fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

အပြင်မှာထုတ်တာ ကလေးမရဖို့ ဘယ်လောက်စိတ်ချရသလဲ

8.6k
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/10/2017
in အမျိုးသားကျန်းမာရေး
1 min read
A A
အျပင္မွာထုုတ္တာ ကေလးမရဖိုု႔ ဘယ္ေလာက္စိတ္ခ်ရသလဲ

ဒါဟာ စုံတြဲေတြအေတာ္မ်ားမ်ား အကာအကြယ္မဲ့ လိင္ဆက္ဆံတဲ့အခါမွာ ပူပန္ရတဲ့ အဓိက ျပႆနာတစ္ခုပါ။ “ဆရာ ကြၽန္ေတာ္ေကာင္မေလးနဲ႔ဆက္ဆံတာေဆးမတိုက္မိဘူး ဒါေပမယ့္အျပင္မွာၿပီးတာဆရာ။ အဲ့ဒါကိုယ္ဝန္ရႏိုင္လားမသိဘူး။” “ဆရာရွင့္ သမီးေကာင္ေလးနဲ႔ ဟိုရက္က မေမွ်ာ္လင့္ဘဲ အတူေနမိတယ္၊ ေဆးေသာက္ဖို႔လည္းေမ့သြားတယ္။ ဒါေပမယ့္ သူကမၿပီးလိုက္ဘူး။ အဲ့ဒါကိုယ္ဝန္ရႏိုင္လား။”

ဒီေမးခြန္းေတြကို သမီးရည္းစား အေတာ္မ်ားမ်ားကေမးၾကပါတယ္။ ခုေခတ္တြင္ လူတိုင္းကိုယ္စီ ဖုန္းကိုင္ႏိုင္လာကာ အင္တာနက္ကိုလည္း လူတိုင္းနီးပါသုံးလာႏိုင္ၾကသည္။ လူငယ္တခ်ိဳ႕တစ္ဝက္သည္ အင္တာနက္ကို လြဲမွားစြာသုံးရာကေန ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ရည္းစားထား ဖိုမသဘာဝကိုေသခ်ာ နားမလည္ပဲ နည္းနည္းပါးပါး ၾကားဖူးသိဖူးတာကို အဟုတ္ထင္ကာ လက္တည့္စမ္း က်ဴးက်ဴးလြန္လြန္ေတြျဖစ္ ေနာက္ဆုံး မဖုံးႏိုင္ မဖိႏိုင္ေတြျဖစ္လာေတာ့ မလိုလားအပ္တာေတြ ႀကဳံလာရတယ္။ ဒါေၾကာင့္ကိုယ္က တစ္ခုခုကိုသိတယ္ဆိုရင္ မေရမရာသိတာမ်ိဴးမဟုတ္ဘဲ ေသခ်ာဂဃဏန သိဖို႔လိုပါတယ္။ ဒါေၾကာင့္မိန္းမကိုယ္ျပင္ပတြင္ သုက္လႊတ္ျခင္းနဲ႔ ပတ္သက္ၿပီး ေဆာင္းပါးေရးလိုက္ရပါတယ္။

သုက္အျပင္ထုတ္ျခင္းဟာ ကိုယ္ဝန္မရေအာင္တားနည္းမ်ားအနက္ ထိေရာက္မႈအနည္းဆုံး (ဆိုလိုတာကမေအာင္ျမင္ႏိုင္ေျခအမ်ားဆုံး) နည္းလမ္းပါ။ တားေဆးေသာက္တာတို႔ ကြန္ဒုံးသုံးတာတို႔နဲ႔ယွဥ္ရင္ ကိုယ္ဝန္မရဖို႔ ၁၈ရာခိုင္ႏႈန္းပဲ စြမ္းေဆာင္ေပးႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ စိတ္ဆႏၵအျမင့္ဆုံးေရာက္ၿပီးတဲ့အခ်ိန္မွာထြက္လာတဲ့ သုက္ရည္မွာသာ သုတ္ေကာင္ပါတာမဟုတ္ဘဲ အဲ့မတိုင္ခင္ထြက္တဲ့အရည္ၾကည္ထဲမွာလည္း သုက္ေကာင္ပါလို႔ပါ။

တခ်ိဳ႕ လူငယ္မ်ားသည္ အကာအကြယ္မဲ့ လိင္ဆက္ဆံၿပီး သုက္လႊတ္ကာနီးတြင္ မအဂၤါတြင္းမွ ထုတ္ကာ သုက္လႊတ္ေလ့ ရွိၾကပါသည္။ ဤသို႔ ျပဳလုပ္ျခင္းျဖင့္ ကေလး မရႏိုင္ဟု ၾကားဖူးနားဝျဖင့္ ယူဆထားၾကသည္။ ဒါဟာအယူအဆ အမွားတစ္ခုပါ။ အမ်ိဳးသားတိုင္းဟာ သုက္ရည္မထုတ္ခင္မွာ ကနဦး အရည္ၾကည္ေလးေတြ ထုတ္ေလ့ထုတ္ထ ရွိတယ္။ ဒီအရည္ၾကည္ေလးေတြမွာဆို ၄၀ရာခိုင္ႏႈန္းေလာက္ သုက္ပိုးေလးေတြ ပါတာေတြ႕ရွိရပါတယ္။ ဒါေၾကာင့္ အခ်ိန္မီ အျပင္ကို ထုတ္ေသာ္လည္းပဲ ကိုယ္ဝန္ရတာပါ။

ဒါ့အျပင္ မိန္းမကိုယ္ျပင္ပမွာသုက္လႊတ္ဖို႔ဆိုတာ ေျပာသေလာက္လြယ္တဲ့ ကိစၥမဟုတ္ပါဘူး။ စိတ္ဆႏၵအထြတ္အထိပ္ေရာက္ေနခ်ိန္မွာ ခ်ိန္သားကိုက္ ဆြဲထုတ္ႏိုင္ဖို႔အတြက္က လိင္ပိုင္းဆိုင္ရာ အေတြ႕အႀကဳံေတြ အမ်ားႀကီးရွိဖို႔ရယ္၊ ႂကြက္သားေတြ အာ႐ုံေၾကာေတြမွာ ဘာေရာဂါမွမရွိဘဲ ေကာင္းေနဖို႔ရယ္ စတဲ့အခ်က္ေတြလိုပါတယ္။ အဲ့ဒီအခ်က္ေတြနဲ႔ ျပည့္စုံေနတဲ့ အမ်ိဴးသားေတြမွာလည္း တစ္ခါတေလမွာ တကယ္ခံစားမႈေကာင္းေနခ်ိန္တြင္ မိန္းမကိုယ္အျပင္မွ သုက္လႊတ္ဖို႔ မစြမ္းႏိုင္ေတာ့တာမ်ိဳးေတြလည္း ရွိတတ္ပါေသးတယ္။

ဒါ့ျပင္မိန္းမကိုယ္ ျပင္ပသုက္လႊတ္ျခင္းဟာ လိင္ကေနတဆင့္ ကူးစက္တတ္တဲ့ ေအအိုင္ဒီအက္စ္တို႔ ဘီပိုး စီပိုး စတာေတြကိုလည္း အကာအကြယ္မေပးႏိုင္ပါဘူး။ေနာက္ထပ္အယူအဆမွားတစ္ခုကို ႀကဳံတုန္းထပ္ေျပာခ်င္ပါတယ္။ တခ်ိဳ႕စုံတြဲေတြက အကာအကြယ္မဲ့ လိင္ဆက္ဆံ ၿပီးတဲ့အခါမွာ ၿပီးလွ်င္ၿပီးခ်င္း မအဂၤါကို ေရေသခ်ာေဆးလိုက္ရင္ ကိုယ္ဝန္မရႏိုင္ဟု ထင္ေနၾကပါတယ္။ ဒါဟာမဟုတ္ပါဘူး။ အဘယ္ေၾကာင့္ဆိုေသာ္ အမ်ိဳးသားမွ သုက္လႊတ္ၿပီး စကၠန႔္ (၉၀) အတြင္း၌ သုတ္ေကာင္သည္ သားအိမ္ေခါင္းကိုျဖတ္ကာ သားအိမ္အတြင္းသို႔ ဝင္ေရာက္ၿပီး ျဖစ္သည့္အတြက္ေၾကာင့္ပါ။ သုေတသနတစ္ခုအရ သုတ္ေကာင္ေတြရဲ႕ေ႐ြ႕လ်ားႏႈန္းဟာ ၁ စကၠန႔္ကို ၅ မီလီမီတာ (ဝ.၂ လက္မ) ရွိပါတယ္။ ဒါဟာ ေတာ္ေတာ္ေလးကို ျမန္ပါတယ္။

တကယ္လို႔ အ႐ြယ္အစားနဲ႔ အျမန္ႏႈန္း အခ်ိဳးက် ေျပာဆို ေဝလငါးတစ္ေကာင္သာ Sperm တစ္ေကာင္ေလာက္ ျမန္ျမန္ကူးလိုက္ရင္ တစ္နာရီကို မိုင္ တစ္ေသာင္းခြဲႏႈန္း ျဖစ္ႏိုင္ပါတယ္။ ေနာက္ၿပီးသုက္ေကာင္ရဲ႕သက္တမ္းဟာ မအဂါထၤဲမွာဆိုရင္ ၃ရက္ေလာက္ထိ အသက္ရွင္ႏိုင္ပါတယ္။ အဆုံးသတ္အေနနဲ႔ေျပာရရင္ေတာ့ လက္မထပ္ခင္ ေျခလြန္လက္လြန္ကိစၥမ်ိဴးေတြ ျဖစ္တာကိုေရွာင္ပါ။ မေရွာင္ႏိုင္လွ်င္ ကြန္ဒုံးသုံးပါ။ ကြန္ဒုံးသုံးတာဟာ စနစ္တက်သုံးပါက ကိုယ္ဝန္မရဖို႔ ကို ၉၈ ရာခိုင္ႏႈန္း ကာကြယ္ေပးတဲ့အျပင္ လိင္ကတဆင့္ကူးဆက္ေရာဂါေတြကိုလည္းကာကြယ္ေပးႏိုင္ပါတယ္။

Author : Dr. 528

(Unicode)

အပြင်မှာထုတ်တာ ကလေးမရဖို့ ဘယ်လောက်စိတ်ချရသလဲ

ဒါဟာ စုံတွဲတွေအတော်များများ အကာအကွယ်မဲ့ လိင်ဆက်ဆံတဲ့အခါမှာ ပူပန်ရတဲ့ အဓိက ပြဿနာတစ်ခုပါ။ “ဆရာ ကျွန်တော်ကောင်မလေးနဲ့ဆက်ဆံတာဆေးမတိုက်မိဘူး ဒါပေမယ့်အပြင်မှာပြီးတာဆရာ။ အဲ့ဒါကိုယ်ဝန်ရနိုင်လားမသိဘူး။” “ဆရာရှင့် သမီးကောင်လေးနဲ့ ဟိုရက်က မမျှော်လင့်ဘဲ အတူနေမိတယ်၊ ဆေးသောက်ဖို့လည်းမေ့သွားတယ်။ ဒါပေမယ့် သူကမပြီးလိုက်ဘူး။ အဲ့ဒါကိုယ်ဝန်ရနိုင်လား။”

ဒီမေးခွန်းတွေကို သမီးရည်းစား အတော်များများကမေးကြပါတယ်။ ခုခေတ်တွင် လူတိုင်းကိုယ်စီ ဖုန်းကိုင်နိုင်လာကာ အင်တာနက်ကိုလည်း လူတိုင်းနီးပါသုံးလာနိုင်ကြသည်။ လူငယ်တချို့တစ်ဝက်သည် အင်တာနက်ကို လွဲမှားစွာသုံးရာကနေ ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားထား ဖိုမသဘာဝကိုသေချာ နားမလည်ပဲ နည်းနည်းပါးပါး ကြားဖူးသိဖူးတာကို အဟုတ်ထင်ကာ လက်တည့်စမ်း ကျူးကျူးလွန်လွန်တွေဖြစ် နောက်ဆုံး မဖုံးနိုင် မဖိနိုင်တွေဖြစ်လာတော့ မလိုလားအပ်တာတွေ ကြုံလာရတယ်။ ဒါကြောင့်ကိုယ်က တစ်ခုခုကိုသိတယ်ဆိုရင် မရေမရာသိတာမျိူးမဟုတ်ဘဲ သေချာဂဃဏန သိဖို့လိုပါတယ်။ ဒါကြောင့်မိန်းမကိုယ်ပြင်ပတွင် သုက်လွှတ်ခြင်းနဲ့ ပတ်သက်ပြီး ဆောင်းပါးရေးလိုက်ရပါတယ်။

သုက်အပြင်ထုတ်ခြင်းဟာ ကိုယ်ဝန်မရအောင်တားနည်းများအနက် ထိရောက်မှုအနည်းဆုံး (ဆိုလိုတာကမအောင်မြင်နိုင်ခြေအများဆုံး) နည်းလမ်းပါ။ တားဆေးသောက်တာတို့ ကွန်ဒုံးသုံးတာတို့နဲ့ယှဉ်ရင် ကိုယ်ဝန်မရဖို့ ၁၈ရာခိုင်နှုန်းပဲ စွမ်းဆောင်ပေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စိတ်ဆန္ဒအမြင့်ဆုံးရောက်ပြီးတဲ့အချိန်မှာထွက်လာတဲ့ သုက်ရည်မှာသာ သုတ်ကောင်ပါတာမဟုတ်ဘဲ အဲ့မတိုင်ခင်ထွက်တဲ့အရည်ကြည်ထဲမှာလည်း သုက်ကောင်ပါလို့ပါ။

တချို့ လူငယ်များသည် အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး သုက်လွှတ်ကာနီးတွင် မအင်္ဂါတွင်းမှ ထုတ်ကာ သုက်လွှတ်လေ့ ရှိကြပါသည်။ ဤသို့ ပြုလုပ်ခြင်းဖြင့် ကလေး မရနိုင်ဟု ကြားဖူးနားဝဖြင့် ယူဆထားကြသည်။ ဒါဟာအယူအဆ အမှားတစ်ခုပါ။ အမျိုးသားတိုင်းဟာ သုက်ရည်မထုတ်ခင်မှာ ကနဦး အရည်ကြည်လေးတွေ ထုတ်လေ့ထုတ်ထ ရှိတယ်။ ဒီအရည်ကြည်လေးတွေမှာဆို ၄၀ရာခိုင်နှုန်းလောက် သုက်ပိုးလေးတွေ ပါတာတွေ့ရှိရပါတယ်။ ဒါကြောင့် အချိန်မီ အပြင်ကို ထုတ်သော်လည်းပဲ ကိုယ်ဝန်ရတာပါ။

ဒါ့အပြင် မိန်းမကိုယ်ပြင်ပမှာသုက်လွှတ်ဖို့ဆိုတာ ပြောသလောက်လွယ်တဲ့ ကိစ္စမဟုတ်ပါဘူး။ စိတ်ဆန္ဒအထွတ်အထိပ်ရောက်နေချိန်မှာ ချိန်သားကိုက် ဆွဲထုတ်နိုင်ဖို့အတွက်က လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံတွေ အများကြီးရှိဖို့ရယ်၊ ကြွက်သားတွေ အာရုံကြောတွေမှာ ဘာရောဂါမှမရှိဘဲ ကောင်းနေဖို့ရယ် စတဲ့အချက်တွေလိုပါတယ်။ အဲ့ဒီအချက်တွေနဲ့ ပြည့်စုံနေတဲ့ အမျိူးသားတွေမှာလည်း တစ်ခါတလေမှာ တကယ်ခံစားမှုကောင်းနေချိန်တွင် မိန်းမကိုယ်အပြင်မှ သုက်လွှတ်ဖို့ မစွမ်းနိုင်တော့တာမျိုးတွေလည်း ရှိတတ်ပါသေးတယ်။

ဒါ့ပြင်မိန်းမကိုယ် ပြင်ပသုက်လွှတ်ခြင်းဟာ လိင်ကနေတဆင့် ကူးစက်တတ်တဲ့ အေအိုင်ဒီအက်စ်တို့ ဘီပိုး စီပိုး စတာတွေကိုလည်း အကာအကွယ်မပေးနိုင်ပါဘူး။

နောက်ထပ်အယူအဆမှားတစ်ခုကို ကြုံတုန်းထပ်ပြောချင်ပါတယ်။ တချို့စုံတွဲတွေက အကာအကွယ်မဲ့ လိင်ဆက်ဆံ ပြီးတဲ့အခါမှာ ပြီးလျှင်ပြီးချင်း မအင်္ဂါကို ရေသေချာဆေးလိုက်ရင် ကိုယ်ဝန်မရနိုင်ဟု ထင်နေကြပါတယ်။ ဒါဟာမဟုတ်ပါဘူး။ အဘယ်ကြောင့်ဆိုသော် အမျိုးသားမှ သုက်လွှတ်ပြီး စက္ကန့် (၉၀) အတွင်း၌ သုတ်ကောင်သည် သားအိမ်ခေါင်းကိုဖြတ်ကာ သားအိမ်အတွင်းသို့ ဝင်ရောက်ပြီး ဖြစ်သည့်အတွက်ကြောင့်ပါ။ သုတေသနတစ်ခုအရ သုတ်ကောင်တွေရဲ့ရွေ့လျားနှုန်းဟာ ၁ စက္ကန့်ကို ၅ မီလီမီတာ (ဝ.၂ လက်မ) ရှိပါတယ်။ ဒါဟာ တော်တော်လေးကို မြန်ပါတယ်။

တကယ်လို့ အရွယ်အစားနဲ့ အမြန်နှုန်း အချိုးကျ ပြောဆို ဝေလငါးတစ်ကောင်သာ Sperm တစ်ကောင်လောက် မြန်မြန်ကူးလိုက်ရင် တစ်နာရီကို မိုင် တစ်သောင်းခွဲနှုန်း ဖြစ်နိုင်ပါတယ်။ နောက်ပြီးသုက်ကောင်ရဲ့သက်တမ်းဟာ မအဂါၤထဲမှာဆိုရင် ၃ရက်လောက်ထိ အသက်ရှင်နိုင်ပါတယ်။ အဆုံးသတ်အနေနဲ့ပြောရရင်တော့ လက်မထပ်ခင် ခြေလွန်လက်လွန်ကိစ္စမျိူးတွေ ဖြစ်တာကိုရှောင်ပါ။ မရှောင်နိုင်လျှင် ကွန်ဒုံးသုံးပါ။ ကွန်ဒုံးသုံးတာဟာ စနစ်တကျသုံးပါက ကိုယ်ဝန်မရဖို့ ကို ၉၈ ရာခိုင်နှုန်း ကာကွယ်ပေးတဲ့အပြင် လိင်ကတဆင့်ကူးဆက်ရောဂါတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်။

Author : Dr. 528

Previous Post

ရေသောက်ခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူ ပြုခြင်းအကြောင်း

Next Post

လမ်းပေါ်က ကလေးတွေ ရှူနေကြတဲ့ ကော်ဆိုတာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
770
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
637

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
1k

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လမ်းပေါ်က ကလေးတွေ ရှူနေကြတဲ့ ကော်ဆိုတာ

ဗီတာမင် D3

ကိုယ်ဝန်လနုစဉ် သွေးဆင်းခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.