fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

အူမကြီးကင်ဆာ

188
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/07/2017
in ရောဂါကြီးများ
1 min read
A A

(Zawgyi)

ကြၽန္ေတာ္တို႔ရဲ႕အူဟာ ေခြေခါက္ေနတဲ့ ပိုက္ရွည္ႀကီးနဲ႔တူပါတယ္။ အူကို အၾကမ္းအားျဖင့္ အူသိမ္(small Intestine ) နဲ႔ အူမႀကီး (Large Intestine) ဆိုပီး ခြဲထားပါတယ္။ အူသိမ္ဟာအခ်င္း(Diameter)၁လက္မ က်ယ္ပီး အ၇ွည္ ၁၀ေပ ရွိပါတယ္။ အူမႀကီး ကေတာ့ အခ်င္း
၂လက္မခြဲက်ယ္ပီး ၅ေပရွည္ပါတယ္။

အစာအိမ္ကေခ်ဖ်က္လို႔ထြက္လာတဲ့အစာေတြကို အူသိမ္ထဲမွာ သည္းေျခရည္ (bile) ၊ ပန္ကရိယအရည္(Pancreatic juice) ေတြနဲ႔ေရာပီး ထပ္ေခ်ပါတယ္။ၿပီးရင္ ထြက္လာတဲ့အာဟာရေတြကိုစုပ္ယူပီး ေသြးေၾကာထဲကိုပို႔ပါတယ္။ အူသိမ္ကေန အာဟာရအကုန္နီးပါးစုပ္ယူပီးလို႔က်န္တဲ့ မစင္ျဖစ္မယ့္ အစာက်န္နဲ႔ေရကိုေတာ့ အူမႀကီးဆီပို႔ပါတယ္။အူမႀကီးကေရကိုျပန္စုပ္ပီး မစင္ကိုပုံစံခဲျဖစ္ေအာင္လုပ္ၿပီး ခ်ီးအိမ္(Rectum)မွာသိမ္းထားပါတယ္။ ထို႔ေနာက္စအိုကေနတဆင့္ အျပင္ကိုစြန႔္ထုတ္ပါတယ္။ ဒါအူရဲ႕လုပ္ေဆာင္ပုံနဲ႔ အူပုံစံကို အၾကမ္းအားျဖင့္ ေျပာျပတာပါ။
အဓိကေျပာခ်င္တာကေတာ့ အူမႀကီးမွာျဖစ္တဲ့ အူမႀကီးကင္ဆာပါ ။ယေန႔ေခတ္တြင္အူမႀကီးကင္ဆာဟာ ကမာၻတဝန္းမွာ ျဖစ္ပြားမႈႏႈန္းမ်ားလာပါတယ္။ အျဖစ္မ်ားတဲ့အသက္အ႐ြယ္ေတြကေတာ့ ၆၀ကေန ၇၀ၾကားပါ။

ျဖစ္ပြားတဲ့အေၾကာင္းရင္းမ်ားကေတာ့
၁။ဟင္းသီးဟင္း႐ြက္အစားနည္းျခင္း
ဟင္းသီးဟင္း႐ြက္မွာပါတဲ့ အမွ်င္ဓါတ္(fiber)က မစင္ျဖစ္မယ့္အစာက်န္ေတြကိုဆြဲလုံးၿပီး တစ္စုတည္းျဖစ္ေစတဲ့ အျပင္ အူလမ္းေၾကာင္းလႈပ္ရွားမႈ(Peristalsis)ကိုလည္းျဖစ္ေစၿပီး အူထဲမွာမစင္ေတြမက်န္ေအာင္ကူညီေပးပါတယ္။ ဟင္းသီးဟင္း႐ြက္မစားတဲ့အခါ ဝမ္းခ်ဳပ္ၿပီး အူထဲမွာမစင္ေတြဟာအၾကာႀကီးေနပါတယ္။ အဲ့အခါမွာ ဘတ္တီးရီးယားမ်ားေပါက္ပြားလာၿပီး ၾကာလာတဲ့အခါမွာ အူမႀကီးကင္ဆာျဖစ္ေစႏိုင္ပါတယ္ ။

၂။အဆီအဆိမ့္ အစားမ်ားျခင္း
အဆီအဆိမ့္အစားမ်ားတဲ့အခါမွာ အူထဲမွာ ကင္ဆာျဖစ္ေစတဲ့ဓါတ္ပစၥည္း (Carcinogens)မ်ားပိုထြက္လာႏိုင္ေခ်မ်ားတယ္လို႔သုေတသနတစ္ခုကေျပာထားပါတယ္ ။

၃။ကင္ဆာကာကြယ္ေပးေသာဗီတာမင္ေအ စီ အီး ပါဝင္ေသာ အစားအစာမ်ား အစားနည္းျခင္း

၄။မိမိရဲ႕ဗီဇ(gene)မ်ားေဖာက္ျပန္ျခင္း
ဥပမာ ႐ိုး႐ိုးgene မ်ားေနရာတြင္ ကင္ဆာျဖစ္ေစေသာgeneမ်ားအစားဝင္လာျခင္း

၅။အူနဲ႔ပတ္သက္ပီးေရာဂါတစ္ခုခုရွိျခင္း ဥပမာ အူေရာင္ေရာဂါ(Inflammatory bowel disease)ရွိျခင္း

၆။အရက္ ေဆးလိပ္အေသာက္မ်ားျခင္း
နံပါတ္၄နဲ႔၅ေၾကာင့္ျဖစ္တဲ့ အူမႀကီးကင္ဆာကေတာ့ အသက္ငယ္႐ြယ္တဲ့သူေတြမွာ ျဖစ္ပါတယ္ ။

ေရာဂါလကၡဏေတြကေတာ့ ကင္ဆာျဖစ္တဲ့ေနရာေပၚမႈတည္ပါတယ္ ။ အူရဲ႕ညာဘက္ အူမႀကီးအစမွာျဖစ္၇င္ ဗိုက္ညာအျခမ္းမွာ အလုံးေပၚတာ ညာဘက္ဗိုက္ေအာင့္တာ ေတြျဖစ္ႏိုင္တယ္။
အူမႀကီးရဲ႕ဘယ္ဘက္ျခမ္း(Rectum)နားမွာကင္ဆာအလုံးျဖစ္ရင္ ညႇစ္ထားသလိုနာမယ္။ ဝမ္းထဲေသြးပါမယ္။ ဝမ္းသြားပီးေက်နပ္မႈမရွိဘဲ အထဲမွာဝမ္းက်န္သလိုခံစားရမယ္။ ဝမ္းခ်ဳပ္မယ္ ။သို႔မဟုတ္ ဝမ္းေလွ်ာမယ္။

အူမႀကီးကင္ဆာရွိမရွိအတြက္ လုပ္ႏိုင္တဲ့စမ္းသပ္မႈေတြကေတာ့ စအိုမွန္ေျပာင္းၾကည့္တာ ၊ ေဆးဓာတ္မွန္႐ိုက္တာ ၊ စီတီ႐ိုက္တာ ၊ ေသြးစစ္တာေတြလုပ္ႏိုင္ပါတယ္ ။ အူမႀကီးကင္ဆာရွိတယ္လို႔သိရင္ ကင္ဆာျပန႔္မျပန႔္အတြက္ အာထရာေဆာင္း ၊ ရင္ဘတ္ဓာတ္မွန္၊ MRI Scan ၊အ႐ိုးစကန္(Bone Scan)ေတြလုပ္ရပါမယ္ ။

ကုသတဲ့ေနရာမွာ၂မ်ိဳးရွိတယ္။ ေရာဂါအဆင့္ႏုတယ္၊ မျပန႔္ဘူး၊ ခြဲစိတ္ဒဏ္ကိုလည္းခံႏိုင္တယ္ဆိုရင္ အျမစ္ျပတ္ရွင္းတဲ့နည္းကိုသုံးတယ္ ။ေရာဂါရင့္တယ္ျပန႔္လည္းျပန႔္ေနၿပီဆိုရင္ေတာ့ လူနာခံစားရတာသက္သာေအာင္ကုတဲ့ နည္းကိုပဲသုံးတယ္ ။ နည္းေတြကေတာ့ ဓာတ္ကင္တာ) ၊ကင္ဆာေဆးနဲ႔ကုတာ၊ ေလဆာပစ္တာ၊ စတန႔္ထည့္တာ ေတြျဖစ္ပါတယ္။ ဒါေၾကာင့္ က်န္းက်န္းမာမာေနထိုင္ဖို႔ ဟင္း႐ြက္မ်ားမ်ားစားၿပီး အဆီအဆိမ့္ကို ေရွာင္ပါလို႔ တိုက္တြန္းပါရေစ။

Author: Dr528

(Unicode)

ကျွန်တော်တို့ရဲ့အူဟာ ခွေခေါက်နေတဲ့ ပိုက်ရှည်ကြီးနဲ့တူပါတယ်။ အူကို အကြမ်းအားဖြင့် အူသိမ်(small Intestine ) နဲ့ အူမကြီး (Large Intestine) ဆိုပီး ခွဲထားပါတယ်။ အူသိမ်ဟာအချင်း(Diameter)၁လက်မ ကျယ်ပီး အ၇ှည် ၁၀ပေ ရှိပါတယ်။ အူမကြီး ကတော့ အချင်း
၂လက်မခွဲကျယ်ပီး ၅ပေရှည်ပါတယ်။

အစာအိမ်ကချေဖျက်လို့ထွက်လာတဲ့အစာတွေကို အူသိမ်ထဲမှာ သည်းခြေရည် (bile) ၊ ပန်ကရိယအရည်(Pancreatic juice) တွေနဲ့ရောပီး ထပ်ချေပါတယ်။ပြီးရင် ထွက်လာတဲ့အာဟာရတွေကိုစုပ်ယူပီး သွေးကြောထဲကိုပို့ပါတယ်။ အူသိမ်ကနေ အာဟာရအကုန်နီးပါးစုပ်ယူပီးလို့ကျန်တဲ့ မစင်ဖြစ်မယ့် အစာကျန်နဲ့ရေကိုတော့ အူမကြီးဆီပို့ပါတယ်။အူမကြီးကရေကိုပြန်စုပ်ပီး မစင်ကိုပုံစံခဲဖြစ်အောင်လုပ်ပြီး ချီးအိမ်(Rectum)မှာသိမ်းထားပါတယ်။ ထို့နောက်စအိုကနေတဆင့် အပြင်ကိုစွန့်ထုတ်ပါတယ်။ ဒါအူရဲ့လုပ်ဆောင်ပုံနဲ့ အူပုံစံကို အကြမ်းအားဖြင့် ပြောပြတာပါ။
အဓိကပြောချင်တာကတော့ အူမကြီးမှာဖြစ်တဲ့ အူမကြီးကင်ဆာပါ ။ယနေ့ခေတ်တွင်အူမကြီးကင်ဆာဟာ ကမ္ဘာတဝန်းမှာ ဖြစ်ပွားမှုနှုန်းများလာပါတယ်။ အဖြစ်များတဲ့အသက်အရွယ်တွေကတော့ ၆၀ကနေ ၇၀ကြားပါ။

ဖြစ်ပွားတဲ့အကြောင်းရင်းများကတော့
၁။ဟင်းသီးဟင်းရွက်အစားနည်းခြင်း
ဟင်းသီးဟင်းရွက်မှာပါတဲ့ အမျှင်ဓါတ်(fiber)က မစင်ဖြစ်မယ့်အစာကျန်တွေကိုဆွဲလုံးပြီး တစ်စုတည်းဖြစ်စေတဲ့ အပြင် အူလမ်းကြောင်းလှုပ်ရှားမှု(Peristalsis)ကိုလည်းဖြစ်စေပြီး အူထဲမှာမစင်တွေမကျန်အောင်ကူညီပေးပါတယ်။ ဟင်းသီးဟင်းရွက်မစားတဲ့အခါ ဝမ်းချုပ်ပြီး အူထဲမှာမစင်တွေဟာအကြာကြီးနေပါတယ်။ အဲ့အခါမှာ ဘတ်တီးရီးယားများပေါက်ပွားလာပြီး ကြာလာတဲ့အခါမှာ အူမကြီးကင်ဆာဖြစ်စေနိုင်ပါတယ် ။

၂။အဆီအဆိမ့် အစားများခြင်း
အဆီအဆိမ့်အစားများတဲ့အခါမှာ အူထဲမှာ ကင်ဆာဖြစ်စေတဲ့ဓါတ်ပစ္စည်း (Carcinogens)များပိုထွက်လာနိုင်ချေများတယ်လို့သုတေသနတစ်ခုကပြောထားပါတယ် ။

၃။ကင်ဆာကာကွယ်ပေးသောဗီတာမင်အေ စီ အီး ပါဝင်သော အစားအစာများ အစားနည်းခြင်း

၄။မိမိရဲ့ဗီဇ(gene)များဖောက်ပြန်ခြင်း
ဥပမာ ရိုးရိုးgene များနေရာတွင် ကင်ဆာဖြစ်စေသောgeneများအစားဝင်လာခြင်း

၅။အူနဲ့ပတ်သက်ပီးရောဂါတစ်ခုခုရှိခြင်း ဥပမာ အူရောင်ရောဂါ(Inflammatory bowel disease)ရှိခြင်း

၆။အရက် ဆေးလိပ်အသောက်များခြင်း
နံပါတ်၄နဲ့၅ကြောင့်ဖြစ်တဲ့ အူမကြီးကင်ဆာကတော့ အသက်ငယ်ရွယ်တဲ့သူတွေမှာ ဖြစ်ပါတယ် ။

ရောဂါလက္ခဏတွေကတော့ ကင်ဆာဖြစ်တဲ့နေရာပေါ်မှုတည်ပါတယ် ။ အူရဲ့ညာဘက် အူမကြီးအစမှာဖြစ်၇င် ဗိုက်ညာအခြမ်းမှာ အလုံးပေါ်တာ ညာဘက်ဗိုက်အောင့်တာ တွေဖြစ်နိုင်တယ်။
အူမကြီးရဲ့ဘယ်ဘက်ခြမ်း(Rectum)နားမှာကင်ဆာအလုံးဖြစ်ရင် ညှစ်ထားသလိုနာမယ်။ ဝမ်းထဲသွေးပါမယ်။ ဝမ်းသွားပီးကျေနပ်မှုမရှိဘဲ အထဲမှာဝမ်းကျန်သလိုခံစားရမယ်။ ဝမ်းချုပ်မယ် ။သို့မဟုတ် ဝမ်းလျှောမယ်။

အူမကြီးကင်ဆာရှိမရှိအတွက် လုပ်နိုင်တဲ့စမ်းသပ်မှုတွေကတော့ စအိုမှန်ပြောင်းကြည့်တာ ၊ ဆေးဓာတ်မှန်ရိုက်တာ ၊ စီတီရိုက်တာ ၊ သွေးစစ်တာတွေလုပ်နိုင်ပါတယ် ။ အူမကြီးကင်ဆာရှိတယ်လို့သိရင် ကင်ဆာပြန့်မပြန့်အတွက် အာထရာဆောင်း ၊ ရင်ဘတ်ဓာတ်မှန်၊ MRI Scan ၊အရိုးစကန်(Bone Scan)တွေလုပ်ရပါမယ် ။

ကုသတဲ့နေရာမှာ၂မျိုးရှိတယ်။ ရောဂါအဆင့်နုတယ်၊ မပြန့်ဘူး၊ ခွဲစိတ်ဒဏ်ကိုလည်းခံနိုင်တယ်ဆိုရင် အမြစ်ပြတ်ရှင်းတဲ့နည်းကိုသုံးတယ် ။ရောဂါရင့်တယ်ပြန့်လည်းပြန့်နေပြီဆိုရင်တော့ လူနာခံစားရတာသက်သာအောင်ကုတဲ့ နည်းကိုပဲသုံးတယ် ။ နည်းတွေကတော့ ဓာတ်ကင်တာ) ၊ကင်ဆာဆေးနဲ့ကုတာ၊ လေဆာပစ်တာ၊ စတန့်ထည့်တာ တွေဖြစ်ပါတယ်။ ဒါကြောင့် ကျန်းကျန်းမာမာနေထိုင်ဖို့ ဟင်းရွက်များများစားပြီး အဆီအဆိမ့်ကို ရှောင်ပါလို့ တိုက်တွန်းပါရစေ။

Author: Dr528

Previous Post

အူစွပ်ခြင်း

Next Post

မြွေဆိုးမြွေဟောက်အန္တရာယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
482

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
897
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
479
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
756
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
440

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မြွေဆိုးမြွေဟောက်အန္တရာယ်

လေဖြတ်ခြင်းအကြောင်းတစေ့တစောင်း

သားအိမ်ရောင်ရမ်းခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.