fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

အစာစားပြီးပြီးချင်း ရှောင်ကြဉ်ရမည့် အချက်များ

202
VIEWS
Share on FacebookShare on TwitterShare on Linkedin
13/08/2017
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

 (Zawgyi)



လက်ဖက်ရည်သောက်ခြင်း

အသီးအနှံကိုစားခြင်း


ရေချိုးခြင်း

လမ်းလျှောက်ခြင်း

အကြံပြုချက်


(Unicode)

ကျွန်တော်တို့သည် မနက်စာ၊ နေ့လည်စာနှင့် ညစာကို နေ့စဉ်စားသုံးကြပါသည်။ တစ်ခါတစ်ရံ ညလယ်စာပါစားသုံးကြပါသည်။ အစာစားပြီးပြီးချင်း အိပ်စက်ခြင်း၊ လက်ဖက်ရည်သောက်ခြင်း၊ အသီးအနှံကို စားခြင်း၊ ပုဆိုး (သို့မဟုတ်) ထဘီလျှော့ဝတ်ခြင်း၊ ရေချိုးခြင်း၊ လမ်းလျှောက်ခြင်းနှင့် ဆေးလိပ်သောက်ခြင်းများ ပြုလုပ်ကြပါသည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းကြောင့် ကျန်းမာရေးကို ထိခိုက်နိုင်၍ ရှောင်ကြဉ်သင့်ပါသည်။

အစာစားပြီးပြီးချင်း အိပ်စက်ခြင်း
လူအချို့သည် အစာစားပြီးပြီးချင်း ထမင်းဆိပ်တက်လာ၍ အိပ်စက်တတ်ပါသည်။ အိပ်ခြင်းကြောင့် အစာကိုကောင်းစွာ မချေဖျက်နိုင်၍ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါများ ရရှိနိုင်ပါသည်။ ထို့ကြောင့် ကျန်းမာရေးနှင့် ညီညွတ်စေရန် အစာစားပြီးပြီးချင်း အိပ်စက်ခြင်းကို ရှောင်ကြဉ်ရပါမည်။

လက်ဖက်ရည်သောက်ခြင်း
လက်ဖက်ရည် (ရေနွေး) ကိုအစာစားပြီးတိုင်း သောက်ကြပါသည်။ လက်ဖက်ရည်သည် အစာထဲတွင် ပါဝင်သော အစားအစာများကို မာစေသောကြောင့် အစာခြေဖျက်ရန် ခက်ခဲပါသည်။ လက်ဖက်နှင့် ထမင်းစားခြင်းသည်လည်း အစာခြေဖျက်မှုကို ထိခိုက်၍ မစားသင့်ပါ။ ထို့ကြောင့် အစာစားပြီးပြီးချင်း လက်ဖက်ရည်သောက်ခြင်းကို ရှောင်ကြဉ်ရပါမည်။

အသီးအနှံကိုစားခြင်း
အသီးအနှံများကို ထမင်းစားပြီး ချက်ခြင်းစားပါက လေပွတတ်ပါသည်။ အသီးအနှံကို ထမင်းမစားမီ တစ်နာရီ (သို့မဟုတ်) စားပြီးတစ်နာရီ၊ နှစ်နာရီကြာမှ စားသုံးခြင်းဖြင့် လေပွခြင်းကို ကာကွယ်နိုင်ပါသည်။ ထို့ကြောင့် အသီးအနှံများကို ထမင်းစားပြီး ချက်ခြင်းစားသုံးမှုကို ရှောင်ကြဉ်ရပါမည်။

ပုဆိုး (သို့မဟုတ်) ထဘီကို အစာစားပြီးပြီးချင်း လျှော့ချခြင်း
ထမင်းစားပြီးပါက ပုဆိုး (သို့မဟုတ်) ထဘီကို လျှော့ချခြင်း ပြုလုပ်ပါက အူပိတ်တတ်ပါသည်။ အစားအသောက်ကို နည်းနည်းနှင့် ဖြည်းဖြည်းစားရပါမည်။ ဝမ်းဗိုက်တင်းပါကလည်း ပုဆိုး (သို့မဟုတ်) ထမီကို လျှော့ချခြင်း ရှောင်ကြဉ်ရပါမည်။

ရေချိုးခြင်း
ထမင်းစားပြီး ရေမချိုးရန်နှင့် ရေချိုးပါက ဗိုက်ကြီးပူတတ်သည်ဟု ရှေးလူကြီးများ ပြောဆိုခဲ့ပါသည်။ အစာစားပြီးချင်း ရေချိုးပါက ခြေဖျားလက်ဖျားများနှင့် ခန္ဓာကိုယ်အနှံ့သို့ သွေးစီးဆင်းများပြီး အစာအိမ်တွင် သွေးအရောက်နည်းတတ်ပါသည်။ အစာအိမ်၏ အစာချေဖျက်အားကို နည်းသွာခြင်းကြောင့် အစာစားပြီးပြီးချင်း ရေချိုးခြင်းကို ရှောင်ကြဉ်ရပါမည်။

လမ်းလျှောက်ခြင်း
ထမင်းစားပြီးပြီးချင်း လမ်းလျှောက်ပါက ကင်ဆာဖြစ်နိုင်ချေပို၍ များပါသည်။ အစာစားလိုက်ပါက အစာခြေလမ်းကြောင်းတစ်လျှောက်တွင် သွေးစီးဆင်းမှုများစေပါသည်။ အသက်ရှူလမ်းကြောင်းတွင်လည်း သွေးစီးဆင်းမှုများစေပါသည်။ သို့ရာတွင် အစာစားပြီးပြီးချင်း ဆေးလိပ်သောက်ပါက ဆေးလိပ်အငွေ့တွင်ပါဝင်သော ဓာတုပစ္စည်းများကို စုပ်ယူသောကြောင့် ကင်ဆာရောဂါအခွင့်အရေးများစေပါသည်။ ထို့ကြောင့် ထမင်းစားပြီးပြီးချင်း ဆေးလိပ်ကို လုံးဝမသောက်သင့်ပါ။

အကြံပြုချက်
“အစာလည်းဆေး၊ ဆေးလည်းအစာ” ဆိုသည့်အတိုင်း ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရပြည့်ဝသော အစားအစာများကို စားသောက်ပေးရပါမည်။ သို့မှသာ လူ့ဘဝသက်တမ်း ကြာရှည်စွာ နေထိုင်နိုင်ပါမည်။ သို့ရာတွင် အထက်ပါအတိုင်း အစာစားပြီးပြီးချင်း ရှောင်ကြဉ်ရမည့်အချက်များကို အပြည့်အဝ လိုက်နာရပါမည်။

Author: ဒေါက်တာမင်းသူရိန်, Healthcare Journal, vol 8,no 24 (30.6.17)

Previous Post

ကိုယ်ဝန်ဆောင်များ မသောက်သုံးသင့်သည့် ဆေးဝါးများနှင့်ဆိုးကျိုးများ

Next Post

နေ့စဉ်လူမှုပုံစံအမှားမှ အသည်းရောဂါများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
610

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နေ့စဉ်လူမှုပုံစံအမှားမှ အသည်းရောဂါများ

ကိုယ့်ခါးကိုယ်ကြည့်၊ ကျန်းမာရေးသတိ

စိတ်ခိုင်လျှင် သိပ်မယိုင်ပါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.