fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး
ကလေးယူမယ့် အိမ်ထောင်သည်များ
48
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/08/2017
in အမျိုးသားကျန်းမာရေး
1 min read
A A
(Zawgyi)
Author: Dr. CST
(Unicode)
အိမ်ထောင်သည်အမျိုးသမီးတွေ အိမ်ထောင်ကျစဖြစ်စေ အိမ်ထောင်ကျတာကြာပြီးမှ လတ်တလောကလေးယူတော့မယ်ဆိုပြီးဖြစ်စေ တွေးတတ်ကြတာလေးတွေ ရှိတတ်ကြတယ်။
ရာသီပေါ်ရက် အတူနေရင်ကလေးရမယ် ထင်တတ်ကြတယ်။ ဘာကြောင့်လဲဆိုရင် ကလေးယူမယ်ပြောလိုက်တိုင်း ရာသီမှန်လား ဆိုတဲက မေးခွန်းက အမေးခံရတော့ ရာသီပေါ်ရက်မှာ အတူနေရင်ကလေးရမယ်လို့ထင်တတ်ကြတယ်။ ရာသီကတောက်လျှောက်ရက်မှန်နေတယ်။ ပုံမှန်လည်းဆင်းနေတယ်ဆို ရာသီရက်တွေမှာ အတူနေတာက ကလေးမရတတ်ပါဘူး။ ဒါပေမယ့် ရာသီပေါ်တဲ့ရက်မှာ အတူနေရင် ကလေးလုံးဝမရဘူးလို့တော့ မပြောပါဘူး။ တစ်ခါတစ်လေမှာ ရာသီ မမှန်တာတွေ နည်းနည်းစီဆင်းနေတတ်တာတွေမှာ အတူနေမိရင် ကလေးရသွားနိုင်ပါတယ်။
ကလေးရဖို့ရာသီပေါ်ရက်က အရေးကြီးလားဆိုရင် အရေးကြီးပါတယ်။ ရာသီပေါ်ရက်မှန်နေမှ သားဥကြွေတဲ့ရက်ကိုတွက်နိုင်ပါတယ်။ ရာသီပေါ်တယ်ဆိုတာ ကိုယ်ဝန်ဆောင်ဖို့အတွက် ဟော်မုန်းတွေရဲ့ ဖြစ်စဉ်နဲ့ သားအိမ်နံရံမှာ လတိုင်းပြင်ဆင်ပေးထားတဲ့ အလွှာတွေက ကိုယ်ဝန်မဆောင်ဖြစ်တဲ့အခါမှာ ပြန်ပြီးကွာကျတဲ့သဘောပါ။ မသန့်တဲ့သွေးတွေလည်းမဟုတ်ပါဘူး။
ရာသီပေါ်ရက်နဲ့ တွက်ပြီးသားဥကြွေတဲ့ရက်ကိုမှန်းနိုင်ပါတယ်။ ၂၈ရက်တစ်ခါ ရာသီပေါ်နေကျ သူတစ်ယောက်အတွက်တော့ ရာသီစပေါ်ပြီး ၁၄ရက်မြောက်နေ့မှာ သားဥကြွေတတ်ပါတယ်။ ရာသီစက်ဝန်းအတိုအရှည်ပေါ်မူတည်ပြီး သားဥကြွေတဲ့ရက်ကအပြောင်းအလဲရှိမှာပါ။ ဒါကြောင့်လည်း ကိုယ်ဝန်ယူတော့မယ်ဆိုရင် ရာသီရက်မှန်လားဆိုတဲ့မေးခွန်းကို မေးနေကြတာပါ။
နောက်တစ်ခုကတော့ ကလေးယူဖို့ဆိုပြီး ဆုံးဖြတ်ထားတဲ့အိမ်ထောင်သည်တွေ မေးတဲ့မေးခွန်းရှိပါတယ်။ သားအိမ်အားဆေးသောက်ဖို့လိုလားဆိုပြီးပါ။ တကယ်က သားအိမ်အားဆေးဆိုတာမရှိပါဘူး ။ FOLIC ACID က သားအိမ်အားဆေးမဟုတ်ပါဘူး။ အားဆေးတစ်မျိုးပါပဲ။ သွေးအားကောင်းစေတယ်။ ကလေးရတဲ့အခါကိုယ်ဝန်စရှိတဲ့ ပထမသုံးပတ်မှာသေချာသောက်ပေးရင် ကလေးမှာမွေးရာပါ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းချို့တဲ့တာတွေ မဖြစ်စေတော့ပါဘူး။ ဒါကြောင့်လည်းသားဖွားမီးယပ်အများစုက ကြိုသောက်ထားလို့ရလို့ပေးလိုက်တာပါ။ VITAMIN E လည်း အားဆေးသက်သက်ပါပဲ။ ဆံပင်နဲ့ အသားအရည်အတွက်လည်းကောင်းစေတယ်။ လူနဲ့လည်းတည့်ပါတယ်။ ဒါကြောင့် သောက်ဖို့ပေးထားတာပါ သားအိမ်အားဆေးတွေတော့မဟုတ်ပါဘူး။
အတူနေတဲ့အခါမှာလည်း ဘယ်လိုပုံစံနေမှ ကလေးရပါမယ်ဆိုတာမရှိပါဘူး။ ဘယ်လိုပုံစံပဲနေနေ သုတ်ပိုးနဲ့ သားဥနဲ့တွေ့တယ်ဆို ကလေးရနိုင်ပါတယ်။
အမြွှာကလေးလိုချင်လို့ ဘယ်လိုလုပ်ရမလဲ ဆိုတာလည်းရှိတယ်။ အမြွှာဘာကြောင့်ဖြစ်လဲ အမြွှာလို့ပြောတဲ့နေရာမှာ သားအိမ်ထဲမှာပဲ ရေမွှာအိတ်တစ်အိတ်ထဲ ပေါင်းနေတာလည်းဖြစ်နိုင်တယ်။ တစ်ယောက်တစ်အိတ်စီလည်းဖြစ်နိုင်တယ်။ အမြွှာဖြစ်ဖို့က သားဥနဲ့ သုတ်ပိုးပမာဏပေါ် မူတည်တတ်ပါတယ်။
ကလေးယူတဲ့အခါမှာလည်း ယောကျာ်းလေးမှ လိုချင်တယ်။ မိန်းကလေးမှလိုချင်တယ်လည်း မရပါဘူး။ သားဥနဲ့တွေတဲ့ဘသုတ်ပိုးပေါ်မှာပဲ မူတည်ပါတယ်။ ဖန်ပြွန်စနစ်လို သားဥထဲကို သုတ်ပိုးထည့်တဲ့နည်းလမ်းနဲ့ဆိုရင်တော့ လုပ်လို့ရနိုင်ပါလိမ့်မယ်။
ကြုံတွေ့နေရတာလေးတွေပါ။
Author: Dr. CST
Previous Post
အချိန်ကြာမြင့်စွာ အိပ်စက်ခြင်း၏ ဆိုးကျိုးများ
Next Post
နှလုံးပိုးဝင်ရောင်ရမ်းခြင်း
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
Do men want to take nutritional supplements?
အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?
1 year ago
1.4k
The second most common cancer in men
အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ
1 year ago
738
About common diseases of men over 50
အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း
1 year ago
1k
Is prostate disease hereditary?
ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?
1 year ago
629
အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့
2 years ago
981
ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?
2 years ago
1k
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
Woman is clutching her chest, acute pain possible heart attack
နှလုံးပိုးဝင်ရောင်ရမ်းခြင်း
Leptospirosis(လက်ပ်တိုစပိုင်ရိုးဆစ်)သို့မဟုတ် Weil’s disease
မုတ်ဆိတ်မွေးနာ
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.