fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အဝလွန်ခြင်း

472
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/07/2016
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ယနေ့ခေတ်လူအများစု တဖြည်းဖြည်းကြုံတွေ့နေရသော အ၀ လွန်ခြင်း (Obesity) ပြဿနာများသည် ၂၁ ရာစု၏ စိန်ခေါ်မှုတစ်ခု အဖြစ် နေရာယူလာခဲ့သည်။ နေ့စဉ်ပုံမှန်လှုပ်ရှားမှု နည်းပါးလာ ခြင်း၊ အဆီအစိမ့်စားသုံးမှု များပြားလာခြင်း၊ အထိုင်များသော အလုပ်များပြုလုပ်ရခြင်း အစရှိသည့် အကြောင်းအရာတို့ကြောင့်ပင် အဝလွန်ခြင်းသည် သတိပြုရမည့်အချက်တစ်ချက်အဖြစ်ပါဝင်လာခဲ့ သည်။

အဝလွန်ခြင်းဆိုသည်မှာ ကိုယ်ခန္ဓာတွင် အဆီဓာတ် အများအပြားစုစည်းနေခြင်းကိုဆိုလိုသည်။ ခန္ဓာကိုယ်တွင် ကြွက်သား များပြားခြင်း၊ အရိုးအဆစ်များကြီးခြင်း၊ ရေဓာတ်များပြားခြင်း တို့ကြောင့်ဖြစ်သော ကိုယ်အလေးချိန်တက်ခြင်းကိုမဆိုလိုဘဲ အဆီ ဓာတ်များပြားခြင်းကို ဆိုလိုခြင်းဖြစ်သည်။

ဖြစ်စေသည့်အကြောင်းရင်းများ

ခန္ဓာကိုယ်ကအသုံးပြုမည့်၊ လောင်ကျွမ်းစေမည့် ကယ်လိုရီ ပမာဏထက် ပိုမိုစားသုံးခြင်းသည် အဝလွန်ခြင်းကို ဖြစ်စေသော အဓိကအကြောင်းရင်းဖြစ်သည်။ အရက်အလွန်အကျွံသောက်သုံး ခြင်း၊ အဆီဓာတ်စားသုံးမှုများပြားခြင်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့် ခန်းပြုလုပ်မှုနည်းပါးခြင်း၊ မျိုးရိုးလိုက်ခြင်းစသည်တို့သည်လည်း အဝလွန်ခြင်းကိုဖြစ်စေသော အကြောင်းအရာများပင်ဖြစ်သည်။

အဝလွန်ခြင်းကိုခံစားနေရသူအများစုသည်ကိုယ်တိုင်ပြုလုပ်သောနေထိုင်မှု၊စားသောက်မှုပုံစံများကြောင့် အဝလွန်ရသည်ဟု တွေးတောမိတတ်ကြသည်။ ထိုသို့တွေးတောခြင်းသည် ယေဘုယျ အားဖြင့် မှန်သော်လည်း ယနေ့ခေတ်တွင်မူ ခန္ဓာကိုယ်ဇီဝဖြစ်စဉ် များကြောင့်ပင် အဝလွန်ခြင်းကိုဖြစ်ပေါ်စေနိုင်သည်။ ဥပမာအားဖြင့် အစားအသောက်နေထိုင်မှုပုံစံ တူညီသော်လည်း ဇီဝဖြစ်စဉ်များ ကွာခြားခြင်းကြောင့် အဝလွန်ခြင်းကို ဖြစ်စေနိုင်သည်။

ပြောင်းလဲတိုးတက်လာသောခေတ်ကြီးနှင့်အညီအဝလွန် ခြင်းကို ဖြစ်ပေါ်စေသောအကြောင်းအရာများသည်လည်းပတ်ဝန်းကျင်တွင်သိသိသာသာများပြားလာသည်။ကျန်းမာရေးအတွက်လိုအပ်သည့်အစာအာဟာရကို စနစ်တကျပြင်ဆင်စားသုံးချိန် မရှိခြင်း၊ အထိုင်များသော အလုပ်များကို ပိုမိုပြုလုပ်လာရခြင်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်ရန်အတွက် လုံလောက် သောအချိန်မရှိခြင်း အစရှိသည်တို့သည်လည်း အဝလွန်ခြင်းကို ဖြစ်စေသောအကြောင်းအရာများပင်ဖြစ်သည်။

အစားအသောက်မမှန်ခြင်း} ဆိုသည်မှာ ကျန်းမာရေး အတွက်လိုအပ်သည့် စားသောက်ခြင်း၊ ကိုယ်အလေးချိန်ထိန်းသိမ်း ခြင်း အစရှိသည်တို့ကိုပြုလုပ်ရန်အတွက် လုံလောက်သော ခန္ဓာကိုယ် ဂရုစိုက်မှုမပြုလုပ်နိုင်ခြင်းကိုဆိုလိုသည်။ အဝလွန်နေသူအများ စုသည် အစားအသောက်ကို စနစ်တကျပုံမှန်စားသုံးခြင်းမရှိသည်ကို လေ့လာတွေ့ရှိရပေသည်။

ဟော်မုန်းဓာတ်နည်းပါးခြင်း၊ ကိုယ်ဝန်တားဆေးများ၊ စိတ်ရောဂါဆိုင်ရာဆေးများ သောက်သုံးခြင်း အစရှိသည်တို့ကြောင့် လည်း အဝလွန်ခြင်းကို ခံစားရစေနိုင်သည်။ ဆေးလိပ်ဖြတ်ပြီး နောက်တွင်လည်း ကိုယ်အလေးချိန်တိုးခြင်းမျိုးကို ကြုံတွေ့ရနိုင် သည်။ စိတ်ဖိစီးမှုများပြားခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အိပ်မပျော်ခြင်း အစရှိသည်တို့ကြောင့်လည်း အဝလွန်စေနိုင်သည်။ အမျိုးသမီးများ သွေးဆုံးခါနီးအချိန်တွင်လည်း ကိုယ်အလေးချိန် ၁၂ပေါင် မှ ၁၅ပေါင် အထိတိုးလာကြောင်း လေ့လာတွေ့ရှိရသည်။

အဝလွန်မလွန် ဘယ်လိုသိနိုင်မလဲ

အဝလွန်ခြင်းကို တိုင်းတာရာတွင် အဓိကအသုံးအများဆုံး နည်းလမ်းနှစ်ခုမှာ Body Mass Index (BMI) တိုင်းတာခြင်းနှင့် ခါးလုံးပတ်တိုင်းတာခြင်း (Waist Circumference) တို့ဖြစ်သည်။ BMI တိုင်းတာရာတွင် အရပ်အမြင့်နှင့် ကိုယ်အလေးချိန်ကို အသုံးပြု ပြီး တိုင်းတာနိုင်သည်။
BMI – ကိုယ်အလေးချိန် (ကီလိုဂရမ်)/အရပ်အမြင့် (မီတာ၂)

အမျိုးအစား BMI Range (Kg/m2)
Very Severely Underweight Less than 15
Severely Underweight From 15.0 to 16.0
Underweight From 16.0 to 18.5
Normal (Healthy Weight) From 18.5 to 25
Overweight From 25 to 30
Obese Class I (Moderately Obese) From 30 to 35
Obese Class II (Severely Obese) From 35 to 40
Obese Class III (Very Severely Obese) Over 40

အထက်ပါဇယားကိုကြည့်ခြင်းဖြင့် သင်မည်သည့်အဝလွန် အမျိုးအစားအတွင်း ပါဝင်နေသည်ကို BMI တိုင်းတာခြင်းဖြင့်သိရှိ နိုင်သည်။ ခါးလုံးပတ်တိုင်းတာခြင်းဖြင့်လည်း မိမိ၏ကိုယ်ခန္ဓာတွင် မည်မျှအဆီများပြားနေသည်ကိုသိရှိနိုင်မည့်အပြင် ဖြစ်ပေါ်လာ နိုင်သည့်နောက်ဆက်တွဲရောဂါများဖြစ်သော
နှလုံးရောဂါ၊ ဆီးချို ရောဂါ၊ သွေးတိုးရောဂါတို့ကိုလည်း သတိထား မိစေနိုင်မည်ဖြစ်သည်။

အဝလွန်ခြင်းကို ဘယ်လိုကုသမလဲ

ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်အကျိုးရှိ စေသည်ဆိုသည့်စကားအတိုင်း အဝလွန်ခြင်းကို ကာကွယ်နိုင်ရန် အတွက် နေထိုင်မှုဘဝပုံစံကို ပြောင်းလဲသင့်သည်။ ယနေ့ခေတ် စားနေသည့်အဆီချဆေး၊ အဆီချကော်ဖီ၊ အဆီချဆီးသီး အစရှိ သည်တို့ဖြင့် အဆီများ အထိုက်အလျောက်ကျဆင်းအောင် ပြုလုပ် နိုင်သော်လည်း မိမိကိုယ်တိုင် လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းသည်သာ အကျိုးသက်ရောက်မှု အများဆုံးဖြစ်ပေသည်။ မည်မျှပင် အလုပ် များပြားနေစေကာမူ မနက်စောစောလမ်းလျှောက်ခြင်း၊ တစ်နေ့ တစ်နာရီမျှ လေ့ကျင့်ခန်းပြုလုပ်ခြင်းများကို ပုံမှန်ပြုလုပ်ပေးသင့် သည်။ သိ့ိုမှသာ သွေးအတွင်းရှိအဆီဓာတ်များကို လျော့ကျစေမည့် အပြင် သွေးလည်ပတ်မှုနှုန်းပါကောင်းမွန်ပြီး ကျန်းမာစေနိုင်မည် ဖြစ်သည်။ လေ့ကျင့်ခန်းပြုလုပ်ရုံသာမက အစားအသောက်ဆင်ခြင် စားသုံးခြင်းကိုပါ တစ်ပြိုင်နက်တည်း ပူးပေါင်းလုပ်ဆောင်သင့်သည်။ အဆီအစိမ့်များသောအစားအစာများ စားသုံးခြင်း၊ ညအိပ်ရာဝင်ခါနီးအစာစားခြင်းတို့ကိုရှောင်ကြဉ်ရမည့်အပြင်အရည်ရွှမ်းသောလတ်ဆတ်သည့်အသီးအနှံများကိုပါစားသုံးသင့်သည်။ထိုကဲ့သို့ကာကွယ်မှုများပြုလုပ်မှသာလျှင်အဝလွန်ခြင်း၏နောက်ဆက်တွဲဝေဒနာများဖြစ်သည့် လူ့အသက်ကိုထိခိုက်စေနိုင်သော သွေးတိုး၊ နှလုံး၊ ဆီးချိုအစရှိသည့်ရောဂါတို့ကိုကာကွယ်နိုင်ပြီး ကျန်းမာ ပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပေသည်။

Previous Post

ကလေးငယ်တွေ အဝလွန်တာကို ဘယ်လိုတားဆီးမလဲ?

Next Post

တစ်ကိုယ်ရေကျန်းမာခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

တစ်ကိုယ်ရေကျန်းမာခြင်း

အပူချိန်မြင့်မားလွန်ကဲခြင်း

ကျန်းမာရေးကောင်းစေဖို့ဆေးတစ်ခွက်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.