fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ေမြးလမ္းေၾကာင္းပိုးဝင္ျခင္း

892
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/08/2017
in အမျိုးသားကျန်းမာရေး
2 min read
A A

(Zawgyi ျဖင့္ ဖတ္ရန္)

ဆရာရွင့္ ေမတၱာရပ္ခံပါရေစရွင္။ ကြၽန္မ ယခုႏွစ္(၂၀၁၇) ထဲမွာ Pap smear ယူခဲ့တုန္းက အေျဖျဖစ္တဲ့ Inflammatory smear, Pap grade with Candida & Bacterial infection ဆိုတာ ဆရာ့ျပန္စာထဲက ဘယ္ေရာဂါ အမ်ိဳးစားႏွင့္ ကိုက္ညီလဲဆိုတာ ျပန္ေျဖၾကားေပးႏိုင္မလားရွင္။ ေရာဂါအမ်ိဳးစားသိမွ ဆရာ့စာထဲကအတိုင္း ေဆးကုသရေအာင္ရယ္ပါ ဆရာ။ ကိုယ္တိုင္ခြဲျခားဖို႔ အနည္းငယ္ ရႈပ္ေထြးေနရလို႔ပါရွင္။ ေက်းဇူးတင္ပါတယ္ရွင္။ အစဥ္ေလးစားလ်က္။
ေဆးစာအေျဖ = ကင္ဒီဒါႏွင့္ ဘက္တီးရီးယားပိုးဝင္ျခင္း၊ ကင္ဒီဒါကို ဖန္းဂတ္စ္ ရိစ္ မႈိလို႔လည္း ေခၚတယ္။

ေမြးလမ္းေၾကာင္းပိုးဝင္တာကို ဗဂ်ိဳင္းနားေရာင္ျခင္း Vaginitis လို႔လည္းေခၚတယ္။ Vulvovaginitis မိန္းမကိုယ္ + ဗဂ်ိဳင္းနားေရာင္ျခင္းလည္း ရွိတယ္။ ျဖစ္ေစႏိုင္တဲ့ ပိုးအမ်ိဳးအစား ၅ မ်ိဳးရွိတယ္။ ရိစ္၊ ဖန္းဂတ္စ္ ေခၚ မႈိ၊ ထ႐ြိဳင္ကိုမိုးနပ္စ္၊ ပ႐ိုတိုဇိုးဝါး၊ ကဲလ္မီဒီးယား၊ ဘက္တီးရီးယား၊ တျခားဘက္တီးရီးယားေတြနဲ႔ ဗိုင္းရပ္စ္ေတြျဖစ္တယ္။

ဓာတုေဆးေတြေၾကာင့္လဲ ျဖစ္ေစႏိုင္တယ္။ ျဖစ္တဲ့ေနရာေတြမွာ သုံးတဲ့ခရင္မ္၊ စပေရး၊ အတြင္းခံေတြမွာပါႏိုင္တယ္။ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္လည္းျဖစ္တယ္။ ဥပမာ ေသြးဆုံးခ်ိန္၊ ေသြးဆုံးခ်ိန္မွာ ေမြးလမ္းေရာဂါ တမ်ိဳးတိုးလာႏိုင္တယ္။ မသင့္တာ မတည့္တာေတြေၾကာင့္လဲ ျဖစ္တယ္။ ေရာဂါပိုးအတြက္သုံးတဲ့ ပဋိဇီဝေဆးေၾကာင့္လည္း ျဖစ္တယ္။ ဆီးခ်ိဳရွိေနရင္လည္းျဖစ္တယ္။ အရက္အေသာက္မ်ားသူေတြနဲ႔ စတီ႐ြိဳက္ေဆးသုံးသူလည္း ျဖစ္တယ္။ ကိုယ္ခံအားနည္းေနသူမွာလည္း ျဖစ္တယ္။ လိင္ဆက္ဆံရာကေနလည္း ကူးစက္ႏိုင္တယ္။ ကူးစက္ေရာဂါ မဟုတ္တဲ့ ထိခိုက္ဒဏ္ရာရသူ၊ ပြန္းပဲ့ေနသူ၊ အတြင္းခံတင္းၾကပ္ေနေအာင္ ဝတ္သူေတြမွာလည္း ျဖစ္တတ္ပါတယ္။

၁။ Chlamydia ကဲလ္မီးဒီးယား ေမြးလမ္းေၾကာင္းေရာင္ျခင္း

STD/STI လိင္ကတစ္ဆင့္ ကူးစက္တဲ့ ေရာဂါေတြထဲမွာ Chlamydia trachomatis အျဖစ္အမ်ားဆုံးပါ။ ပိုးရွိေနေပမဲ့ လကၡဏာမျပသူေတြရွိတယ္။ တခ်ိဳ႕အျဖဴဆင္းမယ္။ တခ်ိဳ႕လိင္ဆက္ဆံၿပီးခ်ိန္ ေသြးနဲနဲဆင္းမယ္။ အသက္ ၃၀ ေအာက္ အျဖစ္မ်ားတယ္။ အထူးသျဖင့္ လိင္ဆက္ဆံဖက္ မ်ားသူေတြမွာ ျဖစ္တယ္။ လိင္အဂၤါေတြမွာ အနာျဖစ္တာပါ။ အနာဆိုေပမဲ့ မနာဘူး။ ေပါင္ၿခံမွာ တက္ေစ့ေတြ ေရာင္လာမယ္။ သားအိမ္အဝမွာ အျဖစ္မ်ားတယ္။ ဆင္းတာက ျပည္လိုေနတယ္။ နည္းနည္းဝါမယ္။ မီးခိုးေရာင္၊ ခပ္စိမ္းစိမ္ အေရာင္လည္း ျဖစ္ႏိုင္တယ္။ အျမႇဳတ္လိုလည္းရွိတတ္တယ္။ ယားမယ္။ အနံ႔ဆိုးတယ္။ ေသြးနည္းနည္းစြန္းႏိုင္တယ္။ ဆီးခဏခဏ သြားခ်င္ၿပီး ဆီးေအာင့္တယ္။ အတြင္းအဂၤါေတြအထိ ေရာက္ႏိုင္တယ္။ ဒီအခ်ိန္မွာ လိင္ဆက္ဆံရင္ နာမယ္။

၂။ Vaginal fungal infection ဖန္းဂတ္စ္ ရိစ္ မႈိပိုးဝင္ျခင္း

Candida albicans ပိုးကေနျဖစ္တယ္။ လိင္ကတဆင့္ မဟုတ္တာေရာ ဟုတ္တာကေန ကူးႏိုင္တယ္။ အမ်ိဳးသမီး ၂၀% ေလာက္မွာျဖစ္ၾကရတယ္။ အျဖစ္မ်ားတယ္။ အျဖဴပ်စ္ပ်စ္ကေန ဒိန္ခဲလို အဖတ္အဖတ္ ဆင္းတတ္တယ္။ အရည္က်ဲလည္း ဆင္းႏိုင္ေပမဲ့ အနံ႔မရွိဘူး။ ယားမယ္။ ျဖစ္တဲ့ေနရာမွာ နီရဲေနမယ္။ ေရာဂါတစ္ခုခုေၾကာင့္ ပဋိဇီဝေဆးေသာက္ေသာ ေမြးလမ္းထဲမွာ နဂိုရွိေနတဲ့ မိတ္ေဆြပိုးေတြပါ ေသေစတာေၾကာင့္ မႈိဝင္တတ္တယ္။
ကုသဖို႔ရာ

– Clotrimazole 1% ခရင္မ္၊ ဒါမွမဟုတ္ Miconazole 2% ခရင္မ္၊ ၃-၇ ရက္၊ ဒါမွမဟုတ္ Fluconazole 150 mg စားေဆး၊ Clotrimazole ေမြးလမ္းထဲထည့္ေဆး၊ 100 mg ၆-၇ ညထည့္ပါ။ 200 mg ၃ ညထည့္ပါ။ Monistat; Femizol; Vagistat; M-Zole; Micatin; Lotrimin နာမည္ေတြနဲ႔ ေရာင္းတယ္။ ရာသီလာခ်ိန္မွာလည္း သုံးႏိုင္တယ္။
Nystatin 100,000 IU, Nystatin Ointment လိမ္းေဆး၊ ထည့္ေဆးေတြကိုလည္း သုံးတယ္။
ခဏခဏျဖစ္သူေတြ Diflucan Fluconazole 150 mg တခါတည္း ေသာက္ပါ။ လိုအပ္ရင္ ရက္ပိုေပးပါတယ္။ Nystatin Bio-Statin, Mycostatin, Pastilles, Nilstat, Nyamyc, Nystex, Nystop, Pedi-Dri စားေဆး၊ 400,000 to 600,000 units တေန႔ ၄ ႀကိမ္ ေသာက္ပါ။

ေမြးလမ္းေၾကာင္း မႈိေရာဂါအတြက္ လိမ္းေဆးေတြထဲမွာ Miconazole Monistat-7, M-Zole နဲ႔ Clotrimazole ေတြက 85-90% ေပ်ာက္မယ္။ လိမ္းေဆးေတြနဲ႔ မရေသးရင္ ေသာက္ေဆးေတြက Fluconazole နဲ႔ Itraconazole ျဖစ္တယ္။ 3-5 ရက္ေသာက္ရင္ 80% ေပ်ာက္မယ္။ အသဲမေကာင္းရင္ သတိထားရမယ္။ ခဏခဏျပန္ျဖစ္သူေတြက Fluconazole နဲ႔ Itraconazole ေသာက္ေဆးရယ္ Clotrimazole ထည့္ေဆးရယ္ကို ၆ လၾကာ သုံးရတတ္တယ္။ ကိုယ္ဝန္ရွိေနခ်ိန္ဆိုရင္ ဆရာဝန္နဲ႔တိုင္ပင္ပါ။

ဒီၾကားထဲ လိင္ဆက္ဆံတာ ေရွာင္ေနတာ ေကာင္းတယ္။ ေမြးလမ္းေနရာ ေျခာက္ေသြ႕ေစပါ။ အေနေတာ္ ေကာ္တြန္အတြင္းခံသာသုံးပါ။ ေရေဆးရင္ လက္ကို ေရွ႕ကေန ေနာက္ဆီကိုသာ တလမ္းသြားလုပ္ပါ။ ဆပ္ျပာအဆန္းေတြ ေဆးအဆန္းေတြ မသုံးပါနဲ႔။ Tampons, Pad ရာသီလာတာအတြက္သုံးတဲ့ ေမြးလမ္းထည့္ပစၥည္း၊ Diaphragms ကိုယ္ဝန္တား-ပစၥည္းသုံးတာ အခ်ိန္မၾကာေစနဲ႔။ အခ်ိဳေလွ်ာ့စားပါ။ အရက္ေလွ်ာ့ပါ ေရွာင္ပါ။ ေဆးေတြအျပင္ Sitzbaths ေခၚတာမ်ိဳး လုပ္ႏိုင္တယ္။ ေရ ၁ ဂါလံထဲမွာ Vinegar ဇြန္းေသးလးတဇြန္းထည့္ၿပီး ေမြးလမ္းတဝိုက္ကို ေဆးတာမ်ိဳး လုပ္ႏိုင္တယ္။ Yogurt စားတာေကာင္းတယ္။

ျဖစ္ေစတဲ့အေၾကာင္းကို မကုဘဲမဖယ္ဘဲေတာ့ မရပါ။ ယားလို႔ကုပ္ရအထိျဖစ္ရင္ Calamine lotion အယားသက္သာေဆး၊ Xylocaine ointment ထုံေဆးတခုခု လိမ္းႏိုင္တယ္။ ဒါလည္းေရာဂါျဖစ္ေစတာကို ကုတာ မဟုတ္ပါ။

၃။ Trichomoniasis ပ႐ိုတိုဇိုးဝါး ထ႐ြိဳင္ကိုမိုးနပ္စ္

လိင္ကတဆင့္ ကူးစက္တယ္။ ေမြးလမ္းကေန ဆင္းတာက အျမႇဳတ္လိုေနမယ္။ ခပ္စိမ္းစိမ္၊ ခပ္ဝါဝါ အေရာင္ရွိမယ္။ အနံ႔ရွိမယ္။ ယားမယ္။ နာမယ္။ ပူေလာင္မယ္။ ဆီးပူ-ဆီးေအာင့္ျဖစ္မယ္။ ရာသီလာအၿပီး ပိုဆိုးတယ္။ ပ်ိဳ႕-အန္တတ္တယ္။ လိင္ဆက္ဆံဘက္ကိုပါ ေရာဂါလကၡဏာျပေပမဲ့ တခါတည္း ေဆးကုရမယ္။

Metronidazole မက္ထ႐ိုႏိုက္ဒဇိုးေဆးဟာ နာမည္ေတြလည္းမ်ားတယ္။ Flagyl, MetroCream, MetroGel, MetroGel-Vaginal, MetroLotion, Noritate, Vandazole ေတြျဖစ္တယ္။ Metronidazole 2 Gm တခါတည္းေသာက္။ တခ်ိဳ႕က ေဆးမခံႏိုင္ဘူး။ တဝက္စီး ၂ ခါခြဲၿပီးျဖစ္ျဖစ္ ေပးႏိုင္တယ္။ ပ်ိဳ႕အန္တတ္တယ္။ အစားပ်က္တယ္။ ေဆးနဲ႔ အရက္ မတြဲရဘူး။ Metronidazole 500 mg တေန႔ ၂-၃ ႀကိမ္ ၇ ရက္၊ လိင္ဆက္ဆံဘက္ကပါ ေသာက္သင့္တယ္။ ကြန္ဒုံးသုံးပါ။ မဆက္ဆံမီ ေရေဆးပါ။ ေရကူးကန္မွာ ေရမကူးပါနဲ႔။ အတြင္းခံသူမ်ားနဲ႔လည္း မဝတ္ပါနဲ႔။ တခါေသာက္ 250 mg တေန႔ ၃ ႀကိမ္၊ ဒါမွမဟုတ္ တခါေသာက္ 375 mg တေန႔ ၂ ႀကိမ္။ Clotrimazole Gyne-Lotrimin, Mycelex-7 ေမြးလမ္းထည့္ေဆး ညတိုင္း ၇ ရက္ထည့္ပါ။

၄။ Bacterial Vaginosis Hemophilus, Gardnerella ဘက္တီးရီးယားေၾကာင့္ ေမြးလမ္းေၾကာင္းေရာင္ျခင္း

ၾကည္တဲ့ ျဖဴဝါတဲ့ အနံ႔ဆိုးတဲ့ အရည္ဆင္းတယ္။ ႏြားႏို႔လို ခပ္က်ဲက်ဲ ဆင္းမယ္။ ငါးညႇီနံ႔ရမယ္။ ယားမယ္။ လိင္ဆက္ဆံၿပီးရင္ ပိုဆိုးတယ္။ ေနာက္ဆက္တြဲအျဖစ္ တင္ပါးဆုံတြင္းအဂၤါေတြ ေရာင္တာျဖစ္ႏိုင္တယ္။ ကိုယ္ဝန္ရွိရင္ ေရႁမြာအိတ္ ေရာင္တာ၊ သားအိမ္ေရာင္တာ ျဖစ္ေစမယ္။
Metronidazole 2 g တခါတည္းေသာက္။ တခ်ိဳ႕က ေဆးမခံႏိုင္ဘူး။ ပ်ိဳ႕အန္တတ္တယ္။ အစားပ်က္တယ္။
Metronidazole 500 mg တေန႔ ၂-၃ ႀကိမ္ ၇ ရက္။
Clindamycin cream 2% ညအခ်ိန္၊ ၇ ရက္ ေမြးလမ္းထဲထည့္ပါ။
Clindamycin 300 mg တေန႔ ၂ ႀကိမ္ ၇ ရက္ေသာက္ပါ။
ကိုယ္ဝန္ေဆာင္ေနခ်ိန္ျဖစ္ရင္ Metronidazole 0.75% ကို ေမြးလမ္းေၾကာင္းထဲကို တေန႔ ၂ ႀကိမ္၊ ၅ ရက္ထည့္ပါ။
Bacterial vaginosis ဗဂ်ိဳင္းနား ဘက္တီးရီးယားဝင္ျခင္း ျဖစ္ေနရင္ Metronidazole Flagyl နဲ႔ Clindamycin Cleocin ေတြေသာက္ရမယ္။

၅။ Viral ဗိုင္းရပ္စ္

Genital Herpes လိင္ကတဆင့္ ကူးစက္မယ္။ နာမယ္။ အနာ ေရယုန္ေပါက္မယ္။ ဗိုင္းရပ္စ္ျဖစ္လို႔ သူ႔ကိုႏိုင္တဲ့ေဆး မရွိေသးပါ။ သန႔္ရွင္းေရးနဲ႔ အနာသက္သာေဆးသာ သုံးပါ။

၆။ Noninfectious ကူးစက္ေရာဂါ မဟုတ္တာ

အသုံးအေဆာင္ပစၥည္း၊ ေဆးဝါးေတြနဲ႔ ကိုယ္နဲ႔ မတည့္-မသင့္လို႔ျဖစ္တယ္။ ေမြးလမ္း သန႔္ရွင္းေအာင္သုံးတဲ့ Vaginal spraysc douches ျဖန္းေဆး-ပန္းေဆးနဲ႔ Spermicidal products သုတ္ပိုးေသေဆးေတြေၾကာင့္ ျဖစ္တတ္တယ္။ တခ်ိဳ႕ Perfumed soapsc Detergents အေမႊးအႀကိဳင္ ဆပ္ျပာေတြ မတည့္ဘူး။ တခ်ိဳ႕အဝတ္ေလွ်ာ္သုံး Fabric softeners ေတြနဲ႔ မတည့္ဘူး။ ကိုယ္ဝန္မရေအာင္ထည့္တဲ့ IUCD xngfol 5% မွာ ပိုးဝင္တတ္တယ္။

၇။ Pelvic inflammatory disease PID ေခၚတဲ့ တင္ပါးဆုံတြင္းအဂၤါေတြ ျဖစ္ၾကတဲ့ သားအိမ္အဝ၊ သားအိမ္၊ သားအိမ္ႁပြန္၊ မ်ိဳးဥအိမ္ေတြ ေရာင္ႏိုင္တယ္။ ခဏခဏျဖစ္ရင္ ကေလးမရတာ ျဖစ္ေစႏိုင္တယ္။ ေယာက်္ားေတြျဖစ္ရင္ လကၡဏာမျပသူေတြလည္း ရွိမယ္။ ျပရင္ ဆီးေအာင့္မယ္။ ပူမယ္။ Epididymitis အေစ့ထိပ္ေရာင္လို႔ နာမယ္။ ခဏခဏျဖစ္ရင္ ကေလးမရျဖစ္ႏိုင္တယ္။ ကြန္ဒုံးသုံးပါ။
Azithromycin 1 Gm ေသာက္ပါ။
သို႔
Doxycyline 100 mg တေန႔ ၂ ႀကိမ္ ၇-၁၄ ရက္။
Erythromycin 250-500-A 00 mg တေန႔ ၄ ႀကိမ္၊ ၇-၁၄ ရက္။ သို႔
Ofloxacin 300 mg တေန႔ ၂ ႀကိမ္၊ ၇ ရက္၊ သို႔
Ofloxacin 400 mg တခါတည္းေသာက္ပါ။ သို႔
Tetracycline 250-500 mg တေန႔ ၄ႀကိမ္၊ ၁၄ ရက္ေသာက္ပါ။

၈။ Allergies or Irritations ေတြေၾကာင့္ ျဖစ္တာဆိုရင္ မသင့္တာ မတည့္တာေတြ မသုံးပါနဲ႔ေတာ့။ Antihistamine စားေဆး၊ လိမ္းေဆးလိုမယ္။

ဆရာဝန္မလိုတဲ့ အေထာက္အကူနည္းေတြ

ဒိန္ခ်ဥ္စားေပးသင့္တယ္။ အင္တီဟစ္တမင္း လိမ္းေဆး၊ ထုံေဆးလိမ္းရင္ နာတာ၊ ယားတာ သက္သာေစမယ္။ Vinegar douches ဆိုတဲ့ ဗဂ်ိဳင္းနား သန႔္ေအာင္ေဆးေၾကာနည္း မသင့္ပါ။ မ-အဂၤါေနရာ သန႔္ရွင္းေရးကို လိုတာထက္ မပိုေစနဲ႔။ ဗဂ်ိဳင္းနားဟာ သူ႔အလိုလို သန႔္ေအာင္ႀကိဳးစားႏိုင္တယ္။ မႈိေတြက စိုထိုင္းၿပီး ပူေႏြးတာကို ႀကိဳက္တယ္။ အတြင္းခံ ေကာ္တြန္သာသုံးပါ။ အတြင္းေနရာေတြကို ေလသလပ္ခ်ိန္ လုပ္ယူပါ။ လိင္ဆက္ဆံတာမွာ အထူးသတိထားပါ။ ပဋိဇီဝေဆးကို လိုမွသာသုံးပါ။ သတိထားဖို႔က တခါျဖစ္ဘူးလို႔ ေဆးကုသၿပီး ေပ်ာက္သြားေပမယ့္ ပိုးထပ္ဝင္ႏိုင္တယ္။ ေဆးထပ္ကုရမယ္။ နာတာရွည္ျဖစ္သူေတြက ကေလးမရျဖစ္တတ္တယ္။

Author: Dr. တင့္ေဆြ, Healthcare Journal, Vol 8, No 27 (21.7.17)

(Unicode)

ဆရာရှင့် မေတ္တာရပ်ခံပါရစေရှင်။ ကျွန်မ ယခုနှစ်(၂၀၁၇) ထဲမှာ Pap smear ယူခဲ့တုန်းက အဖြေဖြစ်တဲ့ Inflammatory smear, Pap grade with Candida & Bacterial infection ဆိုတာ ဆရာ့ပြန်စာထဲက ဘယ်ရောဂါ အမျိုးစားနှင့် ကိုက်ညီလဲဆိုတာ ပြန်ဖြေကြားပေးနိုင်မလားရှင်။ ရောဂါအမျိုးစားသိမှ ဆရာ့စာထဲကအတိုင်း ဆေးကုသရအောင်ရယ်ပါ ဆရာ။ ကိုယ်တိုင်ခွဲခြားဖို့ အနည်းငယ် ရှုပ်ထွေးနေရလို့ပါရှင်။ ကျေးဇူးတင်ပါတယ်ရှင်။ အစဉ်လေးစားလျက်။
ဆေးစာအဖြေ = ကင်ဒီဒါနှင့် ဘက်တီးရီးယားပိုးဝင်ခြင်း၊ ကင်ဒီဒါကို ဖန်းဂတ်စ် ရိစ် မှိုလို့လည်း ခေါ်တယ်။

မွေးလမ်းကြောင်းပိုးဝင်တာကို ဗဂျိုင်းနားရောင်ခြင်း Vaginitis လို့လည်းခေါ်တယ်။ Vulvovaginitis မိန်းမကိုယ် + ဗဂျိုင်းနားရောင်ခြင်းလည်း ရှိတယ်။ ဖြစ်စေနိုင်တဲ့ ပိုးအမျိုးအစား ၅ မျိုးရှိတယ်။ ရိစ်၊ ဖန်းဂတ်စ် ခေါ် မှို၊ ထရွိုင်ကိုမိုးနပ်စ်၊ ပရိုတိုဇိုးဝါး၊ ကဲလ်မီဒီးယား၊ ဘက်တီးရီးယား၊ တခြားဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေဖြစ်တယ်။

ဓာတုဆေးတွေကြောင့်လဲ ဖြစ်စေနိုင်တယ်။ ဖြစ်တဲ့နေရာတွေမှာ သုံးတဲ့ခရင်မ်၊ စပရေး၊ အတွင်းခံတွေမှာပါနိုင်တယ်။ ဟော်မုန်းအပြောင်းအလဲကြောင့်လည်းဖြစ်တယ်။ ဥပမာ သွေးဆုံးချိန်၊ သွေးဆုံးချိန်မှာ မွေးလမ်းရောဂါ တမျိုးတိုးလာနိုင်တယ်။ မသင့်တာ မတည့်တာတွေကြောင့်လဲ ဖြစ်တယ်။ ရောဂါပိုးအတွက်သုံးတဲ့ ပဋိဇီဝဆေးကြောင့်လည်း ဖြစ်တယ်။ ဆီးချိုရှိနေရင်လည်းဖြစ်တယ်။ အရက်အသောက်များသူတွေနဲ့ စတီရွိုက်ဆေးသုံးသူလည်း ဖြစ်တယ်။ ကိုယ်ခံအားနည်းနေသူမှာလည်း ဖြစ်တယ်။ လိင်ဆက်ဆံရာကနေလည်း ကူးစက်နိုင်တယ်။ ကူးစက်ရောဂါ မဟုတ်တဲ့ ထိခိုက်ဒဏ်ရာရသူ၊ ပွန်းပဲ့နေသူ၊ အတွင်းခံတင်းကြပ်နေအောင် ဝတ်သူတွေမှာလည်း ဖြစ်တတ်ပါတယ်။

၁။ Chlamydia ကဲလ်မီးဒီးယား မွေးလမ်းကြောင်းရောင်ခြင်း

STD/STI လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေထဲမှာ Chlamydia trachomatis အဖြစ်အများဆုံးပါ။ ပိုးရှိနေပေမဲ့ လက္ခဏာမပြသူတွေရှိတယ်။ တချို့အဖြူဆင်းမယ်။ တချို့လိင်ဆက်ဆံပြီးချိန် သွေးနဲနဲဆင်းမယ်။ အသက် ၃၀ အောက် အဖြစ်များတယ်။ အထူးသဖြင့် လိင်ဆက်ဆံဖက် များသူတွေမှာ ဖြစ်တယ်။ လိင်အင်္ဂါတွေမှာ အနာဖြစ်တာပါ။ အနာဆိုပေမဲ့ မနာဘူး။ ပေါင်ခြံမှာ တက်စေ့တွေ ရောင်လာမယ်။ သားအိမ်အဝမှာ အဖြစ်များတယ်။ ဆင်းတာက ပြည်လိုနေတယ်။ နည်းနည်းဝါမယ်။ မီးခိုးရောင်၊ ခပ်စိမ်းစိမ် အရောင်လည်း ဖြစ်နိုင်တယ်။ အမြှုတ်လိုလည်းရှိတတ်တယ်။ ယားမယ်။ အနံ့ဆိုးတယ်။ သွေးနည်းနည်းစွန်းနိုင်တယ်။ ဆီးခဏခဏ သွားချင်ပြီး ဆီးအောင့်တယ်။ အတွင်းအင်္ဂါတွေအထိ ရောက်နိုင်တယ်။ ဒီအချိန်မှာ လိင်ဆက်ဆံရင် နာမယ်။

၂။ Vaginal fungal infection ဖန်းဂတ်စ် ရိစ် မှိုပိုးဝင်ခြင်း

Candida albicans ပိုးကနေဖြစ်တယ်။ လိင်ကတဆင့် မဟုတ်တာရော ဟုတ်တာကနေ ကူးနိုင်တယ်။ အမျိုးသမီး ၂၀% လောက်မှာဖြစ်ကြရတယ်။ အဖြစ်များတယ်။ အဖြူပျစ်ပျစ်ကနေ ဒိန်ခဲလို အဖတ်အဖတ် ဆင်းတတ်တယ်။ အရည်ကျဲလည်း ဆင်းနိုင်ပေမဲ့ အနံ့မရှိဘူး။ ယားမယ်။ ဖြစ်တဲ့နေရာမှာ နီရဲနေမယ်။ ရောဂါတစ်ခုခုကြောင့် ပဋိဇီဝဆေးသောက်သော မွေးလမ်းထဲမှာ နဂိုရှိနေတဲ့ မိတ်ဆွေပိုးတွေပါ သေစေတာကြောင့် မှိုဝင်တတ်တယ်။
ကုသဖို့ရာ

– Clotrimazole 1% ခရင်မ်၊ ဒါမှမဟုတ် Miconazole 2% ခရင်မ်၊ ၃-၇ ရက်၊ ဒါမှမဟုတ် Fluconazole 150 mg စားဆေး၊ Clotrimazole မွေးလမ်းထဲထည့်ဆေး၊ 100 mg ၆-၇ ညထည့်ပါ။ 200 mg ၃ ညထည့်ပါ။ Monistat; Femizol; Vagistat; M-Zole; Micatin; Lotrimin နာမည်တွေနဲ့ ရောင်းတယ်။ ရာသီလာချိန်မှာလည်း သုံးနိုင်တယ်။
Nystatin 100,000 IU, Nystatin Ointment လိမ်းဆေး၊ ထည့်ဆေးတွေကိုလည်း သုံးတယ်။
ခဏခဏဖြစ်သူတွေ Diflucan Fluconazole 150 mg တခါတည်း သောက်ပါ။ လိုအပ်ရင် ရက်ပိုပေးပါတယ်။ Nystatin Bio-Statin, Mycostatin, Pastilles, Nilstat, Nyamyc, Nystex, Nystop, Pedi-Dri စားဆေး၊ 400,000 to 600,000 units တနေ့ ၄ ကြိမ် သောက်ပါ။

မွေးလမ်းကြောင်း မှိုရောဂါအတွက် လိမ်းဆေးတွေထဲမှာ Miconazole Monistat-7, M-Zole နဲ့ Clotrimazole တွေက 85-90% ပျောက်မယ်။ လိမ်းဆေးတွေနဲ့ မရသေးရင် သောက်ဆေးတွေက Fluconazole နဲ့ Itraconazole ဖြစ်တယ်။ 3-5 ရက်သောက်ရင် 80% ပျောက်မယ်။ အသဲမကောင်းရင် သတိထားရမယ်။ ခဏခဏပြန်ဖြစ်သူတွေက Fluconazole နဲ့ Itraconazole သောက်ဆေးရယ် Clotrimazole ထည့်ဆေးရယ်ကို ၆ လကြာ သုံးရတတ်တယ်။ ကိုယ်ဝန်ရှိနေချိန်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပါ။

ဒီကြားထဲ လိင်ဆက်ဆံတာ ရှောင်နေတာ ကောင်းတယ်။ မွေးလမ်းနေရာ ခြောက်သွေ့စေပါ။ အနေတော် ကော်တွန်အတွင်းခံသာသုံးပါ။ ရေဆေးရင် လက်ကို ရှေ့ကနေ နောက်ဆီကိုသာ တလမ်းသွားလုပ်ပါ။ ဆပ်ပြာအဆန်းတွေ ဆေးအဆန်းတွေ မသုံးပါနဲ့။ Tampons, Pad ရာသီလာတာအတွက်သုံးတဲ့ မွေးလမ်းထည့်ပစ္စည်း၊ Diaphragms ကိုယ်ဝန်တား-ပစ္စည်းသုံးတာ အချိန်မကြာစေနဲ့။ အချိုလျှော့စားပါ။ အရက်လျှော့ပါ ရှောင်ပါ။ ဆေးတွေအပြင် Sitzbaths ခေါ်တာမျိုး လုပ်နိုင်တယ်။ ရေ ၁ ဂါလံထဲမှာ Vinegar ဇွန်းသေးလးတဇွန်းထည့်ပြီး မွေးလမ်းတဝိုက်ကို ဆေးတာမျိုး လုပ်နိုင်တယ်။ Yogurt စားတာကောင်းတယ်။

ဖြစ်စေတဲ့အကြောင်းကို မကုဘဲမဖယ်ဘဲတော့ မရပါ။ ယားလို့ကုပ်ရအထိဖြစ်ရင် Calamine lotion အယားသက်သာဆေး၊ Xylocaine ointment ထုံဆေးတခုခု လိမ်းနိုင်တယ်။ ဒါလည်းရောဂါဖြစ်စေတာကို ကုတာ မဟုတ်ပါ။

၃။ Trichomoniasis ပရိုတိုဇိုးဝါး ထရွိုင်ကိုမိုးနပ်စ်

လိင်ကတဆင့် ကူးစက်တယ်။ မွေးလမ်းကနေ ဆင်းတာက အမြှုတ်လိုနေမယ်။ ခပ်စိမ်းစိမ်၊ ခပ်ဝါဝါ အရောင်ရှိမယ်။ အနံ့ရှိမယ်။ ယားမယ်။ နာမယ်။ ပူလောင်မယ်။ ဆီးပူ-ဆီးအောင့်ဖြစ်မယ်။ ရာသီလာအပြီး ပိုဆိုးတယ်။ ပျို့-အန်တတ်တယ်။ လိင်ဆက်ဆံဘက်ကိုပါ ရောဂါလက္ခဏာပြပေမဲ့ တခါတည်း ဆေးကုရမယ်။

Metronidazole မက်ထရိုနိုက်ဒဇိုးဆေးဟာ နာမည်တွေလည်းများတယ်။ Flagyl, MetroCream, MetroGel, MetroGel-Vaginal, MetroLotion, Noritate, Vandazole တွေဖြစ်တယ်။ Metronidazole 2 Gm တခါတည်းသောက်။ တချို့က ဆေးမခံနိုင်ဘူး။ တဝက်စီး ၂ ခါခွဲပြီးဖြစ်ဖြစ် ပေးနိုင်တယ်။ ပျို့အန်တတ်တယ်။ အစားပျက်တယ်။ ဆေးနဲ့ အရက် မတွဲရဘူး။ Metronidazole 500 mg တနေ့ ၂-၃ ကြိမ် ၇ ရက်၊ လိင်ဆက်ဆံဘက်ကပါ သောက်သင့်တယ်။ ကွန်ဒုံးသုံးပါ။ မဆက်ဆံမီ ရေဆေးပါ။ ရေကူးကန်မှာ ရေမကူးပါနဲ့။ အတွင်းခံသူများနဲ့လည်း မဝတ်ပါနဲ့။ တခါသောက် 250 mg တနေ့ ၃ ကြိမ်၊ ဒါမှမဟုတ် တခါသောက် 375 mg တနေ့ ၂ ကြိမ်။ Clotrimazole Gyne-Lotrimin, Mycelex-7 မွေးလမ်းထည့်ဆေး ညတိုင်း ၇ ရက်ထည့်ပါ။

၄။ Bacterial Vaginosis Hemophilus, Gardnerella ဘက်တီးရီးယားကြောင့် မွေးလမ်းကြောင်းရောင်ခြင်း

ကြည်တဲ့ ဖြူဝါတဲ့ အနံ့ဆိုးတဲ့ အရည်ဆင်းတယ်။ နွားနို့လို ခပ်ကျဲကျဲ ဆင်းမယ်။ ငါးညှီနံ့ရမယ်။ ယားမယ်။ လိင်ဆက်ဆံပြီးရင် ပိုဆိုးတယ်။ နောက်ဆက်တွဲအဖြစ် တင်ပါးဆုံတွင်းအင်္ဂါတွေ ရောင်တာဖြစ်နိုင်တယ်။ ကိုယ်ဝန်ရှိရင် ရေမြွာအိတ် ရောင်တာ၊ သားအိမ်ရောင်တာ ဖြစ်စေမယ်။
Metronidazole 2 g တခါတည်းသောက်။ တချို့က ဆေးမခံနိုင်ဘူး။ ပျို့အန်တတ်တယ်။ အစားပျက်တယ်။
Metronidazole 500 mg တနေ့ ၂-၃ ကြိမ် ၇ ရက်။
Clindamycin cream 2% ညအချိန်၊ ၇ ရက် မွေးလမ်းထဲထည့်ပါ။
Clindamycin 300 mg တနေ့ ၂ ကြိမ် ၇ ရက်သောက်ပါ။
ကိုယ်ဝန်ဆောင်နေချိန်ဖြစ်ရင် Metronidazole 0.75% ကို မွေးလမ်းကြောင်းထဲကို တနေ့ ၂ ကြိမ်၊ ၅ ရက်ထည့်ပါ။
Bacterial vaginosis ဗဂျိုင်းနား ဘက်တီးရီးယားဝင်ခြင်း ဖြစ်နေရင် Metronidazole Flagyl နဲ့ Clindamycin Cleocin တွေသောက်ရမယ်။

၅။ Viral ဗိုင်းရပ်စ်

Genital Herpes လိင်ကတဆင့် ကူးစက်မယ်။ နာမယ်။ အနာ ရေယုန်ပေါက်မယ်။ ဗိုင်းရပ်စ်ဖြစ်လို့ သူ့ကိုနိုင်တဲ့ဆေး မရှိသေးပါ။ သန့်ရှင်းရေးနဲ့ အနာသက်သာဆေးသာ သုံးပါ။

၆။ Noninfectious ကူးစက်ရောဂါ မဟုတ်တာ

အသုံးအဆောင်ပစ္စည်း၊ ဆေးဝါးတွေနဲ့ ကိုယ်နဲ့ မတည့်-မသင့်လို့ဖြစ်တယ်။ မွေးလမ်း သန့်ရှင်းအောင်သုံးတဲ့ Vaginal spraysc douches ဖြန်းဆေး-ပန်းဆေးနဲ့ Spermicidal products သုတ်ပိုးသေဆေးတွေကြောင့် ဖြစ်တတ်တယ်။ တချို့ Perfumed soapsc Detergents အမွှေးအကြိုင် ဆပ်ပြာတွေ မတည့်ဘူး။ တချို့အဝတ်လျှော်သုံး Fabric softeners တွေနဲ့ မတည့်ဘူး။ ကိုယ်ဝန်မရအောင်ထည့်တဲ့ IUCD xngfol 5% မှာ ပိုးဝင်တတ်တယ်။

 

၇။ Pelvic inflammatory disease PID ခေါ်တဲ့ တင်ပါးဆုံတွင်းအင်္ဂါတွေ ဖြစ်ကြတဲ့ သားအိမ်အဝ၊ သားအိမ်၊ သားအိမ်ပြွန်၊ မျိုးဥအိမ်တွေ ရောင်နိုင်တယ်။ ခဏခဏဖြစ်ရင် ကလေးမရတာ ဖြစ်စေနိုင်တယ်။ ယောကျ်ားတွေဖြစ်ရင် လက္ခဏာမပြသူတွေလည်း ရှိမယ်။ ပြရင် ဆီးအောင့်မယ်။ ပူမယ်။ Epididymitis အစေ့ထိပ်ရောင်လို့ နာမယ်။ ခဏခဏဖြစ်ရင် ကလေးမရဖြစ်နိုင်တယ်။ ကွန်ဒုံးသုံးပါ။
Azithromycin 1 Gm သောက်ပါ။
သို့
Doxycyline 100 mg တနေ့ ၂ ကြိမ် ၇-၁၄ ရက်။
Erythromycin 250-500-A 00 mg တနေ့ ၄ ကြိမ်၊ ၇-၁၄ ရက်။ သို့
Ofloxacin 300 mg တနေ့ ၂ ကြိမ်၊ ၇ ရက်၊ သို့
Ofloxacin 400 mg တခါတည်းသောက်ပါ။ သို့
Tetracycline 250-500 mg တနေ့ ၄ကြိမ်၊ ၁၄ ရက်သောက်ပါ။

၈။ Allergies or Irritations တွေကြောင့် ဖြစ်တာဆိုရင် မသင့်တာ မတည့်တာတွေ မသုံးပါနဲ့တော့။ Antihistamine စားဆေး၊ လိမ်းဆေးလိုမယ်။

ဆရာဝန်မလိုတဲ့ အထောက်အကူနည်းတွေ

ဒိန်ချဉ်စားပေးသင့်တယ်။ အင်တီဟစ်တမင်း လိမ်းဆေး၊ ထုံဆေးလိမ်းရင် နာတာ၊ ယားတာ သက်သာစေမယ်။ Vinegar douches ဆိုတဲ့ ဗဂျိုင်းနား သန့်အောင်ဆေးကြောနည်း မသင့်ပါ။ မ-အင်္ဂါနေရာ သန့်ရှင်းရေးကို လိုတာထက် မပိုစေနဲ့။ ဗဂျိုင်းနားဟာ သူ့အလိုလို သန့်အောင်ကြိုးစားနိုင်တယ်။ မှိုတွေက စိုထိုင်းပြီး ပူနွေးတာကို ကြိုက်တယ်။ အတွင်းခံ ကော်တွန်သာသုံးပါ။ အတွင်းနေရာတွေကို လေသလပ်ချိန် လုပ်ယူပါ။ လိင်ဆက်ဆံတာမှာ အထူးသတိထားပါ။ ပဋိဇီဝဆေးကို လိုမှသာသုံးပါ။ သတိထားဖို့က တခါဖြစ်ဘူးလို့ ဆေးကုသပြီး ပျောက်သွားပေမယ့် ပိုးထပ်ဝင်နိုင်တယ်။ ဆေးထပ်ကုရမယ်။ နာတာရှည်ဖြစ်သူတွေက ကလေးမရဖြစ်တတ်တယ်။

Author: Dr. တင့်ဆွေ, Healthcare Journal, Vol 8, No 27 (21.7.17)

Previous Post

အမျိုးသားများအတွက် ကျန်းမာရေးကောင်းကျိုးပေးနိုင်မည့်အစားအစာများ

Next Post

ေတာ္ေတာ္စိတ္ဒုကၡေပးႏိုင္တဲ့အေရျပားေရာဂါေတြ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
788
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
643

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ေတာ္ေတာ္စိတ္ဒုကၡေပးႏိုင္တဲ့အေရျပားေရာဂါေတြ

သတိထားရမည့်အခွင့်အရေးမျိုးစုံ

ဇီကာဗိုင်းရပ်စ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.