သုတ်ပိုးတစ်ကောင်သည် လေနှင့်ထိတွေ့လျှင် အသက်ရှင်နိုင်သလား? အချိန်ဘယ်လောက်ထိရှင်သန်နေနိုင်လဲ ဟူသောမေးခွန်းများက Ondr ကို လူငယ်အချို့က မေးမြန်းလေ့ရှိပါတယ်။
(၁) သုတ်ပိုးတစ်ကောင်လေနဲ့ထိတွေ့ပြီးလျှင်ရှင်သန်နိုင်သလား?
သုတ်ပိုးတစ်ကောင်သည် လေနဲ့ထိတွေ့လျှင် ၎င်း၏ အစိုဓာတ် လျှင်မြန်စွာဆုံးရူံးနိုင်ပါသည်။ တဖြေးဖြေး ခြောက်သွေ့သေဆုံးသွားနိုင်ကာ မျိုးမအောင်နိုင်တော့ပါ။ ခြောက်သွေ့နေသော သုတ်ပိုးသည် အစိုဓာတ်ပြန်ရရှိခဲ့လျှင်လည်း ပြန်လည်မရှင်သန်နိုင်ပါ။ အမှန်တကယ် သင့်တော်သောရှင်သန်နိုင်သော ပတ်ဝန်းကျင်ရရှိခဲ့လျှင်လည်း ကိုယ်ခန္ဓာပြင်ပတွင် ၃ – ၄ ရက်ခန့်သာ အသက်ရှင်နိုင်ပါတယ်။
(၂) ခြောက်သွေ့နေသော သုတ်ရည်များမှ ကိုယ်ဝန်ရနိုင်သလား
လူအများစုသည် သုတ်ရည်ခြောက်သွေ့ပေမယ့် ကိုယ်ဝန်ရှိနိုင်သည်ဟု ထင်ပြီး စိုးရိမ်တတ်ကြပါတယ်။ ခြောက်သွေ့သောသုတ်ရည်ထဲတွင် သုတ်ပိုးမရှင်သန်နိုင်လို့ ကိုယ်ဝန်မရနိုင်ပါ။ သုတ်ပိုးတစ်ကောင်၏ ရှင်သန်မှုက အလွန်တိုတောင်းပါတယ်။ အချို့လူများက သုတ်ရည်ပေနေသောလက်ဖြင့် မိန်းမကိုယ်ကိုင်မိခဲ့လျှင် ကိုယ်ဝန်ရမည်ကို စိတ်ပူတတ်ကြပါတယ်။
အကယ်၍ သုတ်ရည်ထွက်ခါစ သုတ်ရည်သာ လက်ပေါ်မှတဆင့် မိန်းမကိုယ်ထဲဝင်ခဲ့လျှင် ကိုယ်ဝန်ရနိုင်ချေတော့ရှိပါတယ်။ ရာခိုင်နူန်းတော့ နည်းပါတယ်။ သုတ်ရည်သည် လျှင်မြန်စွာခြောက်သွေ့ခဲ့ပြီး သုတ်ပိုးသေခဲ့လျှင် မရနိုင်ပါ။
(၃) ယောင်္ကျားမျိုးပွားအင်္ဂါထဲတွင် သုတ်ပိုးဘယ်လောက်ကြာကြာနေနိုင်လဲ?
ယောင်္ကျားမျိုးပွားအင်္ဂါထဲတွင် သုတ်ပိုး၏ သက်တမ်းမှာ ၇၄ ရက်ခန့်ဖြစ်ပါတယ်။ အကယ်၍ ထိုအချိန်အတွင်း ပြင်ပသို့မထုတ်ခဲ့လျှင် ပျက်ဆီးပျော်ဝင်သွားပါတယ်။ သုတ်ပိုးသက်တမ်းသည် အခြားသောအကြောင်းရင်းများကြောင့် ပြောင်းလဲတတ်ပါတယ်။
(၄) မိန်းမကိုယ်ထဲတွင် သုတ်ပိုးဘယ်လောက် ကြာကြာရှင်သန်နိုင်သလဲ?
မိန်းမကိုယ်ထဲတွင် သုတ်ပိုးရှင်သန်မှုသည် အခြေအနေအချို့ပေါ် မူတည်ပါတယ်။ သုတ်ပိုးသန်းပေါင်းများစွာ မိန်းမကိုယ်ထဲဝင်ရောက်လာခဲ့သော်လည်း သန္ဓေအောင်ႏိုင်သော သုတ်ပိုးအချို့သာ သားအိမ်အဝသို့ ရောက်ပါတယ်။ သန္ဓေမအောင်သော သုတ်ပိုးများသည် မိန်းမကိုယ်ထဲတွင် ကြာကြာအသက်မရှင်နိုင်ပဲ သေဆုံးသွားကြပါတယ်။ သုတ်ပိုးသည် သားအိမ်အဝတွင် ၃ – ၄ ရက် နေနိုင်ပါတယ်။
မမျိုးဥကြွေရက်တွင် သားအိမ်မှထွက်သော အချွဲများသည် သုတ်ပိုးများ သားအိမ်ဝ မှတဆင့် သားဥပြွန်ဆီသို့ ဝင်ရောက်ရန် အခြေအနေကောင်းများ ဖန်တီးပေးပါတယ်။ ထိုနည်းဖြင့် သုတ်ပိုးနှင့် မမျိုးဥ တွေ့ပြီး သန္ဓေအောင်ကြပါတယ်။
သုတ်ပိုး၏ ရှင်သန်မႈအပေါ် သက်ရောက်သောအချက်များမှာ ဓာတုဗေဒပစ္စည်းများ၊ ဆေးလိပ် သောက်ခြင်း၊ အရက်သောက်ခြင်း၊ ဓာတ်ရောင်ခြည်သင့်ခြင်း၊ ဆေးဝါးများနှင့် လေထုညစ်ခြင်းစသော အချက်များဖြစ်ပါတယ်။
အပူဒဏ်သည် သုတ်ပိုးထွက်မႈကို လျော့ကျစေပါတယ်။ ရေပူချိုးခြင်း၊ အညောင်းထိုင်ခြင်း၊ ဘောင်းဘီတင်းကြပ်စွာဝတ်ခြင်း စသည့်အချက်များကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သုတ်ပိုးအားကောင်းစေရန် သန့်ရှင်းလတ်ဆတ်သော အသီးအနှံများ စားပေးပါ။ ကိုယ်အလေးအချိန် ထိန်းပါ။ အဝလွန်ခြင်းသည်သုတ်ပိုးလျော့ကျစေပါတယ်။ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ။ ဖြည့်စွက်အားဆေး ဥပမာ ဗီတာမင်စီနှင့် ဇင့် ဓာတ် သုံးစွဲပါ။
Author: Dr.ပြည့်ရှင်း