fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ဝါးတားတား သတင်း

20
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/07/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

မည္သည့္သတင္းပင္ျဖစ္ေစ၊ သတင္းတစ္ခု၏ အဂၤါရပ္ ျပည့္စုံမွသာ ထိုသတင္းဖတ္သူတို႔အဖို႔ ရွင္းလင္းျပတ္သားစြာ သိျမင္သြားႏိုင္မည္ ျဖစ္ပါသည္။  သတင္း၏ အဂၤါရပ္မျပည့္စုံသည့္အခါတြင္ ဖတ္သူတို႔အဖို႔ ဇေဝဇဝါျဖစ္ႏိုင္သည့္အျပင္ ထိုသတင္းေၾကာင့္လည္း မိမိတို႔ ထင္ျမင္စြာ ဆြဲယူေတြးေတာၾကၿပီး     ေကာင္းက်ိဳးထက္ ဆိုးက်ိဳးဘက္ကို ေရာက္သြားႏိုင္ရသည္လည္း ျဖစ္တတ္ၾကပါသည္။ မၾကာခင္ကာလတုန္းက သတင္းစာတြင္ HIV ကုသသည့္ေဆးဝါးတစ္မ်ိဳး သတင္းတစ္ပုဒ္ ေရးသားပါဝင္ေလရာ နီးစပ္သူမ်ားမွ ကြၽန္ေတာ့္ထံ ေမးခြန္းေပါင္းမ်ားစြာ ေမးျမန္းလာမႈကို ေတြ႕ႀကဳံခဲ့ရပါသည္။ ေနာက္ဆုံးမိတ္ေဆြတစ္ဦးမွ ထိုသတင္းကို ဓာတ္ပုံ႐ိုက္ၿပီး လာ၍ျပသမွသာ ထိုသတင္းကို ဖတ္ရႈၾကည့္ရာ ဝါးတားတာသတင္း တစ္ပုဒ္ျဖစ္ေနေၾကာင္း သိရေလေတာ့သည္။

ထိုသတင္း၏ အက်ဥ္းမွာ HIV ရွိသူတို႔အားတိုက္ေကြၽးၾကသည့္ ေဆးဝါးတစ္မ်ိဳးကို ျမန္မာႏိုင္ငံတြင္FDA ၏ ခြင့္ျပဳခ်က္ရသည္ႏွင့္ ထုတ္လုပ္မည္ျဖစ္ေၾကာင္း သို႔ေသာ္ ေဆးတစ္မ်ိဳးတည္းျဖင့္ HIV ရွိသူတို႔ကို ကုသ၍ ရမည္မဟုတ္ေၾကာင္း ထို႔အျပင္ အသည္းေရာင္ေရာဂါပိုး ျဖစ္သည့္ ဘီပိုးႏွင့္စီပိုးတို႔ကိုပါ ကုသ၍ ရေၾကာင္းပင္ ျဖစ္ပါသည္။ ထိုသတင္းသည္ ျပည့္စုံမႈ မရွိသည့္အျပင္ သတင္းေရးသားသူ၏ ဗဟုသုတႂကြယ္ဝမႈ မရွိျခင္း၊ သတင္းထုတ္ျပန္သူမ်ား၏ ရွင္း လင္းျပတ္သားေသာ သတင္းထုတ္ျပန္မႈမရွိျခင္း စသည့္ အားနည္းခ်က္မ်ားစြာကို ဖတ္ရႈသုံးသပ္မိလိုက္ပါသည္။

ထိုသတင္းေၾကာင့္ HIV ရွိသူတို႔၏ ေလာကတြင္ HIV ကိုကုသသည့္ ေဆးဝါးလည္း ထုတ္မယ္ေျပာၿပီး ကုသလို႔လည္း မရဘူးဆိုသည့္သတင္းသည္ HIV ရွိသူတို႔၏ ဇေဝဇဝါ ျဖစ္ေစၿပီး အဓိပၸာယ္ေဖာ္မရေသာ သတင္းတစ္ပုဒ္သာ ျဖစ္သြားရပါေတာ့သည္။ အခ်ိဳ႕ေသာ ေဆးဝယ္ေသာက္ေနသူမ်ားကလည္း ထိုသတင္းေၾကာင့္ မည္သို႔ ခရီးဆက္ရမည္ကို မေဝခြဲတတ္ ျဖစ္သြားရပါေတာ့သည္။ အမွန္တကယ္တြင္ မိမိႏိုင္ငံတြင္ ထုတ္လုပ္မည့္ HIV ကုသေသာ ေဆးဝါးသည္ ARV ေဆးဝါးေပါင္းမ်ားစြာထဲမွ မည့္သည့္ေဆးဝါးျဖစ္သည္။

ထိုေဆးဝါးသည္ အသည္းေရာင္ ဘီပိုးႏွင့္စီပိုးရွိသူမ်ားကိုလည္း ကုသ၍ ရေစႏိုင္ေသာသတင္း အခ်က္အလက္ ျပည့္စုံစြာ ေဖာ္ျပသင့္ပါသည္။ သို႔မဟုတ္ပါက ထိုသတင္း ထုတ္ျပန္ေပးသည့္ တာဝန္ရွိသူမ်ားက သတင္းလာယူသည့္ သတင္းေထာက္မ်ားကို အစမွ အဆုံး ေသခ်ာေရရာစြာ ရွင္းျပေပးလိုက္သင့္ပါသည္။ သတင္းအမွားကို ေရးသားလိုက္မိပါက မည္မွ်အထိ ထိုဆိုးက်ိဳးမ်ား သက္ေရာက္သြားႏိုင္သည္ကိုပါ သတိေပးၿပီး သတင္းထုတ္ျပန္ေပးသင့္ျခင္းမ်ိဳးသာ   ျဖစ္သင့္ပါသည္။ ယခုကဲ့သို႔ ဇေဝဇဝါ ျဖစ္ေစႏိုင္သည့္ သတင္းေၾကာင့္ HIV ရွိေနသူမ်ားအတြက္ အက်ိဳးတစ္ခု သက္ေရာက္လာျခင္းမ်ိဳး မျဖစ္ေစဘဲ အက်ိဳးမဲ့သတင္းတစ္ပုဒ္သာ ျဖစ္သြားရပါေတာ့သည္။ ထိုသတင္းကို ဖတ္ရႈလိုက္သည့္ ကြၽမ္းက်င္သူမ်ားအတြက္ ခ်ဲ႕ထြင္စဥ္းစားမိေသာအခါ အေျဖတစ္ခု ရရွိပါ     ေသာ္လည္း HIV ကုသသည့္ ေဆးဝါးမ်ားအေၾကာင္း နားမလည္သူမ်ားအတြက္ေတာ့ ရႈပ္ေထြးသြားရမႈကိုသာ ျဖစ္ေပၚေစပါေတာ့သည္။

ကြၽန္ေတာ္သည္ ထိုသတင္းကို ဖတ္ရႈမိေသာအခါ သတင္းထုတ္ျပန္လိုသည့္ အဖြဲ႕အစည္း၏ ရည္႐ြယ္ခ်က္ကို ဆက္စပ္သုံးသပ္မိပါသည္။ HIV မ်ားကို ကုသသည့္မ်ားအေၾကာင္း ေစ့စပ္စြာ သိထားသူတစ္ေယာက္အတြက္မူ ဆက္စပ္ေတြးေတာမႈေၾကာင့္ အေျဖထြက္လာေသာ္လည္း နားမလည္သူမ်ား အတြက္မူ ရႈပ္ေထြးေစေသာ သတင္းသာ ျဖစ္သြားရပါေတာ့သည္။ HIV ကို ကုသသည့္ ARV ေဆးဝါးမ်ားတြင္ အဓိက အုပ္စုႀကီး သုံးခုရွိေနပါသည္။ NRTI, NNRTI, PI ဟူေသာ ARV ေဆးဝါးအုပ္စုရွိပါသည္။ ထိုေဆးဝါး အနည္းဆုံး သုံးမွ အုပ္စုႏွစ္စုေဆး အမ်ိဳးအစား မတူညီသည့္ ေဆးဝါးအနည္းဆုံး သုံးခုေပါင္းစပ္တြဲ၍ ေသာက္ေစရျခင္းမ်ိဳးပင္ ျဖစ္ပါသည္။ ပထမလိုင္း ART ေဆးဝါးအျဖစ္ NRTI အုပ္စုမွ ႏွစ္မ်ိဳးႏွင့္ NNRTI အုပ္စုမွ တစ္မ်ိဳးကို တြဲစပ္တိုက္ပါမွ HIV ပိုးကို ေကာင္းမြန္စြာ ထိန္းခ်ဳပ္ႏိုင္ျခင္းပင္ ျဖစ္ပါသည္။ ထိုအုပ္စုမ်ားထဲမွ NRTI အုပ္စုရွိ ေဆးဝါးမ်ားထဲတြင္ 3TC ဟုေခၚသည့္ Lamuvudine ေဆးဝါးသည္ အသုံးမ်ားေသာေဆးမ်ားျဖစ္သလို အသည္းေရာင္ဘီႏွင့္ စီပိုးတို႔ကိုပါ ကုသေပး၍ ရေနပါသည္။ ထို 3TC ေဆးအပါအဝင္ ေနာက္ထပ္ ARV ေဆးႏွစ္မ်ိဳး   ထပ္မံေပါင္းစပ္ၿပီး ေဆးေပါင္းကုထုံးအျဖစ္ HIV ရွိသူတို႔ကို ART ေဆးအျဖစ္ တိုက္ရျခင္းျဖစ္ပါသည္။ ထို 3TC ေဆးတစ္မ်ိဳးတည္းျဖင့္ HIV ရွိသူတို႔ကို 3TC ေဆးအျဖစ္ တိုက္၍မရေပ။ သို႔ေသာ္ ထို 3TC ေဆးသည္ ဘီပိုးႏွင့္ စီပိုးရွိေနသူမ်ားကို ကုသရာတြင္လည္း အသုံးျပဳ၍ ရေနပါသည္။

ယခုကဲ့သို႔ ထုတ္ျပန္လိုက္ေသာ HIV ကုသသည့္ေဆးဟု မသဲမကြဲ ေရးသားသည္ကို နားလည္သူမ်ားအတြက္ မည္သည့္ေဆးဝါး ျဖစ္သည္ကို ဆက္စပ္   ေတြးေတာ ႏိုင္ေသာ္လည္း သာမန္လူမ်ားအတြက္ ထိုသို႔ဆက္စပ္ ေတြးေတာႏိုင္မည္ မဟုတ္ပါ။ ထိုေဆးတစ္မ်ိဳးတည္းျဖင့္ HIV ရွိသူမ်ားကို ကုသ၍     မရျခင္းႏွင့္ အသည္းေရာင္ဘီပိုးစီပိုးတို႔ကိုပါ ကုသ၍ ရေနေသာ ေဆးသည္ ထို 3TC ေခၚ Lamuvudine ေဆးပင္ျဖစ္သည္ဟု ခန႔္မွန္းလိုက္မိပါသည္။     သို႔ေသာ္ ထိုေဆးဝါးဟု တိတိက်က် သတင္းေရးသားသည့္အတြက္ HIV မ်ားကိုတိုက္သည့္ေဆး ဟုလည္း ဆိုေသး ကုသ၍ မရဟုလည္း ေျပာသျဖင့္ မည္သို႔နားလည္ရမွန္းမသိသြားသည့္ HIV ရွိသူအမ်ားစု ထြက္ေပၚလာရျခင္းလည္း ျဖစ္ပါသည္။ HIV ရွိေနသူတို႔၏ နားစြင့္ေနၾကမႈသည္ HIV ေပ်ာက္သည့္ေဆးႏွင့္ ေနာက္ထပ္အဆင့္ျမင့္ ေဆးဝါးေကာင္းမ်ား၏ သတင္းမ်ားကိုသာ အဓိကထားၿပီး ေမွ်ာ္လင့္ေနၾကသူမ်ားျဖစ္ပါသည္။ ထို႔အတြက္ေၾကာင့္ HIV ေလာကအတြက္ သတင္းတစ္ပုဒ္ ေရးသားေတာ့မည္ ဆိုလွ်င္ ႏွံ႔စပ္ကြၽမ္းက်င္သူမ်ားႏွင့္ တိုင္ပင္ကာ ေရးသားထုတ္ျပန္သင့္ၿပီး ထိုသတင္း၏ အဂၤါခ်ိဳ႕တဲ့မႈမ်ား       ေၾကာင့္ HIV ရွိသူတို႔အေပၚ ဝန္မပိေစရန္ ေရးသားတင္ျပလိုက္ရပါေတာ့သည္။

Author: Hlaing (peer), Healthcare Journal, vol 8, no 19 (26.5.17)

မည်သည့်သတင်းပင်ဖြစ်စေ၊ သတင်းတစ်ခု၏ အင်္ဂါရပ် ပြည့်စုံမှသာ ထိုသတင်းဖတ်သူတို့အဖို့ ရှင်းလင်းပြတ်သားစွာ သိမြင်သွားနိုင်မည် ဖြစ်ပါသည်။  သတင်း၏ အင်္ဂါရပ်မပြည့်စုံသည့်အခါတွင် ဖတ်သူတို့အဖို့ ဇဝေဇဝါဖြစ်နိုင်သည့်အပြင် ထိုသတင်းကြောင့်လည်း မိမိတို့ ထင်မြင်စွာ ဆွဲယူတွေးတောကြပြီး     ကောင်းကျိုးထက် ဆိုးကျိုးဘက်ကို ရောက်သွားနိုင်ရသည်လည်း ဖြစ်တတ်ကြပါသည်။ မကြာခင်ကာလတုန်းက သတင်းစာတွင် HIV ကုသသည့်ဆေးဝါးတစ်မျိုး သတင်းတစ်ပုဒ် ရေးသားပါဝင်လေရာ နီးစပ်သူများမှ ကျွန်တော့်ထံ မေးခွန်းပေါင်းများစွာ မေးမြန်းလာမှုကို တွေ့ကြုံခဲ့ရပါသည်။ နောက်ဆုံးမိတ်ဆွေတစ်ဦးမှ ထိုသတင်းကို ဓာတ်ပုံရိုက်ပြီး လာ၍ပြသမှသာ ထိုသတင်းကို ဖတ်ရှုကြည့်ရာ ဝါးတားတာသတင်း တစ်ပုဒ်ဖြစ်နေကြောင်း သိရလေတော့သည်။

ထိုသတင်း၏ အကျဉ်းမှာ HIV ရှိသူတို့အားတိုက်ကျွေးကြသည့် ဆေးဝါးတစ်မျိုးကို မြန်မာနိုင်ငံတွင်FDA ၏ ခွင့်ပြုချက်ရသည်နှင့် ထုတ်လုပ်မည်ဖြစ်ကြောင်း သို့သော် ဆေးတစ်မျိုးတည်းဖြင့် HIV ရှိသူတို့ကို ကုသ၍ ရမည်မဟုတ်ကြောင်း ထို့အပြင် အသည်းရောင်ရောဂါပိုး ဖြစ်သည့် ဘီပိုးနှင့်စီပိုးတို့ကိုပါ ကုသ၍ ရကြောင်းပင် ဖြစ်ပါသည်။ ထိုသတင်းသည် ပြည့်စုံမှု မရှိသည့်အပြင် သတင်းရေးသားသူ၏ ဗဟုသုတကြွယ်ဝမှု မရှိခြင်း၊ သတင်းထုတ်ပြန်သူများ၏ ရှင်း လင်းပြတ်သားသော သတင်းထုတ်ပြန်မှုမရှိခြင်း စသည့် အားနည်းချက်များစွာကို ဖတ်ရှုသုံးသပ်မိလိုက်ပါသည်။

ထိုသတင်းကြောင့် HIV ရှိသူတို့၏ လောကတွင် HIV ကိုကုသသည့် ဆေးဝါးလည်း ထုတ်မယ်ပြောပြီး ကုသလို့လည်း မရဘူးဆိုသည့်သတင်းသည် HIV ရှိသူတို့၏ ဇဝေဇဝါ ဖြစ်စေပြီး အဓိပ္ပာယ်ဖော်မရသော သတင်းတစ်ပုဒ်သာ ဖြစ်သွားရပါတော့သည်။ အချို့သော ဆေးဝယ်သောက်နေသူများကလည်း ထိုသတင်းကြောင့် မည်သို့ ခရီးဆက်ရမည်ကို မဝေခွဲတတ် ဖြစ်သွားရပါတော့သည်။ အမှန်တကယ်တွင် မိမိနိုင်ငံတွင် ထုတ်လုပ်မည့် HIV ကုသသော ဆေးဝါးသည် ARV ဆေးဝါးပေါင်းများစွာထဲမှ မည့်သည့်ဆေးဝါးဖြစ်သည်။

ထိုဆေးဝါးသည် အသည်းရောင် ဘီပိုးနှင့်စီပိုးရှိသူများကိုလည်း ကုသ၍ ရစေနိုင်သောသတင်း အချက်အလက် ပြည့်စုံစွာ ဖော်ပြသင့်ပါသည်။ သို့မဟုတ်ပါက ထိုသတင်း ထုတ်ပြန်ပေးသည့် တာဝန်ရှိသူများက သတင်းလာယူသည့် သတင်းထောက်များကို အစမှ အဆုံး သေချာရေရာစွာ ရှင်းပြပေးလိုက်သင့်ပါသည်။ သတင်းအမှားကို ရေးသားလိုက်မိပါက မည်မျှအထိ ထိုဆိုးကျိုးများ သက်ရောက်သွားနိုင်သည်ကိုပါ သတိပေးပြီး သတင်းထုတ်ပြန်ပေးသင့်ခြင်းမျိုးသာ   ဖြစ်သင့်ပါသည်။ ယခုကဲ့သို့ ဇဝေဇဝါ ဖြစ်စေနိုင်သည့် သတင်းကြောင့် HIV ရှိနေသူများအတွက် အကျိုးတစ်ခု သက်ရောက်လာခြင်းမျိုး မဖြစ်စေဘဲ အကျိုးမဲ့သတင်းတစ်ပုဒ်သာ ဖြစ်သွားရပါတော့သည်။ ထိုသတင်းကို ဖတ်ရှုလိုက်သည့် ကျွမ်းကျင်သူများအတွက် ချဲ့ထွင်စဉ်းစားမိသောအခါ အဖြေတစ်ခု ရရှိပါ     သော်လည်း HIV ကုသသည့် ဆေးဝါးများအကြောင်း နားမလည်သူများအတွက်တော့ ရှုပ်ထွေးသွားရမှုကိုသာ ဖြစ်ပေါ်စေပါတော့သည်။

ကျွန်တော်သည် ထိုသတင်းကို ဖတ်ရှုမိသောအခါ သတင်းထုတ်ပြန်လိုသည့် အဖွဲ့အစည်း၏ ရည်ရွယ်ချက်ကို ဆက်စပ်သုံးသပ်မိပါသည်။ HIV များကို ကုသသည့်များအကြောင်း စေ့စပ်စွာ သိထားသူတစ်ယောက်အတွက်မူ ဆက်စပ်တွေးတောမှုကြောင့် အဖြေထွက်လာသော်လည်း နားမလည်သူများ အတွက်မူ ရှုပ်ထွေးစေသော သတင်းသာ ဖြစ်သွားရပါတော့သည်။ HIV ကို ကုသသည့် ARV ဆေးဝါးများတွင် အဓိက အုပ်စုကြီး သုံးခုရှိနေပါသည်။ NRTI, NNRTI, PI ဟူသော ARV ဆေးဝါးအုပ်စုရှိပါသည်။ ထိုဆေးဝါး အနည်းဆုံး သုံးမှ အုပ်စုနှစ်စုဆေး အမျိုးအစား မတူညီသည့် ဆေးဝါးအနည်းဆုံး သုံးခုပေါင်းစပ်တွဲ၍ သောက်စေရခြင်းမျိုးပင် ဖြစ်ပါသည်။ ပထမလိုင်း ART ဆေးဝါးအဖြစ် NRTI အုပ်စုမှ နှစ်မျိုးနှင့် NNRTI အုပ်စုမှ တစ်မျိုးကို တွဲစပ်တိုက်ပါမှ HIV ပိုးကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခြင်းပင် ဖြစ်ပါသည်။ ထိုအုပ်စုများထဲမှ NRTI အုပ်စုရှိ ဆေးဝါးများထဲတွင် 3TC ဟုခေါ်သည့် Lamuvudine ဆေးဝါးသည် အသုံးများသောဆေးများဖြစ်သလို အသည်းရောင်ဘီနှင့် စီပိုးတို့ကိုပါ ကုသပေး၍ ရနေပါသည်။ ထို 3TC ဆေးအပါအဝင် နောက်ထပ် ARV ဆေးနှစ်မျိုး   ထပ်မံပေါင်းစပ်ပြီး ဆေးပေါင်းကုထုံးအဖြစ် HIV ရှိသူတို့ကို ART ဆေးအဖြစ် တိုက်ရခြင်းဖြစ်ပါသည်။ ထို 3TC ဆေးတစ်မျိုးတည်းဖြင့် HIV ရှိသူတို့ကို 3TC ဆေးအဖြစ် တိုက်၍မရပေ။ သို့သော် ထို 3TC ဆေးသည် ဘီပိုးနှင့် စီပိုးရှိနေသူများကို ကုသရာတွင်လည်း အသုံးပြု၍ ရနေပါသည်။

ယခုကဲ့သို့ ထုတ်ပြန်လိုက်သော HIV ကုသသည့်ဆေးဟု မသဲမကွဲ ရေးသားသည်ကို နားလည်သူများအတွက် မည်သည့်ဆေးဝါး ဖြစ်သည်ကို ဆက်စပ်   တွေးတော နိုင်သော်လည်း သာမန်လူများအတွက် ထိုသို့ဆက်စပ် တွေးတောနိုင်မည် မဟုတ်ပါ။ ထိုဆေးတစ်မျိုးတည်းဖြင့် HIV ရှိသူများကို ကုသ၍     မရခြင်းနှင့် အသည်းရောင်ဘီပိုးစီပိုးတို့ကိုပါ ကုသ၍ ရနေသော ဆေးသည် ထို 3TC ခေါ် Lamuvudine ဆေးပင်ဖြစ်သည်ဟု ခန့်မှန်းလိုက်မိပါသည်။     သို့သော် ထိုဆေးဝါးဟု တိတိကျကျ သတင်းရေးသားသည့်အတွက် HIV များကိုတိုက်သည့်ဆေး ဟုလည်း ဆိုသေး ကုသ၍ မရဟုလည်း ပြောသဖြင့် မည်သို့နားလည်ရမှန်းမသိသွားသည့် HIV ရှိသူအများစု ထွက်ပေါ်လာရခြင်းလည်း ဖြစ်ပါသည်။ HIV ရှိနေသူတို့၏ နားစွင့်နေကြမှုသည် HIV ပျောက်သည့်ဆေးနှင့် နောက်ထပ်အဆင့်မြင့် ဆေးဝါးကောင်းများ၏ သတင်းများကိုသာ အဓိကထားပြီး မျှော်လင့်နေကြသူများဖြစ်ပါသည်။ ထို့အတွက်ကြောင့် HIV လောကအတွက် သတင်းတစ်ပုဒ် ရေးသားတော့မည် ဆိုလျှင် နှံ့စပ်ကျွမ်းကျင်သူများနှင့် တိုင်ပင်ကာ ရေးသားထုတ်ပြန်သင့်ပြီး ထိုသတင်း၏ အင်္ဂါချို့တဲ့မှုများ       ကြောင့် HIV ရှိသူတို့အပေါ် ဝန်မပိစေရန် ရေးသားတင်ပြလိုက်ရပါတော့သည်။

Author: Hlaing (peer), Healthcare Journal, vol 8, no 19 (26.5.17)

Previous Post

လိင်အင်္ဂါ အရေပြား ဖြတ်တောက်ခြင်း

Next Post

မွေးစကလေးငယ်များ ပြုစုစောင့်ရှောက်ပုံ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
781
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
639

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မွေးစကလေးငယ်များ ပြုစုစောင့်ရှောက်ပုံ

သေးသေးလေးလား အကြီးကြီးလား.....သတိပြုရန် ဝက်တုတ်ကွေးရောဂါ

အာသီးေရာင္တယ္ဆိုတာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.