fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

64
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/09/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

သုက်လွှတ်မြန်ခြင်း

အခုခေတ်ဟာခေတ်မှီပွင့်လင်းလာတာနဲ့အမျှ လိင်ပိုင်းဆိုင်ရာပြသာနာတွေကို အရင်ကထက်စာရင် တော်တော်မေးမြန်းလာကြပါတယ်။ ဖေ့ဘုတ် မက်ဆင်ဂျာကနေအမေးအဖြေလုပ်လို့ရတဲ့အခါမှာ မေးတဲ့သူတွေဘက်က တော်တော်လေးကို မေးရတာ ပိုအဆင်ပြေလာကြပါတယ်။ အခုတစ်ခါပြောပြချင်တာကတော့ အရွယ်ရောက်ပြီး အမျိုးသားတွေအားလုံးနီးပါး အမေးများကြတဲ့ သုက်လွှတ်မြန်ခြင်းအကြောင်းပါပဲ။

ယောက်ျားတန်ဆာမှာ အဓိကကိစ္စနှစ်ရပ် ရှိပါတယ်။ လိင်မှုကိစ္စ ဆောင်ရွက်ပြီး မျိုးဆက်ပွားများဖို့ နဲ့ ဆီးစွန့်ဖို့ ဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု၊ ထိတွေ့မှုဟာ ကျောရိုး အာရုံကြောမကြီးကနေ ဦးနှောက်ကို သွားပါတယ်။ သုက်ရည်ထွက်ခြင်းဟာ ဗဟိုအာရုံကြောစနစ်ရဲ့ တုံ့ပြန်မှုတစ်ခုပဲ ဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုကြောင့် အာရုံခံစားမှု အမြင့်ဆုံးရောက်ချိန်မှာ သုက်လွှတ်ခြင်း ဖြစ်ပေါ်ပါတယ်။

သုက်လွှတ်မြန်ခြင်း (Premature Ejaculation) ဆိုသည်မှာအမျိုးသားများသည် လိင်ဆက်ဆံစဉ် ၎င်း၏ အိမ်ထောင်ဖက်မှ စိတ်ကျေနပ်မှုမရခင် သုတ်ရည်ထွက်ခြင်း ဖြစ်သည်။ ပိုပြီးတိတိကျကျပြောရရင် လိင်တံကိုထည့်လိုက်ပြီး ၂မိနစ်မပြည့်ခင် သုတ်လွှတ်မှု အမြဲဖြစ်ပေါ်ခြင်း (ဝါ)အများအားဖြင့် ဖြစ်ပေါ်ခြင်းကို ဆိုလိုပါတယ်။ မထည့်မှီကပင် သုက်ထွက်ခြင်း၊ သုက်လွှတ်ခြင်းကို နောက်ကျစေရန် အမြဲမထိန်းနိုင်ခြင်း(ဝါ) အများအားဖြင့် မထိန်းနိုင်ခြင်း၊ ဒီလိုတွေဖြစ်ရတဲ့အတွက်မိမိရဲ့ဆက်ဆံဖော်မှာသာမက ကြာရင်မိမိပါ စိတ်ဖိစီးမှုခံစားရပြီး ကိုယ့်ကိုကိုယ် ယုံကြည်ချက်နည်းလာနိုင်ပါတယ်။

ဘာကြောင့်သုက်လွှတ်မြန်ရတာလဲ။

သုတေသနတွေလုပ်နေပေမယ့် ခုထိသုက်လွှတ်မြန်ရတဲ့ အကြောင်းရင်းကို တိတိကျကျပြောလို့မရသေးပါ။ သုတေသနတွေအရ ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကတော့

မိမိဘာသာအာသာဖြေရာတွင် လူမိမှာစိုးသဖြင့် အလျင်စလိုမြန်မြန်ဖြေမိခြင်း
လိင်ဆက်ဆံရာတွင် ပတ်ဝန်းကျင်ကြောင့်လွတ်လပ်မှုမရှိခြင်း
လိင်ဆက်ဆံရေးတွင် သာမန်ထက်ပိုပြီးစိတ်လှုပ်ရှားနေခြင်း
လိင်ဆက်ဆံမှုကို စတင်ပြုလုပ်သူများဖြစ်ခြင်း (အတွေ့ အကြုံမရှိသူဖြစ်ခြင်း)
ဆီးကျိတ်ရောင်ခြင်း သို့မဟုတ် ဆီးပိုးဝင်ခြင်း
အာရုံကြောရောဂါများရှိခြင်း (Multiple Sclerosis နှင့် Peripheral Neuropathy)
အချို့သောဆေးဝါးများသုံးစွဲနေခြင်း စတဲ့အကြောင်းများကြောင့်ဖြစ်နိုင်ခြေရှိတတ်တယ်လို့ပြောထားပါတယ်။
ဘယ်လိုကုသရမလဲ

အဓိကကတော့ ဖြစ်တဲ့အကြောင်းရင်းကိုသေချာသိဖို့အတွက် ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်ရပါမယ်။ လိင်ဆက်ဆံရာတွင် အတွေ့အကြုံမရှိတာကြောင့်ဖြစ်ပါက ကုသစရာမလိုဘဲအချိန်ကြာလျှင် ပုံမှန်ပြန်ဖြစ်သွားနိုင်ပါသည်။ သို့မဟုတ် မိမိကလိင်ဆက်ဆံရာတွင် လိုတာထက်ပိုပြီးစိတ်လှုပ်ရှားခြင်းကြောင့် ဖြစ်ပါကလည်း လေ့ကျင့်လို့ရပါတယ်။ ကိုယ်ဘာသာကိုယ်လေ့ကျင့်လို့လည်းရသလို မိမိရဲ့အိမ်ထောင်ဘက်ကို ကူညီခိုင်းလို့လည်းရပါတယ်။

ဦးစွာ မိမိရဲ့အင်္ဂါကို လက်နဲ့ပွတ်သပ်လှုံ့ဆော်ရပါမယ်။ ပြီးခါနီးအဆင့်ရောက်ခါနီးကျ(ဆိုလိုတာကလိင်စိတ်အမြင့်ဆုံးရောက်ခါနီးကျ) ရင် အင်္ဂါင်္ရဲ့ အထစ်အောက်နားမှာ ခပ်နာနာလေးညှစ်ပါ။ အဂါင်္ကိုနည်းနည်းပျော့သွားအောင်ညှစ်ပါ။ ပြီးရင်ခဏလွှတ်ထားလိုက်ပါ။ တစ်ခါညှစ်လျှင် ၁ စက္ကန့်မှ ၂၀ စက္ကန့်အထိ ညှစ်ပေး ထားသင့်သည်။ ထိုသို့ ညှစ်ခြင်း ကို လိင်စိတ်အမြင့်ဆုံးသို့မရောက်မှီ ၃ ကြိမ်ခန့်ပြုလုပ်ရန် လိုအပ်သည်။  လေ့ကျင့်မှုများစွာ ပြုလုပ်ရန်လည်း လိုအပ်သည်။ တစ်ခါလေ့ကျင့်လျှင် ၁၅မိနစ်ခန့်ထိကြာအောင်လေ့ကျင့်ပါ။

အကြိမ်ကြိမ် လေ့ကျင့်အောင်မြင်ပြီဆိုမှ ဖိုမဆက်ဆံကြည့်ပါ။ စစချင်းမှာ အမျိုးသမီးက အပေါ်မှာနေတဲ့ပုံစံကိုသုံးပါ။ အဲ့ဒါနဲ့အိုကေပြီဆိုမှ အမျိုးသားကအပေါ်မှာနေတဲ့နည်းကို သုံးသင့်ပါတယ်။ တခြားအကြောင်းတွေကြောင့်ဆိုရင်လည်း ဆရာဝန်ကလိုအပ်တဲ့စမ်းသပ်မှုတွေပြုလုပ်ပြီး ဘယ်လိုကုသရမလဲဆိုတာညွန်ကြားပေးမှာပါ။

အဆုံးသတ်အနေနဲ့အကြံပြုချင်တာကတော့ အရပ်ထဲကပြောတဲ့ဆေးတွေကိုမိမိဘာသာ ဝယ်သုံးတာဟာ အန္တရာယ်ဖြစ်နိုင်တဲ့အတွက် မိမိမှာသုက်လွှတ်မြန်ခြင်းဖြစ်နေတယ်လို့ သံသယရှိပါက ဆေးခန်းမှာဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါလို့ ပြောချင်ပါတယ်။

Author : Dr. 528

Previous Post

အသားအရေလှပစေဖို့ အထောက်အကူပြုမည့် သဘာဝနည်းလမ်းများ

Next Post

အံ့ဖွယ်တစ်ပါးဖြစ်တဲ့ သန္ဓေတည်ပုံ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
744
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

1 year ago
632

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
987

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အံ့ဖွယ်တစ်ပါးဖြစ်တဲ့ သန္ဓေတည်ပုံ

အိမ်မွေးတိရိစ္ဆာန်များနဲ့ ကျန်းမာရေး

သံဓါတ်မလုံလောက်ခြင်းကြောင့်ဖြစ်သောသွေးအားနည်းရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.