မနက်စာစားဖို့တကယ်လိုရဲ့လား
ယနေ့ခေတ်လို အချိန်နဲ့အမျှ ပညာရှာ ငွေရှာ နဲ့ ရုန်းကန်နေရတဲ့ခေတ်မှာ လူအတော်များများဟာ မနက်စာကိုသိပ်အလေးမထားကြတာများပါတယ်။ စားတယ်ဆိုရုံလောက်ပဲစားတဲ့သူရှိသလို ကော်ဖီတစ်ခွက်နဲ့ပြီးသွားတဲ့သူတွေလည်းအများကြီးပါ။ တချို့ဆို လုံးဝမစားဘဲ မနက်စာနဲ့နေ့လည်စာ ပေါင်းစားတာမျိုးလည်းရှိပါတယ်။
လူအားလုံးဟာ မနက်စာက သိပ်အရေးမကြီးဘူးလို့ထင်ကြပါတယ်။ သို့သော် ခုနောက်ပိုင်းသုတေသနတွေလုပ်လာတဲ့အခါမှာ မနက်စာရဲ့အရေးပါပုံကိုပိုပြီးသိရှိလာပါတယ်။
မနက်စာကအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာညစာစားပြီးနောက်ပိုင်းကနေ မနက်ထိ ဘာမှမစားတဲ့အတွက်ရယ် နောက်ပြီးနေ့တစ်နေ့ရဲ့လုပ်ငန်းတွေကိုထမ်းဆောင်ဖို့ရာမှာ ပြည့်ပြည့်၀၀ အကောင်းမွန်ဆုံးထမ်းဆောင်နိုင်ဖို့အတွက်ရယ် အချိန်မီ အင်အားများကိုဖြည့်ပေးနိုင်ဖို့ပါ။
လူတစ်ဦးတစ်ယောက်တိုင်းဟာ နေ့စဉ် အာဟာရပြည့်ဝသော မနက်စာကို စားရပါမယ်။ မနက်စာကို ကျန်းမာရေးနဲ့ညီညွတ်အောင်စားခြင်းဖြင့် ဦးနှောက်မှတ်ဉာဏ်လည်းပိုကောင်းလာနိုင်ပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်အောင် နံနက်စာကိုဘယ်လိုစားရမလဲ။
အိပ်ရာမှနိုးနိုးခြင်း မနက်စာမစားသင့်ပါ။ ဘာလို့လဲဆိုတော့ နိုးနိုးခြင်းစားရင် အစာကြေဖို့မလွယ်ကူလို့ပါ။ အိပ်ရာထပြီးနောက် မိနစ်၂၀ သို့မဟုတ် နာရီဝက်လောက်ကြာပြီးမှ စားသင့်သည်။ နောက်တစ်ခုက မနက်စောစောထလေ့ရှိသူဆိုပါက မနက်စာကိုအစောကြီးမစားပါနဲ့(ဆိုလိုတာက မနက်ငါးနာရီထတဲ့သူဆိုရင် ကဲဆရာကအိပ်ရာထပြီးနာရီဝက်လောက်နေမှ စားခိုင်းတယ်ဆိုတော့ ငါးနာရီခွဲလောက်မှာ ငါးနာရီခွဲမှာမနက်စာစားမယ်ကွာဆိုပြီး မလုပ်ပါနဲ့)။ မနက်၇နာရီနောက်ပိုင်းမှသာ မနက်စာစားတာ ပိုကောင်းပါတယ်။
မနက်စာစားရာတွင် ဖြည်းဖြည်းချင်း ကြေညက်အောင်သေချာဝါးစားပါ။ မနက်စာကို ကသောကမျော အမြန်စားခြင်းမျိူးကိုရှောင်ပါ။ မနက်စာစားသည့်အချိန်ဟာလည်း နေ့စဉ်အချိန်မှန်သင့်ပါတယ်။ မနက်စာစားချိန်ကျော်သွားမှစားသော အစားအစာသည် စားနေကျ မနက်စာကို အစားမထိုးနိုင်ပါဘူး။
မနက်စာအဖြစ်စားသင့်သောအစားအစာများ
အသား ငါး ဥ ဟင်းရွက် ဟင်းရည် စုံလင်စွာစားပါကပိုကောင်းပါတယ်။ ဒါမှမဟုတ် နွားနို့ ကွေကာအုပ် မုန့်ဟင်းခါး ရှမ်း မုန့်နဲ့လက်ဖက်ရည် စသဖြင့်လည်းစားနိုင်ပါတယ်။ သစ်သီးသစ်ဥလည်းစားနိုင်ပါတယ်။
မနက်စာအဖြစ်မစားသင့်တဲ့အစားအစာများ
ခုနကသစ်သီးသစ်ဥတွေကို မနက်စာအဖြစ် အဆီကျစေရန်စားနိုင်သော်လည်း နာနတ်သီး တို့ကိုမစားသင့်ပါဘူး။ အစာအိမ်အတွက်အန္တရာယ်ပေးနိုင်လို့ပါ။ နောက်ပြီး ရေခဲများစွာနဲ့ အေးစက်နေသော ဖျော်ရည်မျိူးကိုလည်း မနက်စာအဖြစ်ရှောင်သင့်ပါတယ်။ ဆီကြော်မုန့်များ အဆီအဆိမ့်များကိုလည်း မနက်စာအဖြစ် မစားသုံးသင့်ပါ။
Author : Dr. 528