( Zawgyi )
လူဆိုသည္မွာ ေမြးဖြားလာကတည္းက အစာအာဟာရျဖင့္ အသက္ရွင္ေနရသူမ်ားသာ ျဖစ္ၾကသည္။ သူ႔အ႐ြယ္ႏွင့္ သူ႔အစာရွိၿပီးသား ျဖစ္ေသာေၾကာင့္ အာဟာရ မွီဝဲၿပီး အသက္ရွင္သန္ေနရသူ ျဖစ္သည္။ မိခင္ႏို႔ရည္ေသာက္သုံးျခင္းမွ အစျပဳၿပီး ေနာက္ဆုံး သက္ႀကီး႐ြယ္အို ျဖစ္သည္အထိ မိမိတို႔၏ အသက္အ႐ြယ္ အခ်ိန္အခါႏွင့္ က်န္းမာေရးအေျခအေနအရ စားသင့္သည့္အစာကို စားသင့္သလို ေရွာင္သင့္သည့္အစာမ်ားကိုလည္း ေရွာင္ရေလ့ရွိပါသည္။ အစားအစာမ်ားတြင္ လူကို အက်ိဳးျပဳေစသည့္ အစာမ်ားကိုလည္း ေရွာင္ရေလ့ရွိပါသည္။
အစားအစာမ်ားတြင္ လူကို အက်ိဳးျပဳေစသည့္ အစာႏွင့္ အက်ိဳးမဲ့ေစမည့္အစာဟူ၍ ႏွစ္မ်ိဳးရွိေနသလို အစာအာဟာရ အုပ္စုသုံးစုလည္း ရွိေနပါသည္။ ခႏၶာကိုယ္ႀကီးထြားေစသည့္ အစာေရာဂါ ကာကြယ္သည့္အစာႏွင့္ ခြန္အားျဖစ္ေစေသာ အစာအုပ္စုသုံးစုရွိေနသလို ထိုအာဟာရ အုပ္စုဝင္မ်ားကို ေန႔စဥ္ ပုံမွန္စားေပးရန္လည္း လိုအပ္ပါသည္။ မိမိႀကိဳက္ႏွစ္သက္မႈ မရွိသျဖင့္ ဟိုအစာကို မစားမိ ဒီအစာကို ေရွာင္စသည့္ ေရရွည္ျပဳလုပ္ေနပါက ခႏၶာကိုယ္အတြက္ အက်ိဳးရွိေစမည္ မဟုတ္ပါ။ အခ်ိဳ႕သည္ အားေဆးမ်ားကို အားျပဳ၍ အစားအစာကို ေရွာင္ၾကဥ္ေနျခင္းသည္လည္း အခ်ဥ္းႏွီး လုပ္ရပ္သာ ျဖစ္ပါသည္။ အားေဆးဆိုသည္မွာလည္း ခႏၶာကိုယ္တြင္း လုံေလာက္သည့္ အာဟာရမ်ား အစားအစာတြင္ ပါဝင္မႈနည္းသည့္အခါတြင္ လိုအပ္ခ်က္မ်ားကို အားေဆးျဖင့္ ျပန္လည္ပံ့ပိုး ျဖည့္တင္းရျခင္းပင္ ျဖစ္ပါသည္။ အားေဆးသာအားကိုးၿပီး အစာမစားပါက အက်ိဳးျဖစ္ထြန္းမည္ မဟုတ္ႏိုင္ေၾကာင္းကိုလည္း ႀကိဳတင္မွတ္သား ထားသင့္ပါသည္။
လူတို႔၏ စိတ္ခံယူခ်က္မ်ားသည္ အမ်ိဳးမ်ိဳးေသာ ပုံစံစုံရွိေနေသာ္လည္း မိမိ၏ ခႏၶာအတြက္ လိုအပ္သည့္ အစားအစာကို လိုခ်င္တပ္မက္မႈ နည္းပါးၿပီး အာဟာရနည္းပါးသည့္အစာႏွင့္ လူကို ဆိုးက်ိဳးျဖစ္ေစမည့္ အစာမ်ားကို ခုံမင္ႏွစ္သက္မႈကေတာ့ သြား၍ တူညီေနတတ္ပါသည္။မ်ားေသာအားျဖင့္ အခ်ိဳ၊ အငံ၊ အစပ္၊ အခ်ဥ္ စသည့္အစာမ်ားကို ႀကိဳက္ႏွစ္သက္မႈ မ်ားတတ္ၾကၿပီး ခါးေသာအစာမ်ားကိုမူ ႏွစ္သက္မႈ မရွိဘဲ ေရွာင္ရွားတတ္ၾကသည္မွာ သဘာဝပင္ ျဖစ္ေနပါသည္။
ထိုထိုေသာ အစားဓာတ္ပိသည့္ အစာမ်ားသည္ လူ၏ ခႏၶာကိုယ္အတြက္ အက်ိဳးျပဳေသာ္လည္း တစ္ပတ္လွ်င္ တစ္ႀကိမ္စားလွ်င္ပင္ ေမ့ေလ်ာ့ေနတတ္ၾကပါသည္။ အခ်ိဳ႕သည္လည္း ကိုယ္ခႏၶာတြင္ အဆီပိုမ်ားရွိေနသည္ကို အစားအေသာက္ကို ဆင္ျခင္စားသုံးၿပီး ပုံမွန္ေလ့က်င့္ခန္း လုပ္၍ေလ်ာ့ခ်မည္ဟု စိတ္မကူးပဲ ဝိတ္ခ်လိုသျဖင့္ အစားမစားဘဲ ေနျခင္းသည္လည္း ခႏၶာကိုယ္ကို ဒုကၡေပးျခင္းသာ ျဖစ္ပါသည္။
အခ်ိဳ႕သည္လည္း အဆီက်ေစသည္ဆိုသည့္ ေဆးဝါးမ်ားအားကိုးျဖင့္ အစာကို ေလ်ာ့စားကာ ထိုေဆးမ်ား ေသာက္သုံးေနျခင္းသည္လည္း အဆီ၊ ကယ္လိုရီဟူ၍ လူ႔ခႏၶာကိုယ္အတြင္း လိုအပ္ေသာ စနစ္ႏွင့္ တိုင္းတာခ်က္မ်ား ရွိေနရာ ရွိသင့္သည့္ဓာတ္မ်ား သူ႔ရာခိုင္ႏႈန္းႏွင့္ သူရွိရမည္ ျဖစ္ပါသည္။ ခႏၶာကိုယ္အတြင္းရွိ ရွိသင့္သည့္ ဓာတ္မ်ားသည္ အခ်ိဳးအဆ ညီမွ်စြာ ရွိေနပါမွ လူ၏ က်န္းမာေရး ေကာင္းေနမည္ကိုလည္း သတိျပဳသင့္ပါသည္။
ထိုသို႔ လူတို႔၏ ခႏၶာကိုယ္အတြက္ အသက္အ႐ြယ္အလိုက္၊ အာဟာရလိုအပ္ခ်က္မ်ားမတူ ကြဲျပားစြာ ျခားနားလ်က္ ရွိေနတတ္သလို က်န္းမာေရး အေျခအေနအရလည္း အာဟာရ လိုအပ္ခ်က္မ်ား မတူညီသည္မ်ား ရွိေနတတ္ပါသည္။
အထူးသျဖင့္ HIV ပိုးဝင္ေရာက္လာသည့္ ေနာက္ပိုင္းေရာဂါမ်ိဳးစုံ ျဖစ္ပြားတတ္ပါသည္။ ထို႔အျပင္ ခႏၶာကိုယ္ပိန္လာျခင္း၊ ဝမ္းပ်က္ျခင္း၊ ပါးစပ္တြင္ မက္ခ႐ုမ်ား ေပါက္လာျခင္း၊ TB ေရာဂါျဖစ္လာျခင္းသည္လည္း အစာအာဟာရႏွင့္ တိုက္႐ိုက္သက္ဆိုင္မႈ ျဖစ္လာတတ္ပါသည္။ TB ေရာဂါျဖစ္ေနသူႏွင့္ လွ်ာတြင္ မက္ခ႐ုေပါက္ေနသူမ်ားသည္ အစာမ်ားကို ေကာင္းမြန္စြာ ၿမိဳမခ်ႏိုင္ျခင္းႏွင့္ မစားခ်င္မေသာက္ခ်င္ အမ်ားဆုံး ျဖစ္လာတတ္ပါသည္။ ထို႔အျပင္ ဝမ္းပ်က္ေနသူမ်ားသည္လည္း မိမိတို႔ႏွင့္ မတည့္ေသာ အစာမ်ားကို ေရွာင္ရွားရန္ လိုအပ္လာပါသည္။
အစာစားလိုစိတ္မရွိသျဖင့္ အစာကို မစားဘဲေနပါက ခႏၶာကိုယ္ က်ဆင္းလာပါသည္။ အစာကို စားလိုစိတ္မရွိသျဖင့္ အစာကို မစားဘဲေနပါက ခႏၶာကိုယ္၏ လိုအပ္ခ်က္ ျပည့္စုံမႈမရွိေတာ့သလို ခႏၶာကိုယ္၏ အေလးခ်ိန္သည္လည္း က်ဆင္းလာပါသည္။ ထိုအခါ အားအင္ကုန္ခန္းလ်က္ ေရာဂါအေျခအေန ပိုမိုဆိုးလာႏိုင္သည္ကို သတိရွိသင့္ပါသည္။ ထိုအတြက္ေၾကာင့္ ဆရာဝန္ထံတြင္ အလွ်င္အျမန္ သြားေရာက္ၿပီး ကုသမႈခံယူသင့္ပါသည္။ မိမိႏွင့္ တည့္သည့္အစာမ်ားကို မစားခ်င္လည္း စားရမည္သာျဖစ္ၿပီး အာဟာရလိုအပ္ခ်က္ကို ျဖည့္ဆည္းရမည္သာ ျဖစ္ပါသည္။ အာဟာရျပတ္သြားသည့္အခါတြင္ မိမိတို႔၏ေရာဂါကို ပိုမိုျပင္းထန္ဆိုး႐ြားမႈ ျဖစ္လာႏိုင္သည္ကိုလည္း သတိျပဳေစလိုပါသည္။
ခႏၶာကိုယ္အေလးခ်ိန္ က်ဆင္းလာသည့္အခါတြင္ ပုံမွန္အေနအထား ျပန္ေရာက္ေစရန္အတြက္ ေဆးကိုသာ အားထား၍ မျဖစ္ဘဲ အာဟာရ လိုအပ္ခ်က္သည္ အဓိကက်ေနပါသည္။ အထူးသျဖင့္ အာဟာရအုပ္စုသုံးခုစလုံး ေန႔စဥ္ပါဝင္ေအာင္ စားေသာက္သင့္သလို ဂ်ဳံႏွင့္ျပဳလုပ္ေသာ အစာမ်ားကိုလည္း ပိုမိုစားသုံးေပးသင့္ပါသည္။ ခႏၶာကိုယ္၏ လိုအပ္ခ်က္တြင္ ေရဓာတ္သည္လည္း အဓိကေနရာမွ ပါဝင္ေနရာ၊ ေရ၊ စြပ္ျပဳတ္၊ ေရေႏြးၾကမ္း အစရွိသည့္ အရည္မ်ားကိုလည္း သတိျပဳ၍ စားသုံးသင့္ပါသည္။
ျငဳပ္သီး၊ ျငဳပ္ေကာင္းစသည္တို႔ လူတို႔အတြက္ အက်ိဳးျပဳမႈ နည္းပါးသျဖင့္ ထိုအခ်ိန္တြင္ ေရွာင္ရွားလာသလို အစာအာဟာရ လိုအပ္ခ်က္ကို ထပ္မံျဖည့္ဆည္းမႈ အားနည္းပါက ေရာဂါအေျခအေန ပိုမိုဆိုး႐ြားလာေစေသာ သံသရာလည္းရွိျခင္းမ်ိဳးသာ ႀကဳံေတြ႕လာႏိုင္ပါသည္။ထို႔အတြက္ေၾကာင့္ မိမိတို႔၏ ေရာဂါအေျခအေနရ ကုသခံယူမႈကို လ်င္ျမန္စြာ ျပဳလုပ္သင့္သလို အာဟာရလိုအပ္ခ်က္အတြက္ အာဟာရဆိုင္ရာ ကြၽမ္းက်င္သူမ်ားႏွင့္ တိုင္ပင္ေဆြးေႏြးသင့္ပါသည္။ လူတို႔အတြက္ အစာအာဟာရသည္ အဓိကအခန္းမွ ပါဝင္ေနသည္ကို ေမ့ထား၍ မရပါ။ က်န္းမာေရးေၾကာင့္ ျဖစ္ေစ လွပေစလို၍ ျဖစ္ေစ၊ ခႏၶာကိုယ္အတြက္ လိုအပ္သည့္ အာဟာရကို ျဖည့္ဆည္းေပးမႈ မျပဳၾကပါက ဘဝကူးေျပာင္းသြားႏိုင္သည္ကို ေရးသားသတိေပးလိုက္ ရပါေတာ့သည္။
Author: Hlaing (peer), Healthcare Journal ,vol 8,no 23(23.6.17)
(Unicode)
လူဆိုသည်မှာ မွေးဖွားလာကတည်းက အစာအာဟာရဖြင့် အသက်ရှင်နေရသူများသာ ဖြစ်ကြသည်။ သူ့အရွယ်နှင့် သူ့အစာရှိပြီးသား ဖြစ်သောကြောင့် အာဟာရ မှီဝဲပြီး အသက်ရှင်သန်နေရသူ ဖြစ်သည်။ မိခင်နို့ရည်သောက်သုံးခြင်းမှ အစပြုပြီး နောက်ဆုံး သက်ကြီးရွယ်အို ဖြစ်သည်အထိ မိမိတို့၏ အသက်အရွယ် အချိန်အခါနှင့် ကျန်းမာရေးအခြေအနေအရ စားသင့်သည့်အစာကို စားသင့်သလို ရှောင်သင့်သည့်အစာများကိုလည်း ရှောင်ရလေ့ရှိပါသည်။ အစားအစာများတွင် လူကို အကျိုးပြုစေသည့် အစာများကိုလည်း ရှောင်ရလေ့ရှိပါသည်။
အစားအစာများတွင် လူကို အကျိုးပြုစေသည့် အစာနှင့် အကျိုးမဲ့စေမည့်အစာဟူ၍ နှစ်မျိုးရှိနေသလို အစာအာဟာရ အုပ်စုသုံးစုလည်း ရှိနေပါသည်။ ခန္ဓာကိုယ်ကြီးထွားစေသည့် အစာရောဂါ ကာကွယ်သည့်အစာနှင့် ခွန်အားဖြစ်စေသော အစာအုပ်စုသုံးစုရှိနေသလို ထိုအာဟာရ အုပ်စုဝင်များကို နေ့စဉ် ပုံမှန်စားပေးရန်လည်း လိုအပ်ပါသည်။ မိမိကြိုက်နှစ်သက်မှု မရှိသဖြင့် ဟိုအစာကို မစားမိ ဒီအစာကို ရှောင်စသည့် ရေရှည်ပြုလုပ်နေပါက ခန္ဓာကိုယ်အတွက် အကျိုးရှိစေမည် မဟုတ်ပါ။ အချို့သည် အားဆေးများကို အားပြု၍ အစားအစာကို ရှောင်ကြဉ်နေခြင်းသည်လည်း အချဉ်းနှီး လုပ်ရပ်သာ ဖြစ်ပါသည်။ အားဆေးဆိုသည်မှာလည်း ခန္ဓာကိုယ်တွင်း လုံလောက်သည့် အာဟာရများ အစားအစာတွင် ပါဝင်မှုနည်းသည့်အခါတွင် လိုအပ်ချက်များကို အားဆေးဖြင့် ပြန်လည်ပံ့ပိုး ဖြည့်တင်းရခြင်းပင် ဖြစ်ပါသည်။ အားဆေးသာအားကိုးပြီး အစာမစားပါက အကျိုးဖြစ်ထွန်းမည် မဟုတ်နိုင်ကြောင်းကိုလည်း ကြိုတင်မှတ်သား ထားသင့်ပါသည်။
လူတို့၏ စိတ်ခံယူချက်များသည် အမျိုးမျိုးသော ပုံစံစုံရှိနေသော်လည်း မိမိ၏ ခန္ဓာအတွက် လိုအပ်သည့် အစားအစာကို လိုချင်တပ်မက်မှု နည်းပါးပြီး အာဟာရနည်းပါးသည့်အစာနှင့် လူကို ဆိုးကျိုးဖြစ်စေမည့် အစာများကို ခုံမင်နှစ်သက်မှုကတော့ သွား၍ တူညီနေတတ်ပါသည်။များသောအားဖြင့် အချို၊ အငံ၊ အစပ်၊ အချဉ် စသည့်အစာများကို ကြိုက်နှစ်သက်မှု များတတ်ကြပြီး ခါးသောအစာများကိုမူ နှစ်သက်မှု မရှိဘဲ ရှောင်ရှားတတ်ကြသည်မှာ သဘာဝပင် ဖြစ်နေပါသည်။
ထိုထိုသော အစားဓာတ်ပိသည့် အစာများသည် လူ၏ ခန္ဓာကိုယ်အတွက် အကျိုးပြုသော်လည်း တစ်ပတ်လျှင် တစ်ကြိမ်စားလျှင်ပင် မေ့လျော့နေတတ်ကြပါသည်။ အချို့သည်လည်း ကိုယ်ခန္ဓာတွင် အဆီပိုများရှိနေသည်ကို အစားအသောက်ကို ဆင်ခြင်စားသုံးပြီး ပုံမှန်လေ့ကျင့်ခန်း လုပ်၍လျော့ချမည်ဟု စိတ်မကူးပဲ ဝိတ်ချလိုသဖြင့် အစားမစားဘဲ နေခြင်းသည်လည်း ခန္ဓာကိုယ်ကို ဒုက္ခပေးခြင်းသာ ဖြစ်ပါသည်။
အချို့သည်လည်း အဆီကျစေသည်ဆိုသည့် ဆေးဝါးများအားကိုးဖြင့် အစာကို လျော့စားကာ ထိုဆေးများ သောက်သုံးနေခြင်းသည်လည်း အဆီ၊ ကယ်လိုရီဟူ၍ လူ့ခန္ဓာကိုယ်အတွင်း လိုအပ်သော စနစ်နှင့် တိုင်းတာချက်များ ရှိနေရာ ရှိသင့်သည့်ဓာတ်များ သူ့ရာခိုင်နှုန်းနှင့် သူရှိရမည် ဖြစ်ပါသည်။ ခန္ဓာကိုယ်အတွင်းရှိ ရှိသင့်သည့် ဓာတ်များသည် အချိုးအဆ ညီမျှစွာ ရှိနေပါမှ လူ၏ ကျန်းမာရေး ကောင်းနေမည်ကိုလည်း သတိပြုသင့်ပါသည်။
ထိုသို့ လူတို့၏ ခန္ဓာကိုယ်အတွက် အသက်အရွယ်အလိုက်၊ အာဟာရလိုအပ်ချက်များမတူ ကွဲပြားစွာ ခြားနားလျက် ရှိနေတတ်သလို ကျန်းမာရေး အခြေအနေအရလည်း အာဟာရ လိုအပ်ချက်များ မတူညီသည်များ ရှိနေတတ်ပါသည်။
အထူးသဖြင့် HIV ပိုးဝင်ရောက်လာသည့် နောက်ပိုင်းရောဂါမျိုးစုံ ဖြစ်ပွားတတ်ပါသည်။ ထို့အပြင် ခန္ဓာကိုယ်ပိန်လာခြင်း၊ ဝမ်းပျက်ခြင်း၊ ပါးစပ်တွင် မက်ခရုများ ပေါက်လာခြင်း၊ TB ရောဂါဖြစ်လာခြင်းသည်လည်း အစာအာဟာရနှင့် တိုက်ရိုက်သက်ဆိုင်မှု ဖြစ်လာတတ်ပါသည်။ TB ရောဂါဖြစ်နေသူနှင့် လျှာတွင် မက်ခရုပေါက်နေသူများသည် အစာများကို ကောင်းမွန်စွာ မြိုမချနိုင်ခြင်းနှင့် မစားချင်မသောက်ချင် အများဆုံး ဖြစ်လာတတ်ပါသည်။ ထို့အပြင် ဝမ်းပျက်နေသူများသည်လည်း မိမိတို့နှင့် မတည့်သော အစာများကို ရှောင်ရှားရန် လိုအပ်လာပါသည်။
အစာစားလိုစိတ်မရှိသဖြင့် အစာကို မစားဘဲနေပါက ခန္ဓာကိုယ် ကျဆင်းလာပါသည်။ အစာကို စားလိုစိတ်မရှိသဖြင့် အစာကို မစားဘဲနေပါက ခန္ဓာကိုယ်၏ လိုအပ်ချက် ပြည့်စုံမှုမရှိတော့သလို ခန္ဓာကိုယ်၏ အလေးချိန်သည်လည်း ကျဆင်းလာပါသည်။ ထိုအခါ အားအင်ကုန်ခန်းလျက် ရောဂါအခြေအနေ ပိုမိုဆိုးလာနိုင်သည်ကို သတိရှိသင့်ပါသည်။ ထိုအတွက်ကြောင့် ဆရာဝန်ထံတွင် အလျှင်အမြန် သွားရောက်ပြီး ကုသမှုခံယူသင့်ပါသည်။ မိမိနှင့် တည့်သည့်အစာများကို မစားချင်လည်း စားရမည်သာဖြစ်ပြီး အာဟာရလိုအပ်ချက်ကို ဖြည့်ဆည်းရမည်သာ ဖြစ်ပါသည်။ အာဟာရပြတ်သွားသည့်အခါတွင် မိမိတို့၏ရောဂါကို ပိုမိုပြင်းထန်ဆိုးရွားမှု ဖြစ်လာနိုင်သည်ကိုလည်း သတိပြုစေလိုပါသည်။
ခန္ဓာကိုယ်အလေးချိန် ကျဆင်းလာသည့်အခါတွင် ပုံမှန်အနေအထား ပြန်ရောက်စေရန်အတွက် ဆေးကိုသာ အားထား၍ မဖြစ်ဘဲ အာဟာရ လိုအပ်ချက်သည် အဓိကကျနေပါသည်။ အထူးသဖြင့် အာဟာရအုပ်စုသုံးခုစလုံး နေ့စဉ်ပါဝင်အောင် စားသောက်သင့်သလို ဂျုံနှင့်ပြုလုပ်သော အစာများကိုလည်း ပိုမိုစားသုံးပေးသင့်ပါသည်။ ခန္ဓာကိုယ်၏ လိုအပ်ချက်တွင် ရေဓာတ်သည်လည်း အဓိကနေရာမှ ပါဝင်နေရာ၊ ရေ၊ စွပ်ပြုတ်၊ ရေနွေးကြမ်း အစရှိသည့် အရည်များကိုလည်း သတိပြု၍ စားသုံးသင့်ပါသည်။
ငြုပ်သီး၊ ငြုပ်ကောင်းစသည်တို့ လူတို့အတွက် အကျိုးပြုမှု နည်းပါးသဖြင့် ထိုအချိန်တွင် ရှောင်ရှားလာသလို အစာအာဟာရ လိုအပ်ချက်ကို ထပ်မံဖြည့်ဆည်းမှု အားနည်းပါက ရောဂါအခြေအနေ ပိုမိုဆိုးရွားလာစေသော သံသရာလည်းရှိခြင်းမျိုးသာ ကြုံတွေ့လာနိုင်ပါသည်။ထို့အတွက်ကြောင့် မိမိတို့၏ ရောဂါအခြေအနေရ ကုသခံယူမှုကို လျင်မြန်စွာ ပြုလုပ်သင့်သလို အာဟာရလိုအပ်ချက်အတွက် အာဟာရဆိုင်ရာ ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လူတို့အတွက် အစာအာဟာရသည် အဓိကအခန်းမှ ပါဝင်နေသည်ကို မေ့ထား၍ မရပါ။ ကျန်းမာရေးကြောင့် ဖြစ်စေ လှပစေလို၍ ဖြစ်စေ၊ ခန္ဓာကိုယ်အတွက် လိုအပ်သည့် အာဟာရကို ဖြည့်ဆည်းပေးမှု မပြုကြပါက ဘဝကူးပြောင်းသွားနိုင်သည်ကို ရေးသားသတိပေးလိုက် ရပါတော့သည်။
Author: Hlaing (peer), Healthcare Journal ,vol 8,no 23(23.6.17)