fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

အမျိုးသားများအတွက် ကျန်းမာရေးကောင်းကျိုးပေးနိုင်မည့်အစားအစာများ

127
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/08/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

အနီရောင်အဆင်းရှိသော အသားများ
အနီရောင်အဆင်းရှိသော အသားများသည် အမျိုးသားများအား ခွန်အားတိုးပွားစေကြောင်း သုတေသနများအရ သိရသည်။ အမဲသားနှင့် ဝက်သားများတွင် ပရိုတင်းများစွာ ပါရှိပြီး ကြက်ရင်ပုံသားထက် အဆီအနည်းငယ်သာ ပိုမိုပါဝင်သည်။ အနီရောင်အသားများတွင် လူဆင်းနှင့် အမိုင်နီအက်ဆစ်ပေါကြွယ်ဝစွာ ပါဝင်ပြီး ကြွက်သားတည်ဆောက်ရာ၌ ကူညီပေးသည်။

အခွံမာငါးနှင့် ပင်လယ်စာများ
အခွံမာငါးနှင့် ပင်လယ်စာများတွင် ဇင့်ဓာတ်များစွာပါဝင်ပြီး နှလုံး၊ ကြွက်သားနှင့် မျိုးပွားအင်္ဂါစနစ်အတွက် အလွန်အရေးကြီးသည်။ ပုံမှန်ထက် ဇင့်ဓာတ်လျော့နည်းနေသော အမျိုးသားများတွင် သုတ်ပိုးအရည်အသွေး လျော့ကျစေနိုင်ပြီး သားသမီးမထွန်းကားနိုင်ခြေပိုများသည်။ ပင်လယ်စာများတွင် သာမက အမဲသား၊ ကြက်ဆင်၊ ကြက်သား၊ အခွံမာသီးနှင့် အစေ့အဆန်များတွင်လည်း ကျန်းမာရေးအတွက် လိုအပ်သည့် ဇင့်ဓာတ်ပမာဏပါရှိသည်။

ထောပတ်သီး နှင့် ပင်လယ်ငါးများ
ထောပတ်သီးတွင်း အဆီဓာတ်များစွာ ပါဝင်ပြီး ၎င်းအဆီမှာ ကျန်းမာရေးကောင်းကျိုးပေးသည့် မပြည့်ဝဆီများဖြစ်သည်။ ကိုလက်စထရောပမာဏနှင့် မကောင်းသော ကိုလက်စထရောပမာဏကို လျော့ချပေးနိုင်သည်။ သံလွင်ဆီနှင့် အခွံမာသီးများတွင်လည်း ကျန်းမာရေးကောင်းကျိုးပေးနိုင်သည့် အဆီများပါဝင်သည်။ အဆီရှိသောငါးများ ဖြစ်သော ဆယ်လ်မွန်၊ ပင်လယ်ငါးသလောက်နှင့် ဆာဒင်းငါးများတွင် ကျန်းမာရေးကောင်းကျိုးပေးနိုင်သည့် အိုမီဂါ ( 3 ) ဖက်တီးအက်ဆစ်ပါဝင်သည်။ ၎င်းသည် နှလုံးကျန်းမာရေးကို ကောင်းမွန်စေနိုင်ပြီး နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြင်းကို လျော့ကျစေနိုင်သည်။

ချောကလက်
ချောကလက်သည် သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး သင့်တင့်မျှတစွာ စားသုံးသင့်ပါသည်။ အနက်ရောင်ချောကလက်တွင် ပါဝင်သော ဖလာမင်နိုသည် ကျန်းမာရေးဆိုးကျိုးပေးနိုင်သည့်ကိုလက်စထရောများကို လျော့ကျစေနိုင်ပြီး သွေးလှည့်ပတ်စီးဆင်းခြင်းကို တိုးတက်စေကာ သွေးဖိအားကို ထိန်းသိမ်းပေးနိုင်သည်။ သွေးစီးဆင်းမှု မကောင်းမွန်ပါက အမျိုးသားများတွင် လိင်တံထောင်မတ်နိုင်မှု စွမ်းရည်ထိခိုက်နိုင်ပါသည်။ နှလုံးကျန်းမာရေးကောင်းမွန်စေသော အစားအစာများသည် အိမ်ထောင်မှုသုခကို တိုးတက်ကောင်းမွန်စေနိုင်သည်။ သို့ရာတွင် ချောကလက်ကို အလွန်အကျွံစားသုံးပါက အဝလွန်စေနိုင်ပါသည်။

ဂျင်း
ပါးပါးလှီးထားသော ဂျင်းပြားလွှာများကို ဆူရှီနှင့် အာရှအစားအစာများတွင် တွေ့ရတတ်သည်။ ဂျင်းသည် ခန္ဓာကိုယ်ရောင်ရမ်းခြင်းကို သက်သာစေနိုင်ပြီး နေ့စဉ်ပုံမှန်စားသုံးပေးပါက လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ကြွက်သားအနာတရဖြစ်မှုကို လျှော့ချပေးနိုင်သည်။

ခရမ်းချဉ်သီးအနှစ်
ခရမ်းချဉ်သီးတွင် လိုင်ကိုပင်းဓာတ် များစွာပါဝင်ပြီး ကင်ဆာအချို့ကို ကာကွယ်ပေးနိုင်သည်။ သုတေသနတစ်ခုအရ ခရမ်းချဉ်သီးဆော့ကို ပုံမှန်စားသုံးပေးပါက ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ကြောင်း သိရသည်။ ထို့အပြင် ခရမ်းချဉ်သီးတွင် ကျန်းမာရေးအတွက် ကောင်းကျိုးပေးနိုင်သော အာဟာရဓာတ်များစွာ ပါဝင်သည်။

ပဲပြားနှင့် ပဲပိစပ်
ပဲပြားနှင့် ပဲပိစပ်များသည် ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးနိုင်သည်။ တိုဖူး၊ ပဲပင်ပေါက်ဟင်းချိုနှင့် ပဲနို့များသည် အရသာကောင်းမွန်သော အစားအစာများဖြစ်သည်။ အာရှသားများသည် အမေရိကန်သားများထက် အဆ ၉၀ ပဲပြားထွက် အစားအစာများကို စားသုံးကြောင်း သုတေသနများအရ သိရသည်။ ထို့ကြောင့် အာရှသားများသည် အမေရိကန်နိုင်ငံသားများထက် ဆီးကျိတ်ကင်ဆာဖြစ်ပွားမှု လျော့နည်းသည်။

နို့နှင့်ဥအမျိုးမျိုး
နို့နှင့် နို့ချဉ်များတွင် လူဆင်းပါဝင်ပြီး ကြွက်သားတည်ဆောက်မှုကို ကူညီပေးသည့် အမိုင်နိုအက်ဆစ် ပါဝင်သည်။ ကယ်လ်စီယမ်ဓာတ်ပါဝင်သောကြောင့် အရိုးသန်မာစေပြီး အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေနိုင်သည်။ ဥများတွင် လူတင်း၊ ပရိုတင်း၊ သံဓာတ်များစွာ ပါဝင်ပြီး တစ်နေ့လျှင် ၃၀၀ မီလီဂရမ်ရရှိအောင် စားသုံးပေးပါက ကျန်းမာရေးကောင်းမွန်စေနိုင်သည်။ ကိုလက်စထရောများနေသူဖြစ်ပါက ဆရာဝန်နှင့် တိုင်ပင်သင့်ပြီး ညွှန်ကြားချက်အတိုင်းသာ စားသုံးပေးသင့်သည်။

ဟင်းသီးဟင်းရွက်များ
ဟင်းသီးဟင်းရွက်များတွင် ဖိုင်တိုကယ်မီကယ်လ်များနှင့် အာဟာရဓာတ်များစွာ ပါဝင်ပြီး ဆဲလ်ကျန်းမာရေးကို ကောင်းမွန်စေကာ ဟင်းသီးဟင်းရွက်များဖြစ်သော ဟင်းနုနွယ်၊ ကိုက်လန်စသည်တို့သည် မျက်လုံးကျန်းမာရေးနှင့် ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးနိုင်သည်။ ၎င်းတွင် လူတင်းနှင့် ဇီယာဇန်သင်းပေါကြွယ်ဝစွာ ပါဝင်သည်။ လိမ္မော်ရောင်အဆင်းရှိသော မုန်လာဥနီ၊ ရွှေဖရုံသီး၊ ကန်စွန်းဥများတွင် ဘီတာကာရိုတင်း၊ လူတင်းနှင့် ဗီတာမင်စီများ ပါဝင်ကာ ဆီးကျိတ်ကြီးခြင်းကို လျော့ကျစေနိုင်သည်။ ထို့ကြောင့် တစ်နေ့တာ အစားအသောက်များတွင် ရောင်စုံအဆင်းရှိအောင် စားသုံးပေးသင့်သည်။

ဘယ်ရီသီးများ
ဘယ်ရီသီးများတွင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်သည်။ ၎င်းတွင် Antioxidants များစွာပါဝင်ပြီး ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျပေးနိုင်သည်။ သုတေသနများအရ ဘယ်ရီသီးများသည် မှတ်ဉာဏ်နှင့် တွေးခေါ်မှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်ကြောင်း သိရသည်။

Author: ဟိန်းဇာနည် (ဆေး-၂), Healthcare Journal, vol 8,no 28,(28.7.17)

 

Previous Post

ကလေးဖြည့်စွက်စာ နှင့် အာဟာရတန်ဖိုး

Next Post

မွေးလမ်းကြောင်းပိုးဝင်ခြင်း


ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
738
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

1 year ago
629

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
981

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မွေးလမ်းကြောင်းပိုးဝင်ခြင်း

တော်တော်စိတ်ဒုက္ခပေးနိုင်တဲ့အရေပြားရောဂါတွေ

သတိထားရမည့်အခွင့်အရေးမျိုးစုံ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.