fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အမျိုးသားတွေ နေ့စဉ်မှတ်တမ်းထားသင့်တယ်

31
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/07/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Zawgyi)

ေန႔စဥ္မွတ္တမ္းေရးသားတဲ့သူေတြ သမိုင္းတစ္ေလွ်ာက္မွာ ဒုနဲ႔ေဒးဟာ Ernest Hemingway, Gruce Lee, Winton Churchill နဲ႔ Thamas Jetferson တို႔ေတြလည္း အပါအဝင္ပဲ။ သူတို႔တေတြဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ ကြာျခားၾကေပမယ့္ သူတို႔မွာ တူတာေလးတစ္ခုေတာ့ ရွိခဲ့ၾကတယ္။ သူတို႔ေရးခဲ့ ၾကတဲ့ သူတို႔နဲ႔ အေတြးစိတ္ကူး၊ ထင္ျမင္ခ်က္ေတြေၾကာင့္ သူတို႔ခြန္အားနဲ႔ သက္ေတာင့္သက္သာ ျဖစ္ျခင္းကို ခံစားခဲ့ၾကရတယ္။

ကြၽန္ေတာ္တို႔တေတြရဲ႕ ခံစားခ်က္ေတြကို ေရးသားမွတ္သားတာဟာ ခံႏိုင္ရည္ရွိမႈကို အားေပးတာ ျဖစ္ႏိုင္တာလို Texas တကၠသိုလ္မွ လူမႈေရး စိတ္ပညာ အထူးျပဳ ပါေမာကၡ James Pennebaker ဟာ ႏွစ္ေပါင္းအေတာ္ၾကာ ေလ့လာသုံးသပ္ခဲ့တယ္။ ခံစားမႈကို ထိထိမိမိျပတဲ့ ေရးသားမႈဟာ က်န္းမာေရးကို    ေကာင္းမြန္ေစကာ၊ စိတ္ခံစားမႈနာက်င္မႈကို သက္သာေစတယ္လို႔ Pennebaker က ေျပာတယ္။ ရာခ်ီရွိတဲ့ သုံးသပ္ခ်က္ေတြထဲက ထုတ္ေဖာ္ျပသမႈေၾကာင့္ က်န္းမာေရးအက်ိဳးရလဒ္ေတြကို ေဖာ္ျပခဲ့တယ္။ အထူးသျဖင့္ စိတ္ေသာကေရာက္ခဲ့ၿပီးကာစ အခ်ိန္အခါမ်ိဳးေပါ့။

ေရးသားမွတ္ထားျခင္းအားျဖင့္ စိတ္ပူပင္တဲ့ ခံစားမႈေတြကို အဆီအေငၚတည့္စြာ စပ္အပ္ဖြဲ႕စည္းမႈ ရႏိုင္ကာ အဲဒါေတြကို ေက်ာ္လႊားသြားႏိုင္ဖို႔ အေထာက္အကူျပဳတယ္လို႔ Pennebaker က ရွင္းျပတယ္။ သူ ရွာေဖြေတြ႕ရွိခဲ့တဲ့ အခ်က္တစ္ခုကေတာ့ အျပဳသေဘာမေဆာင္တဲ့ အေတြးစိတ္ကူးေတြကို      ေျပာဆိုျခင္းမျပဳဘဲ ခ်ဳပ္ထိန္းထားရင္း ယုံမွားမကင္း ျဖစ္ေစတတ္တယ္တဲ့။

ဒါေၾကာင့္လည္း ေန႔စဥ္မွတ္တမ္းေတြေရးတဲ့ သက္ေရာက္မႈဟာ အမ်ိဳးသားေတြအတြက္ အာနိသင္ေကာင္းၿပီး အစြမ္းထက္တယ္။ အသက္ ၂၀ နဲ႔ ၄၉ ႏွစ္   ၾကား အမ်ိဳးသားေတြကို အမ်ားဆုံး ေသေစႏိုင္တာ မိမိကိုယ္ကို အဆုံးစီရင္တာပဲ ျဖစ္တယ္။ ဒီျပႆနာရဲ႕ အစိတ္အပိုင္းတစ္ခုကေတာ့ အမ်ိဳးသားေတြဟာ ဝမ္းနည္းအားငယ္လာတဲ့အခါ သူတို႔ရဲ႕ ခံစားခ်က္ေတြကို ဖုံးကြယ္ထားကာ အကူအညီမေတာင္းဘဲ ေနလိုၾကတယ္။ UK မွာ စိတ္အားငယ္ညႇိဳးငယ္ရင္    အျခားသူတစ္ေယာက္ကို ဖြင့္ဟေျပာတဲ့ အမ်ိဳးသမီး ၆၇ ရာခိုင္ႏႈန္း ရွိေပမယ့္၊ အမ်ိဳးသား ၅၅ ရာခိုင္ႏႈန္းကသာ တစ္ျခားလူတစ္ဦးကို ဖြင့္ဟထုတ္ေဖာ္ေျပာ   ၾကတယ္။ ဒါေပမယ့္ ဒီအျဖစ္မ်ိဳးဟာ တစ္ျဖည္းျဖည္း ေျပာင္းလဲလာတာကို ေတြ႕ရတယ္။

ဒီလုပ္ရပ္ဟာ အင္မတန္မွ အေရးႀကီးေပမယ့္ ကိုယ့္ရင္ထဲမွာထားကာ ဘယ္သူကိုမွ ထုတ္မေျပာတဲ့ အမ်ိဳးသားေတြ ရွိေနေသးတယ္။ အဲဒီအခါမွာ ကိုယ္ေန႔စဥ္ ဘာေတြလုပ္တယ္ဆိုတဲ့ မွတ္တမ္းဟာ အေရးပါလာကာ အေထာက္အကူ ျဖစ္တာပါပဲ။ ဒီလိုလုပ္ရင္း ကိုယ့္ရင္ထဲက အျဖစ္သနစ္ေတြကို အႏၲရာယ္ကင္းစြာနဲ႔ ဖြင့္ခ်ႏိုင္တဲ့ ေနရာျဖစ္ၿပီး တျခားသူေတြရဲ႕ အကဲျဖတ္ေဝဖန္တာမ်ိဳး ကို စိုးရိမ္စရာလည္း မလိုဘူး။

Pennebaker ရဲ႕အေျပာအရ သူႀကီးျပင္းလာပုံကေတာ့ အိမ္က အျဖစ္အပ်က္ေတြကို ေဝမွ်တာမ်ိဳး မလုပ္ဘဲ သူရဲ႕ခံစားခ်က္ေတြ ေဖာ္ျပခြင့္မရခဲ့ဘူး။ သူရဲ႕  စိတ္ခံစားမႈေတြနဲ႔ ဘယ္ေလာက္အထိ အဆက္အစပ္မရွိသလဲဆိုရင္ သူစဥ္းစားေနတာ (သို႔) ခံစားေနတာကို သတိမမူမိဘူး။ စိတ္ခံစားမႈမရွိသလို ေနကာ၊ ဆက္လက္လႈပ္ရွားေနတာဟာ ပိုၿပီးလြယ္တယ္လို႔လည္း သူထင္ခဲ့တယ္တဲ့။ သူ႔မိခင္ သူ႔ကိုယ္သူ အဆုံးစီရင္သြားၿပီးတဲ့ေနာက္မွာ အားလုံးဟာ ေျပာင္းလဲသြားခဲ့တယ္။ ႏွစ္ႏွစ္အၾကာမွာေတာ့ Pennebaker ရဲ႕စိတ္က်န္းမာေရး ယိုယြင္းခဲ့တယ္။ အဲဒီအခ်ိန္မွာ သူဟာအသက္ ၁၉ ႏွစ္ရွိေနၿပီး၊ ရင္ဖြင့္ေျပာဖို႔ အဆင္သင့္မျဖစ္ေသးတာေၾကာင့္ သူ႔ရဲ႕အႀကံေပးပုဂၢိဳလ္က ေန႔စဥ္မွတ္တမ္းေရးဖို႔ အႀကံျပဳခဲ့တယ္။ ဒါဟာ အေျပာင္းအလဲျဖစ္ဖို႔ အေထာက္အကူျဖစ္ခဲ့ၿပီး အခုဆို ရင္ သူဟာလုပ္ခ်င္တဲ့အခါ၊ သူ႔စိတ္ထဲမွာ ဘာျဖစ္ေနတယ္။ ဘယ္လိုခံစားေနရတယ္ ဆိုတာေတြကို ေဝမွ်ႏိုင္လို႔ သူကေျပာတယ္။

ဒီသက္ေရာက္မႈေတြဟာ ဘယ္ေလာက္အက်ိဳးထူးသလဲဆိုရင္ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေလာက္က စၿပီး၊ သူဟာ တစ္မူထူးတဲ့ ေန႔စဥ္မွတ္တမ္းမ်ိဳးကို သုေတသနျပဳကာ ပုံစံေဖာ္ေနတယ္လို႔ဆိုတယ္။
Pennebaker ရဲ႕ ေန႔စဥ္မွတ္တမ္းကေတာ့ Mind Journal လို႔အမည္ေပးထားကာ လမ္းၫႊန္မႈေပးတဲ့ ပေရာဂ်က္ ျဖစ္တယ္။ ေမးခြန္းေတြ၊ လုပ္ငန္းတာဝန္   ေတြရဲ႕ ျပည့္ေနတဲ့ မွတ္စုစာအုပ္ျဖစ္ၿပီး၊ အမ်ိဳးသားေတြကို သူတို႔ရဲ႕အတြင္းက်က် အေတြးစိတ္ကူးေတြကို ေရးသားမွတ္တမ္းတင္ဖို႔ အားေပးထားတယ္။    ေကာ္ပီစာအုပ္တစ္အုပ္ခ်င္းတြင္ လမ္းၫႊန္မႈစာအုပ္ထည့္ထားၿပီး ေရးမွတ္ခ်င္တဲ့ လူေတြအတြက္ ပြင့္ပြင့္လင္းလင္း လြတ္လြတ္လပ္လပ္ ေဖာ္ထုတ္ဖို႔ လႈံ႕    ေဆာ္ထားတယ္။

သူ႔ရဲ႕ေရးသားမွတ္တမ္းတင္မႈကေတာ့ တိတိက်က် စည္းမ်ဥ္း (သို႔) ေမွ်ာ္လင့္ခ်က္ေတြ ခ်မွတ္ထားတာမပါဘူး။ ေရးသားမွတ္ထားတာကို သူ႔စိတ္အတြက္    ေဆးဝါးလို႔ပဲ ျမင္ထားတယ္လို႔ Pennebaker ကေျပာတယ္။ သူေခါင္းကိုက္တဲ့အခါ စိတ္ပူပန္မႈ (သို႔) ဖိစီးမႈ ျဖစ္တဲ့အခါ ဝါက်အနည္းငယ္ကို ေကာက္ၿပီး    ေရးသားလိုက္တယ္။ အခ်ိန္ကို သတ္သတ္မွတ္မွတ္ မထားဘူး။ ညေနေစာင္းလည္း ျဖစ္ႏိုင္သလို နံနက္မိုးလင္းတာနဲ႔လည္း ျဖစ္ႏိုင္တယ္။

ကြၽန္ေတာ္ရဲ႕ ခံစားမႈကို အၿမဲမေျပာခ်င္ဘူး။ တစ္ခါတေလ ခုထက္ထိ သီးသန႔္ထားခ်င္တာေတြလည္း ရွိတယ္။ ဒါဟာ အဆင္ေျပပါတယ္။ ဘာေၾကာင့္     လည္းဆိုရင္ ကြၽန္ေတာ့္မွာ ေန႔စဥ္မွတ္တမ္းေရးထားတာ ရွိေနလို႔ပဲလို႔ Pennebaker ကေျပာတယ္။

Author: ေမာင္ခ်မ္းသာ, Healthcare Journal.

(Unicode)

 

နေ့စဉ်မှတ်တမ်းရေးသားတဲ့သူတွေ သမိုင်းတစ်လျှောက်မှာ ဒုနဲ့ဒေးဟာ Ernest Hemingway, Gruce Lee, Winton Churchill နဲ့ Thamas Jetferson တို့တွေလည်း အပါအဝင်ပဲ။ သူတို့တတွေဟာ တစ်ယောက်နဲ့ တစ်ယောက် ကွာခြားကြပေမယ့် သူတို့မှာ တူတာလေးတစ်ခုတော့ ရှိခဲ့ကြတယ်။ သူတို့ရေးခဲ့ ကြတဲ့ သူတို့နဲ့ အတွေးစိတ်ကူး၊ ထင်မြင်ချက်တွေကြောင့် သူတို့ခွန်အားနဲ့ သက်တောင့်သက်သာ ဖြစ်ခြင်းကို ခံစားခဲ့ကြရတယ်။

ကျွန်တော်တို့တတွေရဲ့ ခံစားချက်တွေကို ရေးသားမှတ်သားတာဟာ ခံနိုင်ရည်ရှိမှုကို အားပေးတာ ဖြစ်နိုင်တာလို Texas တက္ကသိုလ်မှ လူမှုရေး စိတ်ပညာ အထူးပြု ပါမောက္ခ James Pennebaker ဟာ နှစ်ပေါင်းအတော်ကြာ လေ့လာသုံးသပ်ခဲ့တယ်။ ခံစားမှုကို ထိထိမိမိပြတဲ့ ရေးသားမှုဟာ ကျန်းမာရေးကို    ကောင်းမွန်စေကာ၊ စိတ်ခံစားမှုနာကျင်မှုကို သက်သာစေတယ်လို့ Pennebaker က ပြောတယ်။ ရာချီရှိတဲ့ သုံးသပ်ချက်တွေထဲက ထုတ်ဖော်ပြသမှုကြောင့် ကျန်းမာရေးအကျိုးရလဒ်တွေကို ဖော်ပြခဲ့တယ်။ အထူးသဖြင့် စိတ်သောကရောက်ခဲ့ပြီးကာစ အချိန်အခါမျိုးပေါ့။

ရေးသားမှတ်ထားခြင်းအားဖြင့် စိတ်ပူပင်တဲ့ ခံစားမှုတွေကို အဆီအငေါ်တည့်စွာ စပ်အပ်ဖွဲ့စည်းမှု ရနိုင်ကာ အဲဒါတွေကို ကျော်လွှားသွားနိုင်ဖို့ အထောက်အကူပြုတယ်လို့ Pennebaker က ရှင်းပြတယ်။ သူ ရှာဖွေတွေ့ရှိခဲ့တဲ့ အချက်တစ်ခုကတော့ အပြုသဘောမဆောင်တဲ့ အတွေးစိတ်ကူးတွေကို      ပြောဆိုခြင်းမပြုဘဲ ချုပ်ထိန်းထားရင်း ယုံမှားမကင်း ဖြစ်စေတတ်တယ်တဲ့။

ဒါကြောင့်လည်း နေ့စဉ်မှတ်တမ်းတွေရေးတဲ့ သက်ရောက်မှုဟာ အမျိုးသားတွေအတွက် အာနိသင်ကောင်းပြီး အစွမ်းထက်တယ်။ အသက် ၂၀ နဲ့ ၄၉ နှစ်   ကြား အမျိုးသားတွေကို အများဆုံး သေစေနိုင်တာ မိမိကိုယ်ကို အဆုံးစီရင်တာပဲ ဖြစ်တယ်။ ဒီပြဿနာရဲ့ အစိတ်အပိုင်းတစ်ခုကတော့ အမျိုးသားတွေဟာ ဝမ်းနည်းအားငယ်လာတဲ့အခါ သူတို့ရဲ့ ခံစားချက်တွေကို ဖုံးကွယ်ထားကာ အကူအညီမတောင်းဘဲ နေလိုကြတယ်။ UK မှာ စိတ်အားငယ်ညှိုးငယ်ရင်    အခြားသူတစ်ယောက်ကို ဖွင့်ဟပြောတဲ့ အမျိုးသမီး ၆၇ ရာခိုင်နှုန်း ရှိပေမယ့်၊ အမျိုးသား ၅၅ ရာခိုင်နှုန်းကသာ တစ်ခြားလူတစ်ဦးကို ဖွင့်ဟထုတ်ဖော်ပြော   ကြတယ်။ ဒါပေမယ့် ဒီအဖြစ်မျိုးဟာ တစ်ဖြည်းဖြည်း ပြောင်းလဲလာတာကို တွေ့ရတယ်။

ဒီလုပ်ရပ်ဟာ အင်မတန်မှ အရေးကြီးပေမယ့် ကိုယ့်ရင်ထဲမှာထားကာ ဘယ်သူကိုမှ ထုတ်မပြောတဲ့ အမျိုးသားတွေ ရှိနေသေးတယ်။ အဲဒီအခါမှာ ကိုယ်နေ့စဉ် ဘာတွေလုပ်တယ်ဆိုတဲ့ မှတ်တမ်းဟာ အရေးပါလာကာ အထောက်အကူ ဖြစ်တာပါပဲ။ ဒီလိုလုပ်ရင်း ကိုယ့်ရင်ထဲက အဖြစ်သနစ်တွေကို အန္တရာယ်ကင်းစွာနဲ့ ဖွင့်ချနိုင်တဲ့ နေရာဖြစ်ပြီး တခြားသူတွေရဲ့ အကဲဖြတ်ဝေဖန်တာမျိုး ကို စိုးရိမ်စရာလည်း မလိုဘူး။

Pennebaker ရဲ့အပြောအရ သူကြီးပြင်းလာပုံကတော့ အိမ်က အဖြစ်အပျက်တွေကို ဝေမျှတာမျိုး မလုပ်ဘဲ သူရဲ့ခံစားချက်တွေ ဖော်ပြခွင့်မရခဲ့ဘူး။ သူရဲ့  စိတ်ခံစားမှုတွေနဲ့ ဘယ်လောက်အထိ အဆက်အစပ်မရှိသလဲဆိုရင် သူစဉ်းစားနေတာ (သို့) ခံစားနေတာကို သတိမမူမိဘူး။ စိတ်ခံစားမှုမရှိသလို နေကာ၊ ဆက်လက်လှုပ်ရှားနေတာဟာ ပိုပြီးလွယ်တယ်လို့လည်း သူထင်ခဲ့တယ်တဲ့။ သူ့မိခင် သူ့ကိုယ်သူ အဆုံးစီရင်သွားပြီးတဲ့နောက်မှာ အားလုံးဟာ ပြောင်းလဲသွားခဲ့တယ်။ နှစ်နှစ်အကြာမှာတော့ Pennebaker ရဲ့စိတ်ကျန်းမာရေး ယိုယွင်းခဲ့တယ်။ အဲဒီအချိန်မှာ သူဟာအသက် ၁၉ နှစ်ရှိနေပြီး၊ ရင်ဖွင့်ပြောဖို့ အဆင်သင့်မဖြစ်သေးတာကြောင့် သူ့ရဲ့အကြံပေးပုဂ္ဂိုလ်က နေ့စဉ်မှတ်တမ်းရေးဖို့ အကြံပြုခဲ့တယ်။ ဒါဟာ အပြောင်းအလဲဖြစ်ဖို့ အထောက်အကူဖြစ်ခဲ့ပြီး အခုဆို ရင် သူဟာလုပ်ချင်တဲ့အခါ၊ သူ့စိတ်ထဲမှာ ဘာဖြစ်နေတယ်။ ဘယ်လိုခံစားနေရတယ် ဆိုတာတွေကို ဝေမျှနိုင်လို့ သူကပြောတယ်။

ဒီသက်ရောက်မှုတွေဟာ ဘယ်လောက်အကျိုးထူးသလဲဆိုရင် လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စပြီး၊ သူဟာ တစ်မူထူးတဲ့ နေ့စဉ်မှတ်တမ်းမျိုးကို သုတေသနပြုကာ ပုံစံဖော်နေတယ်လို့ဆိုတယ်။
Pennebaker ရဲ့ နေ့စဉ်မှတ်တမ်းကတော့ Mind Journal လို့အမည်ပေးထားကာ လမ်းညွှန်မှုပေးတဲ့ ပရောဂျက် ဖြစ်တယ်။ မေးခွန်းတွေ၊ လုပ်ငန်းတာဝန်   တွေရဲ့ ပြည့်နေတဲ့ မှတ်စုစာအုပ်ဖြစ်ပြီး၊ အမျိုးသားတွေကို သူတို့ရဲ့အတွင်းကျကျ အတွေးစိတ်ကူးတွေကို ရေးသားမှတ်တမ်းတင်ဖို့ အားပေးထားတယ်။    ကော်ပီစာအုပ်တစ်အုပ်ချင်းတွင် လမ်းညွှန်မှုစာအုပ်ထည့်ထားပြီး ရေးမှတ်ချင်တဲ့ လူတွေအတွက် ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် ဖော်ထုတ်ဖို့ လှုံ့    ဆော်ထားတယ်။

သူ့ရဲ့ရေးသားမှတ်တမ်းတင်မှုကတော့ တိတိကျကျ စည်းမျဉ်း (သို့) မျှော်လင့်ချက်တွေ ချမှတ်ထားတာမပါဘူး။ ရေးသားမှတ်ထားတာကို သူ့စိတ်အတွက်    ဆေးဝါးလို့ပဲ မြင်ထားတယ်လို့ Pennebaker ကပြောတယ်။ သူခေါင်းကိုက်တဲ့အခါ စိတ်ပူပန်မှု (သို့) ဖိစီးမှု ဖြစ်တဲ့အခါ ဝါကျအနည်းငယ်ကို ကောက်ပြီး    ရေးသားလိုက်တယ်။ အချိန်ကို သတ်သတ်မှတ်မှတ် မထားဘူး။ ညနေစောင်းလည်း ဖြစ်နိုင်သလို နံနက်မိုးလင်းတာနဲ့လည်း ဖြစ်နိုင်တယ်။

ကျွန်တော်ရဲ့ ခံစားမှုကို အမြဲမပြောချင်ဘူး။ တစ်ခါတလေ ခုထက်ထိ သီးသန့်ထားချင်တာတွေလည်း ရှိတယ်။ ဒါဟာ အဆင်ပြေပါတယ်။ ဘာကြောင့်     လည်းဆိုရင် ကျွန်တော့်မှာ နေ့စဉ်မှတ်တမ်းရေးထားတာ ရှိနေလို့ပဲလို့ Pennebaker ကပြောတယ်။

Author: မောင်ချမ်းသာ, Healthcare Journal.

Previous Post

မွေးစကလေးငယ်များ ပြုစုစောင့်ရှောက်ပုံ (အပိုင်း ၂)

Next Post

လှပကျန်းမာစေတဲ့ ငှက်ပျောသီး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.3k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
132

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.4k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
624

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လှပကျန်းမာစေတဲ့ ငှက်ပျောသီး

တံထွေးအထွက်များခြင်း

သွားရည် တမြမြ ဘာကြောင့် ဖြစ်ရတယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.