fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

အစားအစာမှရတဲ့ အာဟာရနဲ့ လုံလောက်ပြီလား

28
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/08/2017
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Zawgyi)

သိပၸံပညာရွင္ေတြက ဆယ္စုႏွစ္မ်ားစြာ ဗီတာမင္ မွန္မွန္သုံးစြဲတဲ့ အေတြးအေခၚကို ရႈံ႕ခ်ၾကတယ္။ ေကာင္းမြန္တဲ့ ေန႔စဥ္စားတဲ့ အစားအစာကလူေတြလိုအပ္တဲ့အာဟာရကို ေပးတယ္လို႔ သူတို႔ယုံၾကည္ၾကတယ္။လြန္ခဲ့ေသာ ငါးႏွစ္မွ ဆယ္ႏွစ္အတြင္း ျပဳလုပ္ခဲ့တဲ့ ေလ့လာေရးေတြအရ သုေတသီေတြက ယင္းကိစၥကို ျပန္လည္စစ္ေဆးၾကည့္ၾကတယ္။

၁၉၉၅ ခုႏွစ္၊ ဝါရွင္တန္တကၠသိုလ္မွ သိပၸံပညာရွင္ေတြ ျပဳလုပ္တဲ့ ေလ့လာေရးတစ္ခုကို ၾကည့္ပါ။ စုံစမ္းစစ္ေဆးမႈေတြထဲမွ စိတ္ဝင္စားစရာ အေကာင္းဆုံး   ျဖစ္တဲ့ အဆိုျပဳခ်က္ေတြထဲမွ တစ္ခုျဖစ္တဲ့ “ေဖာ္လစ္အက္ဆစ္ဟာ ႏွလုံးတိုက္ခိုက္မႈႏွင့္ ေလျဖတ္ျခင္းကို ကာကြယ္ေပးႏိုင္တယ္” ကို စဥ္းစားၾကတယ္။
သင္က်န္းမာတယ္ဆိုရင္ ဗီတာမင္ေဆးျပားေတြကို သုံးစြဲဖို႔ မလိုအပ္ဘူးေပါ့။ သင္ရည္႐ြယ္ထားတဲ့ အေလ့အက်င့္အခ်ိဳ႕က သင့္ရဲ႕ျဖည့္စြက္စာလိုအပ္မႈကို တိုးတက္ေစႏိုင္တယ္ဆိုတာ သင္အံ့အားသင့္သြားႏိုင္တယ္။

ႏွလုံးက်န္းမာေစတဲ့ အစားအစာေတြကို စားေနပါသလား
လိုအပ္တာက – ဗီတာမင္အီး

ဆီမပါတဲ့ အစားအစာဟာ ေကာင္းမြန္တဲ့ ေန႔စဥ္စားတဲ့အစာ ျဖစ္တယ္လို႔ လူအမ်ားထင္သလို သင္ယူဆရင္ မွားလိမ့္မယ္။ အႀကံျပဳထားတဲ့ ဗီတာမင္အီး ပမာဏကိုရဖို႔ အဆီလိုအပ္တယ္လို႔ အိုရီဂြန္ျပည္နယ္ တကၠသိုလ္မွ အာဟာရႏွင့္ ဗီတာမင္အီး ကြၽမ္းက်င္သူ မာဂရက္တရာဘာ က ဆိုတယ္။ သံလြင္ဆီ  ႏွင့္ ကာႏိုလာ ဆီကဲ့သိုေသာ mono-unsaturated ဆီကို သုံးၾကည့္ပါ။ ဒါက ေကာ္လက္စထေရာ ဖြံ႕ၿဖိဳးမႈကို အားမေပးပါ။ ႏွလုံးေရာဂါ ျဖစ္ႏိုင္ေခ်ကို ေလ်ာ့ရန္ လုံေလာက္တဲ့ အဆင့္ရွိတဲ့ ဗီတာမင္အီးကို သံလြင္ဆီတို႔ျဖင့္ မရရင္ ဗီတာမင္အီးေဆးျပားႏွင့္ ျဖည့္စြက္ေပးရမယ္။

အရင္းအျမစ္ – သံလြင္နဲ႔ ကာႏိုလာဆီႏွင့္အတူ အယ္လ္မြန္သီးနဲ႔ ေနၾကာေစ့ေတြကလည္း အလြန္ေကာင္းတဲ့ အရင္းအျမစ္ေတြ ျဖစ္တယ္။ ျဖည့္စြက္စာအနနဲ႔ ဗီတာမင္အီးေဆးျပားကို သုံးပါ။ Multivitamin မွာ ဗီတာမင္အီး ၁၅ မီလီဂရမ္သာ ပါရွိတယ္။ ဗီတာမင္အီး ၂၀၀ – ၄၀၀ IU ပါရွိေသာ ေဆးဝါးကို ရွာပါ။

ေနခံလိမ္းေဆး သုံးျခင္းနဲ႔ ပတ္သက္ၿပီး သင္ႏွစ္သက္ပါသလား
သင္လိုအပ္တာက – ဗီတာမင္ဒီ

သင့္အေရျပားမွာ အတြန႔္ေၾကာင္းေတြ၊ အကြက္နဲ႔ အေျပာက္ေတြနဲ႔ အေရျပားကင္ဆာတို႔မွ ကာကြယ္ဖို႔ ဗီတာမင္ဒီ လိုအပ္ပါတယ္။ အ႐ိုးေတြကို ဂ႐ုစိုက္ဖို႔ လိုအပ္တယ္လို႔ ေဘာ့စတြန္ တကၠသိုလ္မွ အတြင္းစိမ့္ဂလင္းေဗဒ ပညာရွင္ မိုက္ကယ္ ဟိုလစ္ ကဆိုတယ္။ အေရျပားထဲမွာ ဗီတာမင္ဒီ ထုတ္လုပ္ၿပီး၊ အဲဒါထုတ္လုပ္ဖို႔ ေလာင္စာမွာ ေနေရာင္ျခည္မွ ခရမ္းလြန္ေရာင္ျခည္ ျဖစ္တယ္။ ေနပူခံလိမ္းေဆး အသုံးျပဳရင္ ၎ကို ျဖဳန္းတီးရာေရာက္ၿပီး၊ ဗီတာမင္ဒီ ထုတ္လုပ္မႈ အလြန္နည္းသြားမည္ ျဖစ္တယ္။ လုံေလာက္တဲ့ ဗီတာမင္ဒီ မရရင္ အစားအစာမွ ကယ္လ္စီယမ္ စုပ္ယူမႈ မရႏိုင္ေပ။ ကယ္လ္စီယမ္က အ႐ိုးကို သန္မာေစတယ္။အသက္ ၅၀ ေက်ာ္လာရင္ ဗီတာမင္ဒီ ထုတ္လုပ္မႈက ေႏွးေကြးလာတယ္။ ဗီတာမင္ဒီ ေလ်ာ့နည္းလာေတာ့ အ႐ိုးက်ိဳးတာ ပိုလြယ္လာၿပီး ႂကြက္သားေတြ အားနည္းလာတယ္။

အရင္းအျမစ္ – ဟိုလစ္ က လူႀကီးေတြရဲ႕ လက္ေတြ၊ မ်က္ႏွာေတြကို ေနေရာင္နဲ႔ ထိေတြ႕ေစခ်င္တယ္။ ဒါေပမယ့္ ေနေလာင္သြားမွာလည္း စိုးရိမ္မိတယ္။ ဒါေၾကာင့္ ျဖစ္ႏိုင္ရင္ဗီတာမင္ဒီ၄၀၀ IU ပါဝင္တဲ့ ဗီတာမင္မ်ိဳးစုံေဆးျပားကို ရွာရမယ္။ အသက္၇၀ ေက်ာ္ရင္၆၀၀ IU ေန႔စဥ္လိုအပ္လို႔ဗီတာမင္ဒီ ျဖည့္စြက္   ေဆးျပားနဲ႔ ျဖည့္ဖို႔ လိုအပ္ပါတယ္။

ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းအတြက္ သင္လမ္းေလွ်ာက္သလား
သင္လိုတာက – ကယ္လ္စီယမ္
မွန္မွန္ႏွလုံးခုန္ေနဖို႔၊ သင္လမ္းေလွ်ာက္သလား၊ ဒါမွမဟုတ္ ေရကူးသလား၊ စက္ဘီးစီးသလား။ ဒါေတြက ထိခိုက္မႈနည္းတဲ့ လႈပ္ရွားမႈေတြ ျဖစ္တယ္။ ႀကိဳး ခုန္တာ၊ ႐ြ႐ြေျပးတာနဲ႔ အျခားအ႐ိုးကို ထိခိုက္ႏိုင္တဲ့ ကိုယ္လက္လႈပ္ရွားမႈေတြ မဟုတ္ရင္ အ႐ိုးသန္စြမ္းမႈကို အားထားရန္ မလိုပါ။ ဒါေတာင္မွ အမ်ိဳးသမီး     ျဖစ္ရင္ ကယ္လ္စီယမ္ျဖည့္စြက္စာကို ေန႔စဥ္ျဖည့္ေပးဖို႔ လိုပါတယ္။ အမ်ိဳးသမီးေတြဟာ အစားအစာမွ လုံေလာက္တဲ့ သတၱဳဓာတ္ကို မရတာေၾကာင့္ ျဖစ္တယ္။ လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသမီးေတြဟာ တစ္ေန႔မွာ ၆၀၀ မီလီဂရမ္ ထက္နည္းတဲ့ ကယ္လ္စီယမ္ကို ရရွိတယ္လို႔ အ႐ိုးပြေရာဂါ ကြၽမ္းက်င္သူကဆိုတယ္။ နဂိုကတည္းက အ႐ိုးအားနည္းရင္ ဗီတာမင္ဒီပါတဲ့ ကယ္လ္စီယမ္ ျဖည့္စြက္စာက အ႐ိုးက်ိဳးျခင္းကို ကာကြယ္ေပးႏိုင္တယ္။

အမ်ိဳးသားမ်ားအတြက္ အ႐ိုးပြျခင္း အႏၲရာယ္ အလြန္နည္းပါတယ္။ ၎တို႔ဟာ စားေနတဲ့ အစားအစာေတြမွ ကယ္လ္စီယမ္ ပိုမိုရရွိတယ္။ ဒါေပမယ့္ အ သက္ ၅၀ ေက်ာ္လာရင္ ကယ္လ္စီယမ္ လိုအပ္လာၿပီ ျဖစ္တယ္။
အရင္းအျမစ္ – အဆီနည္းတဲ့ႏို႔တစ္ဖန္ခြက္မွာ ကယ္လ္စီယမ္ ၃၀၀ မီလီဂရမ္ ပါဝင္ၿပီး၊ အဆီနည္းတဲ့ ဒိန္ခ်ဥ္တစ္ပန္းကန္မွာ ၄၅၀ မီလီဂရမ္ ပါဝင္တယ္။ အသက္သိပ္မႀကီးတဲ့ လူႀကီးေတြဟာ တစ္ေန႔မွာ ၁၀၀၀ မီလီဂရမ္ ရသင့္တယ္လို႔ဆိုတယ္။ အမ်ိဳးသမီးေတြအတြက္ ထပ္ျဖည့္ရမယ့္ ကယ္လ္စီယမ္က ၄၀၀ – ၆၀၀ မီလီဂရမ္ျဖစ္ၿပီး၊ အမ်ိဳးသားမ်ားအတြက္ အသက္ ၅၀ ေက်ာ္လာရင္ ၄၀၀ မီလီဂရမ္ ထပ္ျဖည့္ေပးရမယ္။

Author: ႏွင္းေအးေဝ, Healthcare Journal, vol 8,no 25 (7.7.17)

(Unicode)

သိပ္ပံပညာရှင်တွေက ဆယ်စုနှစ်များစွာ ဗီတာမင် မှန်မှန်သုံးစွဲတဲ့ အတွေးအခေါ်ကို ရှုံ့ချကြတယ်။ ကောင်းမွန်တဲ့ နေ့စဉ်စားတဲ့ အစားအစာကလူတွေလိုအပ်တဲ့အာဟာရကို ပေးတယ်လို့ သူတို့ယုံကြည်ကြတယ်။လွန်ခဲ့သော ငါးနှစ်မှ ဆယ်နှစ်အတွင်း ပြုလုပ်ခဲ့တဲ့ လေ့လာရေးတွေအရ သုတေသီတွေက ယင်းကိစ္စကို ပြန်လည်စစ်ဆေးကြည့်ကြတယ်။

၁၉၉၅ ခုနှစ်၊ ဝါရှင်တန်တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေ ပြုလုပ်တဲ့ လေ့လာရေးတစ်ခုကို ကြည့်ပါ။ စုံစမ်းစစ်ဆေးမှုတွေထဲမှ စိတ်ဝင်စားစရာ အကောင်းဆုံး   ဖြစ်တဲ့ အဆိုပြုချက်တွေထဲမှ တစ်ခုဖြစ်တဲ့ “ဖော်လစ်အက်ဆစ်ဟာ နှလုံးတိုက်ခိုက်မှုနှင့် လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်တယ်” ကို စဉ်းစားကြတယ်။
သင်ကျန်းမာတယ်ဆိုရင် ဗီတာမင်ဆေးပြားတွေကို သုံးစွဲဖို့ မလိုအပ်ဘူးပေါ့။ သင်ရည်ရွယ်ထားတဲ့ အလေ့အကျင့်အချို့က သင့်ရဲ့ဖြည့်စွက်စာလိုအပ်မှုကို တိုးတက်စေနိုင်တယ်ဆိုတာ သင်အံ့အားသင့်သွားနိုင်တယ်။

နှလုံးကျန်းမာစေတဲ့ အစားအစာတွေကို စားနေပါသလား
လိုအပ်တာက – ဗီတာမင်အီး

ဆီမပါတဲ့ အစားအစာဟာ ကောင်းမွန်တဲ့ နေ့စဉ်စားတဲ့အစာ ဖြစ်တယ်လို့ လူအများထင်သလို သင်ယူဆရင် မှားလိမ့်မယ်။ အကြံပြုထားတဲ့ ဗီတာမင်အီး ပမာဏကိုရဖို့ အဆီလိုအပ်တယ်လို့ အိုရီဂွန်ပြည်နယ် တက္ကသိုလ်မှ အာဟာရနှင့် ဗီတာမင်အီး ကျွမ်းကျင်သူ မာဂရက်တရာဘာ က ဆိုတယ်။ သံလွင်ဆီ  နှင့် ကာနိုလာ ဆီကဲ့သိုသော mono-unsaturated ဆီကို သုံးကြည့်ပါ။ ဒါက ကော်လက်စထရော ဖွံ့ဖြိုးမှုကို အားမပေးပါ။ နှလုံးရောဂါ ဖြစ်နိုင်ချေကို လျော့ရန် လုံလောက်တဲ့ အဆင့်ရှိတဲ့ ဗီတာမင်အီးကို သံလွင်ဆီတို့ဖြင့် မရရင် ဗီတာမင်အီးဆေးပြားနှင့် ဖြည့်စွက်ပေးရမယ်။

အရင်းအမြစ် – သံလွင်နဲ့ ကာနိုလာဆီနှင့်အတူ အယ်လ်မွန်သီးနဲ့ နေကြာစေ့တွေကလည်း အလွန်ကောင်းတဲ့ အရင်းအမြစ်တွေ ဖြစ်တယ်။ ဖြည့်စွက်စာအနနဲ့ ဗီတာမင်အီးဆေးပြားကို သုံးပါ။ Multivitamin မှာ ဗီတာမင်အီး ၁၅ မီလီဂရမ်သာ ပါရှိတယ်။ ဗီတာမင်အီး ၂၀၀ – ၄၀၀ IU ပါရှိသော ဆေးဝါးကို ရှာပါ။

နေခံလိမ်းဆေး သုံးခြင်းနဲ့ ပတ်သက်ပြီး သင်နှစ်သက်ပါသလား
သင်လိုအပ်တာက – ဗီတာမင်ဒီ

သင့်အရေပြားမှာ အတွန့်ကြောင်းတွေ၊ အကွက်နဲ့ အပြောက်တွေနဲ့ အရေပြားကင်ဆာတို့မှ ကာကွယ်ဖို့ ဗီတာမင်ဒီ လိုအပ်ပါတယ်။ အရိုးတွေကို ဂရုစိုက်ဖို့ လိုအပ်တယ်လို့ ဘော့စတွန် တက္ကသိုလ်မှ အတွင်းစိမ့်ဂလင်းဗေဒ ပညာရှင် မိုက်ကယ် ဟိုလစ် ကဆိုတယ်။ အရေပြားထဲမှာ ဗီတာမင်ဒီ ထုတ်လုပ်ပြီး၊ အဲဒါထုတ်လုပ်ဖို့ လောင်စာမှာ နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည် ဖြစ်တယ်။ နေပူခံလိမ်းဆေး အသုံးပြုရင် ၎င်းကို ဖြုန်းတီးရာရောက်ပြီး၊ ဗီတာမင်ဒီ ထုတ်လုပ်မှု အလွန်နည်းသွားမည် ဖြစ်တယ်။ လုံလောက်တဲ့ ဗီတာမင်ဒီ မရရင် အစားအစာမှ ကယ်လ်စီယမ် စုပ်ယူမှု မရနိုင်ပေ။ ကယ်လ်စီယမ်က အရိုးကို သန်မာစေတယ်။အသက် ၅၀ ကျော်လာရင် ဗီတာမင်ဒီ ထုတ်လုပ်မှုက နှေးကွေးလာတယ်။ ဗီတာမင်ဒီ လျော့နည်းလာတော့ အရိုးကျိုးတာ ပိုလွယ်လာပြီး ကြွက်သားတွေ အားနည်းလာတယ်။

အရင်းအမြစ် – ဟိုလစ် က လူကြီးတွေရဲ့ လက်တွေ၊ မျက်နှာတွေကို နေရောင်နဲ့ ထိတွေ့စေချင်တယ်။ ဒါပေမယ့် နေလောင်သွားမှာလည်း စိုးရိမ်မိတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်ဗီတာမင်ဒီ၄၀၀ IU ပါဝင်တဲ့ ဗီတာမင်မျိုးစုံဆေးပြားကို ရှာရမယ်။ အသက်၇၀ ကျော်ရင်၆၀၀ IU နေ့စဉ်လိုအပ်လို့ဗီတာမင်ဒီ ဖြည့်စွက်   ဆေးပြားနဲ့ ဖြည့်ဖို့ လိုအပ်ပါတယ်။

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းအတွက် သင်လမ်းလျှောက်သလား
သင်လိုတာက – ကယ်လ်စီယမ်
မှန်မှန်နှလုံးခုန်နေဖို့၊ သင်လမ်းလျှောက်သလား၊ ဒါမှမဟုတ် ရေကူးသလား၊ စက်ဘီးစီးသလား။ ဒါတွေက ထိခိုက်မှုနည်းတဲ့ လှုပ်ရှားမှုတွေ ဖြစ်တယ်။ ကြိုး ခုန်တာ၊ ရွရွပြေးတာနဲ့ အခြားအရိုးကို ထိခိုက်နိုင်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ မဟုတ်ရင် အရိုးသန်စွမ်းမှုကို အားထားရန် မလိုပါ။ ဒါတောင်မှ အမျိုးသမီး     ဖြစ်ရင် ကယ်လ်စီယမ်ဖြည့်စွက်စာကို နေ့စဉ်ဖြည့်ပေးဖို့ လိုပါတယ်။ အမျိုးသမီးတွေဟာ အစားအစာမှ လုံလောက်တဲ့ သတ္တုဓာတ်ကို မရတာကြောင့် ဖြစ်တယ်။ လူလတ်ပိုင်းအရွယ် အမျိုးသမီးတွေဟာ တစ်နေ့မှာ ၆၀၀ မီလီဂရမ် ထက်နည်းတဲ့ ကယ်လ်စီယမ်ကို ရရှိတယ်လို့ အရိုးပွရောဂါ ကျွမ်းကျင်သူကဆိုတယ်။ နဂိုကတည်းက အရိုးအားနည်းရင် ဗီတာမင်ဒီပါတဲ့ ကယ်လ်စီယမ် ဖြည့်စွက်စာက အရိုးကျိုးခြင်းကို ကာကွယ်ပေးနိုင်တယ်။

အမျိုးသားများအတွက် အရိုးပွခြင်း အန္တရာယ် အလွန်နည်းပါတယ်။ ၎င်းတို့ဟာ စားနေတဲ့ အစားအစာတွေမှ ကယ်လ်စီယမ် ပိုမိုရရှိတယ်။ ဒါပေမယ့် အ သက် ၅၀ ကျော်လာရင် ကယ်လ်စီယမ် လိုအပ်လာပြီ ဖြစ်တယ်။
အရင်းအမြစ် – အဆီနည်းတဲ့နို့တစ်ဖန်ခွက်မှာ ကယ်လ်စီယမ် ၃၀၀ မီလီဂရမ် ပါဝင်ပြီး၊ အဆီနည်းတဲ့ ဒိန်ချဉ်တစ်ပန်းကန်မှာ ၄၅၀ မီလီဂရမ် ပါဝင်တယ်။ အသက်သိပ်မကြီးတဲ့ လူကြီးတွေဟာ တစ်နေ့မှာ ၁၀၀၀ မီလီဂရမ် ရသင့်တယ်လို့ဆိုတယ်။ အမျိုးသမီးတွေအတွက် ထပ်ဖြည့်ရမယ့် ကယ်လ်စီယမ်က ၄၀၀ – ၆၀၀ မီလီဂရမ်ဖြစ်ပြီး၊ အမျိုးသားများအတွက် အသက် ၅၀ ကျော်လာရင် ၄၀၀ မီလီဂရမ် ထပ်ဖြည့်ပေးရမယ်။

Author: နှင်းအေးဝေ, Healthcare Journal, vol 8,no 25 (7.7.17)

Previous Post

မိန်းမကိုယ် ပူစပ်ပူလောင်ဖြစ်ခြင်း

Next Post

ကိုယ်ဝန်ဆောင်စဉ် ဒါတွေစားပါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.1k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
598

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ဝန်ဆောင်စဉ် ဒါတွေစားပါ

အချိန်ကြာမြင့်စွာ အိပ်စက်ခြင်း၏ ဆိုးကျိုးများ

ကလေးယူမယ့် အိမ်ထောင်သည်များ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.