ဒိုင်းယက် ဒိုင်းယက်နှင့် ခဏခဏကြားဖူးကြပါလိမ့်မည်။အမှန်တကယ်သူရဲ့အဓိပ္ပာယ်ကတော့ Diet ဆိုသည်မှာ ကျွန်တော်တို့ နေ့စဉ် စားသောက်နေသော အစားအစာများကို ခေါ်ခြင်းဖြစ်သည်။
ကျွန်တော်တို့လူသားများ ကျန်းမာစွာ ဖွံဖြိုးရန် နှင့် နေ့စဉ်အလုပ်ကိစ္စများလုပ်နိုင်ရန် အတွက် စွမ်းအင် လိုအပ်ပါတယ်။ အဲ့လိုအပ်တဲ့စွမ်းအင်ကို ဘယ်ကရလဲဆိုတာ အစာစားသုံးခြင်းမှ ရပါတယ်။
အစာလည်းဆေး ဆေးလည်းအစာ ဆိုသည့်အတိုင်း ကျန်းမာပြီး အာဟာရဖြစ်ရန်အတွက် ကျွန်တော်တို့သည် အစားအသောက်စားသောက်ရာတွင် ကစီဓါတ်၊ အဆီဓါတ်၊ ပရိုတင်းဓါတ်၊ သတ္ထူဓါတ်၊ ဗီတာမင်ဓါတ်၊ အမျှင်ဓါတ်၊ ရေဓါတ် စတဲ့ ၇မျိူးကို မျှတစွာစားသောက်ဖို့လိုသည်။
ဓါတ်တစ်မျိူးဆီက အကျိူကျေးဇူးတစ်မျိူးစီပေးစွမ်းပါတယ်။
၁။ကစီဓါတ်
ကစီဓါတ်က တစ်နေ့တာ စွမ်းအင်လိုအပ်မှုအတွက် အဓိကကျပါတယ်။ ဥပမာ ဆန် ဂျုံ ပြောင်း အားလူး
၂။အဆီဓါတ်
အဆီဓါတ်ကလည်း ကိုယ်ခန္ဒာအတွက်လိုအပ်တဲ့ စွမ်းအင်ကို ထောက်ပံပေးပါတယ်။နောက်ပြီး အနွေးဓါတ်ကိုလည်း ပေးပါတယ်။ ဥပမာ ဆီ ထောပတ် ချိစ် အသား ဝက်အူချောင်း
၃။ပရိုတင်းဓါတ်
ပရိုတင်းဓါတ်ကလည်း စွမ်းအင်ကို အနည်းငယ်ထောက်ပံ့ပေးပါတယ်။ သူ့ရဲ့အဓိကလုပ်ဆောင်တာကတော့ ခန္ဓာကိုယ်ကြီးထွား ဖို့အတွက် နဲ့ ပြန်လည်ပြုပြင်ပေးခြင်းတို့အတွက် ထောက်ပံ့ပေးတာပါ။ဥပမာ အသား ငါး နို့ ပဲအမျိုးမျိုး ဥအမျိုးမျိုး
၄။သတ္ထုဓါတ်
ဇီဝရုပ်ဖြစ်ပျက်မှု ဓါတ်ပြုခြင်းများကို ထိန်းညှိပေးရန် နှင့် ခန္ဓာကိုယ်၏ အချို့သောအရာများကိုပြုလုပ်ပေးသည်။ ဥပမာ-ကယ်လ်ဆီယံဓါတ်၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ဥအမျိူးမျိူးတွင် ပါသည် အရိုးအဆစ်ကြံ့ခိုင်ဖို့အတွက် ထောက်ကူပေးပါတယ်။
သံဓါတ် – အသည်း အသား ဥအမျိူးမျိူး အစိမ်းရောင်ဟင်းရွက်များတွင် ပါသည်။သွေးအားကောင်းဖို့အတွက်အထောက်အကူပေးပါသည်။
၅။ဗီတာမင်ဓါတ်
အင်ဇိုင်းကိုအထောက်အကူပေးဖို့ coenzyme အဖြစ်နဲ့ဆောင်ရွက်ပေးသလို ဆဲလ်အတွင်းပြောင်းလဲမှုကိုလည်းထိန်းချုပ်ပေးသည်။ ခုခံအားစနစ်ကိုလည်းထောက်ပံ့ပေးသည်။ ဟင်းသီးဟင်းရွက်များတွင်အဓိကပါဝင်သည်။
၆။ရေ
ရေဓါတ် ရေအသက်တစ်မနက်ဆိုသည့်အတိုင်း လူတို့အသက်ရှင်ဖို့အတွက်လွန်စွာအရေးကြီးသည်။ရေသည်ဆဲလ်အတွင်းရှိအရေးကြီးသော ဓါတ်ပြုခြင်းများတွင်ပါဝင်သည်။
၇။အမျှင်ဓါတ်
အမျှင်ဓါတ်သည် ခန္ဓာကိုယ်အတွက် အစာကြမ်းအဖြစ်ဆောင်ရွက်ပေးပြီး မစင်များကို ကျစ်ကျစ်လစ်လစ် ဖြစ်စေသည့်အတွက် အူထဲတွင် အစာကြွင်းအစာကျန်များမရှိအောင်လုပ်ဆောင်ရာတွင် အရေးကြီးသည်။နောက်ပြီးအူနံရံလှိုင်းထ လှုပ်ရှားခြင်း(Peristalsis)ဖြစ်စေသည့်အတွက် ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးသည်။ ဥပမာ ဟင်းသီးဟင်းရွက်များ(ဗူးရွက် သရက်သီး ချဉ်ပေါင်ရွက်)
ထိုအုပ်စု ၇ မျိုးကို မှန်ကန်သောအချိုးနဲ့ လုံလောက်သောပမာဏကိုနေ့စဉ်စားခြင်းကို balanced diet (ညီညွတ်မျှတသောအစာစားခြင်း)ဟုခေါ်နိုင်သည်။
နေ့စဉ်အစာစားသုံးရာတွင် ထိုအုပ်စု၇မျိုးကို မမျှတစွာ စားပါကဘာဖြစ်တတ်သလဲ။
၁။အဝလွန်ခြင်း
ဒါကတော့ပိုလျှံစွာစားခြင်းရဲ့ရလာဒ်ပါ။ ရုတ်တရက် လိုအပ်မှုထက်ပိုပြီး စားသုံးလိုက်သော ကစီဓါတ်နဲ့ အဆီများကို ကိုယ်တွင်းအင်္ဂါများပတ်လည်နဲ့ အရေပြားအောက်တွင်ရှိ အဆီတစ်သျှူးများတွင် အဆီအဖြစ်(Fat)သိုလှောင်ထားပါသည်။ ဒါကြောင့်လိုအပ်တဲ့ပမာဏထက်နေ့စဉ်ပိုပြီး စားသုံးပါက ကြာလာသောအခါ ကိုယ်အလေးချိန်တိုးလာပြီး ဝလာပါသည်။ ဒါ့ပြင် အသည်းအဆီဖုံးခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ ဆီးချိုရောဂါဖြစ်ခြင်း စတဲ့ဝေဒနာတွေပါခံစားရနိုင်ပါတယ်။
၂။ပိန်လွန်းခြင်း
ဒါကတော့ လုံလောက်စွာမစားခြင်းရဲ့ရလာဒ်ပါ။ လုံလောက်စွာမစားတဲ့အခါမှာ ခန္ဒာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် အာဟာရဓါတ်မရပါဘူး။ အဲ့အခါမှာအများနဲ့ယှဉ်ရင် သေးညက်နေတာဖြစ်နိုင်ပါတယ်။ နောက်ပြီး ရောဂါကာကွယ်နိုင်စွမ်းတွေ အနာဖြစ်ရင် မြန်မြန်အနာကျက်နိုင်စွမ်းတွေ လျှော့ကျလာတဲ့အတွက် ခဏခဏဖျားတာ၊ အနာဖြစ်ရင်လည်းတော်တော်နဲ့မကျက်တာတွေကြုံရတတ်ပါတယ်။
၃။ဝမ်းချုပ်ခြင်း
ဒါကတော့ နေ့စဉ်စားသုံးရာတွင် အမျှင်ဓါတ် လုံလောက်စွာ မရလို့ဖြစ်ရတာပါ။ အမျှင်ဓါတ်သည် အပင်ရဲ့ ဆဲလ်လူးလို့စ်နံရံနဲ့တည်ဆောက်ထားသည်။ ထိုအရာသည် အစာအိမ်ကမချေဖျက်နိုင်သောကြောင့် အစာအိမ်ကိုဖြစ်ကျော်ပြီး အထွေးလိုက်အူထဲကိုရောက်လာသည်။ အဲ့အခါမှာဒီအစုအထွေးက အစာကြွင်းကျန်များကို လိုက်လုံးထွေးတဲ့အတွက် အစာအိမ်ထဲမှာ အစာဟောင်းများမကျန်ပြီး အူကျန်းမာအောင်ကူညီပေးသည်။ ဒါ့အပြင် မစင်စွန့်ရန်အတွက် အူလှိုင်းထ လှုပ်ရှားမှုကို ဖြစ်စေသဖြင့် ဝမ်းမှန်စေသည်။
ဒါကြောင့်အဆုံးသတ်အနေနဲ့ စာဖတ်ပရိသတ်တို့ နေ့စဉ်အစာစားတဲ့အခါ အသား ငါး ဟင်းသီးဟင်းရွက် စတာတွေကိုလုံလောက်စွာစားပြီး ရေကိုလည်း လုံလောက်စွာသောက်ကြပါလို့ အကြံပေးပါရစေ။