(Zawgyi)
ေက်ာက္ကပ္ဟာ အဓိကအေရးႀကီးေသာ အဆိပ္အေတာက္ေတြကို စစ္ထုတ္ေပးျခင္း၊ ေရဓာတ္မ်ားျခင္းကိုလည္း ကာကြယ္ေပးပါတယ္။ ဒါေၾကာင့္ ကြၽန္ုပ္တို႔ရဲ႕ ေက်ာက္ကပ္ကို ဂ႐ုစိုက္ဖို႔လိုပါတယ္။ တခ်ိဳ႕လူေတြရဲ႕အက်င့္ဆိုးေတြဟာ ေက်ာက္ကပ္ကို ထိခိုက္ေစတတ္ပါတယ္။
(၁) ေရကို အလုံအေလာက္မေသာက္ျခင္း၊
အကယ္၍ ေရကို လုံလုံေလာက္ေလာက္မေသာက္လွ်င္ အႏၲရာယ္ရွိႏိူင္ပါတယ္။ လူေတာ္ေတာ္မ်ားမ်ားဟာ ေရကိုေရဆာမွသာ ေသာက္ေလ့ရွိၾကပါတယ္။ လူတစ္ေယာက္ဟာ ေရကိုတစ္ေန႔ အၾကမ္းမ်ဥ္းအားျဖင့္ ေရသုံးလီတာေလာက္ ေသာက္သုံးသင့္ပါတယ္။ ေခြၽးထြက္လွ်င္ ပိုေသာက္သင့္ပါတယ္။ ေက်ာက္ကပ္ရဲ႕ အဓိကတာဝန္ဟာ ကြၽန္ုပ္တို႔ခႏၶာကိုယ္စနစ္မွ ဇီဝကမၼအညစ္အေၾကးေတြကို စြန႔္ထုတ္ေပးေနတာပါ။ တကယ္လို႔ ေရဓာတ္မလုံေလာက္ေနလွ်င္ ေက်ာက္ကပ္သို႔သြားေသာေသြးက က်ဆင္းလာပါတယ္။ ထိုအခါ ခႏၶာကိုယ္မွာအဆိပ္အေတာက္ေတြ စုပုံလာပါေတာ့တယ္။
(၂) ဆီးအိမ္တင္းေနတာကို ၾကာရွည္စြာထားျခင္း၊
လူေတြေတာ္ေတာ္မ်ားမ်ားဟာ ဆီးကို ေအာင့္ထားတတ္ၾကပါတယ္။ ေအာင့္ထားရတာကလည္း အျပင္ေရာက္ေနတဲ့အခါ အလုပ္မအားတဲ့အခါမ်ိဳးေတြ ျဖစ္ေနတတ္ပါတယ္။ ဘယ္လိုပဲ ျဖစ္ျဖစ္ ဆီးအိမ္တင္းလာၿပီဆို နီးစပ္ရာ ေရအိမ္သာထဲ သြားသင့္ပါတယ္။ ဆီးအိမ္ဟာလည္း သူလက္ခံသင့္သေလာက္ လက္ခံထားတာဘဲ ေကာာင္းပါတယ္။ ဆီးေတြဟာ အဆက္မျပတ္ ဆီးအိမ္ထဲက်ေနတာပါ။ ဆီးအိမ္ရဲ႕ လက္ခံႏိူင္တဲ့ သဘာဝထက္ ေက်ာ္လြန္၍ မထားသင့္ပါ။ ထိုသို႔ ၾကာရွည္ထားလွ်င္ ေနာက္ပိုင္း ေနာက္ဆက္တြဲ ျပႆနာေတြ ႀကဳံေတြ႕ရႏိူင္ပါတယ္။
(၃) အငံဓာတ္ျဖစ္ေသာ ဆိုဒီယမ္ စားသုံးမႈမ်ားျခင္း၊
အငံသည္ အရသာတစ္မ်ိဳးျဖစ္၍ ဟင္းတိုင္းတြင္ အငံေလးပါဝင္ထည့္ခ်က္မွ အရသာက ရွိလာပါတယ္။ စားသုံးလိုက္တဲ့ ဆိုဒီယမ္ဓာတ္ကို ေက်ာက္ကပ္က ျပန္စြန႔္ထုတ္ဖို႔ ခက္ခဲပါတယ္။ ထိုအခါ ေက်ာက္ကပ္ကို ဖိအားေပးသလို ျဖစ္လာပါတယ္။
(၄) ကဖီးဓာတ္စားသုံးမႈ မ်ားျခင္း။
ကဖီးဓာတ္ဆိုတာ လူအေတာ္အမ်ား သိၾကပါတယ္။ ေကာ္ဖီတို႔ လက္ဖက္ရည္တို႔တြင္ ပါဝင္ပါတယ္။ လူေတြဟာလည္း ေကာ္ဖီတို႔ လက္ဖက္ရည္တို႔ကို ႀကိဳက္ႏွစ္သက္ၾကတယ္ေလ။ ထို႔ျပင္ ဆိုဒါတို႔၊ အခ်ိဳရည္မ်ားမွာလည္း ပါဝင္ပါတယ္။ ေတာ္ေတာ္မ်ားမ်ားက ေရဆာလာၿပီဆို အဲ့ဒါေတြဘဲ ေသာက္ေလ့ရွိၾကတယ္။ ကဖီးဟာ ခႏၶာကိုယ္တြက္ ဆိုးက်ိဳးျဖစ္ေစကာ ေက်ာက္ကပ္ကို ထိခိုက္ေစပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကဖီးက ေသြးေပါင္တက္ေစတဲ့အတြက္ေၾကာင့္ပါ။
(၅) အနာသက္သာေဆးမ်ား အလြန္အကြၽံသုံးစြဲျခင္း –
လူတိုင္းဟာ နာက်င္မႈကို မႏွစ္သက္ၾကပါ။ နည္းနည္းေလးနာတာနဲ႔ အနာသက္သာေဆးေတြ ေသာက္ေလ့ရွိၾကပါတယ္။ ဒီေဆးေတြဟာလည္း ဆိုး႐ြားတဲ့ ေဘးထြက္ဆိုးက်ိဳးေတြရွိပါတယ္။ ၾကာရွည္သုံးစြဲလာတဲ့အခါ ေသြးအားနည္းေစၿပီး ေက်ာက္ကပ္လုပ္ငန္းပါ ထိခိုက္ေစပါတယ္။ တန္ေဆး၊ လြန္ေဘးေပါ့ဗ်ာ။
(၆) ပ႐ိုတင္းဓာတ္ စားသုံးမႈမ်ားျခင္း –
လူတိုင္းသိၿပီးသား ပ႐ိုတင္းဟာ အာဟာရ အရွိဆုံးပါ။ ပင္ပန္းတဲ့အခါ လူႀကီးေတြ၊ လူပမာေတြကို ပ႐ိုတင္းကို အဓိကထား ေကြၽးေလ့ရွိၾကပါတယ္။ ပ႐ိုတင္းဓာတ္ပါတဲ့ အစာေတြဟာလည္း ေက်ာက္ကပ္ကို ထိခိုက္ေစပါတယ္။ ပုံမွန္စားသုံးသင့္သေလာက္သာ စားသုံးသင့္ပါတယ္။ လြန္ကဲစြာ စားသုံးလွ်င္ ေက်ာက္ကပ္ထိခိုက္ေစပါတယ္။ ဇီဝကမၼအားကိုလည္း မ်ားေစကာ ေက်ာက္ကပ္ကပိုပင္ပန္းေစပါတယ္။
(၇) ဖ်ားနာျခင္း၊ အေအးမိျခင္းကို လ်စ္လ်ဴရႈျခင္း –
လူေတြဟာ သာမန္ဖ်ားတယ္။ အေအးမိတယ္ဆို ေပါ့ေပါ့ဘဲ ေနတတ္ၾကပါတယ္။ ဖ်ားတာ ၾကာလာမွသာ ေဆးခန္းသို႔ ျပေလ့ရွိၾကပါတယ္။ နဂိုကတည္းက ေက်ာက္ကပ္ေရာဂါရွိေနလွ်င္ ဖ်ားေနလွ်င္ အနားယူျခင္းကို ေရွာင္သင့္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ေက်ာက္ကပ္ဟာ ရာသီဥတုေျပာင္းလဲျခင္းကို မခံႏိူင္တဲ့ အတြက္ေၾကာင့္ပါ။
(၈) အရက္အလြန္အကြၽံ ေသာက္ျခင္း –
အရက္ဆိုတာကလည္း ႀကိဳက္ႏွစ္သက္တဲ့ လူေတြကမ်ားသကိုး။ မ်ားဆို အရက္သမားေတြသာၾကည့္။ ဟိုေနရာမွာလည္း ငမူးသမားေတြ႕ရ။ ဒီေနရာမွာလည္း ငမူးသမားေတြ႕ရတယ္။ တခ်ိန္လုံးေသာက္ၿပီး တစ္ေနကုန္ေမွာက္ေနတဲ့ လူကရွိေသး။ အရက္သမားေတြ ဘာေၾကာင့္ အရက္ကို ႀကိဳက္ႏွစ္သက္ၾကသလဲဆို မူးတာကို ႀကိဳက္ၾကတာ ျဖစ္လိမ့္မယ္။ အရက္ဆိုတာ တကယ္ေတာ့ ေဆးတစ္ခြက္ပါ။ အစာမစားမီ အရက္တစ္ခြက္ ေန႔တိုင္းေသာက္လွ်င္ စားေကာင္းျခင္း၊ အိပ္ေပ်ာ္ျခင္း၊ ကိုယ္ခံအားစနစ္ကိုပါ အားေကာင္းေစပါတယ္။ အရက္ကို ထိန္း၍ ေသာက္ျခင္း၊ ဆင္ျခင္ေသာက္ဖို႔က ခက္ခဲပါတယ္။ အရက္ကို စေသာက္တာနဲ႔ စြဲသြားၾကတာ မ်ားပါတယ္။ အရက္ကို ထိုသို႔ အမ်ားအျပား အလြန္အကြၽံေသာက္လွ်င္ ေက်ာက္ကပ္ကို ထိခိုက္ေစပါတယ္။ အရက္တြင္ အဆိပ္အေတာက္မ်ားစြာ ပါဝင္ပါတယ္။ ထိုအဆိပ္အေတာက္ေတြက ေက်ာက္ကပ္ကို ထိခိုက္ေစပါတယ္။ တကယ္လို႔ ေသာက္ခ်င္တယ္ဆိုရင္ေတာင္ သင့္တင့္ေသာ ပမာဏေလာက္သာ ေသာက္သုံးသင့္ပါတယ္။
Author: ေဒါက္တာဇြဲေကာင္းခ်စ္, Healthcare Journal
(Unicode)
ကျောက်ကပ်ဟာ အဓိကအရေးကြီးသော အဆိပ်အတောက်တွေကို စစ်ထုတ်ပေးခြင်း၊ ရေဓာတ်များခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ ကျောက်ကပ်ကို ဂရုစိုက်ဖို့လိုပါတယ်။ တချို့လူတွေရဲ့အကျင့်ဆိုးတွေဟာ ကျောက်ကပ်ကို ထိခိုက်စေတတ်ပါတယ်။
(၁) ရေကို အလုံအလောက်မသောက်ခြင်း၊
အကယ်၍ ရေကို လုံလုံလောက်လောက်မသောက်လျှင် အန္တရာယ်ရှိနိူင်ပါတယ်။ လူတော်တော်များများဟာ ရေကိုရေဆာမှသာ သောက်လေ့ရှိကြပါတယ်။ လူတစ်ယောက်ဟာ ရေကိုတစ်နေ့ အကြမ်းမျဉ်းအားဖြင့် ရေသုံးလီတာလောက် သောက်သုံးသင့်ပါတယ်။ ချွေးထွက်လျှင် ပိုသောက်သင့်ပါတယ်။ ကျောက်ကပ်ရဲ့ အဓိကတာဝန်ဟာ ကျွန်ုပ်တို့ခန္ဓာကိုယ်စနစ်မှ ဇီဝကမ္မအညစ်အကြေးတွေကို စွန့်ထုတ်ပေးနေတာပါ။ တကယ်လို့ ရေဓာတ်မလုံလောက်နေလျှင် ကျောက်ကပ်သို့သွားသောသွေးက ကျဆင်းလာပါတယ်။ ထိုအခါ ခန္ဓာကိုယ်မှာအဆိပ်အတောက်တွေ စုပုံလာပါတော့တယ်။
(၂) ဆီးအိမ်တင်းနေတာကို ကြာရှည်စွာထားခြင်း၊
လူတွေတော်တော်များများဟာ ဆီးကို အောင့်ထားတတ်ကြပါတယ်။ အောင့်ထားရတာကလည်း အပြင်ရောက်နေတဲ့အခါ အလုပ်မအားတဲ့အခါမျိုးတွေ ဖြစ်နေတတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆီးအိမ်တင်းလာပြီဆို နီးစပ်ရာ ရေအိမ်သာထဲ သွားသင့်ပါတယ်။ ဆီးအိမ်ဟာလည်း သူလက်ခံသင့်သလောက် လက်ခံထားတာဘဲ ကောာင်းပါတယ်။ ဆီးတွေဟာ အဆက်မပြတ် ဆီးအိမ်ထဲကျနေတာပါ။ ဆီးအိမ်ရဲ့ လက်ခံနိူင်တဲ့ သဘာဝထက် ကျော်လွန်၍ မထားသင့်ပါ။ ထိုသို့ ကြာရှည်ထားလျှင် နောက်ပိုင်း နောက်ဆက်တွဲ ပြဿနာတွေ ကြုံတွေ့ရနိူင်ပါတယ်။
(၃) အငံဓာတ်ဖြစ်သော ဆိုဒီယမ် စားသုံးမှုများခြင်း၊
အငံသည် အရသာတစ်မျိုးဖြစ်၍ ဟင်းတိုင်းတွင် အငံလေးပါဝင်ထည့်ချက်မှ အရသာက ရှိလာပါတယ်။ စားသုံးလိုက်တဲ့ ဆိုဒီယမ်ဓာတ်ကို ကျောက်ကပ်က ပြန်စွန့်ထုတ်ဖို့ ခက်ခဲပါတယ်။ ထိုအခါ ကျောက်ကပ်ကို ဖိအားပေးသလို ဖြစ်လာပါတယ်။
(၄) ကဖီးဓာတ်စားသုံးမှု များခြင်း။
ကဖီးဓာတ်ဆိုတာ လူအတော်အများ သိကြပါတယ်။ ကော်ဖီတို့ လက်ဖက်ရည်တို့တွင် ပါဝင်ပါတယ်။ လူတွေဟာလည်း ကော်ဖီတို့ လက်ဖက်ရည်တို့ကို ကြိုက်နှစ်သက်ကြတယ်လေ။ ထို့ပြင် ဆိုဒါတို့၊ အချိုရည်များမှာလည်း ပါဝင်ပါတယ်။ တော်တော်များများက ရေဆာလာပြီဆို အဲ့ဒါတွေဘဲ သောက်လေ့ရှိကြတယ်။ ကဖီးဟာ ခန္ဓာကိုယ်တွက် ဆိုးကျိုးဖြစ်စေကာ ကျောက်ကပ်ကို ထိခိုက်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကဖီးက သွေးပေါင်တက်စေတဲ့အတွက်ကြောင့်ပါ။
(၅) အနာသက်သာဆေးများ အလွန်အကျွံသုံးစွဲခြင်း –
လူတိုင်းဟာ နာကျင်မှုကို မနှစ်သက်ကြပါ။ နည်းနည်းလေးနာတာနဲ့ အနာသက်သာဆေးတွေ သောက်လေ့ရှိကြပါတယ်။ ဒီဆေးတွေဟာလည်း ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိပါတယ်။ ကြာရှည်သုံးစွဲလာတဲ့အခါ သွေးအားနည်းစေပြီး ကျောက်ကပ်လုပ်ငန်းပါ ထိခိုက်စေပါတယ်။ တန်ဆေး၊ လွန်ဘေးပေါ့ဗျာ။
(၆) ပရိုတင်းဓာတ် စားသုံးမှုများခြင်း –
လူတိုင်းသိပြီးသား ပရိုတင်းဟာ အာဟာရ အရှိဆုံးပါ။ ပင်ပန်းတဲ့အခါ လူကြီးတွေ၊ လူပမာတွေကို ပရိုတင်းကို အဓိကထား ကျွေးလေ့ရှိကြပါတယ်။ ပရိုတင်းဓာတ်ပါတဲ့ အစာတွေဟာလည်း ကျောက်ကပ်ကို ထိခိုက်စေပါတယ်။ ပုံမှန်စားသုံးသင့်သလောက်သာ စားသုံးသင့်ပါတယ်။ လွန်ကဲစွာ စားသုံးလျှင် ကျောက်ကပ်ထိခိုက်စေပါတယ်။ ဇီဝကမ္မအားကိုလည်း များစေကာ ကျောက်ကပ်ကပိုပင်ပန်းစေပါတယ်။
(၇) ဖျားနာခြင်း၊ အအေးမိခြင်းကို လျစ်လျူရှုခြင်း –
လူတွေဟာ သာမန်ဖျားတယ်။ အအေးမိတယ်ဆို ပေါ့ပေါ့ဘဲ နေတတ်ကြပါတယ်။ ဖျားတာ ကြာလာမှသာ ဆေးခန်းသို့ ပြလေ့ရှိကြပါတယ်။ နဂိုကတည်းက ကျောက်ကပ်ရောဂါရှိနေလျှင် ဖျားနေလျှင် အနားယူခြင်းကို ရှောင်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကျောက်ကပ်ဟာ ရာသီဥတုပြောင်းလဲခြင်းကို မခံနိူင်တဲ့ အတွက်ကြောင့်ပါ။
(၈) အရက်အလွန်အကျွံ သောက်ခြင်း –
အရက်ဆိုတာကလည်း ကြိုက်နှစ်သက်တဲ့ လူတွေကများသကိုး။ များဆို အရက်သမားတွေသာကြည့်။ ဟိုနေရာမှာလည်း ငမူးသမားတွေ့ရ။ ဒီနေရာမှာလည်း ငမူးသမားတွေ့ရတယ်။ တချိန်လုံးသောက်ပြီး တစ်နေကုန်မှောက်နေတဲ့ လူကရှိသေး။ အရက်သမားတွေ ဘာကြောင့် အရက်ကို ကြိုက်နှစ်သက်ကြသလဲဆို မူးတာကို ကြိုက်ကြတာ ဖြစ်လိမ့်မယ်။ အရက်ဆိုတာ တကယ်တော့ ဆေးတစ်ခွက်ပါ။ အစာမစားမီ အရက်တစ်ခွက် နေ့တိုင်းသောက်လျှင် စားကောင်းခြင်း၊ အိပ်ပျော်ခြင်း၊ ကိုယ်ခံအားစနစ်ကိုပါ အားကောင်းစေပါတယ်။ အရက်ကို ထိန်း၍ သောက်ခြင်း၊ ဆင်ခြင်သောက်ဖို့က ခက်ခဲပါတယ်။ အရက်ကို စသောက်တာနဲ့ စွဲသွားကြတာ များပါတယ်။ အရက်ကို ထိုသို့ အများအပြား အလွန်အကျွံသောက်လျှင် ကျောက်ကပ်ကို ထိခိုက်စေပါတယ်။ အရက်တွင်
အဆိပ်အတောက်များစွာ ပါဝင်ပါတယ်။ ထိုအဆိပ်အတောက်တွေက ကျောက်ကပ်ကို ထိခိုက်စေပါတယ်။ တကယ်လို့ သောက်ချင်တယ်ဆိုရင်တောင် သင့်တင့်သော ပမာဏလောက်သာ သောက်သုံးသင့်ပါတယ်။
Author: ဒေါက်တာဇွဲကောင်းချစ်, Healthcare Journal