ဒီဘက်ခေတ်မှာ လူတန်းစေ့နီးပါး ဖုန်းကိုင်နိုင်ကြတယ်။ ဖုန်းကုမ္ပဏီတွေရဲ့ ပရိုမိုးရှင်းတွေကလည်း တစ်ခုနဲ့ တစ်ခု အပြိုင်အဆိုင်ဖြစ်လာကြတော့ အသက်ကြီးငယ်မရွေး အားနေရင်တောင် ဖုန်းလေးပွတ်ချင်လာတတ်ကြတယ်။ အလုပ်လုပ်နေရလို့ဖြစ်စေ အပျော်သဘောဖြစ်စေ ဖုန်းကိုင်တာ များတဲ့ အခါ ဖုန်းပြောတာ ကြာတဲ့ အခါ ကိုယ်ခန္ဓာကို ထိခိုက်စေတတ်ပါတယ်။ အဓိကကတော့ အာရုံကြောစနစ်ပါ။
အရင်ကတော့ လိုင်းဖုံးတွေက hand phone တွေထက်ပိုများတယ်။ လိုင်းဖုန်း နဲ့ hand phone ဘာကပိုထိခိုက်စေနိုင်သလဲ။ hand phone တွေက ပိုထိခိုက်စေတတ်ပါတယ် လို့ပြောရင် ပိုမှန်ပါတယ်။ လိုင်းဖုန်းတွေက ပြောတာကြာမှဖြစ်တတ်တာများပါတယ်။ ခဏတဖြုတ်ပြောတာမျိုးကတော့ ဘာမှသိပ်မခံစားရတတ်ပါဘူး။ အချိန်ကြာကြာပြောမိတဲ့အခါ နားအူလာတာ နားကောင်းကောင်းမကြားတာ ခေါင်းကိုက်တာ စိတ်နောက်ကျိတာ တွေဖြစ်တတ်ပါတယ်။ speaker ဖွင့်ပြောတယ်ဆိုရင်တော့ ဖြစ်လာတဲ့ လက္ခဏာတွေကိုသက်သာစေပါတယ်။
hand phone တွေနဲ့စကားပြောကြာနေရင်လည်း နားအူတာတွေ နားကောင်းကောင်းမကြားတွေ ခေါင်းကိုက်တာတွေ စိတ်နောက်ကျိတာတွေ ဖြစ်တတ်တယ်။ ခဏတဖြုတ်ကတော့ သိပ်မသိသာဘူး။ အချိန်ကြာရင်ပိုခံစားရပါတယ်။ ဖုန်းကို ကိုင်ထားတဲ့အခါမှာလည်း ကြာလာတဲ့အခါ လက်တွေ ထုံကျင်လာတတ်တယ်။ လိုင်းဖုံးထက် hand phone မှာ ပိုကြုံရတယ်။ အင်တာနက်ပဲသုံးသုံး ဖုန်းပဲ ကိုင်ပြောပြော ဖြစ်တတ်တယ်။ တချို့ကျတော့အချိန်ကြာမှဖြစ်ပေမယ့် ခဏခဏဖြစ်တတ်တဲ့သူမျိုးဆို အချိန်ခဏအတွင်းဖြစ်တတ်တယ်။ ဖုန်းသုံးပြီးသွားလည်း ကျင်တာကချက်ချင်းမပျောက်တတ်ဘူး။ လက်ကိုခါပေးတာမျိုး အကွေးအဆန့်လုပ်ပေးတာမျိုး ဆိုရင် သက်သာတတ်တယ်။ တချို့လည်း ညောင်းပြီးကျန်ခဲ့တယ်။တချို့တွေကျတော့ ဖုန်းကို ကိုင်ပြီးမပြောဘူး။ နားကြပ်တပ်ထားတတ်တယ်။ ထုံကျင်တာမျိုးတော့ မကြုံရပေမယ့် နားကြပ်နဲ့ အမြဲ ဆို နားအကြားအာရုံကို ပိုပြီးပျက်စီးလွယ်ပါတယ်။
ဖုန်းကတဆင့် အင်တာနက်တွေ facebook တွေ တောက်လျှောက် သုံးလာကြတာတွေ game တွေ တောက်လျှောက်ကစားလာတာတွေကြောင့်လည်း မျက်စိအားနည်းစေတယ်။ မျက်စိပါဝါတွေ တိုးလာစေတတ်တယ်။ ငယ်ငယ်ရွယ်ရွယ် ကျီးပေါင်းလိုမျိုး ခံစားလာရနိုင်တယ်။ အကြောတွေတက်လာတတ်ကြတယ်။
ကိုယ်ဝန်သည်တွေကို ဖုန်း လိုတာထက်ပေးမသုံးကြပါဘူး။ တချို့တွေဆို ညအိပ်တဲ့ အခါ ဖုန်းကို အိပ်ယာထဲတောင်မထည့်ခိုင်းကြပါဘူး။ ဖုန်းကတဆင့် တုန်ခါမှုတွေက သန္ဓေသားရဲ့ အာရုံကြောတွေ ထိခိုက်စေနိုင်လို့ပါ။ ကိုယ်ဝန်တောက်လျှောက်မှာလည်း စိတ်ရောလူရော သက်တောင့်သက်သာဖြစ်စေချင်တာလည်းပါပါတယ်။
ကလေးငယ်တွေကို ဖုန်း ကို လွယ်လွယ်ပေးမသုံးကြပါဘူး။ စွဲသွားမှာစိုးတာလည်းပါတယ်။ အာရုံကြောတွေ ပျက်စီးတာအားနည်းတာ ဖြစ်မှာစိုးတာလည်းပါတယ်။ ကလေးတွေရဲ့ ဖွံ့ဖြိုးကြီးထွားတဲ့ ခရီးလမ်းမှာ သဘာဝကပေးတဲ့ စိတ်အမောပြေစရာတွေကို ခံစားတတ်စေဖို့လည်း ပါပါတယ်။ဖုန်း အကြာကြီးသုံးတာ မကောင်းမှန်းသိနေကြပေမယ့် တချို့သူတွေမှာလည်း အလုပ်သဘောအရ မဖြစ်မနေ သုံးနေကြရတာတွေ ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်တော့ ဖုန်းအသုံးများတဲ့ တိုင်အောင် မိမိတို့ရဲ့ ကျန်းမာရေးကို မထိခိုက်အောင် စနစ်တကျ သုံးတတ်ဖို့တော့လိုပါတယ် ။
အလုပ်ချိန်ကလွဲလို့ ကျန်တဲ့အချိန် ဖုန်းမလိုဘဲ မသုံးပါနဲ့။ အလုပ်အတွက် သုံးနေရလည်း တောက်လျှောက်အကြာကြီး မသုံးပါနဲ့ ။အညောင်းဖြေတာ လေ့ကျင့်ခန်းလုပ်တာ အကြောလျှော့တာ မျက်စိခဏအနားပေးတာတွေကို အလျင်းသင့်သလိုလုပ်ပါ။ လိုအပ်ရင် မျက်စိစစ်ပါ။ အာရုံကြောအားဆေးတွေ သောက်ပါ။ ဖုန်းပြောတဲ့အခါလည်း နားကြပ်တပ်ပြောတာကို ရှောင်ပါ။ ကားမောင်းရင်လည်းဖုန်းမပြောပါနဲ့။ ဖြစ်နိုင်ရင် speaker ဖွင့်ပြောပါ။
အချိန်နဲ့ စနစ်တကျ ဖုန်းအသုံးပြုခြင်းနဲ့ မိမိတို့ရဲ့ ကျန်းမာရေးကို ဂရုစိုက်ကြပါ။
Author: Dr. CST