fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

ကင်ဆာရောဂါအောင်နိုင်သူများမှရရှိသော သင်ခန်းစာ (၁၀) မျိုး

28
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/09/2016
in ရောဂါကြီးများ
1 min read
A A

၁။ ပတ်ဝန်းကျင်၏ အမြင်ကို ဂရုမစိုက်တော့ခြင်း
ကင်ဆာရောဂါအောင်နိုင်သူများသည် ရံဖန်ရံခါ စိတ်တိုလွယ်ကြသည်။ သူတို့သည် ဈေးဝယ်စင်တာ များ၌ ကတုံးပုံစံနှင့် လမ်းလျှောက်သွားသည့်အခါ အခြားလူများက ရယ်စရာပုံစံနှင့် ကြည့်တတ်လျှင်လည်း ဂရုသိပ်မစိုက်တတ်ကြတော့ပါ။ ကိုယ့်ဟာကိုယ် အာရုံလွှဲတတ်ကြသည်။ သူတို့သည် စိတ်ထဲရှိရာကို ပြောတတ်ကြသည်။ မကြာခဏ ရယ်တတ်ကြသည်။ အကြောင်းပြချက်များ သိပ်မပေးတတ်ကြတော့ပါ။ ကိုယ့်ဟာကိုယ်ပင် ပျှော်ရွှင်အောင် နေတတ်ကြတော့သည်။

၂။ အခြားလူများ၏ အတွေးအမြင်၊ ပြောစကားများ၊ ဝေဖန်မှုများကို ဂရုမစိုက်တတ်တော့ခြင်း
၎င်းတို့သည် အခြားလူများက ၎င်းတို့လုပ်ရပ်များ အပေါ်တွင် ထားရှိသည့် အမြင်များ၊ အတွေးများကို ဂရုမစိုက်တတ်ကြတော့ပါ။ အကယ်၍ ခင်ဗျားတို့လည်း နောက်တစ်နှစ်အတွင်း သေရမည်ဆိုလျှင် လူတွေ၏ သုံးသပ်မှုများ အထင်အမြင်များကို အရေးပေးမည် မဟုတ်တော့ပါ။

၃။ စိတ်အရှိအတိုင်း ပြောတတ်လာခြင်း
ကင်ဆာရောဂါ ရှိသူများသည် ပျော်ပွဲရွှင်ပွဲများအား မသွားချင်လျှင် မသွားဘူးဟု ပေါ်တင် ပြောတတ် ကြသည်။ ၎င်းတို့တစ်ယောက်တည်း နေချင်သည့်အခါ သူငယ်ချင်းများ ပြန်ဆုံသည့် ပွဲများအားလည်း ရှောင်ရှား တတ်ကြသည်။ ၎င်းတို့သည် မိမိမလုပ်ချင်သော အရာများအားလုပ်ရန် ဖိအားပေးမှုများကိုလည်း မခံတော့ပါ။

၄။ ဒေါသထွက်ပြီးနောက် ခွင့်လွှတ်ခြင်း၊ အညိုးမကြီးတတ်တော့ခြင်း
ကင်ဆာရောဂါ အောင်နိုင်သူများသည် ဒေါသကို ခံစားတတ်ကြသည်။ မေးခွန်းများ မေးတတ် လာကြသည်။ မိမိအား မလေးမစား ပြုမှုခြင်းများကို သည်းခံခြင်း မရှိတော့ပါ။ မုန်းတီးခြင်းများ ဖြစ်လာတတ် သည်။ သို့သော် ထိုခံစားချက်များကို မြိုသိပ်မထားတတ်တော့ပါ။

၅။ အလှအပရေးရာကို အရေးမပေးတော့ခြင်း
၎င်းတို့သည် ၎င်းတို့၏ ဆံပင်လှမလှ၊ ၎င်းတို့၏ ရင်သားများ လှမလှ တွေးပြီး မပူပင်တတ်ကြတော့ပါ။ ရင်သားများ ရှိနေခြင်းကိုပင် ကျေးဇူးတင်ကြသည်။ ၎င်းတို့သည် အသက်ရှင်နေခြင်းကိုပင် ကျေးဇူးတင်ကာ ပျော်ရွှင်နေတတ်ကြသည်။

၆။ လုပ်ချင်သည့် အရာများကို ချက်ချင်းလုပ်ခြင်း
၎င်းတို့သည် မိမိလုပ်ချင်သည့် အရာများကို အချိန်မဆွဲတော့ဘဲ လုပ်တတ်ကြတော့သည်။ ပျော်ရွှင်မှု ကိုသာ အရေးပေးတော့သည်။ အစွမ်းကုန် ပျော်ရွှင်အောင် နေတတ်ကြတော့သည်။

၇။ တစ်စုံတစ်ယောက်အား ချစ်နေလျှင် ချစ်တယ်ဟု ပြောရဲခြင်း
၎င်းတို့သည် ၎င်းတို့ပြောချင်သည့် စကားများကို အကုန်ပြောတတ်ကြသည်။ စကားချန်ခြင်းတို့ မပြုလုပ် တော့ပါ။ မည်သူမဆို သေမည့်နေ့ကို ကြိုမသိနိုင်ဘူး။ ထို့ကြောင့် မိမိချစ်သောသူအား မိမိ၏ ခံစားချက်များကို ပြောတတ်ကြသည်။ လျို့ဝှက်ထားခြင်းတို့ မပြုလုပ်တော့ပါ။

၈။ မိမိကိုယ်ကို မိမိဂရုစိုက်ခြင်း
၎င်းတို့သည် ကျန်းမာရေးကို အထူးပင် အရေးပေးဂရုစိုက်တတ်ကြသည်။ ဆေးလိပ်သောက်သုံးခြင်း တို့ မပြုလုပ်တော့ပါ။ ကျန်းမာရေးအတွက် ကောင်းမွန်သည့် အစားအစာများကို စားတတ်လာ သည်။ ရေကို စနစ်တကျ သောက်သုံးကြသည်။ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေမည့် အရာများကို ရှောင်ရှား တတ်ကြသည်။ အိပ်ရေးဝအောင် အိတ်တတ်ကြသည်။ မိမိကိုယ်ကိုမိမိ အထူးပင် ဂရုစိုက်တတ်ကြသည်။

၉။ လွတ်လပ်မှုကို အရေးပေးခြင်း
၎င်းတို့သည် အလုပ်ကို လိုသည်ထက်ပို၍ မလုပ်ချင်ကြတော့ပါ။ စိတ်ဖိစီးမှုများသည် ၎င်းတို့အား နေထိုင်မကောင်း ဖြစ်စေမည်သာဖြစ်သည်။

၁၀။ စွန့်စားတတ်ခြင်း
၎င်းတို့သည် သေခြင်းတရားနှင့် ရင်ဆိုင်အံတုကာ အောင်နိုင်သူများ ဖြစ်သည်။ ၎င်းတို့သည် ဘဝကို တန်အောင် နေထိုင်မည်ဟု ကောင်းမွန်စွာ သိသောသူများ ဖြစ်သည်။ စွန့်စားခြင်းအားဖြင့် ဘဝအတွက် ပျော်ရွှင်မှုများစွာ ရမည်ဖြစ်သည်။ ထို့ကြောင့် လေထီးခုန်ခြင်း၊ အမြင့်ခုန်ခြင်း၊ ခရီးထွက်ခြင်းတို့ဖြင့် မိမိတို့၏ စုထားသည့် ငွေများသုံးပစ်ခြင်းတို့ ပြုလုပ်ကြသည်။ မိမိတို့၏ ဘဝကို ပျော်ရွှင်မှုများနှင့်ပင် နေတတ်ကြ တော့သည်။

Credit to Health Care Journal (Vol-7, No-16)

Previous Post

ယိုယွင်းနေသော ခြေသည်း၊ လက်သည်းများ

Next Post

ရေတွေထဲ လမ်းဆင်းမလျှောက်ချင်ပါနှင့်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
481

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
896
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
475
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
741
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
435

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရေတွေထဲ လမ်းဆင်းမလျှောက်ချင်ပါနှင့်

ဟက်ဟက်ပက်ပက် ရယ်လိုက်ပါ

ဒေါက်တာမှိုပွင့်လေးရဲ့ သံပုရာသီး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.