fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အစာစားပြီး ဘယ်အချက်တွေ မလုပ်သင့်လဲ

560
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/07/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

အစာစားပြီး ဘယ်အချက်တွေ မလုပ်သင့်လဲ

စားပြီးအိပ်နေ ဘိက္ခုဝေ သေရင်ပက်လက် နတ်ပြည်တက် ဟူသောစကားသည်
ဘယ်ကဘယ်လိုဖြစ်လာသလဲတော့မသိပေ။ သို့သော်စားပြီးအိပ်ချင်သူများအဖို့ထိုစကားသည် လက်စွဲတော်စကားတစ်ရပ်ဖြစ်လာသည်။

စားပြီးဘာလို့အိပ်ချင်ရတာလဲ ?
အစာစားပြီးရင် လူတော်တော်များများဟာ တစ်မှေးလောက်မှေးချင်ကြပါတယ်။ ဒါဟာဘာလို့လဲဆိုတော့ အစာစားပြီးတဲ့အခါ ခန္ဒာကိုယ်ထဲက အစာအိမ်က စားလိုက်တဲ့အစာတွေကို ချေဖျက်ဖို့အတွက်အလုပ်ပိုလုပ်ရပါတယ်။ ဒီအခါသွေးပိုလိုအပ်လာတဲ့အတွက် ဦးနှောက်က တခြားနေရာတွေကို သွေးပို့တာ         လျှေ့ာလိုက်ပြီး အစာအိမ်ဆီကိုအလုပ်များများလုပ်နိုင်အောင်သွေးများများစေလွတ်ခိုင်းပါတယ် ။အဲ့လိုခိုင်းတဲ့အခါ ဦးနှောက်ဆီကိုသွားတဲ့သွေးပမာဏပါ   လျော့သွားတဲ့အတွက် အိပ်ချင်ရခြင်းဖြစ်ပါတယ်။

စားပြီးအိပ်တဲ့အခါ ဝလာနိုင်ပါသလား ?

နေ့လည်နေ့ခင်းစားပြီးအိပ်တာကတော့ မဝစေပါဘူး။ သို့သော် လှုပ်ရှားမှုနည်းတဲ့ညပိုင်း အထူးသဖြင့်ညအိပ်ခါနီး မှာ အများကြီးစားပြီး တန်းအိပ်ရင်တော့ဝလာနိုင်ပါတယ်။ စားပြီးအိပ်မှဝတာမဟုတ်ပါဘူး ။ခန္ဓာကိုယ်ကချေဖျက်နိုင်တဲ့ပမာဏ တစ်နေ့တာလိုအပ်တဲ့စွမ်းအင်ပမာဏထက်စားရင်တော့ ဝလာမှာပါ။

စားပြီးပြီးချင်းအိပ်ရင်ဘာဖြစ်တတ်သလဲ ?
စားပြီးပြီးချင်းအိပ်တာက ကောင်းတဲ့အလေ့အကျင့် မဟုတ်ပါဘူး။ စားပြီးတဲ့အခါမှာ စားလိုက်တဲ့အစာတွေကိုချေဖျက်ဖို့အတွက် အစာအိမ်က အလုပ်ပိုလုပ်ရပါတယ်။စားပြီးပြီးချင်းအိပ်တဲ့အခါကျ အစာချေစနစ်ကိုကမောက်ကမ ဖြစ်စေနိုင်ပါတယ်။ အဲ့အခါမှာ ရင်ပူတာအစာချေရည်တွေအထက်ဆန်တာ တွေဖြစ်နိုင်ပါတယ် ။ဂရိနိုင်ငံကတက္ကသိုလ်မှာလုပ်တဲ့စစ်တမ်းတစ်ခုအရ စားပြီးပြီးချင်းအိပ်တဲ့သူတွေဟာ ပိုပြီး လေဖြတ်နိုင်ချေပိုများပါတယ် ။ စားပြီးပြီးချင်း အိပ်တာကို မလုပ်သင့်တဲ့အပြင်တခြားမလုပ်သင့်တဲ့အရာတွေကိုလည်း တစ်ခါတည်းပြောပြချင်ပါတယ် ။

ထမင်းစားပြီးပြီးချင်းဆေးလိပ်မသောက်ပါနဲ့
ကျွန်တော်တို့မြန်မာလူမျိုးတွေဟာ ထမင်းစားပြီးပြီးချင်းခံတွင်းချဉ်လို့ တစ်မျိုးမျိုးလိုနေသလိုထင်လို့ (ဘိုဖြူသီချင်းထဲကလိုပေါ့ ထမင်းစားပြီးတစ်မျိုးလို အိပ်ရာဝင်လည်းတစ်မျိုးလို ဆေးလိပ်တို ဆေးလိပ်တို)ဆိုတာမျိုုး ဆေးလိပ်ဖွာတတ်ကြသည်။ ဒါလုံးဝမလုပ်သင့်ပါဘူး။ စားပြီးပြီးချင်းဆေးလိပ်သောက်တာဟာ  တခြားအချိန်မှာဆေးလိပ်သောက်တာထက် ၁၀ဆ အဆုတ်ကင်ဆာပိုဖြစ်နိုင်ပါတယ်လို့သုတေသနတွေအရသိရပါတယ်။

ထမင်းစားပြီးပြီးချင်းရေမချိုးပါနဲ့
ရေချိုးလိုက်တဲ့အခါမှာခန္ဒာကိုယ်ရဲ့ သွေးစီးဆင်းမှုကအစာအိမ်မဟုတ်ဘဲ တခြားနေရာတွေဖြစ်တဲ့ ခြေလက်တွေဆီ မှာ ပိုများသွားပါတယ်။
အဲ့အခါမှာအစာအိမ်ဆီသွေးရောက်တာနည်းသွားတဲ့အတွက်အစာချေခြင်းလုပ်ငန်းမှာကမောက်ကမဖြစ်စေပါတယ် ။

ထမင်းစားပြီးပြီးချင်းသစ်သီးမစားပါနဲ့
ကျွန်တော်တို့မြန်မာတွေ ထမင်းစားပြီးပြီးချင်းအချိုပွဲအဖြစ်သစ်သီးစားလေ့ရှိပါတယ်။ အမှန်တကယ်ကတော့ ထမင်းမစားခင်တစ်နာရီလောက်အလိုမှာစားတာမှ မှန်တာပါ။

ထမင်းစားပြီးပြီးချင်းလည်း လက်ဖက်ရည်မသောက်ပါနဲ့
ဘာလို့လဲဆိုတော့ လက်ဖက်ရည်မှာပါတဲ့ အက်စစ်ဓါတ်တမျိုးက စားတဲ့အစာထဲမှာပါတဲ့ပရိုတင်းဓါတ်ကို ပိုမာသွားစေလို့ အစာအိမ်ရဲ့အစာချေမှုကို ခက်ခဲစေပါတယ်။ နောက်ပြီးစားတဲ့အစာထဲမှာပါတဲ့သံဓါတ်စုပ်ယူမှုကိုလည်းဟန့်တားပါတယ်။

ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင်ဆိုတဲ့အတိုင်း အသက်ရှည်ချင်ရင်တော့ကျန်းမာစွာနေထိုင်မည့်နည်းလမ်းတွေကို ရွေးချယ်လိုက်နာပြီး နေထိုင်ပါလို့အကြံပြုရင်းအဆုံးသတ်လိုက်ပါတယ် ။

အာရောဂျံ ပရမံ လာဘံ
Author; Dr 528

Previous Post

ရာသီလာချိန်နဲ့ အယူအဆများ

Next Post

အူစွပ်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
603

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အူစွပ်ခြင်း

အူမကြီးကင်ဆာ

မြွေဆိုးမြွေဟောက်အန္တရာယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.