fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

ဝှေးစေ့ကင်ဆာ

584
VIEWS
Share on FacebookShare on TwitterShare on Linkedin
09/09/2017
in ရောဂါကြီးများ
1 min read
A A

(Zawgyi)

အမ်ိဳးသားေတြရဲ႕ မ်ိဳးပြားအဂါၤ အဖြဲ႕အစည္း (Male Reproductive System) မွာပါဝင္တဲ့ ေဝွးေစ့ဟာ မ်ိဳးေအာင္ေစတဲ့ သုက္ေကာင္မ်ား (Sperms) နဲ႔ေဟာ္မုန္းဓါတ္မ်ား ထုတ္ေပးရတဲ့ အဂၤါအစိတ္အပိုင္းျဖစ္ပါတယ္။ေဝွးေစ့ကင္ဆာျဖစ္ရတဲ့အေၾကာင္းရင္းတိတိက်က်ကိုေတာ့ ဘယ္သူမွမေျပာႏိုင္ေသးပါ။ ႀကီးႀကီးငယ္ငယ္ ပ်ိဳပ်ိဳအိုအို အမ်ိဴးသားတိုင္းမွာ ေဝွးေစ့ကင္ဆာ ျဖစ္ႏိုင္ပါတယ္။ ေဝွးေစ့ကင္ဆာ ျဖစ္ႏိုင္ေျခပိုမ်ားတဲ့သူေတြကေတာ့

အသက္၁၅ ႏွစ္နဲ႔ ၃၅ႏွစ္ၾကား အမ်ိဳးသားမ်ား
ေမြးလာစဥ္မွာ ကပ္ပယ္အိတ္ထဲတြင္ ေဝွးေစ့တစ္လုံးထဲပါသူမ်ား
မ်ိဳး႐ိုးထဲတြင္ ေဝွးေစ့ကင္ဆာရွိသူမ်ား
အသားအေရျဖဴသူမ်ား ပါဝင္ၾကပါတယ္။
ဟိုးအရင္ေခတ္ကေတာ့ ေဝွးေစ့ကင္ဆာျဖစ္ၿပီဆိုရင္ ေပ်ာက္ဖို႔မလြယ္ပါဘူး။ အခုေခတ္မွာ ေဆးဝါးနည္းပညာေတြ ေခတ္မွီလာတာနဲ႔ အမွ် ေဝွးေစ့ကင္ဆာမွန္း ေစာေစာသိတာနဲ႔ ၉၇ ရာခိုင္ႏႈန္းေလာက္ ေပ်ာက္ေအာင္ကုႏိုင္ပါတယ္။ ေစာေစာမသိဘဲ ကင္ဆာက ဝမ္းဗိုက္အတြင္းက အက်ိတ္ေတြဆီပ်ံ႕ေနတာ အဆုတ္နဲ႔ဦးေႏွာက္ကိုပ်ံ႕ေနတာမ်ိဳးဆိုရင္ေတာ့ ေပ်ာက္ကင္းႏိုင္ေျခ နည္းပါတယ္။

ဒီေတာ့ကာ ေစာေစာသိေအာင္ အမ်ိဳးသားတိုင္းဟာ တစ္လတစ္ႀကိမ္ ေဝွးေစ့ရွိေနတဲ့ ကပ္ပယ္အိတ္ကို စမ္းသပ္ၾကည့္ရပါမယ္။ ေရခ်ိဳးေနတဲ့အခ်ိန္ သို႔မဟုတ္ ေရခ်ိဳးၿပီးတဲ့အခ်ိန္ သို႔မဟုတ္ ကပ္ပယ္အိတ္ ေပ်ာ့ေနတဲ့အခ်ိန္ေတြမွာစမ္းပါ။

ဘယ္လိုစမ္းသပ္ရမလဲဆိုေတာ့

အရင္ဆုံး ကိုယ္လုံးေပၚမွန္ရွိက မွန္ေရွ႕တြင္မတ္တပ္ရပ္ၿပီး ကပ္ပယ္အိတ္ေပၚတြင္ အလုံးအက်ိတ္မ်ားရွိမရွိစစ္ေဆးပါ။ အခ်ိဳ႕လူမ်ားတြင္ ေဝွးေစ့တစ္ဖက္သည္ အျခားတစ္ဖက္ထက္ ပို၍ႀကီးေနတတ္ၿပီး ပို၍လည္း နိမ့္ေနသည္ကိုေတြ႕ ရတတ္ပါသည္။ ဒါဟာမ်ားေသာအားျဖင့္ပုံမွန္ပါပဲ။ မိမိရဲ႕ လိင္တံကို ကပ္ပယ္အိတ္နဲ႔ေဝးရာ အေပၚသို႔ပင့္ထားပါ။ လက္ႏွစ္ဖက္စလုံးရဲ႕ လက္မနဲ႔ လက္ေခ်ာင္းေတြကို သုံးၿပီး ေဝွးေစ့ တစ္ခုကို ကိုင္ပါ။ ေနာက္ ေဝွးေစ့ကို လက္မနဲ႔ လက္ေခ်ာင္းမ်ားျဖင့္ ညင္ညင္သာသာ လွိမ့္ၾကည့္ပါ။ ေဝွးေစ့ တစ္ခုၿပီးမွ ေနာက္တစ္ခုုကို ထိုနည္းအတိုင္း စစ္ေဆးပါ။

စမ္းၾကည့္တဲ့အခါ ေခ်ာမြတ္ၿပီး ၾကက္ဥ စမ္းၾကည့္သလိုခံစားရရင္ပုံမွန္ျဖစ္ၿပီး ကပ္ပယ္အိတ္ဟာ မူလကထက္ ႀကီးရင္ျဖစ္ေစ ေသးရင္ျဖစ္ေစ ေလးလံေနရင္ျဖစ္ေစ ကင္ဆာလကၡဏာလို႔ အၾကမ္းအားျဖင့္သတ္မွတ္ပါတယ္။ ဒါ့အျပင္ နာက်င္ျခင္း၊ ဝမ္းဗိုက္ေအာင့္ျခင္း၊ အမ်ိဳးသားရင္သားႀကီးလာျခင္းေတြဟာလည္း အၾကမ္းအားျဖင့္ ကင္ဆာလကၡဏာေတြပါပဲ။ ကင္ဆာလို႔အေသအခ်ာ ေျပာဖို႔ကေတာ့ တျခားေသြးစစ္တာ အာထရာေဆာင္း႐ိုက္တာ စတဲ့စမ္းသပ္စစ္ေဆးမႈေတြလုပ္ဖို႔လိုပါတယ္။

တစ္လတစ္ခါပုံမွန္စမ္းျခင္းျဖင့္ မိမိရဲ႕အ႐ြယ္အစား ပုံသ႑န္ တို႔ကိုမွတ္မိေနတဲ့အတြက္ ႀကီးလာရင္ ေသးသြားရင္ စတဲ့ထူးျခားမႈေတြရွိရင္ ခ်က္ခ်င္းသိႏိုင္မွာပါ။ ခ်က္ခ်င္းသိတာနဲ႔ ဆရာဝန္ဆီသြားၿပီး စမ္းသပ္စစ္ေဆးၾကည့္ပါ။ကုသတဲ့ေနရာမွာလည္း ေရာဂါအမ်ိဳးအစား ေရာဂါရဲ႕အဆင့္(ဘယ္ထိပ်ံ႕ေနလဲ) ကိုယ္ခံအား အသက္အ႐ြယ္ စတာေတြအေပၚမူတည္ၿပီး ခြဲစိတ္ကုသတာ၊ ဓါတ္ေရာင္ျခည္နဲ႔ကုတာ၊ ကင္ဆာေဆးနဲ႔ကုတာ ေပါင္းစပ္နည္းနဲ႔ကုတာ စသျဖင့္ရွိပါတယ္။

အမ်ားအားျဖင့္ေတာ့ ကင္ဆာျဖစ္တဲ့ေဝွးေစ့ကိုထုတ္ရတာမ်ားပါတယ္။ ေဝွးေစ့တစ္ဘက္ထဲမွာပဲ ကင္ဆာေတြ႕ရွိၿပီး ခြဲထုတ္ထားရတဲ့သူမ်ားအဖို႔ အိမ္ေထာင္ရက္သားက်တဲ့အခါ ရင္ေသြးငယ္ေတြ ရရွိႏိုင္ဦးမွာ ျဖစ္ပါတယ္။ သို႔ေပမယ့္ ကင္ဆာေဆးမ်ား၊ ဓာတ္ေရာင္ျခည္ကုထုံးမ်ားနဲ႔ ကုသခံထားရတဲ့ လူနာမ်ားအဖို႔ မ်ိဳးပြားလမ္းေၾကာင္း၊ သုက္ပိုးထုတ္အဂၤါမ်ားကို ထိခိုက္ေစၿပီး ကာမဆႏၵ အားနည္းသြားတတ္တာမ်ိဳးျဖစ္တတ္တာေၾကာင့္ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ားမွာေတာ့ ကင္ဆာအတြက္ ကုသမႈ မခံယူခင္မွာ သုက္ပိုးကို အရင္ထုတ္ၿပီး သုက္ပိုးဘဏ္(Sperm Bank) မ်ား ေအးခဲစုေဆာင္းထားေလ့ရွိၾကပါတယ္။

Author : Dr.528

(Unicode)

အမျိုးသားတွေရဲ့ မျိုးပွားအဂါၤ အဖွဲ့အစည်း (Male Reproductive System) မှာပါဝင်တဲ့ ဝှေးစေ့ဟာ မျိုးအောင်စေတဲ့ သုက်ကောင်များ (Sperms) နဲ့ဟော်မုန်းဓါတ်များ ထုတ်ပေးရတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ဝှေးစေ့ကင်ဆာဖြစ်ရတဲ့အကြောင်းရင်းတိတိကျကျကိုတော့ ဘယ်သူမှမပြောနိုင်သေးပါ။ ကြီးကြီးငယ်ငယ် ပျိုပျိုအိုအို အမျိူးသားတိုင်းမှာ ဝှေးစေ့ကင်ဆာ ဖြစ်နိုင်ပါတယ်။ ဝှေးစေ့ကင်ဆာ ဖြစ်နိုင်ခြေပိုများတဲ့သူတွေကတော့

အသက်၁၅ နှစ်နဲ့ ၃၅နှစ်ကြား အမျိုးသားများ
မွေးလာစဉ်မှာ ကပ်ပယ်အိတ်ထဲတွင် ဝှေးစေ့တစ်လုံးထဲပါသူများ
မျိုးရိုးထဲတွင် ဝှေးစေ့ကင်ဆာရှိသူများ
အသားအရေဖြူသူများ ပါဝင်ကြပါတယ်။
ဟိုးအရင်ခေတ်ကတော့ ဝှေးစေ့ကင်ဆာဖြစ်ပြီဆိုရင် ပျောက်ဖို့မလွယ်ပါဘူး။ အခုခေတ်မှာ ဆေးဝါးနည်းပညာတွေ ခေတ်မှီလာတာနဲ့ အမျှ ဝှေးစေ့ကင်ဆာမှန်း စောစောသိတာနဲ့ ၉၇ ရာခိုင်နှုန်းလောက် ပျောက်အောင်ကုနိုင်ပါတယ်။ စောစောမသိဘဲ ကင်ဆာက ဝမ်းဗိုက်အတွင်းက အကျိတ်တွေဆီပျံ့နေတာ အဆုတ်နဲ့ဦးနှောက်ကိုပျံ့နေတာမျိုးဆိုရင်တော့ ပျောက်ကင်းနိုင်ခြေ နည်းပါတယ်။

ဒီတော့ကာ စောစောသိအောင် အမျိုးသားတိုင်းဟာ တစ်လတစ်ကြိမ် ဝှေးစေ့ရှိနေတဲ့ ကပ်ပယ်အိတ်ကို စမ်းသပ်ကြည့်ရပါမယ်။ ရေချိုးနေတဲ့အချိန် သို့မဟုတ် ရေချိုးပြီးတဲ့အချိန် သို့မဟုတ် ကပ်ပယ်အိတ် ပျော့နေတဲ့အချိန်တွေမှာစမ်းပါ။

ဘယ်လိုစမ်းသပ်ရမလဲဆိုတော့

အရင်ဆုံး ကိုယ်လုံးပေါ်မှန်ရှိက မှန်ရှေ့တွင်မတ်တပ်ရပ်ပြီး ကပ်ပယ်အိတ်ပေါ်တွင် အလုံးအကျိတ်များရှိမရှိစစ်ဆေးပါ။ အချို့လူများတွင် ဝှေးစေ့တစ်ဖက်သည် အခြားတစ်ဖက်ထက် ပို၍ကြီးနေတတ်ပြီး ပို၍လည်း နိမ့်နေသည်ကိုတွေ့ ရတတ်ပါသည်။ ဒါဟာများသောအားဖြင့်ပုံမှန်ပါပဲ။ မိမိရဲ့ လိင်တံကို ကပ်ပယ်အိတ်နဲ့ဝေးရာ အပေါ်သို့ပင့်ထားပါ။ လက်နှစ်ဖက်စလုံးရဲ့ လက်မနဲ့ လက်ချောင်းတွေကို သုံးပြီး ဝှေးစေ့ တစ်ခုကို ကိုင်ပါ။ နောက် ဝှေးစေ့ကို လက်မနဲ့ လက်ချောင်းများဖြင့် ညင်ညင်သာသာ လှိမ့်ကြည့်ပါ။ ဝှေးစေ့ တစ်ခုပြီးမှ နောက်တစ်ခုုကို ထိုနည်းအတိုင်း စစ်ဆေးပါ။

စမ်းကြည့်တဲ့အခါ ချောမွတ်ပြီး ကြက်ဥ စမ်းကြည့်သလိုခံစားရရင်ပုံမှန်ဖြစ်ပြီး ကပ်ပယ်အိတ်ဟာ မူလကထက် ကြီးရင်ဖြစ်စေ သေးရင်ဖြစ်စေ လေးလံနေရင်ဖြစ်စေ ကင်ဆာလက္ခဏာလို့ အကြမ်းအားဖြင့်သတ်မှတ်ပါတယ်။ ဒါ့အပြင် နာကျင်ခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း၊ အမျိုးသားရင်သားကြီးလာခြင်းတွေဟာလည်း အကြမ်းအားဖြင့် ကင်ဆာလက္ခဏာတွေပါပဲ။ ကင်ဆာလို့အသေအချာ ပြောဖို့ကတော့ တခြားသွေးစစ်တာ အာထရာဆောင်းရိုက်တာ စတဲ့စမ်းသပ်စစ်ဆေးမှုတွေလုပ်ဖို့လိုပါတယ်။

တစ်လတစ်ခါပုံမှန်စမ်းခြင်းဖြင့် မိမိရဲ့အရွယ်အစား ပုံသဏ္ဍန် တို့ကိုမှတ်မိနေတဲ့အတွက် ကြီးလာရင် သေးသွားရင် စတဲ့ထူးခြားမှုတွေရှိရင် ချက်ချင်းသိနိုင်မှာပါ။ ချက်ချင်းသိတာနဲ့ ဆရာဝန်ဆီသွားပြီး စမ်းသပ်စစ်ဆေးကြည့်ပါ။ကုသတဲ့နေရာမှာလည်း ရောဂါအမျိုးအစား ရောဂါရဲ့အဆင့်(ဘယ်ထိပျံ့နေလဲ) ကိုယ်ခံအား အသက်အရွယ် စတာတွေအပေါ်မူတည်ပြီး ခွဲစိတ်ကုသတာ၊ ဓါတ်ရောင်ခြည်နဲ့ကုတာ၊ ကင်ဆာဆေးနဲ့ကုတာ ပေါင်းစပ်နည်းနဲ့ကုတာ စသဖြင့်ရှိပါတယ်။

အများအားဖြင့်တော့ ကင်ဆာဖြစ်တဲ့ဝှေးစေ့ကိုထုတ်ရတာများပါတယ်။ ဝှေးစေ့တစ်ဘက်ထဲမှာပဲ ကင်ဆာတွေ့ရှိပြီး ခွဲထုတ်ထားရတဲ့သူများအဖို့ အိမ်ထောင်ရက်သားကျတဲ့အခါ ရင်သွေးငယ်တွေ ရရှိနိုင်ဦးမှာ ဖြစ်ပါတယ်။ သို့ပေမယ့် ကင်ဆာဆေးများ၊ ဓာတ်ရောင်ခြည်ကုထုံးများနဲ့ ကုသခံထားရတဲ့ လူနာများအဖို့ မျိုးပွားလမ်းကြောင်း၊ သုက်ပိုးထုတ်အင်္ဂါများကို ထိခိုက်စေပြီး ကာမဆန္ဒ အားနည်းသွားတတ်တာမျိုးဖြစ်တတ်တာကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများမှာတော့ ကင်ဆာအတွက် ကုသမှု မခံယူခင်မှာ သုက်ပိုးကို အရင်ထုတ်ပြီး သုက်ပိုးဘဏ်(Sperm Bank) များ အေးခဲစုဆောင်းထားလေ့ရှိကြပါတယ်။

Author : Dr.528

Previous Post

လေထဲကအကောင်များ‌

Next Post

မိခင်နို့တိုက်ကျွေးခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
482

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
897
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
479
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
756
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
440

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မိခင်နို့တိုက်ကျွေးခြင်း

အသားအရေလှပစေဖို့ အထောက်အကူပြုမည့် သဘာဝနည်းလမ်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.