fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

သားအိမ်ကင်ဆာ

118
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/07/2017
in ရောဂါကြီးများ
1 min read
A A

(Zawgyi)

ဒီတစ္ခါေျပာျပခ်င္တာကေတာ့ သားအိမ္ကင္ဆာလို႔အလြယ္ေခၚတဲ့ သားအိမ္နံရံမွာ (Endometrium) မွာျဖစ္တဲ့ Ca Endometrium အေၾကာင္းပါ ။
မိန္းမသားေတြမွာ အျဖစ္မ်ားဆုံးကေတာ့ ရင္သားကင္ဆာပါ ဒုတိယအမ်ားဆုံးက အဆုတ္ကင္ဆာပါ ။ တတိယက အူမႀကီးကင္ဆာ၊ စတုတၱေျမာက္အျဖစ္မ်ားဆုံးကေတာ့ အခုေျပာမယ့္ သားအိမ္ကင္ဆာပါ ။

အဂၤလန္မွာဆိုရင္ ၁ႏွစ္မွာ အမ်ိဳးသမီး ၈၄၇၅ ေယာက္ဟာ သားအိမ္ကင္ဆာ ျဖစ္ပြားေနတယ္လို႔ သုေတသနစာတမ္းတစ္ခုမွာ ေျပာထားပါတယ္။ဒီကင္ဆာမွာအၾကမ္းအားျဖင့္ အမ်ိဳးအစား၂ခုရွိပါတယ္။ တစ္ခုကေဟာ္မုန္းမ်ားတာနဲ႔ဆိုင္ၿပီး ၊ တစ္ခုကမဆိုင္ပါဘူး ။ဒီကင္ဆာျဖစ္ရတဲ့အေၾကာင္းရင္းကို ေသခ်ာမသိေပမယ့္ ေသြးထဲမွာအီစတိုဂ်င္ estrogen ေဟာ္မုန္းမ်ားတဲ့သူေတြမွာ ပိုျဖစ္ႏိုင္ေခ်မ်ားတယ္။ ေနာက္ၿပီး ကေလးမေမြးဖူးတဲ့သူေတြ ၊ အဝလြန္သူေတြ ၊ဆီးခ်ိဳအခံရွိသူေတြ ၊ အသက္၅၂ႏွစ္ေနာက္ပိုင္းမွ ေသြးဆုံးတဲ့အမ်ိဳးသမီးေတြ ၊ အီစတိုဂ်င္ estrogen ေဟာ္မုန္းပါတဲ့ေဆးေတြေသာက္ေနတဲ့အမ်ိဳးသမီးေတြ ဟာလည္းသားအိမ္ကင္ဆာျဖစ္ႏိုင္ေခ်မ်ားတဲ့အထဲမွာပါတယ္ ။

ေရာဂါလကၡဏာေတြကေတာ့
-ရာသီလာခ်ိန္မဟုတ္ဘဲေသြးဆင္းျခင္း
-ေသြးပါေသာအျဖဴဆင္းျခင္း
-ေသြးဆုံးတာေသခ်ာၿပီးမွ ေသြးျပန္ေပၚျခင္း
-ဗိုက္ေအာက္ပိုင္းေအာင့္ျခင္း စတာေတြပါ။

သားအိမ္ကင္ဆာက ေစာေစာသိေလ ကုသဖို႔ေပ်ာက္ႏိုင္ေျခမ်ားေလပါ။ ဒါေၾကာင့္ေစာေစာသိဖို႔အေပၚကလကၡဏေတြရွိခဲ့ရင္ သားဖြားမီးယပ္နဲ႔ျပသၿပီး ေအာက္ပါ စစ္ေဆးမႈမ်ားလုပ္ႏိုင္ပါတယ္။
စစ္ေဆးတဲ့နည္းလမ္းေတြကေတာ့
-မိန္းမကိုယ္မွတဆင့္ အာထရာေဆာင္း႐ိုက္ျခင္း
-သားအိမ္မွန္ေျပာင္းၾကည့္ျခင္း
-အသားစယူစစ္ေဆးျခင္းေတြပဲျဖစ္ပါတယ္ ။
တကယ္လို႔သားအိမ္ကင္ဆာရွိခဲ့ရင္ေတာ့ တျခားေနရာေတြကိုျပန႔္ေနလား ၊ မျပန႔္ေသးဘူးလားသိဖို႔အတြက္ ရင္ဘတ္ဓါတ္မွန္႐ိုက္တာ၊ စီတီ ႐ိုက္တာ ၊အမ္အာအိုင္ ႐ိုက္တာတို႔ပါ လိုႏိုင္ပါတယ္။

သားအိမ္ကင္ဆာကိုကုသတဲ့နည္းကေတာ့၄မ်ိဳးေလာက္ရွိပါတယ္ ။
-ခြဲစိတ္ကုသတာ(Surgery)
-ခီမို(Chemotherapy) ေဆးနဲ႔ကုသတာ
-ဓါတ္ကင္တာ(Radiotherapy)
-ေဟာ္မုန္းေဆး(Hormonal therapy)နဲ႔ကုသတာေတြပါ ။

ခြဲစိတ္ကုတဲ့ေနရာမွာမ်ားေသာအားျဖင့္ေတာ့ သားအိမ္ေကာ သားဥႁပြန္ႏွစ္ဖက္လုံးေကာထုတ္ရေလ့ရွိပါတယ္ ။ကင္ဆာအဆင့္နိမ့္ရင္ေတာ့ ဒီႏွစ္မ်ိဳးထုတ္တာနဲ႔ၿပီးသြားေပမယ့္ ကင္ဆာအဆင့္ျမင့္တယ္ဆိုရင္ေတာ့ခြဲစိတ္ကုသမႈအျပင္ ဓါတ္ကင္တာတို႔ ၊ကင္ဆာေဆးနဲ႔ကုတာတို႔ပါလိုက္ရတတ္ပါတယ္။
ဓါတ္ကင္တဲ့ေနရာမွာလည္း အဆင့္ေပၚမႈတည္ၿပီးေတာ့မိန္းမကိုယ္အဝကေနဓါတ္ေရာင္ျခည္အားျပင္းျပင္းနဲ႔ေပးတာ နဲ႔ တင္ပဆုံတစ္ခုလုံးကို အျပင္ကေနေပးတာဆိုၿပီး ၂မ်ိဳးရွိပါတယ္ ။ေဟာ္မုန္းေဆးေပးၿပီးကုတာကေတာ့ အီစတိုဂ်င္မ်ားၿပီးျဖစ္တဲ့ သားအိမ္ကင္ဆာေတြမွာ အသုံးတည့္ပါတယ္ ။

အဆုံးသတ္အေနနဲ႔အေလးထား မွာခ်င္တာကေတာ့ေသြးဆုံးတာေသခ်ာတဲ့အမ်ိဳးသမီး တစ္ေယာက္မွာ ေသြးျပန္ဆင္းခဲ့ရင္ လုံးဝေပါ့ေပါ့ဆဆ မေနသင့္ပါဘူး ။သားဖြားမီးယပ္ ဆရာဝန္နဲ႔ ျပသၿပီး ေသခ်ာစစ္ေဆးမႈေတြလုပ္ကိုလုပ္ရမွာပါ။ ဘာလို႔လဲဆိုေတာ့ ေသြးဆုံးၿပီး ေသြးျပန္ဆင္းတဲ့သူ အေယာက္၁၀၀မွာ ၁၀ေယာက္ေလာက္နီးပါးက သားအိမ္ကင္ဆာနဲ႔ ပတ္သက္ေနႏိုင္လို႔ပါ ။

Author : Dr 528

(Unicode)

ဒီတစ်ခါပြောပြချင်တာကတော့ သားအိမ်ကင်ဆာလို့အလွယ်ခေါ်တဲ့ သားအိမ်နံရံမှာ (Endometrium) မှာဖြစ်တဲ့ Ca Endometrium အကြောင်းပါ ။
မိန်းမသားတွေမှာ အဖြစ်များဆုံးကတော့ ရင်သားကင်ဆာပါ ဒုတိယအများဆုံးက အဆုတ်ကင်ဆာပါ ။ တတိယက အူမကြီးကင်ဆာ၊ စတုတ္တမြောက်အဖြစ်များဆုံးကတော့ အခုပြောမယ့် သားအိမ်ကင်ဆာပါ ။

အင်္ဂလန်မှာဆိုရင် ၁နှစ်မှာ အမျိုးသမီး ၈၄၇၅ ယောက်ဟာ သားအိမ်ကင်ဆာ ဖြစ်ပွားနေတယ်လို့ သုတေသနစာတမ်းတစ်ခုမှာ ပြောထားပါတယ်။ဒီကင်ဆာမှာအကြမ်းအားဖြင့် အမျိုးအစား၂ခုရှိပါတယ်။ တစ်ခုကဟော်မုန်းများတာနဲ့ဆိုင်ပြီး ၊ တစ်ခုကမဆိုင်ပါဘူး ။ဒီကင်ဆာဖြစ်ရတဲ့အကြောင်းရင်းကို သေချာမသိပေမယ့် သွေးထဲမှာအီစတိုဂျင် estrogen ဟော်မုန်းများတဲ့သူတွေမှာ ပိုဖြစ်နိုင်ချေများတယ်။ နောက်ပြီး ကလေးမမွေးဖူးတဲ့သူတွေ ၊ အဝလွန်သူတွေ ၊ဆီးချိုအခံရှိသူတွေ ၊ အသက်၅၂နှစ်နောက်ပိုင်းမှ သွေးဆုံးတဲ့အမျိုးသမီးတွေ ၊ အီစတိုဂျင် estrogen ဟော်မုန်းပါတဲ့ဆေးတွေသောက်နေတဲ့အမျိုးသမီးတွေ ဟာလည်းသားအိမ်ကင်ဆာဖြစ်နိုင်ချေများတဲ့အထဲမှာပါတယ် ။

ရောဂါလက္ခဏာတွေကတော့
-ရာသီလာချိန်မဟုတ်ဘဲသွေးဆင်းခြင်း
-သွေးပါသောအဖြူဆင်းခြင်း
-သွေးဆုံးတာသေချာပြီးမှ သွေးပြန်ပေါ်ခြင်း
-ဗိုက်အောက်ပိုင်းအောင့်ခြင်း စတာတွေပါ။

သားအိမ်ကင်ဆာက စောစောသိလေ ကုသဖို့ပျောက်နိုင်ခြေများလေပါ။ ဒါကြောင့်စောစောသိဖို့အပေါ်ကလက္ခဏတွေရှိခဲ့ရင် သားဖွားမီးယပ်နဲ့ပြသပြီး အောက်ပါ စစ်ဆေးမှုများလုပ်နိုင်ပါတယ်။
စစ်ဆေးတဲ့နည်းလမ်းတွေကတော့
-မိန်းမကိုယ်မှတဆင့် အာထရာဆောင်းရိုက်ခြင်း
-သားအိမ်မှန်ပြောင်းကြည့်ခြင်း
-အသားစယူစစ်ဆေးခြင်းတွေပဲဖြစ်ပါတယ် ။
တကယ်လို့သားအိမ်ကင်ဆာရှိခဲ့ရင်တော့ တခြားနေရာတွေကိုပြန့်နေလား ၊ မပြန့်သေးဘူးလားသိဖို့အတွက် ရင်ဘတ်ဓါတ်မှန်ရိုက်တာ၊ စီတီ ရိုက်တာ ၊အမ်အာအိုင် ရိုက်တာတို့ပါ လိုနိုင်ပါတယ်။

သားအိမ်ကင်ဆာကိုကုသတဲ့နည်းကတော့၄မျိုးလောက်ရှိပါတယ် ။
-ခွဲစိတ်ကုသတာ(Surgery)
-ခီမို(Chemotherapy) ဆေးနဲ့ကုသတာ
-ဓါတ်ကင်တာ(Radiotherapy)
-ဟော်မုန်းဆေး(Hormonal therapy)နဲ့ကုသတာတွေပါ ။

ခွဲစိတ်ကုတဲ့နေရာမှာများသောအားဖြင့်တော့ သားအိမ်ကော သားဥပြွန်နှစ်ဖက်လုံးကောထုတ်ရလေ့ရှိပါတယ် ။ကင်ဆာအဆင့်နိမ့်ရင်တော့ ဒီနှစ်မျိုးထုတ်တာနဲ့ပြီးသွားပေမယ့် ကင်ဆာအဆင့်မြင့်တယ်ဆိုရင်တော့ခွဲစိတ်ကုသမှုအပြင် ဓါတ်ကင်တာတို့ ၊ကင်ဆာဆေးနဲ့ကုတာတို့ပါလိုက်ရတတ်ပါတယ်။
ဓါတ်ကင်တဲ့နေရာမှာလည်း အဆင့်ပေါ်မှုတည်ပြီးတော့မိန်းမကိုယ်အဝကနေဓါတ်ရောင်ခြည်အားပြင်းပြင်းနဲ့ပေးတာ နဲ့ တင်ပဆုံတစ်ခုလုံးကို အပြင်ကနေပေးတာဆိုပြီး ၂မျိုးရှိပါတယ် ။ဟော်မုန်းဆေးပေးပြီးကုတာကတော့ အီစတိုဂျင်များပြီးဖြစ်တဲ့ သားအိမ်ကင်ဆာတွေမှာ အသုံးတည့်ပါတယ် ။

အဆုံးသတ်အနေနဲ့အလေးထား မှာချင်တာကတော့သွေးဆုံးတာသေချာတဲ့အမျိုးသမီး တစ်ယောက်မှာ သွေးပြန်ဆင်းခဲ့ရင် လုံးဝပေါ့ပေါ့ဆဆ မနေသင့်ပါဘူး ။သားဖွားမီးယပ် ဆရာဝန်နဲ့ ပြသပြီး သေချာစစ်ဆေးမှုတွေလုပ်ကိုလုပ်ရမှာပါ။ ဘာလို့လဲဆိုတော့ သွေးဆုံးပြီး သွေးပြန်ဆင်းတဲ့သူ အယောက်၁၀၀မှာ ၁၀ယောက်လောက်နီးပါးက သားအိမ်ကင်ဆာနဲ့ ပတ်သက်နေနိုင်လို့ပါ ။

Author : Dr 528

Previous Post

မိန်းမများ အဖြူဆင်းခြင်း

Next Post

အစာရေမျိုပြွန်ကင်ဆာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
482

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
897
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
479
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
756
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
440

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အစာရေမျိုပြွန်ကင်ဆာ

ရာသီလာချိန်နဲ့ အယူအဆများ

အစာစားပြီး ဘယ်အချက်တွေ မလုပ်သင့်လဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.