fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ကွန်ဒုံး

283
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/11/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

မိုးရာသီမွာ မိုးမစိုေအာင္ ထီးေဆာင္းျခင္းျဖင့္ ကာကြယ္မႈယူရပါတယ္။ ထို႔အတူ သင့္အတြက္ လုံၿခဳံစိတ္ခ်ရဆုံး ကိုယ္ဝန္တားနည္းကေတာ့ ထီးကဲ့သို႔ကာကြယ္ႏိုင္တဲ့ ကြန္ဒုံးသုံးျခင္းျဖစ္ပါတယ္။ကြန္ဒုံးသုံးပါလို႔ ေျပာရင္ လက္ခံႏိုင္ဖို႔ခဲယဥ္းၾကပါတယ္။

ကြန္ဒုံးသည္ ကိုယ္ဝန္တားမရေအာင္ တားဆီးႏိုင္သလို ေရာဂါပိုးမ်ားလည္း ကာကြယ္ပါတယ္။ အမ်ိဳးသားမ်ားအတြက္ သာမက အမ်ိဳးသမီးမ်ားအတြက္လည္း ကြန္ဒုံးရွိပါတယ္။

အမ်ိဳးသားကြန္ဒုံးဆိုတာ ဘာလဲ?

လိင္ဆက္ဆံစဥ္ အမ်ိဳးသားအဂၤါထိပ္မွာ စြပ္ရေသာ တိက်ပါးလြာေသာ အဖုံးစြပ္ တစ္ခုမွ်သာျဖစ္ပါတယ္။ သုက္ရည္ကို မိန္းမကိုယ္ထဲ၊ စအိုထဲ နဲ႔ ပါးစပ္ထဲ မဝင္ေအာင္ ကာကြယ္မႈ ေပးပါတယ္။

-ရာဘာ၊ ပလတ္စတစ္၊ သိုးသားအူျဖင့္ ျပဳလုပ္ေသာ ကြန္ဒုံးမ်ား
လူအမ်ားစုက ရာဘာနဲ႔ ျပဳလုပ္ထားတဲ့ ကြန္ဒုံးကို အသုံးျပဳၾကပါတယ္။ ရာဘာနဲ႔ ဓာတ္မတည့္သူမ်ားကေတာ့ ပလတ္စတစ္ ပိုလီယူရီသိန္း သို႔မဟုတ္ ပိုလီအိုင္စိုပရင္းျဖင့္ ျပဳလုပ္ထားေသာ ကြန္ဒုံးသုံးၾကပါတယ္။ ပလတ္စတစ္ကြန္ဒုံးက လိင္ဆက္ဆံလို႔ကူးတဲ့ ေရာဂါမ်ားကို ကာကြယ္မႈ ေပးပါတယ္။ သိုးအူမွ ထုတ္တဲ့ကြန္ဒုံးမ်ားကေတာ့ ကိုယ္ဝန္တားႏိုင္ေပမယ့္ သဘာဝအူမွထုတ္လို႔ ေရာဂါပိုးမ်ားမကာကြယ္ႏိုင္ပါ။

-ေခ်ာေမြ႕ျခင္း
ကြန္ဒုံးတြင္ လိင္ဆက္ဆံစဥ္ နာက်င္မႈ ထိခိုက္မႈ ေလ်ာ့နည္းေစရန္ ေခ်ာဆီထည့္ထားပါတယ္။ ကြန္ဒုံးေပါက္ၿပဲမႈကို တားဆီးေပးပါတယ္။

-သုက္ပိုးေသေစျခင္း
အခ်ိဳ႕ကြန္ဒုံးမ်ားတြင္ သုက္ပိုးေသေစေသာ အရာပစၥည္းျဖင့္ ျပဳလုပ္ထားပါတယ္။ ထိုပစၥည္းပါေသာကြန္ဒုံးမ်ားသည္ ကိုယ္ဝန္ကို ၂ထပ္ ကာကြယ္ႏိုင္ပါတယ္။ သို႔ေသာ္ ထိုအရာမ်ားသည္ အခ်ိဳ႕ေယာက္က်ားအဂၤါ ယားယံမႈ ျဖစ္ေစပါတယ္။

-စိတ္ေက်နပ္မႈေပးျခင္း
ကြန္ဒုံးသုံးျခင္းျဖင့္ စိတ္ေက်နပ္မႈ ျပည့္ဝေစရန္ ကြန္ဒုံးျပဳလုပ္ရာတြင္ အနံ႔ ၊ အရသာစသည္တို႔ကို ထည့္သြင္းျပဳလုပ္ၾကပါတယ္။

ဘယ္ေလာက္စိတ္ခ်ရမလဲ?
နည္းလမ္းမွန္ကန္စြာ အသုံးျပဳလွ်င္ ကြန္ဒုံးသည္ ကိုယ္ဝန္ကို ၉၈ ရာခိုင္ႏူန္း ကာကြယ္မႈ ေပးပါတယ္။

ဘယ္လိုသုံးမလဲ?
ကြန္ဒုံးတစ္ခု အသုံးျပဳမည္ဆိုလွ်င္ ေသခ်ာစြာ စစ္ေဆးပါ။ ကြန္ဒုံးသည္ မာမယ္ ကြၽတ္ဆတ္မယ္ ရက္လြန္မယ္ဆို အသုံးမျပဳပါနဲ႔။ လိင္ဆက္ဆံမႈ မျပဳခင္ ေသခ်ာစြာ စြပ္ပါ။ တစ္ခါအတူေန ကြန္ဒုံးတစ္ခုသုံးပါ။ အတူေနစဥ္ ကြန္ဒုံးေပါက္ၿပဲသည္သံသယရွိပါက အသစ္ခ်က္ခ်င္းလဲပါ။ သုက္ရည္ကြန္ဒုံးအတြင္းမွ မေပါက္ေအာင္ ေသခ်ာစြာခြၽတ္ပါ။

အမ်ိဳးသမီးကြန္ဒုံးက ဘာလဲ?

မိန္းမကိုယ္ထဲ ထည့္ရေသာ တစ္ဖက္ပိတ္ကြင္းပါေသာ ပစၥည္းျဖစ္ပါတယ္။ ကြင္းတစ္ဘက္ကေပါက္ တစ္ဖက္က အပိတ္ျဖစ္ပါတယ္။ ၎သည္ မိန္းမကိုယ္နံရံကို ဖုံးအုပ္ၿပီး သုက္ပိုးကို သားအိမ္ေခါင္းထဲမေရာက္ေအာင္ ကာကြယ္ေပးပါတယ္။ အမ်ိဳးသမီးသုံးကြန္ဒုံးသည္ လိင္မဆက္ဆံခင္ ၈နာရီခန႔္ထည့္ထားလို႔ရပါတယ္။ ဆက္ဆံၿပီးခ်က္ခ်င္း ဖယ္ထုတ္သင့္ပါတယ္။

အမ်ိဳးသားသုံးႏွင့္ အမ်ိဳးသမီးသုံးကြန္ဒုံးမ်ားကို တၿပိဳင္နက္ မသုံးသင့္ပါ။ လိင္ဆက္ဆံစဥ္ ေခ်ာ္၍ ျပဳတ္ထြက္ကာ အသုံးမဝင္တတ္ပါ။

ကြန္ဒုံးသုံးလွ်င္သတိျပဳစရာမ်ား
ကြန္ဒုံးသည္ တစ္ခါသုံးပစၥည္းျဖစ္သျဖင့္ တစ္ခါေန တစ္ခုသုံးရပါမယ္။ ျပန္သုံး၍ မရပါ။ အတူမဆက္ဆံစဥ္ ႀကိဳတင္အသုံးျပဳရပါမယ္။ သို႔မွသာ ကိုယ္ဝန္ကို ကာကြယ္ႏိုင္သလို ေရာဂါပိုးမ်ားလည္းကာကြယ္ႏိုင္ပါတယ္။ ေခ်ာဆီမ်ား ဥပမာ ဓာတ္ဆီ၊ ဒီဇယ္ သို႔မဟုတ္ ကေလးလိမ္းဆီမ်ားကို ကြန္ဒုံးနံအတူမသုံးရပါ။ ထိုပစၥည္းမ်ားေၾကာင့္ ကြန္ဒုံး ေပါက္ၿပဲႏိုင္ပါတယ္။အ သုံးျပဳၿပီးသားကြန္ဒုံးမ်ားကို အမႈိက္ပုံးထဲ ထည့္ပါ။ အိမ္သာထဲ မထည့္ပါနဲ႔။ ကြန္ဒုံးသည္ ေျခာက္ေသြ႕မာေက်ာ ရက္လြန္ေနလွ်င္ လုံးဝအသုံးမျပဳရပါ။ အသုံးမျပဳရေသးေသာ ကြန္ဒုံးမ်ားကို ေအးေသာ ေျခာက္ေသြ႕ေသာေနရာတြင္ထားပါ။

Author : Dr. ျပည့္ရွင္း

(Unicode)

အခုလိုမိုးရာသီမှာ မိုးမစိုအောင် ထီးဆောင်းခြင်းဖြင့် ကာကွယ်မှုယူရပါတယ်။ ထို့အတူ သင့်အတွက် လုံခြုံစိတ်ချရဆုံး ကိုယ်ဝန်တားနည်းကတော့ ထီးကဲ့သို့ကာကွယ်နိုင်တဲ့ ကွန်ဒုံးသုံးခြင်းဖြစ်ပါတယ်။ကွန်ဒုံးသုံးပါလို့ ပြောရင် လက်ခံနိုင်ဖို့ခဲယဉ်းကြပါတယ်။

ကွန်ဒုံးသည် ကိုယ်ဝန်တားမရအောင် တားဆီးနိုင်သလို ရောဂါပိုးများလည်း ကာကွယ်ပါတယ်။ အမျိုးသားများအတွက် သာမက အမျိုးသမီးများအတွက်လည်း ကွန်ဒုံးရှိပါတယ်။

အမျိုးသားကွန်ဒုံးဆိုတာ ဘာလဲ?

လိင်ဆက်ဆံစဉ် အမျိုးသားအင်္ဂါထိပ်မှာ စွပ်ရသော တိကျပါးလွာသော အဖုံးစွပ် တစ်ခုမျှသာဖြစ်ပါတယ်။ သုက်ရည်ကို မိန်းမကိုယ်ထဲ၊ စအိုထဲ နဲ့ ပါးစပ်ထဲ မဝင်အောင် ကာကွယ်မှု ပေးပါတယ်။

-ရာဘာ၊ ပလတ်စတစ်၊ သိုးသားအူဖြင့် ပြုလုပ်သော ကွန်ဒုံးများ
လူအများစုက ရာဘာနဲ့ ပြုလုပ်ထားတဲ့ ကွန်ဒုံးကို အသုံးပြုကြပါတယ်။ ရာဘာနဲ့ ဓာတ်မတည့်သူများကတော့ ပလတ်စတစ် ပိုလီယူရီသိန်း သို့မဟုတ် ပိုလီအိုင်စိုပရင်းဖြင့် ပြုလုပ်ထားသော ကွန်ဒုံးသုံးကြပါတယ်။ ပလတ်စတစ်ကွန်ဒုံးက လိင်ဆက်ဆံလို့ကူးတဲ့ ရောဂါများကို ကာကွယ်မှု ပေးပါတယ်။ သိုးအူမှ ထုတ်တဲ့ကွန်ဒုံးများကတော့ ကိုယ်ဝန်တားနိုင်ပေမယ့် သဘာဝအူမှထုတ်လို့ ရောဂါပိုးများမကာကွယ်နိုင်ပါ။

-ချောမွေ့ခြင်း
ကွန်ဒုံးတွင် လိင်ဆက်ဆံစဉ် နာကျင်မှု ထိခိုက်မှု လျော့နည်းစေရန် ချောဆီထည့်ထားပါတယ်။ ကွန်ဒုံးပေါက်ပြဲမှုကို တားဆီးပေးပါတယ်။

-သုက်ပိုးသေစေခြင်း
အချို့ကွန်ဒုံးများတွင် သုက်ပိုးသေစေသော အရာပစ္စည်းဖြင့် ပြုလုပ်ထားပါတယ်။ ထိုပစ္စည်းပါသောကွန်ဒုံးများသည် ကိုယ်ဝန်ကို ၂ထပ် ကာကွယ်နိုင်ပါတယ်။ သို့သော် ထိုအရာများသည် အချို့ယောက်ကျားအင်္ဂါ ယားယံမှု ဖြစ်စေပါတယ်။

-စိတ်ကျေနပ်မှုပေးခြင်း
ကွန်ဒုံးသုံးခြင်းဖြင့် စိတ်ကျေနပ်မှု ပြည့်ဝစေရန် ကွန်ဒုံးပြုလုပ်ရာတွင် အနံ့ ၊ အရသာစသည်တို့ကို ထည့်သွင်းပြုလုပ်ကြပါတယ်။

ဘယ်လောက်စိတ်ချရမလဲ?
နည်းလမ်းမှန်ကန်စွာ အသုံးပြုလျှင် ကွန်ဒုံးသည် ကိုယ်ဝန်ကို ၉၈ ရာခိုင်နူန်း ကာကွယ်မှု ပေးပါတယ်။

ဘယ်လိုသုံးမလဲ?
ကွန်ဒုံးတစ်ခု အသုံးပြုမည်ဆိုလျှင် သေချာစွာ စစ်ဆေးပါ။ ကွန်ဒုံးသည် မာမယ် ကျွတ်ဆတ်မယ် ရက်လွန်မယ်ဆို အသုံးမပြုပါနဲ့။ လိင်ဆက်ဆံမှု မပြုခင် သေချာစွာ စွပ်ပါ။ တစ်ခါအတူနေ ကွန်ဒုံးတစ်ခုသုံးပါ။ အတူနေစဉ် ကွန်ဒုံးပေါက်ပြဲသည်သံသယရှိပါက အသစ်ချက်ချင်းလဲပါ။ သုက်ရည်ကွန်ဒုံးအတွင်းမှ မပေါက်အောင် သေချာစွာချွတ်ပါ။

အမျိုးသမီးကွန်ဒုံးက ဘာလဲ?

မိန်းမကိုယ်ထဲ ထည့်ရသော တစ်ဖက်ပိတ်ကွင်းပါသော ပစ္စည်းဖြစ်ပါတယ်။ ကွင်းတစ်ဘက်ကပေါက် တစ်ဖက်က အပိတ်ဖြစ်ပါတယ်။ ၎င်းသည် မိန်းမကိုယ်နံရံကို ဖုံးအုပ်ပြီး သုက်ပိုးကို သားအိမ်ခေါင်းထဲမရောက်အောင် ကာကွယ်ပေးပါတယ်။ အမျိုးသမီးသုံးကွန်ဒုံးသည် လိင်မဆက်ဆံခင် ၈နာရီခန့်ထည့်ထားလို့ရပါတယ်။ ဆက်ဆံပြီးချက်ချင်း ဖယ်ထုတ်သင့်ပါတယ်။

အမျိုးသားသုံးနှင့် အမျိုးသမီးသုံးကွန်ဒုံးများကို တပြိုင်နက် မသုံးသင့်ပါ။ လိင်ဆက်ဆံစဉ် ချော်၍ ပြုတ်ထွက်ကာ အသုံးမဝင်တတ်ပါ။

ကွန်ဒုံးသုံးလျှင်သတိပြုစရာများ
ကွန်ဒုံးသည် တစ်ခါသုံးပစ္စည်းဖြစ်သဖြင့် တစ်ခါနေ တစ်ခုသုံးရပါမယ်။ ပြန်သုံး၍ မရပါ။ အတူမဆက်ဆံစဉ် ကြိုတင်အသုံးပြုရပါမယ်။ သို့မှသာ ကိုယ်ဝန်ကို ကာကွယ်နိုင်သလို ရောဂါပိုးများလည်းကာကွယ်နိုင်ပါတယ်။ ချောဆီများ ဥပမာ ဓာတ်ဆီ၊ ဒီဇယ် သို့မဟုတ် ကလေးလိမ်းဆီများကို ကွန်ဒုံးနံအတူမသုံးရပါ။ ထိုပစ္စည်းများကြောင့် ကွန်ဒုံး ပေါက်ပြဲနိုင်ပါတယ်။အ သုံးပြုပြီးသားကွန်ဒုံးများကို အမှိုက်ပုံးထဲ ထည့်ပါ။ အိမ်သာထဲ မထည့်ပါနဲ့။ ကွန်ဒုံးသည် ခြောက်သွေ့မာကျော ရက်လွန်နေလျှင် လုံးဝအသုံးမပြုရပါ။ အသုံးမပြုရသေးသော ကွန်ဒုံးများကို အေးသော ခြောက်သွေ့သောနေရာတွင်ထားပါ။

Author : Dr. ပြည့်ရှင်း

Previous Post

ကလေးတွေဒေါသထွက်ခြင်းနှင့်လိုအပ်တဲ့ပူးပေါင်းဆောင်ရွက်မှု

Next Post

အရေးအကြောင်းတွေကို လျော့ကျစေမယ့် အံ့သြဖွယ် နည်းလမ်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
771
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အရေးအကြောင်းတွေကို လျော့ကျစေမယ့် အံ့သြဖွယ် နည်းလမ်းများ

အားဆေးနဲ့ ဖြည့်စွက်စာ တကယ် လိုအပ်သလား

ကန်စွန်းဥ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.