဲစိတ္ထားတဲ့ ဒဏ္ရာေဟာင္းေနရာေတြကလည္း ျဖစ္တတ္တယ္။
အူကြၽံတယ္ဆိုတာ ခႏၶာကိုယ္မွာ ကာထားေပးတဲ့ ႂကြက္သားေတြမွာ အားနည္းတဲ့ေနရာကေန အူေတြ တိုးထြက္လာတာမ်ိဳးပါ။
ဝတဲ့သူေတြ၊ အေလးအပင္မတာ ၊အကုံးအကြလုပ္ရတာမ်ားတဲ့သူေတြ၊ ခြဲစိတ္ထားတဲ့သူေတြမွာျဖစ္တတ္တယ္။ ကိုယ္ထဲကေနအားစိုက္ထုတ္ရတာမ်ားလည္းျဖစ္တတ္တယ္။ ဥပမာအားျဖင့္ ဆိုက္ကားနင္းတာတို႔၊ ေခ်ာင္းဆိုးၾကာေနတာတို႔ ၊ဝမ္းညႇစ္ေနရတတ္တဲ့သူေတြမွာ လည္းျဖစ္တတ္ပါတယ္။
အူကြၽံတာက ဘယ္လိုလကၡဏာျဖစ္ႏိုင္လဲေပါ့။
အူကြၽံတာက ျဖစ္တဲ့ေနရာမွာ ေဖာင္းေဖာင္းေလးျဖစ္တတ္တယ္။ စျဖစ္ကာစမွာေတာက္ေလွ်ာက္ေဖာင္းတာမ်ိဳးမဟုတ္ဘဲ ကုံးကြတဲ့အခါ၊ ေခ်ာင္းဆိုးလိုက္တဲ့ အခါ ထြက္လာတတ္တယ္။ ၿပီးျပန္ဝင္သြားတတ္တယ္။ နည္းနည္းပါးပါးေအာင့္ေတာင့္ေတာင့္လိုျဖစ္တတ္တယ္။ အရမ္းေတာ့မေအာင့္ဘူး။ ၾကာလာတာနဲ႔အမွ် ထြက္တဲ့အစိတ္အပိုင္းကပိုပိုႀကီးလာတတ္တယ္။ ျပန္ေတာ့ဝင္ေနေသးတယ္။
အူကြံ်တာက ဘယ္လိုကုၾကမလဲေပါ့။ အၿပီးေပ်ာက္ဖို႔ကေတာ့ခြဲစိတ္ရတာပါ။ ျဖစ္စေတြ မခြဲခ်င္ေသးရင္ အေနအထိုင္ပုံစံေတြနဲ႔ထိန္းေပးရတယ္။ ျပန္သြင္းေပးလို႔ရတယ္။ အားတခုခုစိုက္ၿပီးလုပ္တာ၊ လမ္းေလွ်ာက္တာ၊ ရယ္လိုက္တာ၊ ေခ်ာင္းဆိုးတာနဲ႔ေတာ့ျပန္ထြက္လာတတ္တယ္။အူကြၽံတာက ပုံမွန္ေတာ့မစိုးရိမ္ရဘူး။ ဒါေပမယ့္ အျပင္ကိုတိုးထြက္လာတဲ့ အူက ပိတ္တာမ်ိဳးဆိုရင္အေရးႀကီးပါတယ္။ ျပန္လည္းသြင္းလို႔မရေတာ့ဘူး။ နာတာေအာင့္တာလည္းေတာက္ေလွ်ာက္ခံစားရတယ္။ နီေနတတ္တယ္။ ဒါမ်ိဳးဆို အေရးေပၚခြဲရတာပါ။ အမ်ိဳးသမီးထက္စာရင္ အမ်ိဳးသားေတြ ပိုျဖစ္တတ္တယ္။
အူကြၽံတယ္လို႔ ကို႔ယ္ကိုယ္ကိုသံသယရွိလာတဲ့အခါ အရင္ဆုံးနီးစပ္ရာေဆးခန္းမွာေသခ်ာေအာင္ျပၾကည့္ပါ။ ဟုတ္တယ္ဆိုရင္ ေရာဂါအတိမ္အနက္ေပၚမူတည္ၿပီး ေဆာင္ရန္ေရွာင္ရန္ေတြရွိတယ္။ ဘယ္လိုကုမလဲစဥ္းစားရတယ္။ လိုအပ္တဲ့အခါေတြဆို ခြဲစိတ္ဆရာဝန္ေတြ တိုင္ပင္ရတာမ်ိဳးပါ။
Author: Dr.CST
(Unicode)
အူကျတယ်လို့ပြောပြောနေကြတာ တကယ်ကတော့အူကျွံတာလို့ပြောရင် ပိုမှန်ပါတယ်။အူကျွံတယ်ပြောတဲ့အခါ အမျိုးသားတွေမှာပဲဖြစ်တတ်တဲ့ရောဂါလို့ထင်တတ်ကြတယ်။ အမျိုးသားရော အမျိုးသမီးရော အူကျွံတတ်ပါတယ်။ အမျိုးသားတွေပိုအဖြစ်များပါတယ်။ အူကွံျတယ်ဆိုပေမယ့် နေရာတော့မတူတတ်ပါဘူး။အမျိုးသားတွေ အူကျွံတဲ့အခါ ပေါင်ခြံကနေစဖြစ်တတ်တယ်။ ကျွံတဲ့ပမာဏ များရင်များလာသလို ကပ်ပယ်အိတ်ထဲထိ ဆင်းလာတတ်တယ်။
အမျိုးသမီးတွေအူကျွံတဲ့အခါ ဗိုက်ထဲမှာဆို ချက်နေရာနဲ့ ချက်ပတ်ပတ်လည်မှာဖြစ်တတ်တယ်။ ပေါင်အပေါ်အတွင်းဘက်တွေလည်းဖြစ်တတ်တယ်။
နှစ်ယောက်လုံးမှာတော့ ခွဲစိတ်ထားတဲ့ ဒဏ်ရာဟောင်းနေရာတွေကလည်း ဖြစ်တတ်တယ်။
အူကျွံတယ်ဆိုတာ ခန္ဓာကိုယ်မှာ ကာထားပေးတဲ့ ကြွက်သားတွေမှာ အားနည်းတဲ့နေရာကနေ အူတွေ တိုးထွက်လာတာမျိုးပါ။
ဝတဲ့သူတွေ၊ အလေးအပင်မတာ ၊အကုံးအကွလုပ်ရတာများတဲ့သူတွေ၊ ခွဲစိတ်ထားတဲ့သူတွေမှာဖြစ်တတ်တယ်။ ကိုယ်ထဲကနေအားစိုက်ထုတ်ရတာများလည်းဖြစ်တတ်တယ်။ ဥပမာအားဖြင့် ဆိုက်ကားနင်းတာတို့၊ ချောင်းဆိုးကြာနေတာတို့ ၊ဝမ်းညှစ်နေရတတ်တဲ့သူတွေမှာ လည်းဖြစ်တတ်ပါတယ်။
အူကျွံတာက ဘယ်လိုလက္ခဏာဖြစ်နိုင်လဲပေါ့။
အူကျွံတာက ဖြစ်တဲ့နေရာမှာ ဖောင်းဖောင်းလေးဖြစ်တတ်တယ်။ စဖြစ်ကာစမှာတောက်လျှောက်ဖောင်းတာမျိုးမဟုတ်ဘဲ ကုံးကွတဲ့အခါ၊ ချောင်းဆိုးလိုက်တဲ့ အခါ ထွက်လာတတ်တယ်။ ပြီးပြန်ဝင်သွားတတ်တယ်။ နည်းနည်းပါးပါးအောင့်တောင့်တောင့်လိုဖြစ်တတ်တယ်။ အရမ်းတော့မအောင့်ဘူး။ ကြာလာတာနဲ့အမျှ ထွက်တဲ့အစိတ်အပိုင်းကပိုပိုကြီးလာတတ်တယ်။ ပြန်တော့ဝင်နေသေးတယ်။
အူကွံျတာက ဘယ်လိုကုကြမလဲပေါ့။ အပြီးပျောက်ဖို့ကတော့ခွဲစိတ်ရတာပါ။ ဖြစ်စတွေ မခွဲချင်သေးရင် အနေအထိုင်ပုံစံတွေနဲ့ထိန်းပေးရတယ်။ ပြန်သွင်းပေးလို့ရတယ်။ အားတခုခုစိုက်ပြီးလုပ်တာ၊ လမ်းလျှောက်တာ၊ ရယ်လိုက်တာ၊ ချောင်းဆိုးတာနဲ့တော့ပြန်ထွက်လာတတ်တယ်။အူကျွံတာက ပုံမှန်တော့မစိုးရိမ်ရဘူး။ ဒါပေမယ့် အပြင်ကိုတိုးထွက်လာတဲ့ အူက ပိတ်တာမျိုးဆိုရင်အရေးကြီးပါတယ်။ ပြန်လည်းသွင်းလို့မရတော့ဘူး။ နာတာအောင့်တာလည်းတောက်လျှောက်ခံစားရတယ်။ နီနေတတ်တယ်။ ဒါမျိုးဆို အရေးပေါ်ခွဲရတာပါ။ အမျိုးသမီးထက်စာရင် အမျိုးသားတွေ ပိုဖြစ်တတ်တယ်။
အူကျွံတယ်လို့ ကို့ယ်ကိုယ်ကိုသံသယရှိလာတဲ့အခါ အရင်ဆုံးနီးစပ်ရာဆေးခန်းမှာသေချာအောင်ပြကြည့်ပါ။ ဟုတ်တယ်ဆိုရင် ရောဂါအတိမ်အနက်ပေါ်မူတည်ပြီး ဆောင်ရန်ရှောင်ရန်တွေရှိတယ်။ ဘယ်လိုကုမလဲစဉ်းစားရတယ်။ လိုအပ်တဲ့အခါတွေဆို ခွဲစိတ်ဆရာဝန်တွေ တိုင်ပင်ရတာမျိုးပါ။
Author: Dr.CST