လူတွေမှာ လိင်စိတ်ဆန္ဒနဲ့ ပတ်သက်ပြီး စံလွဲတဲ့ အပြုအမူတွေ ရှိတတ်တယ်လို့ သိထားခဲ့ရပါတယ် ဆရာ။ အဲဒီလိုစံလွဲတဲ့ အပြုအမူတွေဟာ ရှေးနှစ်ပေါင်းများစွာကတည်းက ရှိခဲ့တာလို့ ဆိုပါတယ်။ လူသေအလောင်းကောင်နဲ့ လိင်ဆက်ဆံတာမျိုး၊ တိရစ္ဆာန်နဲ့ လိင်ဆက်ဆံတဲ့ အပြုမူမျိုး ရှိတယ်ဆိုတာ ကြားဖူးမှတ်ဖူးပါတယ်။ အဲဒီအကြောင်းလေးတွေ ဆွေးနွေးစေချင်ပါတယ် ဆရာ။
ဆေးပညာအရပေါ့ဗျာ။ Abnormal Sexual Behaviors တော်တော်များများရှိတယ်။ ဥပမာတွေ ပြောပြမယ်ဗျာ။ Exhibitionism ဆိုတာက မိမိရဲ့ လိင်အင်္ဂါကို လှစ်ဟာပြတတ်တဲ့ စံလွဲအပြုအမူပေါ့။ Fetishism က အမျိုးသမီးရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း၊ အဝတ်အစား၊ ပစ္စည်းတန်ဆာများနဲ့ လိင်ဆန္ဒပြီးမြောက်စေတာမျိုး Sadism ဆိုတာကတော့ ကြမ်းကြုတ်တဲ့ရာဂစိတ်မျိုးဖြစ်ပြီး ကြမ်းတမ်းတဲ့ အပြုအမူမျိုး ပြုလုပ်တတ်တာ။ Necrophilis က အသေကောင်နဲ့ ကာမစပ်ယှက်တာ။ Sadistic Act. ဆိုတာက တိရစ္ဆာန်နဲ့ ကာမစပ်ယှက်တာ။ သာယာမှုဖြစ်ခြင်းစတာတွေလည်း ရှိတယ်ဗျာ။ Paedophilis ဆိုတာကတော့ အရွယ်မရောက်သေးသူနဲ့ လိင်ဆက်ဆံလိုတဲ့ ဆန္ဒရှိတာ။ Bestistity က လူနဲ့တိရစ္ဆာန်ကာမစပ်ယှက်ခြင်း၊ Inest ဆိုတာ သွေးသားရင်းချာနဲ့ ကာမစပ်ယှက်တာနဲ့ Transvestism မိန်းမလျာယောက်ျားလျာဝါဒတွေကလည်း စံလွဲတဲ့စိတ်၊ စံလွဲတဲ့အပြုအမူတွေပဲပေါ့ဗျာ။
ဆရာပြောပြခဲ့တဲ့ စံလွဲတဲ့ စိတ်ဆန္ဒ၊ စံလွဲတဲ့အပြုအမူတွေကတော့ အများကြီးပါပဲ။ ဆရာ့အနေနဲ့ အဖြစ်များတဲ့ ပြ ဿနာတွေကို အနည်းအကျဉ်းရှင်းပြပေးစေချင်ပါတယ်။Exhibitionism ကတော့ တွေ့ရများတဲ့ စံလွဲအပြုအမူတစ်ခုပါပဲ။ မိမိရဲ့လိင်အင်္ဂါကို အခြားသူတွေကို လှစ်ဟပြတဲ့ စံလွဲတဲ့အပြုအမူပေါဗျာ။ အသက်အရွယ်အနေနဲ့ ကြည့်ရင်လူလတ်ပိုင်းတွေမှာ အဖြစ်များတယ်။ အရွယ်ရောက်ပြီးချိန်မှ အသက်လေးဆယ်အတွင်း အမျိုးသားတွေ ပြုလုပ်တတ်ကြတယ်။ မိမိနဲ့ မသိကျွမ်းမရင်းနှီးတဲ့ အမျိုးသမီးများကို မိမိရဲ့လိင်အင်္ဂါကို လှစ်ဟပြလိုက်ခြင်းနဲ့ စိတ်ကျေနပ်မှု ရနိုင်ကြတတ်တယ်။ အဲဒီလိုလုပ်ပြလိုက်ရတာကိုပဲ စိတ်ကျေနပ်၊ အာသာပြေသွားတတ်ကြတာမျိုး ပြောတာပါ။
Paedophilia ဆိုတဲ့ အရွယ်မရောက်သေးသူရဲ့ လိင်ဆက်ဆံလိုတဲ့ ပြဿနာမျိုးကကော ဆရာ။
အဲဒီလိုစံလွဲတဲ့ စိတ်ဆန္ဒက အမျိုးသားများတွေမှာသာ တွေ့ရတတ်တာပါ။ ကလေးငယ်များအနည်းပေါ့ဗျာ။ အရွယ်မရောက်သေးတဲ့ သူနဲ့လိင်ဆက်ဆံလိုတာတင် မဟုတ်ဘူး။ တချို့ဆိုရင် အရွယ်မရောက်သေးသူနဲ့ လက်ထပ်ချင်တဲ့စိတ်မျိုးထိ ရှိတတ်ကြတယ်။ အရက်အလွန်အကျွံသောက်တဲ့ အမျိုးသားတွေမှာ ပိုပြီးဖြစ်တတ်တယ် လို့သိရပါတယ်။
ဒါနဲ့စကားမစပ် ဆရာ။ ဒီနေ့အချိန်မှာ လိင်ပြောင်းလဲမှု ပြုလုပ်တာ မျိုးကြားနေရပါတယ်။ အဲဒီ အကြောင်းလေးလည်း ဗဟုသုတအဖြစ် သိချင်ပါသေးတယ်။
အမျိုးသား၊ အမျိုးသမီး (ယောကျ်ား၊ မိန်းမ) ဆိုတာမှာ ဗီဇဂျင်းက အဓိက,ကဖြစ်တယ်လေ။ ခရိုဆိုဆုန်းမှာ လိင်ခရိုမိုဆုန်းဆိုတာရှိတယ်။ အဲဒီမှာ ဝိုင် Y နဲ့ အိတ်က်စ် X ဆိုတာ ရှိတယ်။ အိပ်စ်နှစ်ခုပါရင် မိန်းကလေး၊ အိတ်က်စ်တစ်ခုဝိုင်တစ်ခု XY ဆိုရင် ယောကျာ်းလေး။အဲဒီဗီဇအခြေခံပြီး ယောကျ်ားလေးလိင်အင်္ဂါ၊ မိန်းကလေးလိင်အင်္ဂါ ဆိုတာတွေ ဖွံ့ဖြိုးဖြစ်ပေါ်လာတယ်လေ။ တချို့မှာ ဗီဇချို့ယွင်းမှုကြောင့်ဖြစ်ဖြစ်၊ ဟော်မုန်းချို့ယွင်းမှုကြောင့်ဖြစ်ဖြစ် လိင်အင်္ဂါ အသွင်သဏ္ဍာန်တွေ လွဲမှားမှုတွေ ဖြစ်တတ်ပါတယ်။ဥပမာပေါ့ဗျာ။ အမျိုးသမီးတစ်ယောက်ရဲ့ အင်္ဂါစေ့ Clitoris ဟာ သာမန်ထက်ပိုပြီး ကြီးထွားလာတတ်တယ်။ Paraphilia လို့ခေါ်တယ်။ သိပ်ကြီးထွားလာလို့ ယောကျ်ားလိင်အင်္ဂါနဲ့ တူလာတဲ့အခါ လိင်အင်္ဂါပြောင်းလဲမှုမျိုး ပြုလုပ်တတ်ကြတယ်။
ဆေးပညာကတော့ ရှုပ်ထွေးပါတယ်။ ဗီဇသဘာဝက အမျိုးသားဖြစ်နေပေမယ့် ပြင်ပအသွင်သဏ္ဍာန်က မိန်းကလေးလို ဖြစ်တာမျိုး ရှိပါတယ်။ အဲဒီလိုရောဂါမျိုးမှာ ခွဲစိတ်ပြုပြင်ရတာမျိုး လုပ်ကြရတယ်။××× စလွဲတဲ့ လိင်စိတ်ဆန္ဒနဲ့ စံလွဲတဲ့အပြုအမူတွေကို ပြုပြင်လို့ရနိုင်ပါသလား သိချင်ပါတယ်။ ရတာပေါ့ဗျာ။ စိတ်ပညာကုထုံးတစ်ရပ်ဖြစ်တဲ့ အပြုအမူဆိုင်ရာကုထုံး Behavioral Therapy နဲ့ ကုလို့ရတယ်။ စံလွဲတဲ့ အပြုအမူများ ပပျောက်သွားစေပြီး ပုံမှန်အပြုအမူတွေ ဆောင်ရွက်ဖို့ ဆွေးနွေးလမ်းညွှန်ပေးရပါတယ်။ အုပ်စုလိုက်ပညာပေးဆွေးနွေးတာ Group Counselling ဆိုတာမျိုးလုပ်နိုင်ပါတယ်။ ဥပမာ မိန်းမလျာဝါဒ၊ ယောကျ်ားလျာဝါဒ ရှိသူတွေ စုပေါင်းပြီး Group Counselling လုပ်တာမျိုးပေါ့ဗျာ။ ဆန္ဒပြီးမြောက်ဖို့အတွက် စံလွဲတဲ့အပြုအမူများနဲ့ မဟုတ်ဘဲ ပုံမှန်အပြုအမူများနဲ့ လုပ်ဆောင်နိုင်ကြောင်း လမ်းညွှန်ပြသပေးနိုင်ပါတယ်။ စံလွဲတဲ့အပြုအမူများကို လုပ်ဆောင်ရမှာကို ရှက်တတ်လာအောင် ရွံရှာတတ်လာအောင် မှားယွင်းမှန်းသိလာအောင် ဆွေးနွေးပြောကြားရမှာပါ။ လိုအပ်ရင် ဆေးဝါးများလည်း သုံးစွဲနိုင်ပါတယ်။
Author: Dr. အေးကျော်(ဇီဝကမ္မဗေဒ), တိုးတိုးတိတ်တိတ်ပွင့်ပွင့်လင်းလင်းဆွေးနွေးရအောင်