fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

သားအိမ်ခေါင်းကင်ဆာ

489
VIEWS
Share on FacebookShare on TwitterShare on Linkedin
14/09/2017
in ရောဂါကြီးများ
1 min read
A A

သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာက မြန်မာနိုင်ငံမှာဆိုရင်တော့ အမျိုးသမီးတွေမှာ အဖြစ်များဆုံး ကင်ဆာပါ။ တစ်ကမ္ဘာလုံးအနေနဲ့ကြည့်ရင်တော့ အမျိုးသမီးတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာပါ။ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနှုန်းမှာ တစ်ကမ္ဘာလုံး အနေနဲ့ကြည့်ရင် တစ်နှစ် တစ်နှစ်ရောဂါသစ်ဖြစ်သူ အနေနဲ့အမျိုးသမီး ၅ သိန်း နီးပါးရှိပြီး သေဆုံးမှုမှာ တစ်နှစ်လျှင် ၃သိန်းနီးပါးရှိပါတယ်။

သားအိမ်ခေါင်းကင်ဆာက ဘာတွေကြောင့်ဖြစ်ရတာလဲ။

အများအားဖြင့်ကတော့ Human Papilloma Virus (HPV) ပိုးဝင်ရာကနေ တဆင့် သားအိမ်ခေါင်းရောင်ရမ်းပြီး ရေရှည်မှာ သားအိမ်ခေါင်းမှာရှိတဲ့ ဆဲလ်တွေပြောင်းလဲပြီး နောက်ဆုံးမှာ ကင်ဆာဖြစ်လာတာပါ။ သားအိမ်ကင်ဆာသည် HPV ပိုးဝင်ပြီး ကင်ဆာဖြစ်ပွားသည် အချိန်အထိ ကြားတွင် ၁၀ နှစ်မှ အနှစ် ၂၀ ထိကြာနိုင်ပါတယ်။ ယင်းကြားကာလကို ကင်ဆာအကြိုအဆင့် ဟုခေါ်ပြီး ရံဖန်ရံခါ ပုံမှန်အခြေအနေသို့လည်း ပြန်ကောင်းသွားနိုင်ပါတယ်။

ဘယ်လိုအမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာပိုဖြစ်နိုင်သလဲ။

ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျတဲ့အမျိုးသမီးတွေ
လိင်ဆက်ဆံဖော်များတဲ့အမျိုးသမီးတွေ
အသက် ၁၈ နှစ်မပြည့်မီ ကလေးမွေးတဲ့ အမျိုးသမီးတွေ
မိမိက လိင်ဆက်ဆံဖော်မများသော်လည်း မိမိနဲ့ဆက်ဆံသူက ဆက်ဆံဖော်များတဲ့အမျိုးသမီးတွေ
ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေ
ကလေးအများကြီးမွေးတဲ့ အမျိုးသမီးတွေ
ခုခံအားနည်းတဲ့ ရောဂါရှိနေတဲ့အမျိုးသမီးတွေမှာ ပိုဖြစ်ပွားနိုင်ခြေများပါတယ်။
သားအိမ်ခေါင်းကင်ဆာရဲ့ လက္ခဏာတွေကတော့

ပိုးဝင်ဝင်ခြင်းတော့ ဘာမှပြလေ့မရှိနိုင်ပါဘူး။ နောက်ပိုင်းမှာ

– ရာသီချိန်မဟုတ်ဘဲ သွေးဆင်းခြင်း
– အတူနေပြီးတိုင်း သွေးဆင်းခြင်း
– သွေးဆုံးပြီးနောက်တွင် သွေးထပ်ဆင်းခြင်း
– မကောင်းတဲ့အနံအသက်ရှိတဲ့ အဖြူပျစ်ပျစ်များဆင်းခြင်း

ပိုဆိုးတဲ့အဆင့်မှာဆိုရင်

– ခါး၊ တင်ပဆုံနာခြင်း
– သွေးအားနည်းပြီးမောတာ
– ဆီးမထိန်းနိုင်တာ စတာတွေ ဖြစ်နိုင်ပါတယ်။
မြန်မာနိုင်ငံရှိ အမျိုးသမီးတွေမှာ အဖြစ်အများဆုံးဆိုပေမယ့် ဒီသားအိမ်ခေါင်းကင်ဆာက ကာကွယ်ဆေးထိုးလို့ရပါတယ်။ HPV ပိုး မှာ မျိုးစိတ်ပေါင်း ၁၅၀ ကျော်ရှိတဲ့အထဲမှာ ၁၅ မျိုးခန့်က ကင်ဆာ ဖြစ်စေတတ်ပြီး ၊ HPV 16,18,31,33တို့ဟာ သားအိမ်ခေါင်း ကင်ဆာ အဓိက တရားခံဖြစ်ပါတယ်။ အဲ့ထဲကမှ 16 နဲ့ 18 ကိုနိုင်တဲ့ ဆေးနှစ်မျိုးပေါ်နေပါပြီ။ Cervarix နဲ့ Gardasil ဆိုပြီးတော့ပါ။ အဆင်ပြေတဲ့ တစ်မျိုးကိုထိုးနိုင်ပါတယ်။

လိင်ဆက်ဆံမှု မပြုရသေးတဲ့ အသက် ၉ နှစ်ကနေ ၁၄ နှစ်ကြား မိန်းကလေးတိုင်း သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး HPV ကို ၂ ကြိမ် ( 0 လ နှင့် ၆ လ) ထိုးထား သင့်ပါတယ်။ အသက် ၁၅ နှစ်အထက် မိန်းကလေးများနဲ့ ၁၉ နှစ်နဲ့ ၂၆ နှစ်ကြား မိန်းကလေးတွေအတွက် ကာ ကွယ်ဆေးကို ၃ ကြိမ်( 0 လ- 1လ- 6လ) ကို တစ်နှစ်အတွင်း ထိုးဖို့လိုအပ်ပါတယ်။ သို့သော် ဒီကာကွယ်ဆေးတွေက(16 နဲ့ 18 )ကိုပဲနိုင်တဲ့အတွက် ၁၀၀ ရာခိုင်နှုန်း မကာကွယ်ပေးနိုင်ပါဘူး။

ဒါကြောင့် တခြားအမျိုးအစား အကြောင်းတွေကြောင့် သားအိမ်ခေါင်းကင်ဆာဖြစ်ခဲ့ရင် ရောဂါနုစဉ်မှာ ကြိုသိပါက ပျောက်ကင်းအောင် ကုသနိုင်တာ သို့မဟုတ် ရောဂါအကြိုအဆင့်မှာ သိလိုရှိရင် ကုသပြီး ကင်ဆာအဆင့်ထိ မရောက်အောင်လုပ်လို့ရတဲ့ အခွင့်အရေးတွေ ရှိနေတာကြောင့် ကာကွယ်ဆေး ထိုးတားတဲ့အမျိုးသမီးတွေ အပါအဝင် အရွယ်ရောက်ပြီးတဲ့ အမျိုးသမီးတိုင်းဟာ Cervical Smear (Pap Smear)လို့ခေါ်တဲ့ သားအိမ်ခေါင်းချွဲ စမ်းသပ်စစ်ဆေးခြင်းကို တစ်နှစ်တစ်ကြိမ် လောက်လုပ်သင့်ပါတယ်။

သားအိမ်ခေါင်းကင်ဆာဖြစ်ပြီဆိုရင် ဘယ်လိုကုသရမလဲ

ကင်ဆာမှန်း သေချာအောင် အသားစယူစစ်ဆေးတာ၊ နောက်ပြီး ဘယ်ကိုပျံ့နေပြီလဲသိဖို့ အာထရာဆောင်းရိုက်တာ၊ စီတီရိုက်တာ၊ ရင်ဘတ်ဓါတ်မှန်ရိုက်တာ၊ အမ်အာအိုင်ရိုက်တာ စသဖြင့် လုပ်ရပါမယ်။ ကုသတာတွေကတော့ ကင်ဆာအဆင့်ပေါ်မှုတည်ပြီး

ခွဲစိတ်ကုသတာ

ဓါတ်ရောင်ခြည်နဲ့ကုတာ

ကင်ဆာဆေးနဲ့ကုတာ

နည်းလမ်းနှစ်ခုပေါင်းပြီးကုတာ စသဖြင့်ရှိပါတယ်။

Author : Dr.  528

Previous Post

ဝက်သက်အကြောင်းသိကောင်းစရာ

Next Post

မွေးကင်းစကလေး မေးခိုင်ရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
502

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

3 years ago
1.6k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
954
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
512
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
801
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
481

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မွေးကင်းစကလေး မေးခိုင်ရောဂါ

ကျောက်ချဉ်တို့ရဲ့ အသုံးဝင်ပုံ အမျိုးအစားအစုံ

မမဝဝတို့ လှလှစေဖို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.