fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

လက်ဖက်ရည်နဲ့ ကျန်းမာရေး

976
VIEWS
Share on FacebookShare on TwitterShare on Linkedin
31/05/2018
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

လက်ဖက်ရည်နဲ့ကျန်းမာရေး

လက်ဖက်ရည်ကို အင်္ဂလိပ်လို Teamix ဟုခေါ်သည်။ လက်ဖက်ရည်ဆိုသည်မှာ ရေနွေးကြမ်းမဟုတ်ပါ။ ရေနွေးကြမ်းကို အင်္ဂလိပ်လို Green Tea ဟုခေါ်သည်။

ကျွန်တော်အထင်တော့ မြန်မာပြည်မှာ လက်ဖက်ရည် သောက်တဲ့အလေ့အကျင့်ဟာ ကိုလိုနီခေတ်တွင် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ရောက်လာသော ကုလားများကနေစတင်ခဲ့သည်ဟု ထင်မိပါသည်။

လက်ဖက်ရည် (Teamix) ဆိုတာဟာ သူ့နာမည်အတိုင်း အချိုခြောက်ကိုရေနွေးကရားအိုးထဲကိုဒီအတိုင်းထည့်နှပ် သို့မဟုတ် ပိတ်ဖြူလေးနဲ့ထုပ်ပြီး ထည့်နှပ်ကာ ရလာတဲ့အရည် (Tea) ကို နို့ဆီ နို့စိမ်း နွားနို့ မလိုင် ထောပတ်စသည်တို့ဖြင့်ရောကာ (mix) ဖျော်ထားခြင်းဖြစ်သည်။

အချိုခြောက်ကို နှပ်ပြီးရလာသော အရည်ရဲ့အရသာသည် နှပ်တဲ့အချိန်ပေါ်မှုတည်သည်။ လက်ဖက်ခြောက်ကျတဲ့အထိနှပ်ရင် အခါးကဲနိုင်သည်။ ပုံမှန်လောက်ပဲနှပ်ရင် ဖန်ရုံဖန်သည်။

ထိုအချိုခြောက်ကို နှပ်ပြီးရလာတဲ့အရည်နဲ့ နို့ဆီနို့စိမ်း မလိုင်စတာတွေနဲ့ ရောဖျော်ပြီးသကာလမှာ ထည့်တဲ့နို့စိမ်းနို့ဆီမလိုင်အချိူးအစားရယ် အချိုခြောက်နှပ်တဲ့ အချိန်ရယ်ပေါ်မှုတည်ပြီး ချိုဆိမ့် ဖန်ခါး ပုံမှန်ဆိမ့် ပုံမှန် ဖန်ချို ပေါ့ဆိမ့် ဖန်ဆိမ့် ချိုပေါ့ကျ ဖန်ပြင်း စတဲ့အရသာအမျိူးမျိူးထွက်လာပါတယ်။

တချို့လူတွေက ချိူဆိမ့်အရသာကြိုက်တယ်။ တချို့ကဖန်ခါးကြိုက်တယ်။ တချို့ပုံမှန်ကြိုက်တယ်။ တချို့က လက်ဖက်ရည်ထဲနွားနို့ထည့်ဖျော်တာကြိုက်တယ်။ လူတကိုယ်အကြိုက်တမျိုးပါ။

လက်ဖက်ရည်တခွက်မှာအကြမ်းအားဖြင့် ချိုတာရယ် ဆိမ့်တာရယ် ခါးတာရယ်ဆိုပြီး အရသာသုံးခုပါတယ်။ လက်ဖက်ရည်သောက်တယ်ဆိုတာဟာ ချိုတာကိုကြိုက်လို့သောက်တယ်လို့ပြောလို့မရဘူး။ ချိုတာသက်သက်ကြိုက်မှတော့ ထန်းလျက်တို့သကြားတို့ စားမှာပေါ့။ ခါးတာသက်သက်ကြိုက်တာလည်းမဟုတ်ပြန်ဘူး။ ခါးတာကြိုက်မှတော့ ကြက်ဟင်းခါးသီး စားမှာပေါ့။ ဒါဆိုဆိမ့်တာသက်သက် ကြိုက်တာလား။ ဒါလည်းမဟုတ်ဘူး။ ဆိမ့်တာသက်သက်ကြိုက်မှတော့ နွားနို့ခဲ စားမှာပေါ့။

လက်ဖက်ရည်သောက်တယ်ဆိုတာ အဲ့အရသာသုံးပါးလုံး သဟဇာတဖြစ်စွာ ဆက်စပ်နေတဲ့အရသာကို ကြိုက်လို့သောက်ကြတာလို့ ယူဆမိပါတယ်။

လက်ဖက်ရည်ကောင်းတခွက်ကိုဖျော်နိုင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ အနုပညာတရပ်လို့တောင်တင်စားနိုင်ပါတယ်။ လက်ဖက်ရည်သောက်တယ်ဆိုတာကလည်း ထိုအနုပညာကိုခံစားခြင်းပါ။

လက်ဖက်ရည်ကိုကြိုက်လို့စွဲမြဲစွာသောက်တဲ့သူတွေရဲ့လျှာကလည်း ပေါ့သေးသေးတော့မဟုတ်ပါ။ ဖျော်တဲ့သူလက်ရာနည်းနည်းလေးပြောင်းတာ သို့မဟုတ် ဖျော်တဲ့သူပြောင်းသွားတာမျိူးဆို ချက်ခြင်းကိုသိပါတယ်။

ဒါကြောင့်အရင်တုန်းက တချို့သူတွေက “အလှူအိမ်က မိုးပြဲဒယ်ကြီးနဲ့သာ ဟင်းချက်တာပဲလုပ်ချင်တယ်။ လက်ဖက်ရည်တော့ မဖျော်ချင်ဘူး။ တာဝန်ကြီးပြီးသိပ်စိတ်ညစ်ရလွန်းလို့။”ဟုပြောလေ့ရှိသည်။

အခုခေတ်မှာတော့ အသင့်ဖျော်ရောပြီးသား ရယ်ဒီမိတ်လက်ဖက်ရည်ထုပ်များသည် တံဆိပ်အမျိူးမျိူး အရသာအမျိူးမျိူးဖြင့်များစွာထွက်ပေါ်လာပြီဖြစ်သည်။ သို့သော် ရောစပ်ပုံအနုပညာပေါ်မှုတည်ပြီး တံဆိပ်တခုနဲ့တခုသည် လက်ဖက်ရည်ကြိုက်သူများကြားတွင် အောင်မြင်မှုခြင်း ကွာသွားလေ့ရှိသည်။

လက်ဖက်ရည်သောက်ခြင်းရဲ့အကျိူးကျေးဇူးတွေကတော့ လက်ဖက်ရည်မှာပါဝင်တဲ့အဖန်အရသာဟာ လူကိုလန်းဆန်းစေပါတယ်။ (ဥပမာ ရန်ကုန်ကနေမန်းလေးကို ညဘက်ရထားနဲ့ဖြစ်ဖြစ် ကားနဲ့ပဲဖြစ်ဖြစ်သွားတယ်ဆိုပါတော့ အကြောင်းတခုခုကြောင့် ညဘက်ရထားပေါ်မှာ သို့မဟုတ် ကားပေါ်မှ ာအိပ်ရေးပျက်ပြီး မနက်ကျ မလန်းဘူးဆိုရင် မန်းလေးရောက်တာနဲ့ လက်ဖက်ရည်ဆိုင် တဆိုင်ဆိုင်ဝင်ပြီး ဖန်ချိုလေးတခွက်သောက်လိုက်ပါ။ ပင်ပန်းဒဏ်တွေပျောက်ပြီးလန်းဆန်းလာပါလိမ့်မယ်။ အာရုံကိုလည်းကြည်လင်လာစေပါတယ်။)

နောက်သူ့မှာပါတဲ့ ချိုဆိမ့်ဓါတ်သည် ခန္ဓာကိုယ်အတွက်အားဖြစ်စေသည်။ အစာကြေခဲတဲ့အတွက် အဆာခံနိုင်သည်။ ဒါကြောင့် လက်ဖက်ရည်သောက်တဲ့သူတွေ ထမင်းသိပ်မစားနိုင်ခြင်းဖြစ်နိုင်သည်။

ဒီလိုရေးလို့ လက်ဖက်ရည်ပဲသောက်ရမလားဆိုပြီးမေးစရာရှိပါတယ်။ ဘယ်အရာမှာမဆို အကောင်းနဲ့အဆိုးဟာ ဒွန်တွဲနေပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့စကားပုံလည်းရှိပါတယ်။

လက်ဖက်ရည်ကို အများကြီးသောက်ပါက အဖန်ဓါတ်များစွာ ခန္ဓာကိုယ်ထဲရောက်သွားလျှင် လေချုပ်ပြီး ဗိုက်အောင့်တာဖြစ်နိုင်သည်။ နှလုံးတုန်တာလည်းခံစားရနိုင်သည်။

လက်ဖက်ရည်တွင် အချိုဓါတ်နဲ့အဆိမ့်ဓါတ်လည်းပါဝင်လေရာ အများကြီးသောက်မိပါက ရေရှည်မှာ ဆီးချိုဖြစ်နိုင်တာ ရင်ကြပ်သလိပ်ကပ်တာ  စသဖြင့်လည်းဖြစ်နိုင်သေးသည်။

ဒါကြောင့် လက်ဖက်ရည်ကို သင့်တင့်စွာပဲသောက်သုံးကြပါလို့ အကြံပြုချင်ပါတယ်။

Dr. 528

Previous Post

အီးစီးကရက် (Electronic cigarette)ဆိုတာ ဆေးလိပ်ဖြတ်တဲ့အရာလား

Next Post

လမစေ့ဘဲမွေးခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လမစေ့ဘဲမွေးခြင်း

သားအိမ်ဝထိန်းဖို့ လိုသလား?

အူမကြီးကင်ဆာဖြစ်နိုင်ချေ လျော့ကျစေတဲ့  သရက်သီး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.