fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

မိန်းမများ အဖြူဆင်းခြင်း

3.2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/07/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

အချိန်တန် အရွယ်ရောက်ပြီးသော အမျိုးသမီးများ တွေ့ကြုံခံစားရသော အကြောင်းလက္ခဏာမှာ အဖြူဆင်းခြင်း ဖြစ်သည်။ သဘာဝအလျောက် အဖြူဆင်းခြင်းမှ သွေဖယ်၍ အမျိုးသမီးအားလုံး၏ ငါးပုံတစ်ပုံခန့် အဖြူဆင်းခြင်း ဝေဒနာခံစားရလေ့ရှိသည်။

အဖြူဆင်းသည့်အခါ ခန္ဓာကိုယ်တစ်ခုလုံး ညောင်းညာထိုင်းမှိုင်း နုံးချည့်မောပန်းကာ ခန္ဓာကိုယ် တစ်ခုလုံး အနေရခက်၊ အထိုင်ရခက်စေသည်။ အဖြူဆင်းသည့်အခါ အမျိုးသမီးအချို့သည် မိမိကိုယ် မိမိသန့်ရှင်းမှု မရှိပါလားဟု စိတ်ဒုက္ခရောက်ကြရသည်။ အချို့သည်လည်း ရောဂါတစ်ခုခုကြောင့်လား၊ စိတ်ရောဂါကြောင့်လားဆိုပြီး သိုလောသိုလောတွေးတော၍ စိတ်ပူပင်တတ်ကြသည်။ အဖြူဆင်းခြင်းမှာ မိန်းမတို့၏ သဘောသဘာဝကြောင့် ဖြစ်ရသည်ကို မကျေမနပ်ဖြစ်ကြသည်။ အချို့သည်လည်း အိမ်ထောင်ပြု၍ ဖြစ်ရသည်။ ကလေးမွေး၍ဖြစ်ရသည် စသည်ဖြင့် စိတ်အနှောင့်အယှက်အမျိုးမျိုး ဖြစ်ကြရပါသည်။

အမျိုးသမီးများမှာ သဘာဝအလျောက် အဖြူဆင်းလေ့ရှိသည်။ ရောဂါမဟုတ်ပါ။ သဘာဝအလျောက် အဖြူဆင်းသည်ဟု အမြဲတမ်း လျစ်လျူရှု မနေသင့်ပါ။ အဖြူူဆင်းခြင်း နောက်ကွယ်မှာ အကြောင်းရင်းခံ ရောဂါဆိုးများရှိတတ်ရာ အဖြူဆင်းခြင်း၏ သဘာဝကို စေ့ငစွာ သိရှိနားလည်ထားရန် လိုပါသည်။

သဘာဝကျသော အဖြူ

အဖြူဆင်းခြင်း အနည်းအများသည် အဖြူများများ ဆင်းစေသော အကြောင်းရင်းများ ရှိမရှိအချက်တွင် သာမက အမျိုးသမီးတစ်ဦးစီ၏ ခန္ဓာကိုယ်အခြေအနေ အရပ်ရပ်ပေါ်တွင် မူတည်သည်။ အချို့လည်း အဖြူအနည်းငယ်ဆင်းသည်နှင့် ကိုယ်လက်မအီမသာနှင့် စိတ်အနှောင့်အယှက်ဖြစ်ကြသော်လည်း အချို့ကမူ အဖြူဆင်းပြီး လုံချည်ခဏခဏ လဲရသော်လည်း ဂရုမစိုက်ကြပါ။ အဖြူဆင်းလွန်း၍ အတွင်းခံနှင့် လုံချည်များ မကြာခဏ လဲလှယ်ရခြင်း၊ ဓမ္မတာလာသကဲ့သို့ အဖြူဆင်းစဉ် အဝတ်၊ ဂွမ်းစသည်တို့ ခံရခြင်းဖြစ်နေပါက သဘာဝ မကျသော အန္တရာယ်ပေးနိုင်သော အဖြူဆင်းခြင်းဟု ယူဆရပါသည်။

တစ်ခါတစ်ရံ တချို့သော အချိန်ကာလများတွင် ရောဂါကြောင့် မဟုတ်ဘဲ သဘာဝအလျောက် အဖြူဆင်းခြင်း များလေ့ရှိသည်။ အပျိုဖြစ်စအချိန် လစဉ်ဓမ္မတာမလာခင် အချိန်နှင့် လာပြီးချင်းရက်များ၊ မမျိုးဥလွှတ်သည့် အချိန်ကာလ၊ လိင်စိတ်တက်ကြွချိန်၊ ကာမဆက်ဆံမှုပြုခါနီး၊ ကိုယ်ဝန်ဆောင်စဉ်နှင့် ကလေးမွေးပြီး ခြောက်ပတ်အတွင်း သဘာဝအရ အဖြူဆင်းသည်။

သဘာဝမကျသော အဖြူဆင်းခြင်းများ

ခန္ဓာကိုယ်၏ သဘာဝဖြစ်စဉ်ကြောင့်မဟုတ်ဘဲ အခြားသော အကြောင်းအမျိုးမျိုးကြောင့် အဖြူဆင်းလေ့ရှိသည်။ ကာလကြာမြင့်စွာ ဖျားနာခြင်း၊ စိတ်လှုပ်ရှားခြင်း၊ စိတ်ပူပင်သောကများ လွန်ကဲခြင်း၊ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်း၊ လိင်ဆန္ဒ မပြည့်ခြင်း စသည်တို့ကြောင့် အဖြူပိုဆင်းသည်။ သားမွေးလမ်းကြောင်းအတွင်း သားသမီးမရနိုင်စေရန် ထည့်ထားသောပစ္စည်းများ သားအိမ်ကို အထက်သို့တွန်းတင်ရန် ထည့်ထားသော ပစ္စည်းများ၊ အခြားပြင်ပမှ ပစ္စည်းတစ်ခုခုစသည်တို့ ကျန်နေသောကြောင့် နံစော်သော အဖြူများဆင်းတတ်ကြသည်။

အမျိုးသမီး အင်္ဂါအတွင်း တစ်လျှေျာက် အပူလောင်ခြင်း၊ ထိခိုက်မိခြင်း၊ အမျိုးသမီးအင်္ဂါထဲ ထည့်သွင်းထားသည့် ဆေးတောင့်များ၊ ဆေးရည်များနှင့် ဓာတ်မတည့်ခြင်း၊ ပြင်းထန်သောဆေးရည်များ ထည့်မိခြင်း စသည်တို့ကြောင့် အဖြူဆင်းခြင်းများလေ့ရှိသည်။

အဖြူပိုဆင်းစေသော ရောဂါများ

သားအိမ်၊ သားအိမ်ခေါင်း၊ သားမွေးလမ်းကြောင်း၊ မိန်းမကိုယ်အဝ၌ ဖြစ်သောအမျိုးသမီးရောဂါတို့ကြောင့် အဖြူဆင်းခြင်း လွန်ကဲတတ်သည်။

၁။ ဂနိုညောင်းကျရောဂါပိုး၊ အဆုတ်တီင်္ဘီပိုး၊ ကာလသားရောဂါပိုးတို့ကြောင့် အမျိုးသမီးအင်္ဂါရောင်ခြင်း အမျိုးမျိုး ဖြစ်လျှင် အဖြူပိုဆင်းစေပါသည်။

၂။ မိုနီးလီယားရောဂါ

၃။ ထရိုင်ကိုမိုးနပ်ရောဂါ

၄။ ဓမ္မတာကုန်ဆုံး၍ သားမွေးလမ်းကြောင်းရောင်ခြင်း

၅။ အောက်သို့ သားအိမ်လျှောကျနေခြင်း

၆။ သားအိမ်နှင့် သားအိမ်ခေါင်းတွင် အသားပိုအရွတ်လုံးများနှင့် အခြားအလုံးခဲပေါ်ပေါက်ခြင်း

၇။ အမျိုးသမီးအင်္ဂါများ တလျှောက်တွင် ဖြစ်သောကင်ဆာရောဂါအမျိုးမျိုး စသည်တို့ကြောင့် လွန်ကဲစွာ အဖြူဆင်းရလေ့ရှိသည်။

ထရိုင်ကိုမိုးနပ်ရောဂါတွင် မိန်းမကိုယ်အဝတစ်ဝိုက် ယားယံပြီး ဓမ္မတာလာနေသည့်အခါနှင့် ဓမ္မတာလာပြီးစရက်များတွင် ထူးခြားသော အနံ့တစ်မျိုးဖြင့် အစိမ်းနုရောင် အဖြူဆင်းလေ့ရှိပါသည်။

အဖြူဆင်းရာတွင် သွေးအနည်းငယ်ပါပါက အနံ့အလွန်ဆိုးလျှင် ဓမ္မတာလာခြင်းမဟုတ်ဘဲ သွေးချည်းသက်သက် အလွန်ဆင်းလျှင် ကင်ဆာရောဂါ တစ်မျိုးမျိုးကြောင့် ဖြစ်နိုင်လေသည်။

အဖြူဆင်းလျှင် – အမျိုးသမီးတိုင်းသည် အဖြူဆင်းလာလျှင် ဦးစွာသဘာဝကျသည့် ကောင်းသောအဖြူနှင့် ဒုက္ခပေးနိုင်သော အဖြူ ဟုတ်မဟုတ်ကို စဉ်းစားဆင်ခြင်၍ ခွဲခြားရမည်ဖြစ်သည်။ ဒုက္ခပေးနိုင်သော အဖြူထင်ပါက အဖြူဆင်းခြင်း လွန်ကဲနေပါက နီးစပ်ရာ ဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်ပြီး လိုအပ်သော ဆေးကုသမှုများ ခံယူရမည် ဖြစ်သည်။

အမျိုးသမီးများ အနေဖြင့် ယေဘူယျအားဖြင့် ဆရာဝန်များ ရောဂါဇစ်မြစ်ရှာဖွေရာတွင် အထောက်အကူဖြစ်စေရန် မိမိ၏အဖြူဆင်းခြင်းနှင့် ပတ်သက်ပြီး အောက်ပါအချက်အလက်များ နားလည်ရသော အဖြူဆင်းခြင်း ပမာဏ၊ ဆင်းသော အဖြူ၏အရောင်အဆင်း၊ အဖြူဆင်းသည့် အချိန်ကာလ (ဓမ္မတာလာစဉ်နှင့် မည်သို့မည်ပုံ ဆက်စပ်နေသည်။ အဖြူဆင်းသည့်အခါ မိန်းမကိုယ်တစ်ဝိုက် ယားယံမှုရှိမရှိ၊ ထူးခြားသော အနံ့ရှိမရှိ၊ ယောကျ်ားနှင့် ဆက်စပ်ရာတွင် နာကျင်မှုရှိမရှိ မကြာခင်ကာလအတွင်းက မှီဝဲခဲ့သော ဆေးဝါးများ နားလည်ထားသင့်သလို ဆရာဝန်များ၏ ဆေးကုသမှု ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာရန်လည်း လိုအပ်လှ၏။ ဇနီးမောင်နှံနှစ်ဦးစလုံး ဆေးကုသမှု တပြိုင်နက်ခံယူရန် လိုအပ်ပါကလည်း နှစ်ဦးစလုံး တိကျစွာ ဆေးကုသမှုခံရမည်ဖြစ်သည်။

အဖြူကြောင့် ဒုက္ခမရောက်စေရန်

အမျိုးသမီးတို့တွင် အဖြူဆင်းခြင်းကြောင့် ဒုက္ခမရောက်ရစေရန် အောက်ပါအတိုင်း ကာကွယ်နိုင်ပါသည်။

အဓိကအားဖြင့် အမျိုးသမီးတို့၏ အတွင်းအပြင် အင်္ဂါ များကို ထာဝစဉ် သန့်ရှင်းစင်ကြယ်စေရန် လိုအပ်လှ၏။ ၎င်းနေရာတွင် မသန့်ရှင်းပါက ရောဂါပို အမျိုးမျိုး ဝင်ရောက်ပေါက်ဖွားပြီး ဒုက္ခပေးသော အဖြူဆင်းခြင်းမျိုး ဖြစ်လေသည်။ ဆီးသွား၊ ဝမ်းသွားပြီးသည့်အခါတိုင်း ယင်းနေရာတစ်ဝိုက် ရေဆေးပြီး သန့်ရှင်းစင်ကြယ်စေရမည်။ နေ့စဉ်မှန်မှန် အမျိုးသမီးအင်္ဂါအတွင်းအပြင်တစ်ဝိုက်ရေ၊ ဆပ်ပြာနဲ့ ဆေးကြောရမည်။ သန့်ရှင်းစင်ကြယ်သော အတွင်းခံဘောင်းဘီဝတ်ခြင်းဖြင့်လည်း အမျိုးသမီးအင်္ဂါများ ထိုပြင်ပမှဖုန်များ၊ မသန့်ရှင်းသော အညစ်အကြေးများ မဝင်နိုင်ရန် ကာကွယ်သင့်ပါသည်။ မိမိခင်ပွန်းရောဂါကင်းပြီး သန့်ရှင်းစင်ကြယ်နေစေရန် လိုအပ်လှပါသည်။ သားမွေးလမ်းကြောင်းအတွင်း အကြောင်းအမျိုးမျိုးအတွက် ထည့်ထားသော ပစ္စည်းများ သန့်ရှင်းမှုရှိစေရန် ထားသင့်ထားထိုက်သော အချိန်ထက် ပိုမိုလွန်ကဲစွာ မထားမိစေရန် ကျန်းမာနေစေရန် သတိပြုရပေမည်။ အမျိုးသမီးရောဂါ အမျိုးမျိုးကိုလည်း ဖြစ်မလာစေရန် ကာကွယ်၍ ဖြစ်လာပါကလည်း စောစီးစွာဆေးကုသမှု ခံယူရပေမည်။

အားလုံးကို ခြုံငုံလေ့လာသုံးသပ်ရသော် အဖြူဆင်းတိုင်းသည် ရောဂါမဟုတ်ပါ။ ရှက်စရာလည်း မလိုပါ။ အမျိုးသမီးအချင်းချင်း မိသားစုဆရာဝန်စသဖြင့် ဆွေးနွေးတိုင်ပင်သင့်သည်။ အဖြူလွန်ကဲစွာ ဆင်းခြင်း၏ နောက်ကွယ်တွင် ဒုက္ခပေးနိုင်သောရောဂါ ဆိုးကျိုးအမျိုးမျိုးလည်း ရှိတတ်ကြပေရာ အမျိုးသမီးများအနေဖြင့် အဖြူဆင်းခြင်းကြောင့် ဒုက္ခမရောက်စေရန် ဆင်ခြင်နေထိုင်ကြပြီး လိုအပ်ပါက မိသားစုဆရာဝန်ဖြင့် ပြသကာ စောစီးစွာထိရောက်သော ဆေးကုသမှု ခံယူသင်ကြားသင့်ပါသည်။

အချို့မှာ ဆေးရုံဆေးခန်း ဆရာဝန်နှင့် ပြသခြင်းမရှိခဲ့ဘဲ အဖြူဆင်းခြင်းကြောင့် ကိုယ်ရောစိတ်ပါ ဒုက္ခအမျိုးမျိုး ရောက်နေသူ များပြားလှသဖြင့် အမျိုးသမီးတွေအတွက် ဆင်းရဲဒုက္ခဖြစ်စေပါသည်။

အဖြူဆင်းခြင်း၏ သဘာဝကို သိရှိပြီးသကာလ ပုံမှန်ဆင်းလေ့ရှိသည့် အဖြူလားရောဂါကြောင့် အဖြူဆင်းရသည့် အဖြူလား ခန္ဓာကိုယ်ဟော်မုန်း၊ ဓာတ်သတ္တု၊ သက်စောင့်ဓာတ်မညီမျှလို့ ကျန်းမာရေးဆိုးကျိုးကြောင့် ဆင်းရသော အဖြူလားဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ခြင်းထက် တတ်ကျွမ်းသောဆရာဝန်၊ ဆေးရုံဆေးခန်းများတွင် ပြသကာ ကုသမှုခံယူသင့်ပါသည်။

Author:ဒေါက်တာလွင်သန့်, Healthcare Journal

Previous Post

အမျိုးသားတွေ နေ့စဉ်မှတ်တမ်းထားသင့်တယ်

Next Post

သားအိမ်ကင်ဆာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

2 years ago
1.5k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

2 years ago
828
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
657

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1.1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သားအိမ်ကင်ဆာ

အစာရေမျိုပြွန်ကင်ဆာ

ရာသီလာချိန်နဲ့ အယူအဆများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.