(Zawgyi)
ကိုေက်ာ္ႀကီးတို႔ေနထိုင္ေသာ သာေပါင္းၿမိဳ႕နယ္မွာ ဒီႏွစ္ေရႀကီးတာ အေျခအေနေတာ္ေတာ္ ဆိုးခဲ့သည္။ စားစရာကမရွိ ေသာက္စရာမရွိႏွင့္ ေတာ္ေတာ္ကိုဒုကၡေရာက္သည္။ ကိုေက်ာ္ႀကီး တစ္ေယာက္ မိဘမ်ားကို ေရလြတ္ရာ ဘုန္းႀကီးေက်ာင္းမွာထားခဲ့ၿပီး ကယ္ဆယ္ေရးလုပ္ငန္းမ်ားအား တစ္တပ္တစ္အား ပါဝင္ကူညီခဲ့သည္။ အလႉရွင္မ်ားလာေရာက္ရင္လည္း အနီးအနား႐ြာမ်ားက ေရေဘး ဒုကၡသည္မ်ားဆီကို ေစတနာ့ဝန္ထမ္းလမ္းျပအျဖစ္ ပို႔ေဆာင္ေပးခဲ့သည္။
လမ္းျပလုပ္ၿပီး (၃)ပတ္ေလာက္ ၾကာသြားသည္ထင္သည္။ ေရကက်သြားၿပီ။ ကိုေက်ာ္ႀကီး တစ္ေယာက္ ပင္ပန္းလာခဲ့ၿပီ။ ေျခေတြလက္ေတြနာက်င္ၿပီး အဖ်ားတက္လာသည္။ အေမကေတာ့ ေျပာသည္။ ေရထဲမွာ ေန႔စဥ္ရက္ဆက္ သြားလာေနရ၍ ေျခေတြလက္ေတြနာလာတာဟု။ ရက္အနည္းငယ္ ၾကာသည္အထိ ႂကြက္သားေတြနာတာမသက္သာ။ ပိုတိုးလာသည္က မ်က္စိက နာလာၿပီး မ်က္စိတစ္ခုလုံး နီရဲလာသည္။ တစ္ပတ္ေလာက္ ၾကာတဲ့အထိ မသက္သာေတာ့ ၿမိဳ႕နယ္ကို ေရာက္ေနတဲ့ ေရေဘးကူညီေရးပရဟိတအဖြဲ႕က က်န္းမာေရးေဆးခန္းေလးဆီ အေရာက္သြားရသည္။
လာေရာက္ၾကေသာ ဆရာဝန္ ဆရာဝန္မေလးမ်ားက ေခ်ာေခ်ာေမာေမာေလးေတြ။ အားကိုး ခ်င္စရာ အၿပဳံးေလးေတြကိုယ္စီႏွင့္။ ဆရာဝန္၊ ဆရာဝန္မေလးမ်ားကိုျမင္႐ုံႏွင့္ ေရာဂါက တစ္ဝက္ ေပ်ာက္ခ်င္ေနၿပီ။ ကိုေက်ာ္ႀကီးက ဆရာဝန္ေလးတစ္ေယာက္ ေရွ႕သြားရတယ္။ ဆရာဝန္ေလးက သေဘာေကာင္းပုံရသည္။
“ဆရာေလးရယ္ ဖ်ားေနတာတစ္ပတ္ေလာက္ၾကာၿပီ။ မေပ်ာက္လို႔ပါ။ မ်က္စိေတြလည္း ရဲေနတယ္။ ေခါင္းလည္းကိုက္တယ္။ ကိုယ္ေတြလက္ေတြလည္းနာက်င္ကိုက္ခဲေနပါတယ္။”
ဆရာေလးက အဖ်ားတိုင္းသည္။ ရင္ဘတ္၊ ဝမ္းဗိုက္စမ္းသည္။ ေျခသလုံးႂကြက္သားကို ကိုင္ၾကည့္ၿပီး နာလားေမးသည္။
“ နာတာေပါ့ ဆရာရယ္။ ေျခသလုံးႂကြက္သားေတြ အရမ္းနာတယ္။”
“မ်က္လုံးေတြလည္း ဝါေနတယ္။ ဗိုက္စမ္းၾကည့္ေတာ့ အသည္းလည္းေရာင္ေနတယ္။ ကိုေက်ာ္ႀကီး ညာဖက္နားက ဗိုက္မေအာင့္ဘူးလား”
“ေအာင့္ေတာင့္ေတာင့္ေတာ့ရွိပါတယ္၊ အရမ္းႀကီးေတာ့မဟုတ္ပါဘူး ဆရာေလးရယ္”
“ကိုေက်ာ္ႀကီးေရာဂါက Leptospirosis ဆိုတဲ့ေရာဂါ ျဖစ္ဖို႔မ်ားတယ္။”
“ဘာေရာဂါလို႔ေျပာတာလဲဆရာ။ ကြၽန္ေတာ္နားမလည္လို႔ပါ။”
“Leptospirosis ပါ။ ဘက္တီးရီးယားပိုးတစ္မ်ိဳးေၾကာင့္ျဖစ္တာပါ။ ဒီဘက္တီးရီးယားက ကိုေက်ာ္ႀကီးဆီ ဘယ္လိုကူးသလဲဆိုရင္ အေရျပားမွာပြန္းပဲ့ဒဏ္ရာကတစ္ဆင့္ကူးတာ ျဖစ္ႏိုင္ပါတယ္ ”
ကိုေက်ာ္ႀကီးတအံ့အၾသ ျဖစ္ရျပန္သည္။ စိုးရိမ္တႀကီးလည္းေမးမိသည္။
“ေပ်ာက္ေရာေပ်ာက္ကင္းႏိုင္ရဲ႕လားဆရာ”
“ ဘက္တီးရီးယားပိုးေၾကာင့္ျဖစ္တာေၾကာင့္ ပိုးသတ္ေဆးေသာက္ရပါမယ္။ ကိုေက်ာ္ႀကီး ေရာဂါက ေပ်ာက္ကင္းႏိုင္ပါတယ္။ ဒါေပမဲ့ ေဆး႐ုံေတာ့တက္ရမယ္”
“မတက္လို႔မရဘူးလား ဆရာေလးရယ္”
“အသည္းေရာင္ေနတယ္ အဖ်ားႀကီးေနေတာ့ ေဆး႐ုံတက္ရမယ္”
“ဘယ္ကေနကူးစက္တာလဲဆရာ”
“ဘက္တီးရီးယားကေရာဂါရွိတဲ့တိရိစာၦန္ အထူးသျဖင့္ ႂကြက္ေတြရဲ႕ ေသးထဲမွာပါလာမယ္။ ႂကြက္ေတြဟာ ႐ူး႐ူးေပါက္ခ်လိုက္ရင္ ဘက္တီးရီးယားပိုးေလးေတြ ေရထဲကိုေရာက္သြားမယ္။ ကိုေက်ာ္ႀကီးက ေရထဲကိုျဖတ္ေလွ်ာက္မယ္။ ေျခေထာက္မွာလည္း ပြန္းပဲ့ဒဏ္ရာေသးေသးေလး ေတြလည္း ေျခေထာက္မွာရွိေနမယ္ဆိုရင္ ဘက္တီးရီးယားပိုးဟာဒဏ္ရာကတဆင့္ ကိုယ္ခႏၶာထဲကို ဝင္သြားႏိုင္တယ္။”
“ကြၽန္ေတာ္တို႔ဆီမွာ ေရႀကီးေနေတာ့ ေရထဲဆင္းတဲ့သူတိုင္း ကူးႏိုင္တာလား ဆရာေလး”
“ ေရာဂါပိုးရွိတဲ့ တိရစာၦန္တစ္ေကာင္ေကာင္က ေရထဲမွာ႐ူး႐ူးေပါက္ထားမွပါ။”
“ကြၽန္ေတာ္တို႔ ရပ္ကြက္ထဲမွာ ကြၽန္ေတာ္လိုပဲဖ်ားေနတယ္ လူေတြရွိတယ္။ သူတို႔ေရာ ဒီေရာဂါ ျဖစ္ႏိုင္လားဆရာ”
“ဖ်ားတယ္ဆိုတာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ဒီဘက္တီးရီးယားခ်ည္းပဲ ေၾကာင့္လို႔ေတာ့ ေျပာဖို႔ခက္ပါတယ္။ ဖ်ားတဲ့လူနာေတြ ကြၽန္ေတာ္တို႔ဆီ လာခဲ့ရပါမယ္။ စမ္းသပ္ စစ္ေဆးမႈေတြ ျပဳလိုက္ၿပီးမွသာ သိႏိုင္ပါတယ္။”
ကိုေက်ာ္ႀကီးတစ္ေယာက္ အနီးအနားက သူ႔လိုဖ်ားနာသူေတြကို ေဆးခန္းသြားဖို႔ တိုက္တြန္း ရဦးမယ္။ ေရာဂါလည္းေပ်ာက္ဖို႔ အေရးႀကီးေပသည္။
AUTHOR – ေဒါက္တာေအးခ်မ္းမိုး
(Unicode)
ကိုကျော်ကြီးတို့နေထိုင်သော သာပေါင်းမြို့နယ်မှာ ဒီနှစ်ရေကြီးတာ အခြေအနေတော်တော် ဆိုးခဲ့သည်။ စားစရာကမရှိ သောက်စရာမရှိနှင့် တော်တော်ကိုဒုက္ခရောက်သည်။ ကိုကျော်ကြီး တစ်ယောက် မိဘများကို ရေလွတ်ရာ ဘုန်းကြီးကျောင်းမှာထားခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများအား တစ်တပ်တစ်အား ပါဝင်ကူညီခဲ့သည်။ အလှူရှင်များလာရောက်ရင်လည်း အနီးအနားရွာများက ရေဘေး ဒုက္ခသည်များဆီကို စေတနာ့ဝန်ထမ်းလမ်းပြအဖြစ် ပို့ဆောင်ပေးခဲ့သည်။
လမ်းပြလုပ်ပြီး (၃)ပတ်လောက် ကြာသွားသည်ထင်သည်။ ရေကကျသွားပြီ။ ကိုကျော်ကြီး တစ်ယောက် ပင်ပန်းလာခဲ့ပြီ။ ခြေတွေလက်တွေနာကျင်ပြီး အဖျားတက်လာသည်။ အမေကတော့ ပြောသည်။ ရေထဲမှာ နေ့စဉ်ရက်ဆက် သွားလာနေရ၍ ခြေတွေလက်တွေနာလာတာဟု။ ရက်အနည်းငယ် ကြာသည်အထိ ကြွက်သားတွေနာတာမသက်သာ။ ပိုတိုးလာသည်က မျက်စိက နာလာပြီး မျက်စိတစ်ခုလုံး နီရဲလာသည်။ တစ်ပတ်လောက် ကြာတဲ့အထိ မသက်သာတော့ မြို့နယ်ကို ရောက်နေတဲ့ ရေဘေးကူညီရေးပရဟိတအဖွဲ့က ကျန်းမာရေးဆေးခန်းလေးဆီ အရောက်သွားရသည်။
လာရောက်ကြသော ဆရာဝန် ဆရာဝန်မလေးများက ချောချောမောမောလေးတွေ။ အားကိုး ချင်စရာ အပြုံးလေးတွေကိုယ်စီနှင့်။ ဆရာဝန်၊ ဆရာဝန်မလေးများကိုမြင်ရုံနှင့် ရောဂါက တစ်ဝက် ပျောက်ချင်နေပြီ။ ကိုကျော်ကြီးက ဆရာဝန်လေးတစ်ယောက် ရှေ့သွားရတယ်။ ဆရာဝန်လေးက သဘောကောင်းပုံရသည်။
“ဆရာလေးရယ် ဖျားနေတာတစ်ပတ်လောက်ကြာပြီ။ မပျောက်လို့ပါ။ မျက်စိတွေလည်း ရဲနေတယ်။ ခေါင်းလည်းကိုက်တယ်။ ကိုယ်တွေလက်တွေလည်းနာကျင်ကိုက်ခဲနေပါတယ်။”
ဆရာလေးက အဖျားတိုင်းသည်။ ရင်ဘတ်၊ ဝမ်းဗိုက်စမ်းသည်။ ခြေသလုံးကြွက်သားကို ကိုင်ကြည့်ပြီး နာလားမေးသည်။
“ နာတာပေါ့ ဆရာရယ်။ ခြေသလုံးကြွက်သားတွေ အရမ်းနာတယ်။”
“မျက်လုံးတွေလည်း ဝါနေတယ်။ ဗိုက်စမ်းကြည့်တော့ အသည်းလည်းရောင်နေတယ်။ ကိုကျော်ကြီး ညာဖက်နားက ဗိုက်မအောင့်ဘူးလား”
“အောင့်တောင့်တောင့်တော့ရှိပါတယ်၊ အရမ်းကြီးတော့မဟုတ်ပါဘူး ဆရာလေးရယ်”
“ကိုကျော်ကြီးရောဂါက Leptospirosis ဆိုတဲ့ရောဂါ ဖြစ်ဖို့များတယ်။”
“ဘာရောဂါလို့ပြောတာလဲဆရာ။ ကျွန်တော်နားမလည်လို့ပါ။”
“Leptospirosis ပါ။ ဘက်တီးရီးယားပိုးတစ်မျိုးကြောင့်ဖြစ်တာပါ။ ဒီဘက်တီးရီးယားက ကိုကျော်ကြီးဆီ ဘယ်လိုကူးသလဲဆိုရင် အရေပြားမှာပွန်းပဲ့ဒဏ်ရာကတစ်ဆင့်ကူးတာ ဖြစ်နိုင်ပါတယ် ”
ကိုကျော်ကြီးတအံ့အသြ ဖြစ်ရပြန်သည်။ စိုးရိမ်တကြီးလည်းမေးမိသည်။
“ပျောက်ရောပျောက်ကင်းနိုင်ရဲ့လားဆရာ”
“ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တာကြောင့် ပိုးသတ်ဆေးသောက်ရပါမယ်။ ကိုကျော်ကြီး ရောဂါက ပျောက်ကင်းနိုင်ပါတယ်။ ဒါပေမဲ့ ဆေးရုံတော့တက်ရမယ်”
“မတက်လို့မရဘူးလား ဆရာလေးရယ်”
“အသည်းရောင်နေတယ် အဖျားကြီးနေတော့ ဆေးရုံတက်ရမယ်”
“ဘယ်ကနေကူးစက်တာလဲဆရာ”
“ဘက်တီးရီးယားကရောဂါရှိတဲ့တိရိစ္ဆာန် အထူးသဖြင့် ကြွက်တွေရဲ့ သေးထဲမှာပါလာမယ်။ ကြွက်တွေဟာ ရူးရူးပေါက်ချလိုက်ရင် ဘက်တီးရီးယားပိုးလေးတွေ ရေထဲကိုရောက်သွားမယ်။ ကိုကျော်ကြီးက ရေထဲကိုဖြတ်လျှောက်မယ်။ ခြေထောက်မှာလည်း ပွန်းပဲ့ဒဏ်ရာသေးသေးလေး တွေလည်း ခြေထောက်မှာရှိနေမယ်ဆိုရင် ဘက်တီးရီးယားပိုးဟာဒဏ်ရာကတဆင့် ကိုယ်ခန္ဓာထဲကို ဝင်သွားနိုင်တယ်။”
“ကျွန်တော်တို့ဆီမှာ ရေကြီးနေတော့ ရေထဲဆင်းတဲ့သူတိုင်း ကူးနိုင်တာလား ဆရာလေး”
“ ရောဂါပိုးရှိတဲ့ တိရစ္ဆာန်တစ်ကောင်ကောင်က ရေထဲမှာရူးရူးပေါက်ထားမှပါ။”
“ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ကျွန်တော်လိုပဲဖျားနေတယ် လူတွေရှိတယ်။ သူတို့ရော ဒီရောဂါ ဖြစ်နိုင်လားဆရာ”
“ဖျားတယ်ဆိုတာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒီဘက်တီးရီးယားချည်းပဲ ကြောင့်လို့တော့ ပြောဖို့ခက်ပါတယ်။ ဖျားတဲ့လူနာတွေ ကျွန်တော်တို့ဆီ လာခဲ့ရပါမယ်။ စမ်းသပ် စစ်ဆေးမှုတွေ ပြုလိုက်ပြီးမှသာ သိနိုင်ပါတယ်။”
ကိုကျော်ကြီးတစ်ယောက် အနီးအနားက သူ့လိုဖျားနာသူတွေကို ဆေးခန်းသွားဖို့ တိုက်တွန်း ရဦးမယ်။ ရောဂါလည်းပျောက်ဖို့ အရေးကြီးပေသည်။
AUTHOR – ဒေါက်တာအေးချမ်းမိုး