fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

တစ်ခုခေါင်းထောင်ချက်ခြင်းနှိပ်ကွပ်

26
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/08/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

HIV ပိုးသည္ လူ၏ခုခံအားစနစ္ေပၚ CD4 ကို တိုက္ခိုက္ဖ်က္ဆီးၿပီးမွမ်ိဳးပြားခြင့္ရၾကပါသည္။ လူ၏ခုခံအားစနစ္ဆိုသည္မွာလည္း ေသြးတစ္စက္ပမာဏတြင္ သာမန္လူမ်ားအဖို႔ CD4 800 မွ 1200 အတြင္း ပုံမွန္ရွိေလရာ HIV ပိုးကူးစက္ခံရၿပီးေနာက္ ရက္၊ လ၊ ႏွစ္ ၾကာလာသည္ႏွင့္ ခုခံအားစနစ္မ်ားကို HIV ပိုးမွ တိုက္ခိုက္ေခ်မႈန္းၿပီးျဖစ္သည္။ ထိုအခါ လူ၏ခႏၶာတြင္ ခုခံအားစနစ္မ်ား ေလ်ာ့နည္းလာေသာအခါတြင္ အခြင့္အေရးယူကာ ဝင္ေရာက္လာေသာ ေရာဂါမ်ိဳးစုံ ဖိစီးမႈဒဏ္ကို ခံရၿပီးေနာက္ဆုံးတြင္ ကုသမႈလက္လွမ္းမမီေတာ့သျဖင့္ ကြယ္လြန္ၾကရျခင္းပင္ ျဖစ္ပါသည္။ ဤကဲ့သို႔ ခႏၶာကိုယ္တြင္ ခုခံအားစနစ္မ်ား နည္းပါးခ်ိန္တြင္ ပိုးေကာင္ေရ မ်ားျပားေနေသာေၾကာင့္ တစ္ပါးသူထံသို႔ ထပ္မံကူးစက္မႈ လြယ္ကူၿပီး အႏၲရာယ္ ႀကီးမားေနတတ္ပါသည္။

စာရင္းေကာက္ယူမႈအရ တစ္ပါးသူတို႔ကို ထပ္မံကူးစက္ေနမႈ ေလ်ာ့ပါးလာသည္ဟု ေဖာ္ျပေနၾကေသာ္လည္း ကူးစက္မႈလုံးဝ ရပ္တန႔္သြားျခင္းမ်ိဳး မဟုတ္ပဲ ယခုအခ်ိန္မွသာ ေရာဂါလကၡဏာျပသလာသူမ်ားလည္း ႀကဳံေတြ႕ေနရပါသည္။ အခ်ိဳ႕သည္လည္း အေၾကာင္းကိစၥတစ္ခုေၾကာင့္ ေသြးစစ္ေဆးမိၾကရာမွ မိမိတြင္ HIV ပိုးကူးစက္ခံေနရသည္ကို ေတြ႕ရွိမိၾကသလို ေရာဂါလကၡဏာျပမွသာ ေသြးစစ္ေဆးမိသျဖင့္ HIV ရွိေနေၾကာင္း သိလာရသူမ်ားလည္း ရွိေနၾကပါသည္။ ပုံမွန္အေျခအေနမ်ိဳးျဖင့္ မိမိတို႔ထံတြင္ HIV ကူးစက္ခံေနရျခင္းမ်ိဳးကို ႀကိဳတင္သိရွိသူ နည္းပါးေလ့ရွိပါသည္။

ကမာၻတြင္ HIV ေပၚေပါက္လာေနသည္မွာ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ေနသည္တြင္ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ေနသည္တြင္ ျမန္မာႏိုင္ငံ၌မူ HIV ကူးစက္နည္းလမ္းမ်ား၊ ကာကြယ္နည္းလမ္းမ်ား၊ ကုသမႈႏွင့္ ျပဳစုေစာင့္ေရွာက္မႈနည္းလမ္းမ်ားအျပင္HIV ေၾကာင့္ ေနာက္ဆက္တြဲ ဖစ္ေပၚလာသည့္ အခြင့္အေရးယူ ေရာဂါမ်ားအေၾကာင္းကို သိရွိေနသူ နည္းပါးလ်က္ပင္ ရွိေနပါသည္။ HIV ေၾကာင့္ ေနာက္ဆက္တြဲ ျဖစ္လာရေသာအခ်ိဳ႕ေရာဂါမ်ားသည္သာမန္လူမ်ားတြင္လည္း ျဖစ္တတ္ေသာသေဘာရွိသည့္အတြက္ ထိုေရာဂါမ်ိဳးျဖစ္လာလွ်င္ ျဖစ္လာသည့္ေရာဂါကိုသာနီးစပ္ရာတြင္ ကုသမႈခံယူတတ္ၾကၿပီး မူရင္းျဖစ္သည့္ HIV စစ္ ေဆးမႈမ်ိဳး လုပ္ရမည္ကို မသိသူက မ်ားလ်က္ပင္ ရွိေနပါသည္။

HIV ေၾကာင့္ ျဖစ္ေပၚလာတတ္ေသာ ေနာက္ဆက္တြဲေရာဂါမ်ားတြင္ TB ေရာဂါသည္ ေရွ႕ဆုံးမွပင္ ျဖစ္ေနတတ္ၿပီး ခုခံအားစနစ္ CD4 500 ေလာက္အေရာက္တြင္ TB ေရာဂါစတင္ေပၚေပါက္လာတတ္ပါသည္။ အခ်ိဳ႕သည္လည္း CD4 500 ေအာက္ေရာက္ရွိေနေသာ္လည္း TB ေရာဂါျဖစ္ပြားျခင္းမ်ိဳး မရွိပါ။ TB   ေရာဂါသည္ သာမန္လူမ်ားတြင္လည္း ျဖစ္တတ္ေသာ သေဘာရွိၿပီး TB ေရာဂါရွိတိုင္း HIV ရွိသည္ဟု မဆိုႏိုင္ေသာ္လည္း HIV ရွိေနလွ်င္ျဖင့္ TB ေရာဂါျဖစ္လာႏိုင္သည္ကို သတိျပဳသင့္ပါသည္။ ထို႔ေၾကာင့္ TB ေရာဂါျဖစ္ေနသူတိုင္း HIV စစ္ေဆးျခင္းကို ျပဳလုပ္သင့္ေၾကာင္းလည္း သိထားသင့္ပါသည္။ TB ေရာဂါတြင္ အဆုတ္ TB ႏွင့္ အဆုတ္ျပင္ပ TB ဟူ၍ရွိရာ TB ေရာဂါ လကၡဏာမ်ားကိုလည္း ႀကိဳတင္ေလ့လာထားသင့္ပါသည္။

HIV ရွိေနသူမ်ား TB ေရာဂါရွိေနၿပီဆိုသည္ႏွင့္ ထို TB ေရာဂါကို စတင္ကုသရေတာ့မည္ ျဖစ္ပါသည္။ HIV က လူကို ခ်က္ခ်င္း ဒုကၡမေပးေသးေသာ္လည္း TB ေရာဂါကလူကို ခ်က္ခ်င္း အႏၲရာယ္ေပးလာႏိုင္ပါသည္။ အခ်ိဳ႕သည္လည္း TB ေရာဂါႏွင့္ HIV ကုထုံးတို႔ကိုပါ ခ်က္ခ်င္းပူးတြဲကုသခံယူရန္ လိုအပ္ေနသူမ်ားလည္း ရွိေနတတ္ပါသည္။ HIV ရွိေနသူအဖို႔ ေရာဂါကခုခ်က္ခ်င္း ေခါင္းေထာင္ထလာသည္နဲ႔ ထိုေရာဂါကို ခ်က္ခ်င္းပင္ ကုသႏွိပ္ကြပ္ရမည္သာ ျဖစ္ပါ သည္။ အခြင့္အေရးယူ ဝင္ေရာက္လာေသာေရာဂါမ်ားတြင္ ဝမ္းပ်က္၊ ဝမ္းေလွ်ာျဖစ္တတ္မႈလည္း ပါဝင္ေနရာ ထိုဝမ္းပ်က္၊ ဝမ္းေလွ်ာေရာဂါ ရက္ရွည္ေနျပန္လွ်င္လည္း HIV စစ္ေဆးမႈကို ခံယူသင့္ေၾကာင္းလည္း သိထားရန္ လိုပါသည္။

TB ေရာဂါေၾကာင့္လည္းေကာင္း၊ အျခားေသာအစားအစာႏွင့္ ေရေၾကာင့္လည္းေကာင္း ဝမ္းပ်က္၊ ဝမ္းေလွ်ာေရာဂါလည္း ျဖစ္တတ္ရာ ကာလရက္ရွည္ ခံစားေနရပါက HIV စစ္ေဆးသင့္ေၾကာင္းကိုပါ သတိတစ္ခုထားရွိရန္ လိုအပ္ပါသည္။ ဝမ္းပ်က္၊ ဝမ္းေလွ်ာေရာဂါသည္ HIV ရွိေနသူမ်ားအျပင္၊ သာမန္လူမ်ားပါ ျဖစ္တတ္ေသာ သေဘာလကၡဏာ ရွိသည့္အတြက္ ေပါ့ေပါ့တန္တန္ မေတြးထားသင့္ပဲ ကုသစရာရွိသည့္ ေရာဂါမ်ားကို လွ်င္ျမန္စြာ ကုသခံယူလ်က္ တစ္ဖက္မွလည္း HIV ပါစစ္ေဆးသင့္ေၾကာင္း ဗဟုသုတရွိရန္ လိုအပ္ပါသည္။ HIV ရွိေနျခင္းေၾကာင့္ ေနာက္ဆက္တြဲ ျဖစ္လာသည့္ အခြင့္အေရး ယူဝင္ေရာက္သည့္ ေရာဂါမ်ားထဲတြင္ ေရယုန္ေရာဂါပိုးလည္း ပါဝင္ပါသည္။

စိတ္ဖိစီးမႈမ်ားျခင္းမ်ား၊ ေန႔စဥ္ရက္ဆက္ အိပ္ေရးပ်က္မ်ားျခင္းမ်ား ျဖစ္လာသည့္အခါ ေရယုန္ေရာဂါ ျဖစ္ပြားလာတတ္ပါသည္။ အခ်ိဳ႕သည္လည္း ဝမ္းဗိုက္တ  ျပင္လုံးတြင္ ဆင္ေရယုန္ဟုေခၚသည့္ ေရယုန္အႀကီးစားမ်ား ထြက္လာျခင္း၊ အခ်ိဳ႕တြင္လည္း မ်က္ႏွာတျပင္လုံး ထြက္လာျခင္းမ်ိဳး ရွိတတ္ပါသည္။ ထိုေရ ယုန္ေရာဂါသည္ သာမန္လူမ်ားတြင္လည္း ျဖစ္တတ္သည့္ ေရာဂါျဖစ္ေသာေၾကာင့္ အမႈမဲ့အမွတ္မဲ့ျဖင့္ ထိုေရယုန္ေရာဂါကိုသာ ကုသမႈခံယူလိုက္တတ္ၾကပါသည္။ ေနာက္ဆက္တြဲ HIV စစ္ေဆးျခင္းျပဳလုပ္သင့္သည္ကို နားမလည္ၾကသူက မ်ားျပားေနပါသည္။ ထို႔အျပင္ ေျခလက္တို႔တြင္ အေရျပားႏွင့္ ပတ္သက္သည့္ ယားနာမ်ား ေပါက္လာပါကလည္း ထိုျဖစ္ေပၚေနသည့္ ေရာဂါကိုသာ လိမ္းေဆး၊ ေသာက္ေဆးမ်ား အသုံးျပဳျခင္းျဖင့္ ၿပီးဆုံးသြားတတ္ေသာ္လည္း  ဆက္စပ္ပတ္သက္ေနသည့္ HIV ပိုးစစ္ေဆးျခင္းလမ္းေၾကာင္းေပၚအထိ ေရာက္မလာသူမ်ားကိုလည္း ေတြ႕ရွိေနရပါသည္။

HIV ပိုးရွိေနသူမ်ားအတြက္ ေခါင္းေထာင္လာသည့္ေရာဂါ အမ်ိဳးမ်ိဳးတို႔ကို ခ်က္ခ်င္းႏွိမ္နင္းႏွိပ္ကြပ္ ကုသသင့္သလို HIV ရွိသူမ်ားျဖစ္တတ္သည့္ အခြင့္အေရးယူ ဝင္ေရာက္လာသည့္ ေရာဂါတစ္မ်ိဳးမ်ိဳး ခံစားေနရပါက HIV ရွိမရွိ စစ္ေဆးသင့္ေၾကာင္းကိုလည္း သာမန္လူမ်ား ဗဟုသုတရွိေနသင့္ပါသည္။ ထို႔ေၾကာင့္ HIV ရွိေၾကာင္းသိေနသူမ်ားအဖို႔ ေရာဂါတစ္ခုေခါင္းေထာင္လာလွ်င္ခ်က္ခ်င္းကုသမႈခံယူသင့္ၿပီး ထိုေရာဂါကို လွ်င္ျမန္စြာ ႏွိပ္ကြပ္သင့္ပါေၾကာင္း အသိေပး  ေရးသားလိုက္ရပါသည္

Author: Hlaing, Healthcare Journal, vol 8,no 25 (7.7.17)

(unicode)

HIV ပိုးသည် လူ၏ခုခံအားစနစ်ပေါ် CD4 ကို တိုက်ခိုက်ဖျက်ဆီးပြီးမှမျိုးပွားခွင့်ရကြပါသည်။ လူ၏ခုခံအားစနစ်ဆိုသည်မှာလည်း သွေးတစ်စက်ပမာဏတွင် သာမန်လူများအဖို့ CD4 800 မှ 1200 အတွင်း ပုံမှန်ရှိလေရာ HIV ပိုးကူးစက်ခံရပြီးနောက် ရက်၊ လ၊ နှစ် ကြာလာသည်နှင့် ခုခံအားစနစ်များကို HIV ပိုးမှ တိုက်ခိုက်ချေမှုန်းပြီးဖြစ်သည်။ ထိုအခါ လူ၏ခန္ဓာတွင် ခုခံအားစနစ်များ လျော့နည်းလာသောအခါတွင် အခွင့်အရေးယူကာ ဝင်ရောက်လာသော ရောဂါမျိုးစုံ ဖိစီးမှုဒဏ်ကို ခံရပြီးနောက်ဆုံးတွင် ကုသမှုလက်လှမ်းမမီတော့သဖြင့် ကွယ်လွန်ကြရခြင်းပင် ဖြစ်ပါသည်။ ဤကဲ့သို့ ခန္ဓာကိုယ်တွင် ခုခံအားစနစ်များ နည်းပါးချိန်တွင် ပိုးကောင်ရေ များပြားနေသောကြောင့် တစ်ပါးသူထံသို့ ထပ်မံကူးစက်မှု လွယ်ကူပြီး အန္တရာယ် ကြီးမားနေတတ်ပါသည်။

စာရင်းကောက်ယူမှုအရ တစ်ပါးသူတို့ကို ထပ်မံကူးစက်နေမှု လျော့ပါးလာသည်ဟု ဖော်ပြနေကြသော်လည်း ကူးစက်မှုလုံးဝ ရပ်တန့်သွားခြင်းမျိုး မဟုတ်ပဲ ယခုအချိန်မှသာ ရောဂါလက္ခဏာပြသလာသူများလည်း ကြုံတွေ့နေရပါသည်။ အချို့သည်လည်း အကြောင်းကိစ္စတစ်ခုကြောင့် သွေးစစ်ဆေးမိကြရာမှ မိမိတွင် HIV ပိုးကူးစက်ခံနေရသည်ကို တွေ့ရှိမိကြသလို ရောဂါလက္ခဏာပြမှသာ သွေးစစ်ဆေးမိသဖြင့် HIV ရှိနေကြောင်း သိလာရသူများလည်း ရှိနေကြပါသည်။ ပုံမှန်အခြေအနေမျိုးဖြင့် မိမိတို့ထံတွင် HIV ကူးစက်ခံနေရခြင်းမျိုးကို ကြိုတင်သိရှိသူ နည်းပါးလေ့ရှိပါသည်။

ကမ္ဘာတွင် HIV ပေါ်ပေါက်လာနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေသည်တွင် နှစ်ပေါင်းများစွာ ကြာမြင့်နေသည်တွင် မြန်မာနိုင်ငံ၌မူ HIV ကူးစက်နည်းလမ်းများ၊ ကာကွယ်နည်းလမ်းများ၊ ကုသမှုနှင့် ပြုစုစောင့်ရှောက်မှုနည်းလမ်းများအပြင်HIV ကြောင့် နောက်ဆက်တွဲ ဖစ်ပေါ်လာသည့် အခွင့်အရေးယူ ရောဂါများအကြောင်းကို သိရှိနေသူ နည်းပါးလျက်ပင် ရှိနေပါသည်။ HIV ကြောင့် နောက်ဆက်တွဲ ဖြစ်လာရသောအချို့ရောဂါများသည်သာမန်လူများတွင်လည်း ဖြစ်တတ်သောသဘောရှိသည့်အတွက် ထိုရောဂါမျိုးဖြစ်လာလျှင် ဖြစ်လာသည့်ရောဂါကိုသာနီးစပ်ရာတွင် ကုသမှုခံယူတတ်ကြပြီး မူရင်းဖြစ်သည့် HIV စစ် ဆေးမှုမျိုး လုပ်ရမည်ကို မသိသူက များလျက်ပင် ရှိနေပါသည်။

HIV ကြောင့် ဖြစ်ပေါ်လာတတ်သော နောက်ဆက်တွဲရောဂါများတွင် TB ရောဂါသည် ရှေ့ဆုံးမှပင် ဖြစ်နေတတ်ပြီး ခုခံအားစနစ် CD4 500 လောက်အရောက်တွင် TB ရောဂါစတင်ပေါ်ပေါက်လာတတ်ပါသည်။ အချို့သည်လည်း CD4 500 အောက်ရောက်ရှိနေသော်လည်း TB ရောဂါဖြစ်ပွားခြင်းမျိုး မရှိပါ။ TB   ရောဂါသည် သာမန်လူများတွင်လည်း ဖြစ်တတ်သော သဘောရှိပြီး TB ရောဂါရှိတိုင်း HIV ရှိသည်ဟု မဆိုနိုင်သော်လည်း HIV ရှိနေလျှင်ဖြင့် TB ရောဂါဖြစ်လာနိုင်သည်ကို သတိပြုသင့်ပါသည်။ ထို့ကြောင့် TB ရောဂါဖြစ်နေသူတိုင်း HIV စစ်ဆေးခြင်းကို ပြုလုပ်သင့်ကြောင်းလည်း သိထားသင့်ပါသည်။ TB ရောဂါတွင် အဆုတ် TB နှင့် အဆုတ်ပြင်ပ TB ဟူ၍ရှိရာ TB ရောဂါ လက္ခဏာများကိုလည်း ကြိုတင်လေ့လာထားသင့်ပါသည်။

HIV ရှိနေသူများ TB ရောဂါရှိနေပြီဆိုသည်နှင့် ထို TB ရောဂါကို စတင်ကုသရတော့မည် ဖြစ်ပါသည်။ HIV က လူကို ချက်ချင်း ဒုက္ခမပေးသေးသော်လည်း TB ရောဂါကလူကို ချက်ချင်း အန္တရာယ်ပေးလာနိုင်ပါသည်။ အချို့သည်လည်း TB ရောဂါနှင့် HIV ကုထုံးတို့ကိုပါ ချက်ချင်းပူးတွဲကုသခံယူရန် လိုအပ်နေသူများလည်း ရှိနေတတ်ပါသည်။ HIV ရှိနေသူအဖို့ ရောဂါကခုချက်ချင်း ခေါင်းထောင်ထလာသည်နဲ့ ထိုရောဂါကို ချက်ချင်းပင် ကုသနှိပ်ကွပ်ရမည်သာ ဖြစ်ပါ သည်။ အခွင့်အရေးယူ ဝင်ရောက်လာသောရောဂါများတွင် ဝမ်းပျက်၊ ဝမ်းလျှောဖြစ်တတ်မှုလည်း ပါဝင်နေရာ ထိုဝမ်းပျက်၊ ဝမ်းလျှောရောဂါ ရက်ရှည်နေပြန်လျှင်လည်း HIV စစ်ဆေးမှုကို ခံယူသင့်ကြောင်းလည်း သိထားရန် လိုပါသည်။

TB ရောဂါကြောင့်လည်းကောင်း၊ အခြားသောအစားအစာနှင့် ရေကြောင့်လည်းကောင်း ဝမ်းပျက်၊ ဝမ်းလျှောရောဂါလည်း ဖြစ်တတ်ရာ ကာလရက်ရှည် ခံစားနေရပါက HIV စစ်ဆေးသင့်ကြောင်းကိုပါ သတိတစ်ခုထားရှိရန် လိုအပ်ပါသည်။ ဝမ်းပျက်၊ ဝမ်းလျှောရောဂါသည် HIV ရှိနေသူများအပြင်၊ သာမန်လူများပါ ဖြစ်တတ်သော သဘောလက္ခဏာ ရှိသည့်အတွက် ပေါ့ပေါ့တန်တန် မတွေးထားသင့်ပဲ ကုသစရာရှိသည့် ရောဂါများကို လျှင်မြန်စွာ ကုသခံယူလျက် တစ်ဖက်မှလည်း HIV ပါစစ်ဆေးသင့်ကြောင်း ဗဟုသုတရှိရန် လိုအပ်ပါသည်။ HIV ရှိနေခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်လာသည့် အခွင့်အရေး ယူဝင်ရောက်သည့် ရောဂါများထဲတွင် ရေယုန်ရောဂါပိုးလည်း ပါဝင်ပါသည်။

စိတ်ဖိစီးမှုများခြင်းများ၊ နေ့စဉ်ရက်ဆက် အိပ်ရေးပျက်များခြင်းများ ဖြစ်လာသည့်အခါ ရေယုန်ရောဂါ ဖြစ်ပွားလာတတ်ပါသည်။ အချို့သည်လည်း ဝမ်းဗိုက်တ  ပြင်လုံးတွင် ဆင်ရေယုန်ဟုခေါ်သည့် ရေယုန်အကြီးစားများ ထွက်လာခြင်း၊ အချို့တွင်လည်း မျက်နှာတပြင်လုံး ထွက်လာခြင်းမျိုး ရှိတတ်ပါသည်။ ထိုရေ ယုန်ရောဂါသည် သာမန်လူများတွင်လည်း ဖြစ်တတ်သည့် ရောဂါဖြစ်သောကြောင့် အမှုမဲ့အမှတ်မဲ့ဖြင့် ထိုရေယုန်ရောဂါကိုသာ ကုသမှုခံယူလိုက်တတ်ကြပါသည်။ နောက်ဆက်တွဲ HIV စစ်ဆေးခြင်းပြုလုပ်သင့်သည်ကို နားမလည်ကြသူက များပြားနေပါသည်။ ထို့အပြင် ခြေလက်တို့တွင် အရေပြားနှင့် ပတ်သက်သည့် ယားနာများ ပေါက်လာပါကလည်း ထိုဖြစ်ပေါ်နေသည့် ရောဂါကိုသာ လိမ်းဆေး၊ သောက်ဆေးများ အသုံးပြုခြင်းဖြင့် ပြီးဆုံးသွားတတ်သော်လည်း  ဆက်စပ်ပတ်သက်နေသည့် HIV ပိုးစစ်ဆေးခြင်းလမ်းကြောင်းပေါ်အထိ ရောက်မလာသူများကိုလည်း တွေ့ရှိနေရပါသည်။

HIV ပိုးရှိနေသူများအတွက် ခေါင်းထောင်လာသည့်ရောဂါ အမျိုးမျိုးတို့ကို ချက်ချင်းနှိမ်နင်းနှိပ်ကွပ် ကုသသင့်သလို HIV ရှိသူများဖြစ်တတ်သည့် အခွင့်အရေးယူ ဝင်ရောက်လာသည့် ရောဂါတစ်မျိုးမျိုး ခံစားနေရပါက HIV ရှိမရှိ စစ်ဆေးသင့်ကြောင်းကိုလည်း သာမန်လူများ ဗဟုသုတရှိနေသင့်ပါသည်။ ထို့ကြောင့် HIV ရှိကြောင်းသိနေသူများအဖို့ ရောဂါတစ်ခုခေါင်းထောင်လာလျှင်ချက်ချင်းကုသမှုခံယူသင့်ပြီး ထိုရောဂါကို လျှင်မြန်စွာ နှိပ်ကွပ်သင့်ပါကြောင်း အသိပေး  ရေးသားလိုက်ရပါသည်

Author: Hlaing, Healthcare Journal, vol 8,no 25 (7.7.17)

Previous Post

သမီးကညာ အရွယ်ရောက်လာ ၊မိဘများ သတိပြုစရာ

Next Post

မိန်းမကိုယ်ကို သန့်စင်ဆေးနဲ့ နေ့စဉ် ဆေးကြောတာ ကောင်းရဲ့လား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
738
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

1 year ago
629

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
981

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မိန်းမကိုယ်ကို သန့်စင်ဆေးနဲ့ နေ့စဉ် ဆေးကြောတာ ကောင်းရဲ့လား

အမျိုးသမီးများနှင့် အမွေးအမျှင်ပြဿနာ

ပုခုံးနာခြင်း ၊ပုခုံးခဲခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.