(Zawgyi)
၂၀၀၂ ခုႏွစ္ေနာက္ပိုင္း HIV ႏွင့္ပတ္သက္သည့္ ကုသမႈဆိုင္ရာစနစ္မ်ားကို NGO အဖြဲ႕အစည္းမ်ားမွ စတင္လုပ္ကိုင္လာေနၿပီးေနာက္ပိုင္း အျခားေသာ ဆက္ႏြယ္ပါတ္သက္သည့္ လုပ္ငန္းမ်ားပါ ကပ္ၿငိပါလာေလေတာ့သည္။ HIV ကူးစက္မႈအႏၲရာယ္ အရွိဆုံးအုပ္စုမ်ားကို ေဖာ္ထုတ္ၾကရာတြင္ မူးယစ္ေဆးဝါးသုံးစြဲသူမ်ားအုပ္စု၊ ျပည့္တန္ဆာအုပ္စုႏွင့္ လိင္တူဆက္ဆံသူအုပ္စုဟူ၍ သုံးမ်ိဳးခြဲျခားေပၚေပါက္လာခဲ့ပါသည္။ ထိုအုပ္စုမ်ားကို ေ႐ြးခ်ယ္ၿပီး ဦးတည္ရာ အုပ္စုဟုသတ္မွတ္ကာ ဦးစားေပးလုပ္ငန္းမ်ား စတင္လုပ္ကိုင္ခဲ့ၾကပါသည္။ ေနာက္ပိုင္းတြင္ ထိုအုပ္စုမ်ားမွ ဦးေဆာင္ၿပီး အေျခခံလူ႔အခြင့္အေရးမ်ား ထပ္မံေတာင္းဆိုမႈမ်ား ျဖစ္လာၾကပါေတာ့သည္။
ကြၽန္ေတာ္သည္လည္း လူ႔အခြင့္အေရး အေျခခံသေဘာတရားမ်ားကို သင္တန္းေပးေနသူတစ္ေယာက္ျဖစ္သည့္အေလ်ာက္ လူ႔အခြင့္အေရးႏွင့္ ပါတ္သက္ ၿပီး အေတာ္အသင့္ ႏွံ႔စပ္ေနသူပင္ျဖစ္ပါသည္။ မိမိတို႔ လိုရာဆြဲယူတတ္ေသာ လူ႔အခြင့္အေရးတစ္ရပ္မျဖစ္ေစရန္ အထူးသတိထားဖို႔ လိုအပ္ပါသည္။ HIV ကိုအေျခခံၿပီး စတင္ဖြဲ႕စည္းခဲ့ေသာ အထက္ပါ ဦးတည္အုပ္စုမ်ားမွ ခြဲျဖာဆင္းသက္ၿပီး ထပ္မံေတာင္းဆိုမႈမ်ားသည္ ေနာက္ပိုင္းပိုမို အတင့္ရဲလာသည္ကို လည္း ေတြ႕ျမင္ေနရပါေတာ့သည္။
မူးယစ္ေဆးဝါးသုံးစြဲမႈေၾကာင့္ HIV အႏၲရာယ္ရွိေနသူမ်ား အတြက္ ပံ့ပိုးမႈအစိတ္အပိုင္းမ်ားသည္ လိုအပ္ခ်က္မ်ားကို ၿပီးျပည့္စုံစြာ မျဖည့္ဆည္းႏိုင္သလို တာဝန္ရွိသူမ်ားမွလည္း လိုအပ္ခ်က္၏ တစ္စိတ္တစ္ပိုင္းသာ ျဖည့္ဆည္းႏိုင္ရန္ အင္အားရွိေနၾကပါသည္။ သို႔ေသာ္ မၾကာမီကာလအတြင္းက မူးယစ္ေဆးဝါးသုံးစြဲသူမ်ားကို အေရးမယူပဲ ျပဳစုပ်ိဳးေထာင္ေရးဘက္သို႔ ဦးတည္သြားမည္ ဆိုသည့္အခ်က္သည္လည္း ႏိုင္ငံတကာမွ က်င့္သုံးေနေသာ အေျဖေကာင္းမ်ားကို နမူနာယူျခင္းျဖစ္ေသာေၾကာင့္ ယခုထက္ပိုမိုေကာင္းမြန္သည့္ရလဒ္မ်ားကို ျဖစ္ေပၚလာေစႏိုင္ပါသည္။
မူးယစ္ေဆးဝါး၏ သားေကာင္ဘဝမွ ထပ္မံၿပီး HIV ၏ သားေကာင္ျဖစ္ခဲ့ရသူမ်ားအတြက္ ေကာင္းမြန္စြာ ပုံေဖာ္ႏိုင္မည့္ စနစ္ေကာင္းမ်ားကို အေျခခံအုတ္ျမစ္ခ်လိုက္ျခင္း ျဖစ္ေသာေၾကာင့္ ဝမ္းသာမႈျဖစ္ရပါသည္။ HIV ႏွင့္ဆက္ႏြယ္ၿပီး ဆင့္ပြားေပၚေပါက္လာသည့္ ျပည့္တန္ဆာ အုပ္စုဝင္မ်ားကလည္း ယခင္ ဥပေဒေဟာင္း၏ အားနည္းခ်က္ႏွင့္ လုပ္ကိုင္ပုံနည္းစနစ္ မေကာင္းမႈမ်ားကိုခ်ျပၿပီး လူ႔အခြင့္အေရးကို အေျခခံဗန္းျပလွ်က္ တရားဝင္ျပည့္တန္ဆာ လုပ္ကိုင္ လိုသည့္ ဥပေဒမ်ားကို ေတာင္းဆိုမႈမ်ား ရွိလာပါေတာ့သည္။
ျပည့္တန္ဆာႏွင့္ ပါတ္သက္ေသာ ထိုဥပေဒမ်ားကိုေတာ့ျဖင့္ မိမိတို႔၏ႏိုင္ငံ ယဥ္ေက်းမႈမ်ား၊ ဘာသာေရးရႈေထာင့္မ်ားအျပင္၊ ေနာင္သမီးပ်ိဳမ်ားအတြက္ပါ ခ်င့္ခ်ိန္စဥ္းစားၿပီးမွ သင့္ေတာ္မည့္ ဥပေဒမ်ိဳး ျဖစ္လာေစရန္ သုံးသပ္သင့္ပါသည္။ လူ႔အခြင့္အေရး ပုံစံခြက္ထဲမွေန၍ အလ်င္စလို ဆုံးျဖတ္မိပါက ျပည့္တန္ဆာသမိုင္းတရားခံမ်ား အျဖစ္အမည္ဆိုးက်န္ရစ္ခဲ့မည္သာ ျဖစ္ပါသည္။ ယေန႔ေခတ္ ျပည့္တန္ဆာ ဥပေဒေဘာင္အတြင္းမွပင္ လက္ရဲဇက္ရဲ ျဖစ္လာသည့္ ျပည့္တန္ဆာ အေျမာက္အမ်ား ရွိေနၿပီျဖစ္သည္။
ျပည့္တန္ဆာမ်ားကို အကာအကြယ္ေပးမည့္ ဥပေဒမ်ားကို ေရးဆြဲျပ႒ာန္းမိပါက မိမိတို႔၏ မ်ိဳးဆက္သစ္ သမီးပ်ိဳေလးမ်ားအတြက္ပါ အႏၲရာယ္ တစ္စုံတစ္ရာ က်ေရာက္မႈ ျဖစ္လာႏိုင္ပါသည္။ ျပည့္တန္ဆာမ်ား၏ လက္သုံးစကားျဖစ္သည့္ မိသားစု စီးပြားေရး မေျပလည္ျခင္း၊ အလုပ္အကိုင္ရွားပါးျခင္း စသည္ျဖင့္ ဗန္းျပေျပာဆိုလွ်က္ရွိရာ ထိုသူတို႔ႏွင့္အပ္စပ္မည့္ အလုပ္အကိုင္မ်ားေပးျခင္း၊ အတတ္ပညာမ်ားေပးျခင္း ျပဳလုပ္ပါက ျပည့္တန္ဆာဘဝကို စြန႔္လႊတ္ပါမည္လား ေမးၾကည့္ပါက မည္သူမွ် ကတိေပးလိမ့္မည္မဟုတ္ေၾကာင္းကို ေယဘုယ် သိရွိထားသင့္ပါသည္။
ျပည့္တန္ဆာလုပ္ကိုင္ေနသူတစ္ဦးသည္ အဓိကအခ်က္မွာ ေငြကို အလြယ္တကူ ရွာေဖြ၍ ရေနျခင္းက အဓိကေသာ့ခ်က္ျဖစ္ေနၿပီး ကာယ ဉာဏအားကို စိုက္ထုတ္၍ ေငြရွာလိုသူတစ္ဦးမွ ရွိမေနျခင္းက အေျဖရွိၿပီးသားျဖစ္ေနပါသည္။ ယခုျပည့္တန္ဆာ အခြင့္အေရးမ်ား ေတာင္းဆိုေနသူမ်ားသည္ HIV ၏ ဆင့္ပြားခြဲထြက္ ေတာင္းဆိုေနသူမ်ားသာ ျဖစ္ေနပါသည္။ ထိုသို႔ေတာင္းဆိုႏိုင္ရန္အတြက္ လိုအပ္သည့္ေငြေၾကးႏွင့္ နည္းပညာ ပံ့ပိုးမႈမ်ားကို ႏိုင္ငံျခား NGO မ်ားမွ ျပည္တြင္းသို႔သယ္ေဆာင္လာခဲ့ျခင္းသာ ျဖစ္သည္။ ျပည့္တန္ဆာမ်ားကို ထိုသို႔ေတာင္းဆိုႏိုင္ရန္ ဗုဒၶဘာသာဝင္မ်ားေသာ ႏိုင္ငံျဖစ္သည့္ ျပည္တြင္းမွ အလႉရွင္မ်ား တစ္ဦးတစ္ေယာက္မွ မပါဝင္ၾကပါ။ ထို႔အတြက္ေၾကာင့္ ေနာင္မ်ိဳးဆက္သစ္သမီးပ်ိဳေလးမ်ားကို ျပည့္တန္ဆာျဖစ္လာမည့္ အႏၲရာယ္မွ ကင္းေဝး ေစရန္ ဥပေဒျပဳမႈမ်ား ရႈေထာင့္အမ်ိဳးမ်ိဳးမွ သုံးသပ္သင့္ၾကပါသည္။
HIV ႏွင့္ဆက္ႏြယ္ၿပီး လိင္တူဆက္ဆံမႈမွ ကူးစက္ခံမ်ားကို ဦးတည္အုပ္စုအျဖစ္ သတ္မွတ္ၿပီးေနာက္ပိုင္းတြင္ ျမန္မာႏိုင္ငံတြင္ လိင္တူခ်စ္သူ အမ်ားအျပား ဂုဏ္ယူစြာေပၚထြက္လာခဲ့ပါေတာ့သည္။ ထိုမွတဖန္ ထိုလိင္တူခ်စ္သူမ်ားကလည္း ဆင့္ပြားေတာင္းဆိုမႈမ်ားကို လူ႔အခြင့္အေရး အေျခခံလွ်က္ ရဲဝံ့စြာ ေတာင္းဆိုေနမႈမ်ား ေပၚလာၾကပါေတာ့သည္။ အမ်ိဳးသားအခ်င္းခ်င္း လက္ထပ္ေနပုံမ်ားကိုလည္း မရွက္မဝံ့ ေၾကညာလာခဲ့မႈမ်ားပင္ ျဖစ္လာၾကပါေတာ့သည္။ ဤသို႔ ထြက္ေပၚလာရဲၾကေအာင္လည္း ႏိုင္ငံျခား NGO မ်ား၏ ေျမႇာက္ထိုးပင့္ေကာ္ပံ့ပိုးမႈကပင္ အစျပဳေနပါသည္။ ဓမၼတာမဟုတ္သည့္ အမ်ိဳးသားအခ်င္းခ်င္း လက္ထပ္ခြင့္ဥပေဒ ေပးလိုက္ပါက မိမိႏိုင္ငံကို အေရးေပၚ အကာအကြယ္ေပးႏိုင္မည့္ သားေကာင္းမ်ား ေလ်ာ့ပါးေပ်ာက္ကြယ္သြားႏိုင္မည့္ အေရးကိုလည္း ဥပေဒျပဳသူမ်ား စိတ္အစဥ္တြင္ စြဲၿမဲစြာ သတိျပဳရမည့္အခ်က္ပင္ ျဖစ္ေနပါသည္။
ျမန္မာႏိုင္ငံသား မည္သည့္မိဘကမွ မိမိတို႔၏သားမ်ား အမ်ိဳးသားအခ်င္းခ်င္း လက္ထပ္သည္ကို ေတြ႕ျမင္လိုျခင္း ရွိမည္မဟုတ္သလို ယဥ္ေက်းမႈအရလည္း လက္ခံမည္မဟုတ္ေၾကာင္း တာဝန္ရွိသူမ်ား သိထားသင့္ပါသည္။ ထို႔အတြက္ေၾကာင့္ လူ႔အခြင့္အေရးမ်ားကို ဗန္းျပၿပီး ႏိုင္ငံႏွင့္လူမ်ိဳးတို႔၏ ဂုဏ္သေရၿငိဳး ႏႊမ္းေစမည့္ အခြင့္အေရးမ်ိဳးစုံကို သတိရွိရွိျဖင့္ ဆုံးျဖတ္သင့္ပါေၾကာင္း ေရးသားေဖာ္ျပလိုက္ရပါေတာ့သည္။
Author: လႈိင္ (peer), Healthcare Journal, vol 8,no 27 ( 21.7.17)
၂၀၀၂ ခုနှစ်နောက်ပိုင်း HIV နှင့်ပတ်သက်သည့် ကုသမှုဆိုင်ရာစနစ်များကို NGO အဖွဲ့အစည်းများမှ စတင်လုပ်ကိုင်လာနေပြီးနောက်ပိုင်း အခြားသော ဆက်နွယ်ပါတ်သက်သည့် လုပ်ငန်းများပါ ကပ်ငြိပါလာလေတော့သည်။ HIV ကူးစက်မှုအန္တရာယ် အရှိဆုံးအုပ်စုများကို ဖော်ထုတ်ကြရာတွင် မူးယစ်ဆေးဝါးသုံးစွဲသူများအုပ်စု၊ ပြည့်တန်ဆာအုပ်စုနှင့် လိင်တူဆက်ဆံသူအုပ်စုဟူ၍ သုံးမျိုးခွဲခြားပေါ်ပေါက်လာခဲ့ပါသည်။ ထိုအုပ်စုများကို ရွေးချယ်ပြီး ဦးတည်ရာ အုပ်စုဟုသတ်မှတ်ကာ ဦးစားပေးလုပ်ငန်းများ စတင်လုပ်ကိုင်ခဲ့ကြပါသည်။ နောက်ပိုင်းတွင် ထိုအုပ်စုများမှ ဦးဆောင်ပြီး အခြေခံလူ့အခွင့်အရေးများ ထပ်မံတောင်းဆိုမှုများ ဖြစ်လာကြပါတော့သည်။
ကျွန်တော်သည်လည်း လူ့အခွင့်အရေး အခြေခံသဘောတရားများကို သင်တန်းပေးနေသူတစ်ယောက်ဖြစ်သည့်အလျောက် လူ့အခွင့်အရေးနှင့် ပါတ်သက် ပြီး အတော်အသင့် နှံ့စပ်နေသူပင်ဖြစ်ပါသည်။ မိမိတို့ လိုရာဆွဲယူတတ်သော လူ့အခွင့်အရေးတစ်ရပ်မဖြစ်စေရန် အထူးသတိထားဖို့ လိုအပ်ပါသည်။ HIV ကိုအခြေခံပြီး စတင်ဖွဲ့စည်းခဲ့သော အထက်ပါ ဦးတည်အုပ်စုများမှ ခွဲဖြာဆင်းသက်ပြီး ထပ်မံတောင်းဆိုမှုများသည် နောက်ပိုင်းပိုမို အတင့်ရဲလာသည်ကို လည်း တွေ့မြင်နေရပါတော့သည်။
မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် HIV အန္တရာယ်ရှိနေသူများ အတွက် ပံ့ပိုးမှုအစိတ်အပိုင်းများသည် လိုအပ်ချက်များကို ပြီးပြည့်စုံစွာ မဖြည့်ဆည်းနိုင်သလို တာဝန်ရှိသူများမှလည်း လိုအပ်ချက်၏ တစ်စိတ်တစ်ပိုင်းသာ ဖြည့်ဆည်းနိုင်ရန် အင်အားရှိနေကြပါသည်။ သို့သော် မကြာမီကာလအတွင်းက မူးယစ်ဆေးဝါးသုံးစွဲသူများကို အရေးမယူပဲ ပြုစုပျိုးထောင်ရေးဘက်သို့ ဦးတည်သွားမည် ဆိုသည့်အချက်သည်လည်း နိုင်ငံတကာမှ ကျင့်သုံးနေသော အဖြေကောင်းများကို နမူနာယူခြင်းဖြစ်သောကြောင့် ယခုထက်ပိုမိုကောင်းမွန်သည့်ရလဒ်များကို ဖြစ်ပေါ်လာစေနိုင်ပါသည်။
မူးယစ်ဆေးဝါး၏ သားကောင်ဘဝမှ ထပ်မံပြီး HIV ၏ သားကောင်ဖြစ်ခဲ့ရသူများအတွက် ကောင်းမွန်စွာ ပုံဖော်နိုင်မည့် စနစ်ကောင်းများကို အခြေခံအုတ်မြစ်ချလိုက်ခြင်း ဖြစ်သောကြောင့် ဝမ်းသာမှုဖြစ်ရပါသည်။ HIV နှင့်ဆက်နွယ်ပြီး ဆင့်ပွားပေါ်ပေါက်လာသည့် ပြည့်တန်ဆာ အုပ်စုဝင်များကလည်း ယခင် ဥပဒေဟောင်း၏ အားနည်းချက်နှင့် လုပ်ကိုင်ပုံနည်းစနစ် မကောင်းမှုများကိုချပြပြီး လူ့အခွင့်အရေးကို အခြေခံဗန်းပြလျှက် တရားဝင်ပြည့်တန်ဆာ လုပ်ကိုင် လိုသည့် ဥပဒေများကို တောင်းဆိုမှုများ ရှိလာပါတော့သည်။
ပြည့်တန်ဆာနှင့် ပါတ်သက်သော ထိုဥပဒေများကိုတော့ဖြင့် မိမိတို့၏နိုင်ငံ ယဉ်ကျေးမှုများ၊ ဘာသာရေးရှုထောင့်များအပြင်၊ နောင်သမီးပျိုများအတွက်ပါ ချင့်ချိန်စဉ်းစားပြီးမှ သင့်တော်မည့် ဥပဒေမျိုး ဖြစ်လာစေရန် သုံးသပ်သင့်ပါသည်။ လူ့အခွင့်အရေး ပုံစံခွက်ထဲမှနေ၍ အလျင်စလို ဆုံးဖြတ်မိပါက ပြည့်တန်ဆာသမိုင်းတရားခံများ အဖြစ်အမည်ဆိုးကျန်ရစ်ခဲ့မည်သာ ဖြစ်ပါသည်။ ယနေ့ခေတ် ပြည့်တန်ဆာ ဥပဒေဘောင်အတွင်းမှပင် လက်ရဲဇက်ရဲ ဖြစ်လာသည့် ပြည့်တန်ဆာ အမြောက်အများ ရှိနေပြီဖြစ်သည်။
ပြည့်တန်ဆာများကို အကာအကွယ်ပေးမည့် ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းမိပါက မိမိတို့၏ မျိုးဆက်သစ် သမီးပျိုလေးများအတွက်ပါ အန္တရာယ် တစ်စုံတစ်ရာ ကျရောက်မှု ဖြစ်လာနိုင်ပါသည်။ ပြည့်တန်ဆာများ၏ လက်သုံးစကားဖြစ်သည့် မိသားစု စီးပွားရေး မပြေလည်ခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း စသည်ဖြင့် ဗန်းပြပြောဆိုလျှက်ရှိရာ ထိုသူတို့နှင့်အပ်စပ်မည့် အလုပ်အကိုင်များပေးခြင်း၊ အတတ်ပညာများပေးခြင်း ပြုလုပ်ပါက ပြည့်တန်ဆာဘဝကို စွန့်လွှတ်ပါမည်လား မေးကြည့်ပါက မည်သူမျှ ကတိပေးလိမ့်မည်မဟုတ်ကြောင်းကို ယေဘုယျ သိရှိထားသင့်ပါသည်။
ပြည့်တန်ဆာလုပ်ကိုင်နေသူတစ်ဦးသည် အဓိကအချက်မှာ ငွေကို အလွယ်တကူ ရှာဖွေ၍ ရနေခြင်းက အဓိကသော့ချက်ဖြစ်နေပြီး ကာယ ဉာဏအားကို စိုက်ထုတ်၍ ငွေရှာလိုသူတစ်ဦးမှ ရှိမနေခြင်းက အဖြေရှိပြီးသားဖြစ်နေပါသည်။ ယခုပြည့်တန်ဆာ အခွင့်အရေးများ တောင်းဆိုနေသူများသည် HIV ၏ ဆင့်ပွားခွဲထွက် တောင်းဆိုနေသူများသာ ဖြစ်နေပါသည်။ ထိုသို့တောင်းဆိုနိုင်ရန်အတွက် လိုအပ်သည့်ငွေကြေးနှင့် နည်းပညာ ပံ့ပိုးမှုများကို နိုင်ငံခြား NGO များမှ ပြည်တွင်းသို့သယ်ဆောင်လာခဲ့ခြင်းသာ ဖြစ်သည်။ ပြည့်တန်ဆာများကို ထိုသို့တောင်းဆိုနိုင်ရန် ဗုဒ္ဓဘာသာဝင်များသော နိုင်ငံဖြစ်သည့် ပြည်တွင်းမှ အလှူရှင်များ တစ်ဦးတစ်ယောက်မှ မပါဝင်ကြပါ။ ထို့အတွက်ကြောင့် နောင်မျိုးဆက်သစ်သမီးပျိုလေးများကို ပြည့်တန်ဆာဖြစ်လာမည့် အန္တရာယ်မှ ကင်းဝေး စေရန် ဥပဒေပြုမှုများ ရှုထောင့်အမျိုးမျိုးမှ သုံးသပ်သင့်ကြပါသည်။
HIV နှင့်ဆက်နွယ်ပြီး လိင်တူဆက်ဆံမှုမှ ကူးစက်ခံများကို ဦးတည်အုပ်စုအဖြစ် သတ်မှတ်ပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံတွင် လိင်တူချစ်သူ အများအပြား ဂုဏ်ယူစွာပေါ်ထွက်လာခဲ့ပါတော့သည်။ ထိုမှတဖန် ထိုလိင်တူချစ်သူများကလည်း ဆင့်ပွားတောင်းဆိုမှုများကို လူ့အခွင့်အရေး အခြေခံလျှက် ရဲဝံ့စွာ တောင်းဆိုနေမှုများ ပေါ်လာကြပါတော့သည်။ အမျိုးသားအချင်းချင်း လက်ထပ်နေပုံများကိုလည်း မရှက်မဝံ့ ကြေညာလာခဲ့မှုများပင် ဖြစ်လာကြပါတော့သည်။ ဤသို့ ထွက်ပေါ်လာရဲကြအောင်လည်း နိုင်ငံခြား NGO များ၏ မြှောက်ထိုးပင့်ကော်ပံ့ပိုးမှုကပင် အစပြုနေပါသည်။ ဓမ္မတာမဟုတ်သည့် အမျိုးသားအချင်းချင်း လက်ထပ်ခွင့်ဥပဒေ ပေးလိုက်ပါက မိမိနိုင်ငံကို အရေးပေါ် အကာအကွယ်ပေးနိုင်မည့် သားကောင်းများ လျော့ပါးပျောက်ကွယ်သွားနိုင်မည့် အရေးကိုလည်း ဥပဒေပြုသူများ စိတ်အစဉ်တွင် စွဲမြဲစွာ သတိပြုရမည့်အချက်ပင် ဖြစ်နေပါသည်။
မြန်မာနိုင်ငံသား မည်သည့်မိဘကမှ မိမိတို့၏သားများ အမျိုးသားအချင်းချင်း လက်ထပ်သည်ကို တွေ့မြင်လိုခြင်း ရှိမည်မဟုတ်သလို ယဉ်ကျေးမှုအရလည်း လက်ခံမည်မဟုတ်ကြောင်း တာဝန်ရှိသူများ သိထားသင့်ပါသည်။ ထို့အတွက်ကြောင့် လူ့အခွင့်အရေးများကို ဗန်းပြပြီး နိုင်ငံနှင့်လူမျိုးတို့၏ ဂုဏ်သရေငြိုး နွှမ်းစေမည့် အခွင့်အရေးမျိုးစုံကို သတိရှိရှိဖြင့် ဆုံးဖြတ်သင့်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါတော့သည်။
Author: လှိုင် (peer), Healthcare Journal, vol 8,no 27 ( 21.7.17)