fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

လိင်လမ်းကြွက်နို့

4.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/08/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

ကြွက်နို့ကို ဖြစ်စေတာက Human papillomavirus (HPV)ဟာ ဗိုင်းရပ်စ်တစ်မျိုးဖြစ်တယ်။ အမျိုးအစားပေါင်း ၂၀၀ လောက်တွေ့ထားပေမဲ့ တချို့ကသာ ရောဂါရစေတယ်။ အရေပြားမှာဖြစ်တဲ့ ကြွက်နို့တွေက HPV-1 နဲ့ HPV-2 ကြောင့်ဖြစ်တယ်။ လိင်လမ်းကြွက်နို့ကို HPV 6 နဲ့ 11 ဗိုင်းရပ်စ်တွေကြောင့် ဖြစ်ရတာ ၉၀% ရှိတယ်။ မျက်စိ၊ နှာခေါင်း၊ ပါးစပ်နဲ့ လည်ချောင်းတွေမှာလဲ ဒီပိုးတွေကနေ ဖြစ်စေနိုင်တယ်။ အမျိုးအစား ၃၀-၄၀ တို့က လိင်ဆက်ဆံလို့ ကူးစက်တယ်။ လိင်အင်္ဂါကြွက်နို့ဟာ လိင်မှတဆင့် ကူးစက်ရောဂါတွေမှာ အများဆုံးဖြစ်ပြီး၊ အမေရိကားမှာ လူပေါင်း သန်း ၂၀ ဒါမှမဟုတ် လိင်ဆက်ဆံနိုင်တဲ့ အရွယ်ရှိသူပေါင်းရဲ့ ၁% မှာ ရှိနေတယ်။ Genital Warts လိင်အင်္ဂါကြွက်နို့ကို Condyloma လို့လဲခေါ်တယ်။ တချို့မှာ ပိုးရှိနေပေမဲ့ ကြွက်နို့မပေါ်သေးဘူး။

တချို့ပိုးတွေက မိန်းမနဲ့ ယောက်ျားလိင်အင်္ဂါနားတဝိုက် (ဂျိုင်းနား၊ လိင်တံ၊ စအို) မှာ ကင်ဆာဖြစ်စေတယ်။ သားအိမ်အဝ ကင်ဆာဖြစ်စေတဲ့ ပိုးနဲ့ လိင်အင်္ဂါကြွက်နို့ ဖြစ်စေတဲ့ပိုးတွေ မတူကြပါ။ ကြွက်နို့ပေါက်မနေသူဆီက ကနေလည်း ကူးလာနိုင်တယ်။ လိင်ဆက်ဆံနည်းမျိုးစုံ (ရိုးရိုး နဲ့ စအို၊ ပါးစပ်) လမ်းတွေက ကူးနိုင်တယ်။ ပိုးရှိသူနဲ့ ဆက်ဆံပြီးနောက် အချိန်တို ဒါမှမဟုတ် ကြာမှလည်း ကြွက်နို့ဖြစ်လာတတ်တယ်။ မိခင်မှာ ကြွက်နို့ရှိနေလို့ မွေးလာမဲ့ကလေးကို ကူးစက်နိုင်မှုက အလွန်နည်းပါးလှပါတယ်။

သူ့ဘာသာသူလဲ ပျောက်သွားနိုင်တယ်။ အသက်ကို ရန်မရှာဘူး။ ဆေးကုနည်းတွေ ရှိတယ်။ ဆေးကုပြီးလဲ ပြန်ဖြစ်နိုင်တယ်။ အမြင်အရ သက်သာ၊ သေးငယ်သွားတာနဲ့ ပျောက်သွားတာ ဖြစ်နိုင်ပေမဲ့ပိုးကိုတော့ ရှင်းသွားစေအောင် မတတ်နိုင်ပါ။ ဗိုင်းရပ်စ်ကို သတ်မဲ့ဆေး မရှိပါ။ ကုသနည်းအမျိုးမျိုးတော့ ရှိတယ်။ အလွယ်ဝယ်ယူရရှိတဲ့ဆေးတွေကို အားမကိုးပါနဲ့။ ဘယ်နည်းက အကောင်းဆုံးလို့ မပြောနိုင်ပါ။ ပျောက်သွားမယ်လို့လဲ ရာနှုန်းပြည့် အာမမခံနိုင်ပါ။ ကုသရင် မြန်မြန် သက်သာစေပါတယ်။ ကျန်နေသေးမဲ့ ပိုးတွေကိုလဲ ထိန်းထားရာကြပါမယ်။ လမ်းဘေးကဆေးတွေကနေ မလိုတာတွေ ဖြစ်နိုင်ပါတယ်။

ဘယ်လိုကုသမလဲ
ကြွက်နို့ပေါက်တဲ့နေရာကို မထိခိုက်မိပါစေနဲ့။ သွေးထွက်မယ်။ ကူးစက်မယ်။ လိင်ဆက်ဆံဖက် အဖေါ်အတွက် ထည့်စဉ်းစားပါ။ အကာအကွယ်သုံးပါ။ ထိကိုင်တာ ရှောင်ရှားပါ။ ကလိမနေပါနဲ့။ ဇာဂနာ စတာနဲ့ ဆွဲနုတ်တာမလုပ်ပါနဲ့၊ ၁၀-၂၀% လောက်က ၃-၄ လနေရင် ပျောက်သွားနိုင်တယ်။ အမြင်အရ သက်သာ၊ သေးငယ်သွားတာနဲ့ ပျောက်သွားတာ ဖြစ်နိုင်ပေမဲ့ပိုးကိုတော့ ရှင်းသွားစေအောင် မတတ်နိုင်ပါ။

ကြွက်နို့ပျောက်သွားပေမဲ့ သူ့ကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို ရှင်းထုတ်မရပါ။ ဒါ့ကြောင့် ပြန်ပေါ်နိုင်တယ်။ မကုဘဲထားရင် သူ့အလိုလို ပျောက်သွားချင်သွားမယ်။ ရှေ့မတိုး နောက်မဆုတ် ရှိနေမယ်။ တိုးချင် တိုးလာမယ်။ ကင်ဆာဖြစ်မသွားပါ။ ၉၀% လောက်မှာ ကိုယ်ခံအားကနေ တိုက်ဖျက်ပေးနိုင်တယ်။ ဆေးမကုဘဲ ၂ နှစ်ဆိုလျှင် ပျောက်သွားနိုင်တယ်။

ဘယ်ဟာအကောင်းဆုံးလို့ ပြောမရပါ။ Algorithms ကို အများဆုံးသုံးတယ်။ ဖြစ်နေတဲ့နေရာ၊ အရွယ်အစား အရေအတွက်၊ ဘေးထွက်ဆိုးကျိုး၊ ကုန်ကျစရိတ်၊ လူနာ့အကြိုက် စတဲ့ အချက်တွေကို ကြည့်ရတယ်။ ဆေးနည်းပြောင်းချင်ပြောင်းရတယ်။ တွဲလုပ်ချင် လုပ်ရတယ်။ ခပ်စိုစိုနေရာမှာ ဖြစ်တာက ရလဒ်ပိုကောင်းတယ်။ အများအားဖြင့် ၃ လ ကြာတယ်။ Condylox (0.5% Podofilox) ကို FDA က အသိအမှတ်ပြုထားတယ်။ ဖြစ်တဲ့နေရာကို လိမ်းပါ ဆေးပြစ်ဖို့ မလိုပါ။ ကိုယ်ဝန်မှာ မသုံးရပါ။

ကလေးကို ထိခိုက်နိုင်တယ်။ Podophyllinresin or Podofin 5% to 25% lotion or gel လိမ်းဆေးကို လိမ်းပြီး ၁-၄ နာရီအကြာမှာ ဆေးပြစ်ရတယ်။ ဘေးထွက်ဆိုးကျိုး နည်းစေတယ်။ တနေ့ ၂ ကြိမ်၊ ၃ ရက်လိမ်း၊ ၄ ရက်နား၊ ပေါင်း ၄ ပတ်ကြာ။ ၄၅-၇၇-၈၈% ထိရောက်တယ်။ လောင်နိုင်တယ်။ နီရဲလာမယ်။ နာမယ်။ ယားမယ်။ ရောင်မယ်။ Condylox 0.55% Topical Solution စသုံးသူ ၇၉%၊ ပြန်ဖြစ်သူ ၃၅%၊ ကောင်းသွားသူ ၆၀%။ Podofilox ဆေးကို Antimitotic drug ခေါ်တယ်။ ဈေးမကြီးဘူး။ ဂွမ်းနဲ့ဖြစ်ဖြစ် လက်နဲ့ဖြစ်ဖြစ်လိမ်းနိုင်တယ်။ ဆေးလိမ်းတဲ့နေရာက 10cm2 ထက် ပိုမကျယ်သင့်ဘူး။ တနေ့မှာ ဆေးကလဲ 0.5mL ထက် ပိုမသုံးသင့်ဘူး။ အစရက်မှာ ဆရာဝန်က ပြပေးသင့်တယ်။ ဆေးကိုလိမ်းပြီး လေသလပ်ခံ ခြောက်သွားပါ။ တပတ်တခါ လိမ်းပါ။ ဆေးကပြင်းတယ် များသွားရင် ဘေးထွက်ဆိုးကျိုးတွေ ရှိမယ်။ တခြားအနာရှိရင် မဝင်စေနဲ့။

Fluorouracil topical (Carac, Efudex, Fluoroplex) အရေပြားကင်ဆာ အတွက်လဲသုံးတယ်။ 0.5%, 1% and 5%, Solution 2% Cream ကိုလဲသုံးနိုင်တယ်။ Imiquimod (Aldara) အရေပြားကင်ဆာအတွက် သုံးတာကို ကြွက်နို့အတွက်လဲ သုံးတယ်။ ၁၂ နှစ်အောက်ကလေးတွေ မပေးရပါ။ Basal cell carcinoma အရေပြားကင်ဆာအတွက် တပတ်မှာ ၅ ခါလိမ်း၊ ၆ ပတ်ကြာ။ ကြွက်နို့ ၇ ရက် တပတ်မှာ ၃ ခါ လိမ်း၊ ၁၆ ပတ်ကြာ။ ဆိုးကျိုး = နီရဲ၊ ရောင်၊ ယား၊ နာ၊ အရေထူ၊ အရေကွာ၊ အရောင်ပြောင်း၊ Imiquimod ဆေးကို Active immune enhancer ခေါ်တယ်။ သူကနေ Interferon နဲ့တခြား Cytokines တွေထွက်အောင် နှိုးဆွပေးတယ်။ နောက်တနည်း တညတခါလိမ်းပါ။ တပတ် ၃ ရက်၊ ပေါင်း ၁၆ ပတ်။ ဆေးလိမ်းပြီး ၆-၁၀ နာရီကြာရင် ရေနဲ့ဆပ်ပြာသုံး ဆေးပါ။ ဆေးလိမ်းရာနေရာမှာ နီလာနိုင်တယ်။ အနေရခက်မယ်။ မောလာမယ်။ အနာလို ဖြစ်မယ်။ အပူဖုပေါက်နိုင်တယ်။ အရေပြားက အရောင်ပျော့လာမယ်။

Interferon alfa-n3 (Alferon N) ဆေးကို တခြားနည်းတွေနဲ့ မရသူတွေ အတွက်သုံးတယ်။ မတည့်လို့ အလာဂျီ ရတတ်တယ်။ တုပ်ကွေးလိုဖြစ်မယ်။ ခေါင်းကိုက်၊ ခေါင်းမူး၊ အဆစ်-ကြွက်သားနာ၊ ပျို့-အန်ချင်၊ အိပ်ရေးပျက်။ Pedophyllin resin 10%-25% ဆေးကိုလိမ်းပြီး လေသလပ်ခံ ခြောက်သွားပါ။ တပတ်တခါလိမ်းပါ။ ဆေးကပြင်းတယ် များသွားရင် ဘေးထွက်ဆိုးကျိုးတွေ ရှိမယ်။ <0.5% mL သာလိမ်းပါ။ <10 cm2 ထက်နေရာ မကျယ်စေနဲ့။ တခြားအနာ ရှိနေရင် မဝင်စေနဲ့။ ၁-၄ နာရီကြာရင် သေသေချာချာ ဆေးပစ်ပါ။

Podofilox ဆေးကို Antimitotic drug ခေါ်တယ်။ ဈေးမကြီးဘူး။ ဂွမ်းနဲ့ဖြစ်ဖြစ် လက်နဲ့ဖြစ်ဖြစ် လိမ်းနိုင်တယ်။ တနေ့ ၂ ကြိမ်၊ ၃ ရက် လိမ်း၊ ၄ ရက်နား၊ ပေါင်း ၄ ခါအထိ လုပ်နိုင်တယ်။ ဆေးလိမ်းတဲ့နေရာက 10 cm2 ထက် ပိုမကျယ်သင့်ဘူး။ တနေ့မှာ ဆေးကလဲ 0.5 mL per day ထက်ပိုမသုံးသင့်ဘူး။ အစရက်မှာ ဆရာဝန်ကပြပေးသင့်တယ်။ နဲနဲနာတာနဲ့ အနေရခက်တာ ရှိနိုင်တယ်။

Sinecatechin ointment ဆေးကို တနေ့ ၃ ကြိမ်၊ ကြွက်နို့တခုကို ဆေးပါးပါးလိမ်းပါ။ ၁၆ ပတ်ထက် ပိုမကြာစေပါ။ ဆေးလိမ်းတာကို ဆေးမပစ်ရပါ။ ဆေးရှိနေတုံး လိင်ဆက်ဆံမှု မပြုရဘူး။ လိမ်းတဲ့နေရာ နီရဲဖောင်းလာမယ်။ အနာလဲ ဖြစ်နိုင်တယ်။ အပူဖူးလဲပေါက်နိုင်တယ်။ Sinecatechins 15% ointment ဖြစ်တယ်။ တနေ့ ၃ ကြိမ်၊ ကြွက်နို့တခုကို 0.5-cm ဆေးပါးပါးလိမ်းပါ။ ၁၆ ပတ်ထက် ပိုမကြာစေနဲ့။ ဆေးလိမ်းတာကို ဆေးမပစ်ရပါ။ ဆေးရှိနေတုံး လိင်ဆက်ဆံမှု မပြုရဘူး။ လိမ်းတဲ့နေရာ နီရဲဖောင်းလာမယ်။ အနာလဲ ဖြစ်နိုင်တယ်။ အပူဖူးလဲ ပေါက်နိုင်တယ်။

Trichloroacetic acid (TCA) or Bichloroacetic acid (BCA) 80%-90% တပတ် ၁ ခါသာလိမ်း ရတယ်။ အက်စစ်တွေက လောင်စေတဲ့ ဆေးမျိုးဖြစ်တယ်။ ဘေးကို အမြန်ပြန့်လို့ သတိထားပါ။ နာမယ်။ ပူလောင်မယ်။ မခံနိုင်ရင် ဆပ်ပြာနဲ့ရေဆေးပါ။ Sodium bicarbonate ဆော်ဒါနဲ့ အက်စစ်ဓာတ် ပျယ်စေပါ။ ကြွက်နို့မဟုတ်တဲ့နေရာ မထိစေရ။ ၆-၁၀ ပတ်အကြာ ၈၈% ပျောက်တယ်။ ဒီအက်စစ်တွေက လောင်စေတဲ့ ဆေးမျိုးဖြစ်တယ်။

နေရာတစ်ခုချင်း
Vaginal Warts (ဗဂျိုင်းနား) ကြွက်နို့ကို Liquid nitrogen နဲ့ Cryotherapy လုပ်ရတယ်။ Cryoprobe မသုံးသင့်ပါ။ နောက်တနည်း TCA or BCA 80%-90% ပါးပါးလေး လိမ်းနိုင်တယ်။ ခြောက်သွေ့ပါစေ။ ဆေးများသွားရင် Sodium bicarbonate, Liquid soap နဲ့ ဆေးပါ။ တပတ် တခါ။
Urethral Meatus Warts ဆီးသွားပေါက်ကြွက်နို့ကို Cryotherapy with liquid nitrogen နည်း၊ ဒါမှမဟုတ် Podophyllin 10%-25% in compound tincture of Benzoin သုံးပါ။ ဆေးမလိမ်းခင် နေရာကို ခြောက်သွေ့နေပါစေ။ တပတ် တခါ။

Anal Warts စအိုကြွက်နို့ကို Cryotherapy with liquid nitrogen သုံးပါ။ ဒါမှမဟုတ် TCA or BCA 80%-90% ပါးပါးလေးသုံးပါ။ ခြောက်သွားပါစေ။ များတာကို talc, sodium bicarbonate, or liquid soap နဲ့ ဓာတ်ပျယ်စေနိုင်တယ်။ ဒါမှမဟုတ် Surgical removal ခွဲစိတ်ကုသပါ။ Intraanal warts စအိုထဲကြွက်နို့ အထူးကုနဲ့ ကုသပါ။

ခွဲစိတ်ကုသနည်း
ကြွက်နို့ကြီးတာမျိုး များတာမျိုးအတွက် ထုံဆေးပေးပြီး Electrocautery လျှပ်စစ်နဲ့ လုပ်နိုင်တယ်။ Excision ခွဲစိတ်ဓားနဲ့ ဖြတ်ထုတ်နိုင်တယ်။ ၂၅%-၅၅% ပျောက်နိုင်တယ်။ သွေးထွက်တာကို Chemical styptic (Aluminum chloride solution)သုံးနိုင်တယ်။ အများအားဖြင့် ပြန်မချုပ်ဘဲထားတယ်။ Cryosurgery အေးခဲနည်း၊ Electrocauterization လျှပ်စစ်နည်း၊ Carbon dioxide laser vaporization လေဆာနည်းတွေ ရှိသေးတယ်။ ဆီးသွားပြွန်ထဲဖြစ်တာမှာ တခြားဆေးမတိုးရင် လေဆာနည်းနဲ့ ခွဲစိတ်နည်းလုပ်ရတယ်။

အမျိုးသမီး လိင်လမ်းကြွက်နို့

  1. Podophyllin ဆေးကနေ ကြွက်နို့(တစ်ရှူး) တွေကို ဖျက်ဆီးပစ်မယ်။ အနာပေါ်မှာသာ ဆေးလိမ်းရမယ်။ ဆေးလိမ်းပြီးနောက် ၁-၄ နာရီကြာရင် ဆေးကြောပစ်နိုင်မယ်။ တပတ်မှ တခါနဲ့ ၄-၆ ပတ်ကြာနိုင်တယ်။ လိုသေးရင် ဆက်သုံးပါ။ ဆေးလိမ်းတဲ့နေရာမှာ အနေရခက်မယ်။ နာမယ်။ အနာသစ်ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်နေရင် မသုံးရပါ။
  2. Podofilox (Condylox) ဆေးက Podophyllin ဆေးနဲ့ ဆင်တယ်။ ဂွမ်းစလေးသုံးပြီး ကိုယ်တိုင်လိမ်းနိုင်တယ်။ တနေ့ ၂ ကြိမ်၊ ၃ ရက်ဆက်တိုက်လိမ်းပါ။ ၄ ရက်နားပါ။ နောက်အဲဒီအတိုင် ၄ ခါလည်အောင် လုပ်နိုင်တယ်။ ကိုယ်ဝန်ဆောင်နေရင် မသုံးရပါ။ ဆေးလိမ်းတဲ့နေရာမှာ အနေရခက်မယ်။ နာမယ်။ အနာသစ်ဖြစ်နိုင်တယ်။
  3. Bichloroacetic acid (BCA) နဲ့ Trichloroacetic acid (TCA) အက်စစ် ၂မျိုးဆေးကနေလဲ ကြွက်နို့တစ်ရှူးတွေကို ဖျက်ဆီးပစ်မယ်။ ဆရာဝန်-ဆရာမကနေ ထည့်နိုင်ရင် ကောင်းတယ်။ တပတ် တခါသာ ထည့်ရတယ်။ ၄-၆ ခါ ကြာနိုင်တယ်။ ဆေးထည့်ရာနေရာမှာ ပူလောင်တာနာတာရှိမယ်။ ကိုယ်ဝန်ရှိလဲ သုံးနိုင်တယ်။
  4. Imiquimod (Aldara) (ခရင်မ်) ဖြစ်တယ်။ ခုခံအားကို သက်ရောက်စေတယ်။ ညအချိန် အနာပေါ်လိမ်းရတယ်။ ၆-၁၀ နာရီကြာရင် ဆေးပစ်ပါ။ တပတ်မှာ ၃ ရက်၊ ၁၆ ပတ်အထိ လိမ်းနိုင်တယ်။ ကိုယ်ဝန်ရှိချိန် မသုံးရပါ။
  5. Interferon (အင်တာဖရွန်) ဆေးကိုလဲသုံးတယ်။ ခုခံအားဆေးအမျိုးအစား ဖြစ်တယ်။ ထိုးဆေးနဲ့ လိမ်းဆေးရှိတယ်။ ကြွက်နို့နေရာမှာ ထိုးတာက ပိုထိရောက်တယ်။ ဘေးထွက်ဆိုးကျိုးက တုပ်ကွေးလို ခံစားရမယ်။ တခြားဆေးနည်းတွေနဲ့ မရမှသာသုံးပါ။ ဆေးနည်းနဲ့ ခွဲစိတ်နည်းတို့နဲ့ တွဲသုံးတယ်။ ကိုယ်ဝန်ဆောင်နေစဉ် မသုံးရပါ။
  6. Sinecatechins (Veregen) သစ်ပင်ကထွက်တဲ့ဆေး ကိုယ်တိုင်သုံးနိုင်တယ်။ တနေ့ ၃ ကြိမ်၊ ၁၆ ပတ်ကြာနိုင်တယ်။ ဗဂျိုင်းနာ၊ စအိုနေရာမှာလဲ သုံးနိုင်တယ်။ HIV ရှိသူ၊ ရေယုန်ရှိနေသူတွေလဲ သုံးနိုင်တယ်။ အတူမနေခင် ဆေးကြောပစ်ရမယ်။ ကွန်ဒုံးကို အားနည်းစေနိုင်တယ်။ ဆေးထိရာမှာ နီရဲပြီး ယားမယ်။ ပူလောင်မယ်။အမျိုးသမီးတွေမှာလိင်လမ်း-ကြွက်နို့ရှိနေပေမဲ့ ကလေးမရတာ မဖြစ်စေပါ။ ကိုယ်ဝန်ကိုလဲ မထိခိုက်ပါ။ ကိုယ်ဝန်ဆောင်နေတုံးဖြစ်တဲ့ လိင်လမ်းကြွက်နို့အတွက် Imiquimod, Sinecatechins, Podophyllin နဲ့ Podofilox တွေကို မသုံးပါနဲ့။ ခွဲစိတ်တာ လုပ်ချင်လုပ်နိုင်တယ်။ အတွဲတခုမှာ တယောက်မယ် ရောဂါရနေ၊ ပြနေရင် ကျန်တယောက်မှာလဲ ဘာမှမပြပေမဲ့ ပိုးရှိနေပြီ ဒါပေမဲ့ တယောက်မှာ အဲလိုတွေ့တိုင်း ဖောက်ပြန်သူဆိုပြီး စွပ်စွဲလို့လဲ မရပြန်ပါ။ HIV ရှိနေသူ လိင်လမ်းကြွက်နို့ အဖြစ်များတယ်။ ဆေးကုရလဲ ခက်တယ်။ Squamous Cell Carcinoma in Situ ကင်ဆာကနဦးဖြစ်နေသူ အထူးကုနဲ့ ကုသပါ။ Cervical Warts သားအိမ်ဝကြွက်နို့ကို Biopsy evalution လုပ်ရမယ်။ အထူးကုသမှု လုပ်ရမယ်။

    တယောက်မှာ လိင်လမ်းကြွက်နို့ရှိနေရင် သူ့အဖော်(မိန်းမ-ယောက်ျား) ကိုလဲ ဆေးစစ်ရမယ်။ အမျိုးသမီးမှာ ဖြစ်နေတာဆိုရင် Pap smears သားအိမ်ဝ-ကင်ဆာ ရှိ-မရှိ စစ်ဆေးတာကို အနည်းဆုံး ၁ နှစ်လုပ်သင့်တယ်။ တကယ်လို့ ကြွက်နို့က သားအိမ်ဝမှာ ဖြစ်နေသူဆိုရင် ၃-၆ လ တခါ လုပ်ရမယ်။ (ကွန်ဒုံး) က HIV အတွက် သာမက လိင်အင်္ဂါကြွက်နို့နဲ့ သားအိမ်အဝ-ကင်ဆာတို့အတွက်ပါ ကာကွယ်ရာကျတယ်။ ဒါပေမဲ့ ကြွက်နို့ပေါက်ရာ နေရာကို (ကွန်ဒုံး)က ဖုံးမထားနိုင်ရင် ကြွက်နို့မှန်သမျှကို ကာကွယ်မှုမပေးနိုင်ပါ။ လိင်ဆက်ဆံတဲ့အဖော်ဆိုတာ သတ်သတ်မှတ်မှတ်ရှိသင့်တယ်။ ကိုယ့်အဖော်၊ ဇနီး၊ ခင်ပွန်းကို သစ္စာရှိပါလေ။

လိင်လမ်းကြွက်နို့ ကာကွယ်ရေး
လိင်လမ်းမှာ ကြွက်နို့ရှိနေသူနဲ့ လိင်ဆက်ဆံမှု ရှောင်ရင် ကူးစက်တာ မဖြစ်စေပါ။ (ကွန်ဒုံး)က ကြွက်နို့ကို မဖုံးနိုင်ရင်လဲ ကာကွယ်မှုမပေးပါ။ တယောက်ကိုတယောက် ရိုးသားပါ။ Vulva HPV မိန်းမကိုယ်မှာရှိတာကို စမ်းသပ်နည်းမရှိပါ။ Cervix HPV သားအိမ်ဝ(ခေါင်း)မှာရှိတာကိုတော့ စမ်းလို့ရတယ်။
HPV vaccine ကာကွယ်ဆေး Gardasil နဲ့ Cervarix 2 မျိုးရှိနေပြီ။ Cervarix က 70% of cervical cancers ဖြစ်စေတဲ့ (types 16 and 18) ကို ကာကွယ်မယ်။ Gardasil ကာကွယ်ဆေးက 90% of genital warts ဖြစ်စေတဲ့ (types 6 and 11) ကိုကာကွယ်မယ်။ လိင်မဆက်ဆံမီအရွယ်မှာ ထိုးနိုင်တာကောင်းတယ်။ ယောကျ်ားတွေအတွက် (Gardasil) ဟာ လိင်အင်္ဂါကြွက်နို့ကို ကာကွယ်တယ်။ ယောကျ်ားလေး၊ မိန်းကလေး ၉ နှစ်သမီးကနေ ၂၆ နှစ်သမီးအထိ ထိုးပေးသင့်တယ်။ ကြွက်နို့ပေါက်နေသူ ထိုးဖို့မလိုပါ။ HPV ကြောင့်ဖြစ်တဲ့ လိင်လမ်း-ကြွက်နို့ဖြစ်မှာကို ကာကွယ်နိုင်တယ်။ Gardasil ဆေးကို ၆ လအတွင်းမှာ ၃ ခါထိုးရတယ်။ ဘေးထွက်ဆိုးကျိုး ဆိုးဝါးတာမရှိပါ။

Author: Dr.တင့်ဆွေ, Healthcare Journal, vol 8,no 20 ( 14.7.17)

Previous Post

leprosy

Next Post

ကိုယ့်ကလေး အမှန်တကယ် သိပ်ညှက်နေသလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
742
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

1 year ago
630

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
983

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ့်ကလေး အမှန်တကယ် သိပ်ညှက်နေသလား

ကိုယ်နံ့ဆိုးနေလား

လျှို့ဝှက်ခဲ့ရမှု ပျောက်ဆုံးတော့မှာလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.