(Zawgyi)
ဇီဝကတို႔ ျမန္မာႏိုင္ငံမွာေတာ့ ၂၀၀၀ျပည့္ႏွစ္ေနာက္ပိုင္းက စၿပီး ဆဲလ္ဖုန္းယဥ္ေက်းမႈ စတင္ထြန္းကားလာပါတယ္။ ဒီဘက္ေခတ္မွာေတာ့ လူတိုင္းနီးပါး လက္ထဲမွာ လက္ကိုင္ဖုန္းတစ္လုံးေတာ့ ရွိစၿမဲပါ။ လက္ကိုင္ဖုန္းေတြ ေပါမ်ားလာေတာ့ လူသားတို႔ဘဝမွာ ဆက္သြယ္မႈ ၊က်န္းမာေရး ၊ပညာေရး ၊လူမႈေရး ၊ စီးပြားေရး စတဲ့အဖက္ဖက္က တိုးတက္လာပါတယ္။ ဒါေပမယ့္ အရာခပ္သိမ္းေကာင္းမြန္သလားဆိုေတာ့ မေကာင္းဘူးလို႔ ပဲဆိုရပါ့မယ္။
ဘာေတြ မေကာင္းဘူးလဲ ဆိုရင္ ဆဲလ္ဖုန္းကေန radio frequency Energy ဆိုတဲ့ စြမ္းအင္လႈိင္းတစ္မ်ိဳးကို ထုတ္လႊတ္ပါတယ္။ ထို စြမ္းအင္လႈိင္းဟာ Non-ioning electromagnetic radiation အမ်ိဳးအစား တစ္မ်ိဳးျဖစ္ၿပီး ဖုန္းနဲ႔ အနီးဆုံး တစ္သွ်ဴးမ်ားက စုပ္ယူပါတယ္။ အဲ့လို စုပ္ယူတဲ့ အတြက္ က်န္းမာေရး အရ မည္သို႔ သက္ေရာက္သလဲ ဆိုတာ သိပၸံပညာရွင္မ်ားက ေလ့လာလ်က္ရွိပါတယ္။
Radio frequency energy ဆိုတာ လွ်ပ္စစ္သံလိုက္ ျဖာထြက္ျခင္း တစ္မ်ိဳးပါ။ ယင္းကို ၂မ်ိဳး ၂စားခြဲႏိုင္ပါတယ္။ Ioning radiation ဆိုတဲ့ X-ray ၊Cosmic ray ၊Radon ဆိုတဲ့ အမ်ိဳးအစားေတြရယ္ ၊Non-ioning radiation ဆိုတဲ့Radar ၊ မိုက္ခ႐ိုေဝ့ဖ္ ဆိုတဲ့ အမ်ိဳးအစားေတြပဲ ျဖစ္ပါတယ္။ Non-ioning radiationေတြဟာ Ioning radiation ေတြထက္စာရင္ တုန္ခါႏႈန္းေရာ ပါဝါ ပါနည္းပါတယ္။
ဒါေၾကာင့္ Ioning radiation ေတြဟာ ပိုၿပီး ကင္ဆာျဖစ္ႏိုင္ေျခ မ်ားပါတယ္။ ဒါေပမယ့္ Non-ioning radiation ေတြကို အသုံးခ်ထားတဲ့ ဆဲလ္ဖုန္းေတြကေရာ ကင္ဆာျဖစ္ႏိုင္သလားလို႔ ပညာရွင္ေတြက စိုးရိမ္လာၾကပါတယ္။ ဘာလို႔လဲဆိုရင္ တစ္ေန႔တစ္ျခား ဆဲလ္ဖုန္းအသုံးျပဳသူမ်ားလာတာရယ္( တစ္ကမာၻလုံး ပ်မ္းမွ်အားျဖင့္ ဆဲလ္ဖုန္းသုံးသူ ၅ဘီလီယမ္မွ် ရွိႏိုင္ ) ၊ဖုန္းေျပာတဲ့ အခ်ိန္ၾကာျမင့္လာတာရယ္ ၊ဖုန္းေခၚဆိုမႈ အႀကိမ္မ်ားျပားလာတာရယ္ ၊ဖုန္းေမာ္ဒယ္အမ်ိဳးအစားမ်ား စုံလင္တာရယ္ေတြေၾကာင့္ ျဖစ္ပါတယ္။
ေလ့လာထားခ်က္မ်ားအရ မိနစ္ ၅၀ၾကာ ဆဲလ္ဖုန္း အသုံးျပဳသူရဲ႕ဖုန္းနဲ႔ ထိစပ္ရာ ဦးေႏွာက္အျခမ္းမွာ သိၾကားဓာတ္ သုံးစြဲမႈ ၊အပူဓာတ္ဟာ သာမန္
ထက္ပိုမ်ားတာ ေတြ႕ရပါတယ္။ ဦးေႏွာက္ ကင္ဆာျဖစ္ ၊မျဖစ္ဆိုတာေတာ့ ေလ့လာဆဲ အဆင့္ပါ။ ဒိန္းမတ္ႏိုင္ငံမွာ လုပ္ခဲ့တဲ့ ေလ့လာခ်က္အရ ဆဲလ္ဖုန္း ေရရွည္သုံးစြဲသူ အခ်ိဳ႕မွာ ဦးေႏွာက္အက်ိတ္ကင္ဆာ ၊ဦးေႏွာက္ေျမႇးကင္ဆာ Meningioma ၊အၾကားအာ႐ုံနဲ႔ ပတ္သက္တဲ့ကင္ဆာ Acoustic neuroma စတာေတြ ျဖစ္ပြားတာေတြ႕ ရပါတယ္။ အထူးသျဖင့္ ၁၃ ႏွစ္ေက်ာ္ၾကာ ဖုန္းသုံးစြဲသူေတြမွာ ေတြ႕ရတယ္လို႔ ဆိုပါတယ္။ ကေလး နဲ႔ လူႀကီး ဘယ္သူေတြမွာ ပိုျဖစ္ႏိုင္သလဲ ေျပာရရင္ ကေလးေတြမွာ ပိုျဖစ္ႏိုင္ပါတယ္။ ဘာလို႔လဲ ဆိုရင္ ကေလးငယ္ေတြရဲ႕ ဦးေႏွာက္ဟာ ဖြံ႕ၿဖိဳးဆဲအဆင့္ျဖစ္တာရယ္ ၊ဦးေခါင္းက ေသးသည့္အတြက္ ေရဒီယိုလႈိင္းေတြရဲ႕ ထိေတြ႕မႈကို ပိုမိုခံစားရႏိုင္လို႔ပါ။
WHO ကမာၻ႔က်န္းမာေရး အဖြဲ႕ႀကီးကေတာ့ ဆဲလ္ဖုန္းအသုံးျပဳသူေတြမွာ ေရဒီယို စြမ္းအင္လႈိင္းေၾကာင့္ ကင္ဆာျဖစ္ႏိုင္ေျခရွိတယ္လို႔ပဲ ဆိုထားပါတယ္။IARC (International Agency for Research on Cancer) နဲ႔ အေမရိကန္ကင္ဆာ အဖြဲ႕အစည္းျဖစ္တဲ့ ACS (American Cancer Society)တို႔ကေတာ့ကင္ဆာတခ်ိဳ႕နဲ႔ ဆက္ႏြယ္မႈ ရွိတယ္ ၊ထပ္မံေလ့လာဖို႔ လိုေသးတယ္လို႔ ဆိုထားပါတယ္။ US FDA အဖြဲ႕ႀကီးနဲ႔ CDC ကေတာ့ ဆဲလ္ဖုန္း အသုံးျပဳသူေတြမွာ ကင္ဆာ ပိုျဖစ္တယ္ဆိုတာ အေထာက္အထား ခိုင္ခိုင္မာမာ မျပႏိုင္ေသးဘူးလို႔ ဆိုၾကပါတယ္။ ဆဲလ္ဖုန္းေတြက ထြက္တဲ့ ေရဒီယိုလႈိင္းဟာႏွလုံးခုန္စက္ Pacemaker နဲ႔ ေလယာဥ္ေပၚက စက္ပစၥည္းေတြရဲ႕ လုပ္ေဆာင္မႈကို အဟန႔္အတားျဖစ္ေစတဲ့အတြက္ Pacemaker တပ္ထားသူေတြ ၊ေလယာဥ္စီးသူေတြ အေနနဲ႔ ဖုန္းမေျပာသင့္ပါ။
မိမိတို႔ ေရဒီယိုလႈိင္းရဲ႕ ဒဏ္ ဘယ္ေလာက္ခံေနရၿပီလဲ ဆိုတာကို အၾကမ္းအားျဖင့္ ေအာက္ပါအတိုင္း စမ္းစစ္ႏိုင္တယ္။
-ဖုန္းစသုံးတဲ့ အသက္အ႐ြယ္
-ဖုန္းေျပာသည့္အႀကိမ္ (တစ္ေန႔လွ်င္ ၊တစ္ပတ္လွ်င္ ၊တစ္လလွ်င္ )
-ဖုန္းတစ္ခါေျပာရင္ ၾကာခ်ိန္
-မိမိ အသုံးျပဳခဲ့သည့္ၾကာခ်ိန္
-ဖုန္းေမာ္ဒယ္ အမ်ိဳးအစားမ်ား
(ဘာေၾကာင့္လဲဆိုရင္ ဖုန္းအမ်ိဳးအစားအလိုက္ SAR လို႔ေခၚတဲ့ Specific Absorp
Tion rate ကြာလို႔ပါ၊ အေမရိကန္ ႏိုင္ငံမွာေတာ့ SAR ကို ကိုယ္အေလးခ်ိန္ တစ္
ကီလိုဂရမ္လွ်င္ ၁.၆ ဝပ္ထက္ မပိုေစပါ။)
ဒါဆိုရင္ ဆဲလ္ဖုန္း အသုံးျပဳသူမ်ား ေရဒီယိုလႈိင္း ထိေတြ႕မႈနည္းေအာင္ ဘယ္လိုလုပ္မလဲဆိုရင္
-ဖုန္းကို အခ်ိန္တိုတိုနဲ႔ လိုရင္းတိုရွင္းေျပာရန္
-ဖုန္း စာပို႔စနစ္ကို အဆင္ေျပရင္ သုံးရန္
-Hand free mode နဲ႔ Hand free device မ်ားသုံးရန္
-SAR နည္းတဲ့ ဖုန္းအမ်ိဳးအစားမ်ား သုံးရန္ (မိမိကိုင္တဲ့ဖုန္းရဲ႕ web page မွာ
ဝင္ေရာက္ေလ့လာႏိုင္)
-လိုင္းဖုန္းရွိရင္ လိုင္းဖုန္းသာ သုံးရန္
Author : ေခတ္သစ္ ဇီဝက
(Unicode)
ဇီဝကတို့ မြန်မာနိုင်ငံမှာတော့ ၂၀၀၀ပြည့်နှစ်နောက်ပိုင်းက စပြီး ဆဲလ်ဖုန်းယဉ်ကျေးမှု စတင်ထွန်းကားလာပါတယ်။ ဒီဘက်ခေတ်မှာတော့ လူတိုင်းနီးပါး လက်ထဲမှာ လက်ကိုင်ဖုန်းတစ်လုံးတော့ ရှိစမြဲပါ။ လက်ကိုင်ဖုန်းတွေ ပေါများလာတော့ လူသားတို့ဘဝမှာ ဆက်သွယ်မှု ၊ကျန်းမာရေး ၊ပညာရေး ၊လူမှုရေး ၊ စီးပွားရေး စတဲ့အဖက်ဖက်က တိုးတက်လာပါတယ်။ ဒါပေမယ့် အရာခပ်သိမ်းကောင်းမွန်သလားဆိုတော့ မကောင်းဘူးလို့ ပဲဆိုရပါ့မယ်။
ဘာတွေ မကောင်းဘူးလဲ ဆိုရင် ဆဲလ်ဖုန်းကနေ radio frequency Energy ဆိုတဲ့ စွမ်းအင်လှိုင်းတစ်မျိုးကို ထုတ်လွှတ်ပါတယ်။ ထို စွမ်းအင်လှိုင်းဟာ Non-ioning electromagnetic radiation အမျိုးအစား တစ်မျိုးဖြစ်ပြီး ဖုန်းနဲ့ အနီးဆုံး တစ်သျှူးများက စုပ်ယူပါတယ်။ အဲ့လို စုပ်ယူတဲ့ အတွက် ကျန်းမာရေး အရ မည်သို့ သက်ရောက်သလဲ ဆိုတာ သိပ္ပံပညာရှင်များက လေ့လာလျက်ရှိပါတယ်။
Radio frequency energy ဆိုတာ လျှပ်စစ်သံလိုက် ဖြာထွက်ခြင်း တစ်မျိုးပါ။ ယင်းကို ၂မျိုး ၂စားခွဲနိုင်ပါတယ်။ Ioning radiation ဆိုတဲ့ X-ray ၊Cosmic ray ၊Radon ဆိုတဲ့ အမျိုးအစားတွေရယ် ၊Non-ioning radiation ဆိုတဲ့Radar ၊ မိုက်ခရိုဝေ့ဖ် ဆိုတဲ့ အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ Non-ioning radiationတွေဟာ Ioning radiation တွေထက်စာရင် တုန်ခါနှုန်းရော ပါဝါ ပါနည်းပါတယ်။
ဒါကြောင့် Ioning radiation တွေဟာ ပိုပြီး ကင်ဆာဖြစ်နိုင်ခြေ များပါတယ်။ ဒါပေမယ့် Non-ioning radiation တွေကို အသုံးချထားတဲ့ ဆဲလ်ဖုန်းတွေကရော ကင်ဆာဖြစ်နိုင်သလားလို့ ပညာရှင်တွေက စိုးရိမ်လာကြပါတယ်။ ဘာလို့လဲဆိုရင် တစ်နေ့တစ်ခြား ဆဲလ်ဖုန်းအသုံးပြုသူများလာတာရယ်( တစ်ကမ္ဘာလုံး ပျမ်းမျှအားဖြင့် ဆဲလ်ဖုန်းသုံးသူ ၅ဘီလီယမ်မျှ ရှိနိုင် ) ၊ဖုန်းပြောတဲ့ အချိန်ကြာမြင့်လာတာရယ် ၊ဖုန်းခေါ်ဆိုမှု အကြိမ်များပြားလာတာရယ် ၊ဖုန်းမော်ဒယ်အမျိုးအစားများ စုံလင်တာရယ်တွေကြောင့် ဖြစ်ပါတယ်။
လေ့လာထားချက်များအရ မိနစ် ၅၀ကြာ ဆဲလ်ဖုန်း အသုံးပြုသူရဲ့ဖုန်းနဲ့ ထိစပ်ရာ ဦးနှောက်အခြမ်းမှာ သိကြားဓာတ် သုံးစွဲမှု ၊အပူဓာတ်ဟာ သာမန်
ထက်ပိုများတာ တွေ့ရပါတယ်။ ဦးနှောက် ကင်ဆာဖြစ် ၊မဖြစ်ဆိုတာတော့ လေ့လာဆဲ အဆင့်ပါ။ ဒိန်းမတ်နိုင်ငံမှာ လုပ်ခဲ့တဲ့ လေ့လာချက်အရ ဆဲလ်ဖုန်း ရေရှည်သုံးစွဲသူ အချို့မှာ ဦးနှောက်အကျိတ်ကင်ဆာ ၊ဦးနှောက်မြှေးကင်ဆာ Meningioma ၊အကြားအာရုံနဲ့ ပတ်သက်တဲ့ကင်ဆာ Acoustic neuroma စတာတွေ ဖြစ်ပွားတာတွေ့ ရပါတယ်။ အထူးသဖြင့် ၁၃ နှစ်ကျော်ကြာ ဖုန်းသုံးစွဲသူတွေမှာ တွေ့ရတယ်လို့ ဆိုပါတယ်။ ကလေး နဲ့ လူကြီး ဘယ်သူတွေမှာ ပိုဖြစ်နိုင်သလဲ ပြောရရင် ကလေးတွေမှာ ပိုဖြစ်နိုင်ပါတယ်။ ဘာလို့လဲ ဆိုရင် ကလေးငယ်တွေရဲ့ ဦးနှောက်ဟာ ဖွံ့ဖြိုးဆဲအဆင့်ဖြစ်တာရယ် ၊ဦးခေါင်းက သေးသည့်အတွက် ရေဒီယိုလှိုင်းတွေရဲ့ ထိတွေ့မှုကို ပိုမိုခံစားရနိုင်လို့ပါ။
WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကတော့ ဆဲလ်ဖုန်းအသုံးပြုသူတွေမှာ ရေဒီယို စွမ်းအင်လှိုင်းကြောင့် ကင်ဆာဖြစ်နိုင်ခြေရှိတယ်လို့ပဲ ဆိုထားပါတယ်။IARC (International Agency for Research on Cancer) နဲ့ အမေရိကန်ကင်ဆာ အဖွဲ့အစည်းဖြစ်တဲ့ ACS (American Cancer Society)တို့ကတော့ကင်ဆာတချို့နဲ့ ဆက်နွယ်မှု ရှိတယ် ၊ထပ်မံလေ့လာဖို့ လိုသေးတယ်လို့ ဆိုထားပါတယ်။ US FDA အဖွဲ့ကြီးနဲ့ CDC ကတော့ ဆဲလ်ဖုန်း အသုံးပြုသူတွေမှာ ကင်ဆာ ပိုဖြစ်တယ်ဆိုတာ အထောက်အထား ခိုင်ခိုင်မာမာ မပြနိုင်သေးဘူးလို့ ဆိုကြပါတယ်။ ဆဲလ်ဖုန်းတွေက ထွက်တဲ့ ရေဒီယိုလှိုင်းဟာနှလုံးခုန်စက် Pacemaker နဲ့ လေယာဉ်ပေါ်က စက်ပစ္စည်းတွေရဲ့ လုပ်ဆောင်မှုကို အဟန့်အတားဖြစ်စေတဲ့အတွက် Pacemaker တပ်ထားသူတွေ ၊လေယာဉ်စီးသူတွေ အနေနဲ့ ဖုန်းမပြောသင့်ပါ။
မိမိတို့ ရေဒီယိုလှိုင်းရဲ့ ဒဏ် ဘယ်လောက်ခံနေရပြီလဲ ဆိုတာကို အကြမ်းအားဖြင့် အောက်ပါအတိုင်း စမ်းစစ်နိုင်တယ်။
-ဖုန်းစသုံးတဲ့ အသက်အရွယ်
-ဖုန်းပြောသည့်အကြိမ် (တစ်နေ့လျှင် ၊တစ်ပတ်လျှင် ၊တစ်လလျှင် )
-ဖုန်းတစ်ခါပြောရင် ကြာချိန်
-မိမိ အသုံးပြုခဲ့သည့်ကြာချိန်
-ဖုန်းမော်ဒယ် အမျိုးအစားများ
(ဘာကြောင့်လဲဆိုရင် ဖုန်းအမျိုးအစားအလိုက် SAR လို့ခေါ်တဲ့ Specific Absorp
Tion rate ကွာလို့ပါ၊ အမေရိကန် နိုင်ငံမှာတော့ SAR ကို ကိုယ်အလေးချိန် တစ်
ကီလိုဂရမ်လျှင် ၁.၆ ဝပ်ထက် မပိုစေပါ။)
ဒါဆိုရင် ဆဲလ်ဖုန်း အသုံးပြုသူများ ရေဒီယိုလှိုင်း ထိတွေ့မှုနည်းအောင် ဘယ်လိုလုပ်မလဲဆိုရင်
-ဖုန်းကို အချိန်တိုတိုနဲ့ လိုရင်းတိုရှင်းပြောရန်
-ဖုန်း စာပို့စနစ်ကို အဆင်ပြေရင် သုံးရန်
-Hand free mode နဲ့ Hand free device များသုံးရန်
-SAR နည်းတဲ့ ဖုန်းအမျိုးအစားများ သုံးရန် (မိမိကိုင်တဲ့ဖုန်းရဲ့ web page မှာ
ဝင်ရောက်လေ့လာနိုင်)
-လိုင်းဖုန်းရှိရင် လိုင်းဖုန်းသာ သုံးရန်
Author : ခေတ်သစ် ဇီဝက