fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ခွေးတစ်ကောင်ရဲ့ရန်ပြုမှု့ နဲ့ကြုံတဲ့အခါဘယ်လိုရင်ဆိုင်ရမလဲ

262
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/09/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Zawgyi)

ကြၽန္ေတာ္တို႔ေတြဟာ စားဝတ္ေနေရးအတြက္ ေန႔စဥ္လႈပ္ရွားသြားလာၾကရာတြင္ အမွတ္မထင္ ေခြးတစ္ေကာင္ရဲ႕ရန္ျပဳတိုက္ခိုက္ျခင္း(ဥပမာ ကိုယ့္ကိုေဟာင္ျခင္း ေနာက္ကလိုက္ျခင္း)နဲ႔လည္း ႀကဳံရႏိုင္ပါတယ္။ အဲ့အခါမွာ လူအေတာ္မ်ားမ်ားဟာ ဘာလုပ္ရမယ္မသိဘဲ ေၾကာက္႐ြံ႕တတ္ၾကပါတယ္။ ေခြးတစ္ေကာင္ကို ဘယ္လိုရင္ဆိုင္ရမလဲဆိုတာကို ဗဟုသုတအေနနဲ႔ အနည္းငယ္သိထားရင္ေတာ့ ဒီအေျခအေနနဲ႔ ႀကဳံတဲ့အခါမွာ သင္အတြက္အေထာက္အကူျပဳပါလိမ့္မယ္။

ေခြးရဲ႕အမူအရာကိုအကဲခတ္ပါ။ သင့္ကိုေဟာင္ေနတဲ့ေခြးတစ္ေကာင္ဟာ ရန္လိုၿပီးကိုက္ခ်င္လို႔လည္းျဖစ္ႏိုင္သလို သင့္ကိုေၾကာက္လို႔ေဟာင္ေနတာလည္းျဖစ္ႏိုင္ပါတယ္။ ရန္လိုတဲ့အျပဳအမူေတြကေတာ့ သြားၿဖဲၿပီးမာန္ဖီတာ၊ အျမႇီးအေပၚေထာင္ေနတာ၊ ေခြးရဲ႕ဂုတ္ကအေမြးေတြေထာင္ေနတာ၊ နား႐ြက္ေထာင္ေနတာတို႔ျဖစ္ပါတယ္။

ေၾကာက္ေနတဲ့အျပဳအမႈေတြကေတာ့ သင့္ကိုေဟာင္ေနေသာ္လည္း မာန္မဖီတာ၊ နား႐ြက္ေအာက္ခ်ထားတာ၊ အျမႇီးေအာက္ခ်ထားတာ၊ ဂုတ္ေမြးေတြမေထာင္တာ ေတြျဖစ္ပါတယ္။ ေခြးႀကီးႀကီးေသးေသး မ်က္စိလည္လမ္းမွားတာ သို႔မဟုတ္ ေမြးထားတဲ့အိမ္ကေန ထြက္လာတာ၊ လမ္းေပ်ာက္ေနတာစတဲ့အေျခအေနေတြမွာ ေခြးေတြဟာ ေၾကာက္ေနတတ္ပါတယ္။ အဲ့အေျခအေနမ်ိဳးမွာ သူတို႔ကိုတစ္ခုခုလုပ္မွာစိုးတဲ့အတြက္ အနားမကပ္ႏိုင္ေအာင္ ေဟာင္တာပါ။

ေၾကာက္လို႔ေဟာင္တာမ်ိဴးျဖစ္ခဲ့ရင္ေတာ့ သိပ္ပူစရာမလိုပါဘူး။ ေရွ႕ဆက္မတိုးပါနဲ႔။ သူတို႔ကို မ်က္လုံးခ်င္းဆုံၿပီး အမိန႔္ေပးတာ၊ ေငါက္တာမ်ိဳးေတြ လုံးဝမလုပ္ပါနဲ႔။ အဲ့အခါေၾကာက္ကန္ကန္ၿပီး ပိုဆိုးသြားႏိုင္လို႔ပါ။ သူ႔ကိုမသိမသာအကဲခတ္ရင္း သူနဲ႔ေဝးရာကိုျဖည္းျဖည္းေလွ်ာက္ပါ။ ၿပီးရင္ပိုင္ရွင္ကို သိပါကဖုန္းဆက္တာမ်ိဴး သို႔မဟုတ္ တိရစာၦန္ထိန္းသိမ္းေရးဌာနကိုဖုန္းဆက္တာမ်ိဳး လုပ္ခ်င္ရင္လုပ္ႏိုင္ပါတယ္။

အဲ…ရန္မူေနတဲ့ေခြးနဲ႔ဆိုရင္ေတာ့ အရင္ဆုံးရဲစိတ္ေမြးပါ။ ရဲစိတ္ရဲမာန္မေမြးပါက သင္ရဲ႕ေျခေထာက္ေတြကတုန္ၿပီး သင့္မွာေျပးဖို႔ေတာင္အင္အားမရွိဘူးျဖစ္သြားႏိုင္ပါတယ္။ ေနာက္ၿပီးေခြးေတြက သင့္ခႏၶာကိုယ္ကေန ေၾကာက္စိတ္ဝင္ရင္ထြက္လာတဲ့ေဟာ္မုန္းကို အလြန္အင္မတန္မွ အနံ႔ခံေကာင္းလွပါတယ္။ အဲဒီအခါမွာ သူအသာစီးရတာကိုသိၿပီး ေခြးဟာပိုရဲတင္းလာႏိုင္ပါတယ္။

ဒါေၾကာင့္ သင္ဟာေၾကာက္တယ္ ဆိုရင္ေတာင္ အဲ့အခ်ိန္မွာ ရဲစိတ္ရဲမာန္ဝင္လာေအာင္ ” ေခြးကိုက္ခံရလည္းဘာျဖစ္လဲ၊ ေဆးထိုးလို႔ရတာပဲ။ ငါကေခြးကိုေၾကာက္ေနရမွာလား” ဆိုၿပီး ရဲရင့္ျခင္းဟာ ေရွ႕သို႔တက္လွမ္းျခင္းကို ျဖစ္ေစၿပီး ေၾကာက္႐ြံ႕ျခင္းဟာေလ်ာက် ပ်က္စီးျခင္းကိုျဖစ္ေစပါတယ္။ ဘာညာစတဲ့မိမိကိုယ္ကိုစိတ္အင္အားျဖစ္ေစမယ့္အေတြးကိုအရင္ဝင္ေအာင္ေတြးပါ။

ၿပီးရင္ ပတ္ဝန္းက်င္အေနအထားၾကည့္ပါ။ ပတ္ဝန္းက်င္မွာ အကူအညီေတာင္းစရာလူမ်ားရွိရင္ ေအာ္ၿပီးအကူအညီေတာင္းပါ။ မရွိပါကေခြးရဲ႕အ႐ြယ္အစား၊ အနီးအနားလက္နက္အျဖစ္သုံးစရာရွိမရွိ သို႔မဟုတ္ မိမိမွာပါလာတဲ့အရာဝတၳဳ (ဥပမာ လြယ္အိတ္၊ ေက်ာပိုးအိတ္)ကို လက္နက္အျဖစ္ သုံးႏိုင္မသုံးႏိုင္ ၊ အနီးနားမွာတက္စရာအျမင့္ေနရာရွိ၊မရွိ စတာေတြၾကည့္ပါ။

ေခြးရဲ႕အ႐ြယ္အစားကလည္း ကိုယ္ခ်ရင္ႏိုင္ႏိုင္တယ္၊ အနီးအနားမွာလည္း လက္နက္အျဖစ္ သုံးစရာေကာင္းေကာင္းရွိတယ္၊ ရဲစိတ္ရဲမာန္လည္းဝင္လာၿပီဆိုရင္ေတာ့ ျပန္ခ်ပါ။ အဲ့လိုမွမဟုတ္ ေခြးအ႐ြယ္စားကလည္း ႀကီးတယ္၊ သို႔မဟုတ္ ျပန္ခ်ဖို႔လည္းယုံၾကည္မႈရွိတဲ့အထိ ရဲစိတ္ရဲမာန္မဝင္ဘူးဆိုရင္ေတာ့ ေျပးဖို႔စဥ္းစားပါ။

အဲ….. ဒီေနရာမွာတစ္ခ်က္ေျပာခ်င္တာက ေခြးတစ္ေကာင္ဆီကေန လြတ္ေအာင္ေျပးဖို႔ဆိုတာ သိပ္မလြယ္ပါဘူး။ ေခြးေတြရဲ႕ဗီဇအရ ေျပးေနတဲ့သူကို မွီေအာင္လိုက္ ေျခေထာက္ကိုခဲၿပီး ေနာက္ဆုံးမွာေျမျပင္ေပၚ လဲက်ေအာင္ အလြယ္တကူ လုပ္ႏိုင္ပါတယ္။ေျမေပၚလဲသြားၿပီဆိုရင္ ေခြးျပဳသမွ် ႏုရတဲ့အျဖစ္မ်ိဳးေရာက္သြားႏိုင္ပါတယ္။

ဒါေၾကာင့္ေစာနကတည္းက အနီးနားမွာ တက္စရာေလွကား သို႔မဟုတ္ အပင္စတဲ့ အျမင့္ေနရာကိုရွာခိုင္းတာပါ။ ရွိခဲ့ရင္ အသက္ျပင္းျပင္းတစ္ခ်က္ရႈၿပီး ေနာက္လွည့္မၾကည့္ဘဲ အဲ့အျမင့္ေပၚေရာက္ေအာင္ေျပးတက္ပါ။ ၿပီးရင္ ကူညီမယ့္သူ ရွိလိုရွိျငားေအာ္ၿပီး အကူအညီေတာင္းပါ။

ကဲ ဒါဆို တက္စရာအျမင့္မရွိရင္ ဘယ္လိုလုပ္မလဲ သို႔မဟုတ္ အဲ့ထိေျပးဖို႔ရာမျဖစ္ႏိုင္ရင္ ဘယ္လိုလုပ္မလဲ လို႔ေမးစရာရွိပါတယ္။ အဲဒါဆိုရင္ေတာ့ ကိုက္ဖို႔လာေနတဲ့ေခြးရဲ႕ပါးစပ္ကို သင့္ရဲ႕လက္ဖ်ံ ကိုသုံးၿပီးခံလိုက္ပါ။ လက္ဖ်ံကိုက္ရင္ ကိုက္ပါေစ။ အခ်ိန္ရရင္ေတာ့သင့္အက်ႌကိုခြၽတ္ၿပီး လက္မွာပတ္ထားၿပီးခံရင္ အနာသက္သာပါတယ္။ ေျခေထာက္၊ မ်က္ႏွာ၊ ေပါင္ၿခံ ဒီ၃ေနရာကိုအကိုက္မခံပါနဲ႔။ ေျခေထာက္ကိုက္ခံရရင္ လဲက်ဖို႔အခြင့္အေရးမ်ားလို႔ပါ။ ေနာက္ေပါင္ၿခံတို႔၊ ဂြၾကားတို႔၊ မ်က္ႏွာတို႔က် အကိုက္ခံရရင္ ဒဏ္ရာျပင္းထန္ၿပီး အသက္အႏၲရာယ္ရွိႏိုင္လို႔ပါ။

ဒါေၾကာင့္ကိုက္ဖို႔လာတဲ့ေခြးရဲ႕ပါးစပ္ထဲကို အဝတ္စည္းထားတဲ့ လက္ဖ်ံတစ္ဖက္ကို ထိုးခံလိုက္ပါ။ ပါးစပ္ထဲထိုးခံထားတဲ့လက္ကို အတင္းဆြဲမထုတ္ပါနဲ႔ဦး။ အဲ့အခ်ိန္မွာ ေနာက္လက္တစ္ဖက္နဲ႔ ႏွာႏုကိုျဖတ္႐ိုက္ပါ။ သို႔မဟုတ္ မ်က္လုံးကို ထိုးပါ။ ႏွာႏုနဲ႔မ်က္လုံးဆိုတာ ေခြးတစ္ေကာင္မွာ အားအနည္းဆုံးေနရာပါ။ မိမိရရလုပ္ႏိုင္ပါက အဲ့ေခြးေနရာမွာတင္ အသက္ေပ်ာက္သြားႏိုင္ပါတယ္။ ဒါေၾကာင့္မို႔ မိမိရရ လုပ္ႏိုင္ေအာင္ ကိုယ့္ဘက္ကေတာ့ လက္ဖ်ံတစ္ဖက္ကိုထိုးေကြၽးဖို႔လိုပါတယ္။

ၿပီးရင္ေတာ့ ေဆးခန္းသြားၿပီး အနာေဆးထည့္ကာ ေခြး႐ူးကာကြယ္ေဆး ေမးခိုင္ကာကြယ္ေဆးထိုးဖို႔လိုပါတယ္။ ေစာဒကတက္ၿပီးေၾကာက္ပါတယ္ဆိုမွ အဲ့လိုလုပ္ႏိုင္ပါ့မလားလို႔ ေမးႏိုင္ပါတယ္။ မပူပါနဲ႔။ ႂကြက္ေတာင္မွ ေခ်ာင္ပိတ္ဖမ္းရင္ ဖမ္းတဲ့လူကိုျဖစ္ျဖစ္ ေၾကာက္ကိုျဖစ္ျဖစ္ ျပန္ကိုက္ေသးတာပဲ။ ကိုယ့္အသားနာၿပီဆိုတာနဲ႔သင့္ဆီမွာ ေဒါသစိတ္ ေရာက္လာပါလိမ့္မယ္။ အဲ့ ေဒါသစိတ္ဟာနဂို ေၾကာက္စိတ္နဲ႔ေပါင္းၿပီး သင့္မွာရွိတဲ့အင္အားကိုႏွစ္ဆမက တိုးေစပါတယ္။ ေနာက္ၿပီး လူေတြမွာကိုယ္ပိုင္တိုက္ခိုက္ဟန္ဆိုတာ သင္စရာမလိုဘဲ ေမြးကတည္းက ပါလာပါတယ္။ အေရးႀကဳံရင္ သူ႔ဟာနဲ႔သူထြက္လာမွာပါ။

တခ်ိဳ႕ေခြးညစ္ေတြက် ဘာသံမွမေပးဘဲ ေနာက္ကေန အလစ္ဝင္ကိုက္ၿပီး ေျပးသြားတာရွိပါတယ္။ အဲဒါမ်ိဴးဆိုရင္ေတာ့ ဘာမွလုပ္လို႔မရပါဘူး။ ကိုယ့္ဘာသာကိုယ္ ေဆးခန္းသြားၿပီး ကာကြယ္ေဆးထိုး႐ုံပဲရွိပါတယ္။ ေနာက္တစ္ခုေျပာခ်င္တာကေတာ့ အထူးသျဖင့္ ဆိုင္ကယ္စီးရင္း၊ စက္ဘီးစီးရင္း ေခြးလိုက္ခံရရင္ ဘယ္ေတာ့မွ ေမာင္းေျပးဖို႔မႀကိဳးစားပါနဲ႔။ အရမ္းအႏၲရာယ္မ်ားၿပီး အက္ဆီးဒင့္ျဖစ္ႏိုင္လို႔ပါ။

မိန္းကေလးမ်ားအေနနဲ႔လည္း ေန႔ျဖစ္ျဖစ္၊ ညျဖစ္ျဖစ္ တစ္ေယာက္တည္း သြားလာရတဲ့အခါမ်ိဳးမွာ အြန္လိုင္းကေနေရာင္းတဲ့ Pepper Spray လိုမ်ိဳး ကိုယ့္ကိုကိုယ္ ကာကြယ္လို႔ရမယ့္ပစၥည္းမ်ားကို ယူေဆာင္သြားျခင္းျဖင့္ ေခြးဆိုးရန္နဲ႔ႀကဳံလာတဲ့အခါ သို႔မဟုတ္ လူဆိုးရန္နဲ႔ႀကဳံလာတဲ့အခါ အေထာက္အကူျဖစ္ႏိုင္ပါတယ္လို႔ အႀကံေပးခ်င္ပါတယ္။

Author : Dr.528

(Unicode)

ကျွန်တော်တို့တွေဟာ စားဝတ်နေရေးအတွက် နေ့စဉ်လှုပ်ရှားသွားလာကြရာတွင် အမှတ်မထင် ခွေးတစ်ကောင်ရဲ့ရန်ပြုတိုက်ခိုက်ခြင်း(ဥပမာ ကိုယ့်ကိုဟောင်ခြင်း နောက်ကလိုက်ခြင်း)နဲ့လည်း ကြုံရနိုင်ပါတယ်။ အဲ့အခါမှာ လူအတော်များများဟာ ဘာလုပ်ရမယ်မသိဘဲ ကြောက်ရွံ့တတ်ကြပါတယ်။ ခွေးတစ်ကောင်ကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို ဗဟုသုတအနေနဲ့ အနည်းငယ်သိထားရင်တော့ ဒီအခြေအနေနဲ့ ကြုံတဲ့အခါမှာ သင်အတွက်အထောက်အကူပြုပါလိမ့်မယ်။

ခွေးရဲ့အမူအရာကိုအကဲခတ်ပါ။ သင့်ကိုဟောင်နေတဲ့ခွေးတစ်ကောင်ဟာ ရန်လိုပြီးကိုက်ချင်လို့လည်းဖြစ်နိုင်သလို သင့်ကိုကြောက်လို့ဟောင်နေတာလည်းဖြစ်နိုင်ပါတယ်။ ရန်လိုတဲ့အပြုအမူတွေကတော့ သွားဖြဲပြီးမာန်ဖီတာ၊ အမြှီးအပေါ်ထောင်နေတာ၊ ခွေးရဲ့ဂုတ်ကအမွေးတွေထောင်နေတာ၊ နားရွက်ထောင်နေတာတို့ဖြစ်ပါတယ်။

ကြောက်နေတဲ့အပြုအမှုတွေကတော့ သင့်ကိုဟောင်နေသော်လည်း မာန်မဖီတာ၊ နားရွက်အောက်ချထားတာ၊ အမြှီးအောက်ချထားတာ၊ ဂုတ်မွေးတွေမထောင်တာ တွေဖြစ်ပါတယ်။ ခွေးကြီးကြီးသေးသေး မျက်စိလည်လမ်းမှားတာ သို့မဟုတ် မွေးထားတဲ့အိမ်ကနေ ထွက်လာတာ၊ လမ်းပျောက်နေတာစတဲ့အခြေအနေတွေမှာ ခွေးတွေဟာ ကြောက်နေတတ်ပါတယ်။ အဲ့အခြေအနေမျိုးမှာ သူတို့ကိုတစ်ခုခုလုပ်မှာစိုးတဲ့အတွက် အနားမကပ်နိုင်အောင် ဟောင်တာပါ။

ကြောက်လို့ဟောင်တာမျိူးဖြစ်ခဲ့ရင်တော့ သိပ်ပူစရာမလိုပါဘူး။ ရှေ့ဆက်မတိုးပါနဲ့။ သူတို့ကို မျက်လုံးချင်းဆုံပြီး အမိန့်ပေးတာ၊ ငေါက်တာမျိုးတွေ လုံးဝမလုပ်ပါနဲ့။ အဲ့အခါကြောက်ကန်ကန်ပြီး ပိုဆိုးသွားနိုင်လို့ပါ။ သူ့ကိုမသိမသာအကဲခတ်ရင်း သူနဲ့ဝေးရာကိုဖြည်းဖြည်းလျှောက်ပါ။ ပြီးရင်ပိုင်ရှင်ကို သိပါကဖုန်းဆက်တာမျိူး သို့မဟုတ် တိရစ္ဆာန်ထိန်းသိမ်းရေးဌာနကိုဖုန်းဆက်တာမျိုး လုပ်ချင်ရင်လုပ်နိုင်ပါတယ်။

အဲ…ရန်မူနေတဲ့ခွေးနဲ့ဆိုရင်တော့ အရင်ဆုံးရဲစိတ်မွေးပါ။ ရဲစိတ်ရဲမာန်မမွေးပါက သင်ရဲ့ခြေထောက်တွေကတုန်ပြီး သင့်မှာပြေးဖို့တောင်အင်အားမရှိဘူးဖြစ်သွားနိုင်ပါတယ်။ နောက်ပြီးခွေးတွေက သင့်ခန္ဓာကိုယ်ကနေ ကြောက်စိတ်ဝင်ရင်ထွက်လာတဲ့ဟော်မုန်းကို အလွန်အင်မတန်မှ အနံ့ခံကောင်းလှပါတယ်။ အဲဒီအခါမှာ သူအသာစီးရတာကိုသိပြီး ခွေးဟာပိုရဲတင်းလာနိုင်ပါတယ်။

ဒါကြောင့် သင်ဟာကြောက်တယ် ဆိုရင်တောင် အဲ့အချိန်မှာ ရဲစိတ်ရဲမာန်ဝင်လာအောင် ” ခွေးကိုက်ခံရလည်းဘာဖြစ်လဲ၊ ဆေးထိုးလို့ရတာပဲ။ ငါကခွေးကိုကြောက်နေရမှာလား” ဆိုပြီး ရဲရင့်ခြင်းဟာ ရှေ့သို့တက်လှမ်းခြင်းကို ဖြစ်စေပြီး ကြောက်ရွံ့ခြင်းဟာလျောကျ ပျက်စီးခြင်းကိုဖြစ်စေပါတယ်။ ဘာညာစတဲ့မိမိကိုယ်ကိုစိတ်အင်အားဖြစ်စေမယ့်အတွေးကိုအရင်ဝင်အောင်တွေးပါ။

ပြီးရင် ပတ်ဝန်းကျင်အနေအထားကြည့်ပါ။ ပတ်ဝန်းကျင်မှာ အကူအညီတောင်းစရာလူများရှိရင် အော်ပြီးအကူအညီတောင်းပါ။ မရှိပါကခွေးရဲ့အရွယ်အစား၊ အနီးအနားလက်နက်အဖြစ်သုံးစရာရှိမရှိ သို့မဟုတ် မိမိမှာပါလာတဲ့အရာဝတ္ထု (ဥပမာ လွယ်အိတ်၊ ကျောပိုးအိတ်)ကို လက်နက်အဖြစ် သုံးနိုင်မသုံးနိုင် ၊ အနီးနားမှာတက်စရာအမြင့်နေရာရှိ၊မရှိ စတာတွေကြည့်ပါ။

ခွေးရဲ့အရွယ်အစားကလည်း ကိုယ်ချရင်နိုင်နိုင်တယ်၊ အနီးအနားမှာလည်း လက်နက်အဖြစ် သုံးစရာကောင်းကောင်းရှိတယ်၊ ရဲစိတ်ရဲမာန်လည်းဝင်လာပြီဆိုရင်တော့ ပြန်ချပါ။ အဲ့လိုမှမဟုတ် ခွေးအရွယ်စားကလည်း ကြီးတယ်၊ သို့မဟုတ် ပြန်ချဖို့လည်းယုံကြည်မှုရှိတဲ့အထိ ရဲစိတ်ရဲမာန်မဝင်ဘူးဆိုရင်တော့ ပြေးဖို့စဉ်းစားပါ။

အဲ….. ဒီနေရာမှာတစ်ချက်ပြောချင်တာက ခွေးတစ်ကောင်ဆီကနေ လွတ်အောင်ပြေးဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ ခွေးတွေရဲ့ဗီဇအရ ပြေးနေတဲ့သူကို မှီအောင်လိုက် ခြေထောက်ကိုခဲပြီး နောက်ဆုံးမှာမြေပြင်ပေါ် လဲကျအောင် အလွယ်တကူ လုပ်နိုင်ပါတယ်။မြေပေါ်လဲသွားပြီဆိုရင် ခွေးပြုသမျှ နုရတဲ့အဖြစ်မျိုးရောက်သွားနိုင်ပါတယ်။

ဒါကြောင့်စောနကတည်းက အနီးနားမှာ တက်စရာလှေကား သို့မဟုတ် အပင်စတဲ့ အမြင့်နေရာကိုရှာခိုင်းတာပါ။ ရှိခဲ့ရင် အသက်ပြင်းပြင်းတစ်ချက်ရှုပြီး နောက်လှည့်မကြည့်ဘဲ အဲ့အမြင့်ပေါ်ရောက်အောင်ပြေးတက်ပါ။ ပြီးရင် ကူညီမယ့်သူ ရှိလိုရှိငြားအော်ပြီး အကူအညီတောင်းပါ။

ကဲ ဒါဆို တက်စရာအမြင့်မရှိရင် ဘယ်လိုလုပ်မလဲ သို့မဟုတ် အဲ့ထိပြေးဖို့ရာမဖြစ်နိုင်ရင် ဘယ်လိုလုပ်မလဲ လို့မေးစရာရှိပါတယ်။ အဲဒါဆိုရင်တော့ ကိုက်ဖို့လာနေတဲ့ခွေးရဲ့ပါးစပ်ကို သင့်ရဲ့လက်ဖျံ ကိုသုံးပြီးခံလိုက်ပါ။ လက်ဖျံကိုက်ရင် ကိုက်ပါစေ။ အချိန်ရရင်တော့သင့်အင်္ကျီကိုချွတ်ပြီး လက်မှာပတ်ထားပြီးခံရင် အနာသက်သာပါတယ်။ ခြေထောက်၊ မျက်နှာ၊ ပေါင်ခြံ ဒီ၃နေရာကိုအကိုက်မခံပါနဲ့။ ခြေထောက်ကိုက်ခံရရင် လဲကျဖို့အခွင့်အရေးများလို့ပါ။ နောက်ပေါင်ခြံတို့၊ ဂွကြားတို့၊ မျက်နှာတို့ကျ အကိုက်ခံရရင် ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ်ရှိနိုင်လို့ပါ။

ဒါကြောင့်ကိုက်ဖို့လာတဲ့ခွေးရဲ့ပါးစပ်ထဲကို အဝတ်စည်းထားတဲ့ လက်ဖျံတစ်ဖက်ကို ထိုးခံလိုက်ပါ။ ပါးစပ်ထဲထိုးခံထားတဲ့လက်ကို အတင်းဆွဲမထုတ်ပါနဲ့ဦး။ အဲ့အချိန်မှာ နောက်လက်တစ်ဖက်နဲ့ နှာနုကိုဖြတ်ရိုက်ပါ။ သို့မဟုတ် မျက်လုံးကို ထိုးပါ။ နှာနုနဲ့မျက်လုံးဆိုတာ ခွေးတစ်ကောင်မှာ အားအနည်းဆုံးနေရာပါ။ မိမိရရလုပ်နိုင်ပါက အဲ့ခွေးနေရာမှာတင် အသက်ပျောက်သွားနိုင်ပါတယ်။ ဒါကြောင့်မို့ မိမိရရ လုပ်နိုင်အောင် ကိုယ့်ဘက်ကတော့ လက်ဖျံတစ်ဖက်ကိုထိုးကျွေးဖို့လိုပါတယ်။

ပြီးရင်တော့ ဆေးခန်းသွားပြီး အနာဆေးထည့်ကာ ခွေးရူးကာကွယ်ဆေး မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုပါတယ်။ စောဒကတက်ပြီးကြောက်ပါတယ်ဆိုမှ အဲ့လိုလုပ်နိုင်ပါ့မလားလို့ မေးနိုင်ပါတယ်။ မပူပါနဲ့။ ကြွက်တောင်မှ ချောင်ပိတ်ဖမ်းရင် ဖမ်းတဲ့လူကိုဖြစ်ဖြစ် ကြောက်ကိုဖြစ်ဖြစ် ပြန်ကိုက်သေးတာပဲ။ ကိုယ့်အသားနာပြီဆိုတာနဲ့သင့်ဆီမှာ ဒေါသစိတ် ရောက်လာပါလိမ့်မယ်။ အဲ့ ဒေါသစိတ်ဟာနဂို ကြောက်စိတ်နဲ့ပေါင်းပြီး သင့်မှာရှိတဲ့အင်အားကိုနှစ်ဆမက တိုးစေပါတယ်။ နောက်ပြီး လူတွေမှာကိုယ်ပိုင်တိုက်ခိုက်ဟန်ဆိုတာ သင်စရာမလိုဘဲ မွေးကတည်းက ပါလာပါတယ်။ အရေးကြုံရင် သူ့ဟာနဲ့သူထွက်လာမှာပါ။

တချို့ခွေးညစ်တွေကျ ဘာသံမှမပေးဘဲ နောက်ကနေ အလစ်ဝင်ကိုက်ပြီး ပြေးသွားတာရှိပါတယ်။ အဲဒါမျိူးဆိုရင်တော့ ဘာမှလုပ်လို့မရပါဘူး။ ကိုယ့်ဘာသာကိုယ် ဆေးခန်းသွားပြီး ကာကွယ်ဆေးထိုးရုံပဲရှိပါတယ်။ နောက်တစ်ခုပြောချင်တာကတော့ အထူးသဖြင့် ဆိုင်ကယ်စီးရင်း၊ စက်ဘီးစီးရင်း ခွေးလိုက်ခံရရင် ဘယ်တော့မှ မောင်းပြေးဖို့မကြိုးစားပါနဲ့။ အရမ်းအန္တရာယ်များပြီး အက်ဆီးဒင့်ဖြစ်နိုင်လို့ပါ။

မိန်းကလေးများအနေနဲ့လည်း နေ့ဖြစ်ဖြစ်၊ ညဖြစ်ဖြစ် တစ်ယောက်တည်း သွားလာရတဲ့အခါမျိုးမှာ အွန်လိုင်းကနေရောင်းတဲ့ Pepper Spray လိုမျိုး ကိုယ့်ကိုကိုယ် ကာကွယ်လို့ရမယ့်ပစ္စည်းများကို ယူဆောင်သွားခြင်းဖြင့် ခွေးဆိုးရန်နဲ့ကြုံလာတဲ့အခါ သို့မဟုတ် လူဆိုးရန်နဲ့ကြုံလာတဲ့အခါ အထောက်အကူဖြစ်နိုင်ပါတယ်လို့ အကြံပေးချင်ပါတယ်။

Author : Dr 528

Previous Post

သိထားသင့်တဲ့ စိတ်ဓာတ်ကျမှု အပိုင်း (၂)

Next Post

လေထဲကအကောင်များ‌

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
603

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လေထဲကအကောင်များ‌

ဝှေးစေ့ကင်ဆာ

မိခင်နို့တိုက်ကျွေးခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.