fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အသင့်စားအစားအစာများနှင့်ကျန်းမာရေး

451
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/07/2016
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ယနေ့ခေတ်မှာနည်းပညာတွေတိုးတက်ဖွံဖြိုးလာတာနဲ့အမျှလူ တွေရဲ့နေထိုင်မှုပုံစံတွေပြောင်းလဲလာကြပါတယ်။ ပြောင်းလဲလာတဲ့ လူနေမှုပုံစံမှာ ကျွန်တော်တို့ရဲ့စားသောက်မှုပုံစံပါ ပြောင်းလဲလာ ခဲ့တဲ့အတွက် ကျွန်တော်တို့ရဲ့အချိန်မပေးနိုင်မှုတို့ကြောင့် အသင့် စားအစားအသောက်တွေကိုသာ ပိုမိုခုံမင်ခဲ့ကြပါတယ်။ အရသာ လည်းရှိပြီး လွယ်လွယ်ကူကူနဲ့ရရှိနိုင်တဲ့ အသင့်စားအစား အသောက်တွေဟာ ကျွန်တော်တို့ရဲ့နေ့စဉ်ကဏ္ဍမှာ မပျက်မကွက် ပါဝင်လာကြပါတယ်။

အချိန်ပေးနှပ်တဲ့ကော်ဖီထက် ရေနွေးလေးထည့်လိုက်ရုံ နဲ့ အလွယ်တကူရတဲ့ကော်ဖီကိုသာ အလွယ်တကူသောက်တတ်လာကြရုံသာမကအရမ်းအလုပ်ရှုပ်နေတဲ့အချိန်မှာကျန်းမာရေးအတွက်သင့်တော်တဲ့အစားအသောက်တွေအစားအသင့်စား ခေါက်ဆွဲထုပ်တွေဟာ ကျွန်တော်တို့ရဲ့ညစာတွေမှာ နေရာယူလာ တတ်ကြတာကတော့ ခေတ်ရေစီးကြောင်းတစ်ခုလိုဖြစ်ခဲ့ပါတယ်။  ဒါ့ပြင် စားသောက်ဆိုင်တွေမှာ အချိန်ကြာမြင့်စွာစောင့်စားရမယ့် အစား အလျင်အမြန်ရနိုင်တဲ့ဘာဂါဆိုင်တွေမှာသာ သွားထိုင်လေ့ ရှိကြတဲ့အတွက် အသင့်စားအစားအစာတွေဟာ ကျန်းမာရေး အတွက်သင့်လျော်နိုင်ပါ့မလားဆိုတာကို ကျွန်တော်တို့တစ်တွေ သတိလက်လွတ်ဖြစ်ခဲ့ရပါတယ်။

ဒါကြောင့်ကျန်းမာရေးအဖွဲ့စည်းတွေဟာအသင့်စားအစားအသောက်တွေကြောင့်ဖြစ်လာတဲ့ဘေးဥပဒ်တွေကို စစ်တမ်း ပြုစုပြီးအလွန်အကျွံမစားသောက်ဖို့တိုက်တွန်းထားကြတာကိုလည်း တွေ့ရှိရပါတယ်။အသင့်စားစားသောက်ဆိုင်တွေမှာမကြာခဏစားသောက်ကြတဲ့လူတွေဟာခန္ဓာကိုယ်အလေးချိန်ပိုမိုတိုးလွယ်ပြီး အင်ဆူလင်ပမာဏဟာပိုမိုများပြားတာကိုတွေ့ရှိရပါတယ်။ လေ့လာတွေ့ရှိချက်တွေအရအသင့်စားစားသောက်ဆိုင်တွေကိုတပတ်နှစ်ခါထက်ပိုရောက်တဲ့သူတွေဟာတစ်ပတ်ကိုတစ်ခေါက် လောက်ရောက်သူတွေထက် ဆယ်ပေါင်လောက်ပိုမိုဝတတ်ပြီးInsulinResistance တွေဟာ နှစ်ဆလောက်ပိုများနေတာကို တွေ့ရှိရတတ်ပါတယ်။ ဒီ Insulin Resistance တွေဟာ နှလုံး ရောဂါကိုဖြစ်စေတဲ့အဓိကအကြောင်းရင်းပဲဖြစ်ပါတယ်။

အသင့်စားအစားအသောက်တွေကိုမကြာခဏစား သောက်တာဟာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ဆိုးကျိုးတွေကို ဖြစ်ပေါ် စေပါတယ်။တချို့အခြေအနေတွေမှာ ရေရှည်ရောဂါဖြစ်ပေါ်စေ ပြီး ပြင်းထန်ရင် အသက်ဆုံးရှုံးတဲ့အထိဖြစ်ပေါ်စေနိုင်ပါတယ်။ အသင့်စားစားသောက်ဆိုင်တွေမှာ မကြာခဏစားသောက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ကျန်းမာရေးအကျိုးဆက်တွေကတော့ အောက်ပါ အတိုင်းပဲဖြစ်ပါတယ်။

လေဖြတ်ခြင်း (Stroke)
အသင့်စားအစားစာတွေကို မကြာခဏဆိုသလိုစား သောက်တာဟာ သွေးပေါင်တက်စေနိုင်တဲ့အတွက် အခန့်မသင့်ရင် လေဖြတ်တတ်ပါတယ်။

အဝလွန်ခြင်း (Obesity)
Fast Food တွေမှာပါတဲ့ Chloestrol တွေဟာ အဝ လွန်တာကိုဖြစ်ပေါ်စေပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့အတိုင်း တစ်ပတ်ကိုနှစ်ခေါက်ထက်ပိုပြီးစားသုံးတွေဟာ သာမန်လူတွေ ထက် ဆယ်ပေါင်လောက်ပိုဝနေတာကိုတွေ့ရှိရခဲ့ပါတယ်။

နှလုံးနှင့် သွေးကြောများစနစ်
အသင့်စားအစားအသောက်တွေစားပြီးဝိတ်လျှော့တာဟာ နှလုံးနှင့်သွေးကြောတွေစနစ်နဲ့ပတ်သက်ပြီး နာတာရှည်ရောဂါ တွေလည်းခံစားရတတ်ပါတယ်။

ကင်ဆာ
အထက်ဖော်ပြပါအတိုင်း ဝိတ်လျှော့ရာမှာ အသင့်စား အစားစာတွေသာစားပြီး အလွန်အကျွံဝိတ်လျှော့ပါက ကျောက်ကပ်ကင်ဆာ၊အူမကြီးကင်ဆာသာမကအစာြွပန်ကင်ဆာများကိုပါ ဖြစ်စေနိုင်ပါတယ်။
အဲဒီလိုအသင့်စားအစားအသောက်တွေရဲ့ဘေးဥပဒ်ကို လူကြီးတွေသာမက ကလေးတွေကပါခံစားရပါတယ်။ထိုကလေး တွေမှာ အဝလွန်တာ၊ နှလုံးရောဂါဖြစ်နိုင်တာသာမက အသင့်စား အစားအသောက်တွေကိုပုံမှန်စားသောက်ပါက ရင်ကျပ်ရောဂါ၊ သွေးတိုးရောဂါတို့ကိုပါဖြစ်စေနိုင်ပါတယ်။

အသင့်စားအစားသောက်တွေသာမကအလျင်အမြန်စား သောက်နိုင်တဲ့ ခေါက်ဆွဲခြောက်ထုပ်တွေဟာလည်းကျန်းမာရေးကိုထိခိုက်နိုင်ပါသေးတယ်။ ခေါက်ဆွဲခြောက်ထုပ်တွေမှာဆိုဒီယမ်ဓာတ်တွေပါဝင်ရာအဓိကအနေနဲ့ သွေးတိုးရောဂါ၊ နှလုံးရောဂါတို့ကိုဖြစ်ပွားစေနိုင်ပြီး ကျောက်ကပ်တွေကိုလည်းပျက်စီးစေနိုင်ပါတယ်။အသင့်စားခေါက်ဆွဲခြောက်တွေရဲ့ကျန်းမာရေးဆိုးကျိုး တွေကိုလည်း နောက်လတွေမှာအသေးစိတ်ဖော်ပြသွားပါဦးမယ်။

အသင့်စားအစားအသောက်တွေရဲ့ဘေးဥပဒ်တွေကို တင်ပြသွားပြီးနောက်မှာတော့ အသင့်သောက်ကော်ဖီ (Instant Coffee Mix) တွေရဲ့ဘေးဥပဒ်တွေကိုလည်း ဆက်လက်ဆွေးနွေး သွားပါမယ်။ ဖျော်ရ၊ နှပ်ရတဲ့ကော်ဖီတွေထက် ရေနွေးလေးရှိရုံနဲ့ အရသာကောင်းပြီး ဈေးချိုတဲ့ကော်ဖီတွေကို အလွယ်တကူသောက် သုံးနိုင်တဲ့ အသင့်သောက်ကော်ဖီတွေဟာ ကျွန်တော်တို့ရဲ့လက် တစ်ကမ်းမှာရှိနေပေမဲ့ အန္တရာယ်ဟာလည်း လက်တစ်ကမ်းမှာပဲရှိ လို့နေပါတယ်။

အသင့်သောက်ကော်ဖီတွေမှာ Acrylamide ဆိုတဲ့ ဓာတ်တစ်မျိုးပါဝင်ပါတယ်။ အဲဒီ Acrylamide ဓာတ်ဟာ တိရစ္ဆာန်တွေမှာ ကင်ဆာဖြစ်စေနိုင်ပါတယ်။ ဒါတင်မကပါဘူး။ အဲဒီဓာတ်ဟာ FDA (Food and Drug Association)ရဲ့အဆို အရ အာရုံကြောတွေကိုပါထိခိုက်စေနိုင်ပါသေးတယ်။ အဲဒီလို အန္တရာယ်များတဲ့ဓာတ်ကို သိပ္ပံပညာရှင်တွေက ၂၀ဝ၂ ခုနစ်နောက် ပိုင်းမှာမှတွေ့ရှိခဲ့ကြပြီး ပမာဏကို Parts Per Billion (PPB) ဆိုပြီး တိုင်းလေ့ရှိပါတယ်။ အသင့်သောက်ကော်ဖီတွေမှာပါဝင်တာ ၄၅၀ PPB ဝန်းကျင်လောက်ပါရှိပေမဲ့သဘာဝအတိုင်းဖျော်နှပ်တဲ့ကော်ဖီတွေမှာတော့၁၃PPB ကျော်ကျော်သာပါဝင်တာကို တွေ့ရှိရပါတယ်။

ဒါကြောင့်လည်း အနောက်နိုင်ငံတွေကို ကျန်းမာရေး အဖွဲ့အစည်းတွေဟာ အသင့်စားအစားအသောက်တွေ အလွန် အကျွံစားသောက်တာကို အပြင်းအထန်ကန့်ကွက်ကြတာဖြစ်ပါ တယ်။ ကျွန်တော်တို့ရဲ့ တိုးတက်လာတဲ့နည်းပညာခေတ်ကြီးထဲမှာ အစားအသောက်အတွက် တကူးတကအချိန်မပေးနိုင်ကြတော့ လွယ်လင့်တကူရှိတဲ့အသင့်စားအစားအစာတွေကိုပဲ စားသုံးလာ ကြရာ လက်တစ်ကမ်းမှာရှိတဲ့ကျန်းမာရေးအန္တရာယ်တွေကိုသတိမထားကြပါ။ဒါကြောင့်ကျွန်တော်တို့ရဲ့ကျန်းမာရေးအတွက်အသင့်စားစားသောက်ကုန်တွေကိုအရင်ကထက်လျှော့စားသောက် နိုင်ဖို့အကြံပေးရင်း နိဂုံးချုပ်လိုက်ပါတယ်။

Author – ဒေါက်တာထက်ဝေ

Previous Post

စိတ်ဖိစီးမှုနှင့် ကျန်းမာရေး

Next Post

အစာစားချိန်မမှန်ခြင်း နှင့် နောက်ဆက်တွဲ ပြဿနာများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အစာစားချိန်မမှန်ခြင်း နှင့် နောက်ဆက်တွဲ ပြဿနာများ

ဂရုပြုရမည့်အပြာရောင်အလင်းတန်း

ကလေးငယ်တွေ အဝလွန်တာကို ဘယ်လိုတားဆီးမလဲ?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.