(Zawgyi)
ပ်ားရည္ဟာ ပ်ိဳေမတို႔အတြက္ဆံသားကေန ေျခဖ်ားအထိအသုံးဝင္တဲ့အျပင္ ကိုယ္တြင္းကကလီစာမ်ားက်န္းမာၿပီး အခ်ိဳးက်လွပေစဖို႔ အထိပါ စြမ္းေဆာင္ႏိုင္တာေၾကာင့္ပစ္ထားလို႔ မရတဲ့အထဲမွာ ပ်ားရည္ကထိပ္ဆုံးက ပါဝင္ပါတယ္။ဘယ္လိုအသားအေရမ်ိဳးပဲျဖစ္ျဖစ္ ႏူးညံ့ေခ်ာေမြ႕ဖို႔အတြက္ပ်ားရည္ကို အသုံးျပဳ ႏိုင္ၿပီး အိုမင္းရင့္ေရာ္ျခင္းကေန တားဆီးေပးပါတယ္။ ပ်ားရည္ကို ဘယ္လို အသုံးခ်ႏိုင္သလဲဆိုရင္ … ။
ပ်ားရည္ဟာ သဘာဝအတိုင္း ဓာတ္တိုးဆန႔္က်င္ ဂုဏ္သတၱိေတြ ႂကြယ္ဝတာေၾကာင့္ အိုမင္းရင့္ေရာ္မႈကို ေႏွးေကြးေစေအာင္ စြမ္းေဆာင္ႏိုင္ပါတယ္။ ေန ေရာင္ျခည္ေၾကာင့္ အေရျပား ပ်က္စီးတာကို ကာကြယ္ေပးၿပီး ႏူးညံ့ေခ်ာေမြ႕တဲ့ အသားအေရကို ပိုင္ဆိုင္ႏိုင္ပါတယ္။ အေရးအေၾကာင္းေတြ၊ အျပစ္အနာအဆာေတြကို ဖယ္ရွားေပးၿပီး moisture ကို ထိန္းထားႏိုင္ဖို႔ ကူညီေပးပါတယ္။ အေရျပားေပၚ ပ်ားရည္ကို သူ႔ခ်ည္းပဲလိမ္းေပးရင္ အသားထဲ လွ်င္ျမန္စြာ စိမ့္ဝင္ၿပီး စိုေျပႏူးညံ့တဲ့ အသားအေရကို ရႏိုင္ပါတယ္။ ဝက္ၿခံ၊ အမာ႐ြတ္နဲ႔ အမည္းစက္ စတာေတြကို ပ်ားရည္လိမ္းၿပီး ကုသႏိုင္ပါတယ္။
ပ်ားရည္ လက္ဖက္ရည္ဇြန္း တစ္ဇြန္းနဲ႔ ငွက္ေပ်ာသီးမွည့္မွည့္ တစ္လုံးကို သမေအာင္ေရာေမႊၿပီး မ်က္ႏွာ၊ လည္ပင္း၊ ေျခ၊ လက္၊ စတဲ့ အေရျပားေတြအေပၚ ခပ္ပါးပါးလိမ္းေပးကာ ၁၅မိနစ္ေလာက္ထားၿပီး ေဆးေၾကာလိုက္ရင္အလြန္ႏူးညံ့တဲ့ အသားအေရကို ပိုင္ဆိုင္ပါလိမ့္မယ္။ မနက္အိပ္ရာထခ်ိန္မွာ ပ်ားရည္စစ္စစ္ လက္ဖက္ရည္ဇြန္ တစ္ဝက္ကို မ်က္ႏွာမွာ လိမ္းထားၿပီး ၁၅ မိနစ္ၾကာရင္ ေရေႏြးေႏြးနဲ႔ ေဆးေၾကာသန႔္စင္ႏိုင္သလို ေရနဲ႔ပ်ားရည္ေရာၿပီးလည္း မ်က္ႏွာသစ္ေပးႏိုင္ပါတယ္။
က်န္းမာသန္စြမ္းတဲ့ ဆံေကသာကို ပိုင္ဆိုင္ဖို႔အတြက္ဆိုရင္ ပ်ားရည္အနည္းငယ္ကို ဆံသားမွာလိမ္းက်ံၿပီး မ်က္ႏွာသုတ္ပုဝါနဲ႔ နာရီဝက္ေလာက္ ေပါင္းထား ၿပီး ေခါင္းေလွ်ာ္လိုက္ပါ။ ဆံပင္ေတြေျခာက္ၿပီး ပြေယာင္းေယာင္းျဖစ္ေနရင္ ပ်ားရည္လက္ဖက္ရည္ဇြန္းတစ္ဇြန္းနဲ႔ ႏြားႏို႔ဖန္ခြက္တစ္ဝက္ကို ေရာစပ္ၿပီး ဆံ ႏြယ္ေတြကို ႏွံ႔ေအာင္လိမ္း ၁၅ မိနစ္ေလာက္ထားၿပီး ေခါင္းေလွ်ာ္ရည္ အေပ်ာ့စားနဲ႔ ေခါင္းေလွ်ာ္ခ်လိုက္ရင္ သိသိသာသာ ေပ်ာ့ေပ်ာင္းႏူးညံ့တဲ့ ဆံေကသာကို ရမွာပါ။ က်ိဳးေၾကတဲ့ ဆံေကသာေတြအတြက္ ပ်ားရည္ စားပြဲတင္ဇြန္းတစ္ဇြန္း၊ ၾကက္ဥအစိမ္းရဲ႕ အႏွစ္၊ သံလြင္ဆီ စားပြဲတင္ဇြန္းတစ္ဇြန္း ေရာေမႊၿပီး ဆံပင္ေပါင္းေဆးအျဖစ္ တစ္ပတ္တစ္ႀကိမ္ေလာက္ အသုံးျပဳႏိုင္ပါတယ္။
ခႏၶာကိုယ္တြင္းက ကလီစာေတြ ေကာင္းမြန္စြာ အလုပ္လုပ္ႏိုင္ဖို႔ ပ်ားရည္က ေထာက္ကူေပးပါတယ္။ အထူးသျဖင့္ အစာအိမ္ေရာဂါ ေဝဒနာသည္ေတြအတြက္ အထူးသင့္ေလွ်ာ္ၿပီး အစာအိမ္နံရံမွာ ျဖစ္ေပၚတတ္တဲ့ အနာမ်ားကို က်က္ေစပါတယ္။ ပ်ားရည္ ထမင္းစားဇြန္း ၃ ဇြန္းနဲ႔ သံပုရာသီး ၁ လုံးကို အရည္ ညႇစ္ၿပီး ေရေႏြးအျဖဴနဲ႔ သမေအာင္ေမႊကာ သၾကားပါတယ္ဆို႐ုံထည့္ ညေနတိုင္း ေသာက္သုံးေပးရင္ ေရာဂါမ်ိဳးစုံကို ကာကြယ္ႏိုင္ပါတယ္။
အသားအေရ မြဲေျခာက္ၿပီး ပိန္လွီေနသူေတြအတြက္လည္း အထက္ေဖာ္ျပပါနည္းအတိုင္း စြဲစြဲၿမဲၿမဲ ေသာက္သုံးေပးပါ။ ဆီးမွန္၊ ဝမ္းမွန္ျဖစ္ကာ စားေကာင္းအိပ္ေပ်ာ္၊ အသားအေရကို ၾကည္လင္ေစမယ့္ ေဆးစြမ္းေကာင္းတစ္လက္ပါပဲ။
လွပစိုေျပဖို႔အတြက္ေရာ၊ က်န္းမာေရးအတြက္ပါ အသုံးဝင္တဲ့ ပ်ားရည္ကေတာ့ ဘယ္လိုမွေမ့မရႏိုင္ေတာ့ပါ။
Author: ညီညီေက်ာ္, Healthcare Journal, vol 8, no 28 (28.7.17)
(Unicode)
ပျားရည်ဟာ ပျိုမေတို့အတွက်ဆံသားကနေ ခြေဖျားအထိအသုံးဝင်တဲ့အပြင် ကိုယ်တွင်းကကလီစာများကျန်းမာပြီး အချိုးကျလှပစေဖို့ အထိပါ စွမ်းဆောင်နိုင်တာကြောင့်ပစ်ထားလို့ မရတဲ့အထဲမှာ ပျားရည်ကထိပ်ဆုံးက ပါဝင်ပါတယ်။ဘယ်လိုအသားအရေမျိုးပဲဖြစ်ဖြစ် နူးညံ့ချောမွေ့ဖို့အတွက်ပျားရည်ကို အသုံးပြု နိုင်ပြီး အိုမင်းရင့်ရော်ခြင်းကနေ တားဆီးပေးပါတယ်။ ပျားရည်ကို ဘယ်လို အသုံးချနိုင်သလဲဆိုရင် … ။
ပျားရည်ဟာ သဘာဝအတိုင်း ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိတွေ ကြွယ်ဝတာကြောင့် အိုမင်းရင့်ရော်မှုကို နှေးကွေးစေအောင် စွမ်းဆောင်နိုင်ပါတယ်။ နေ ရောင်ခြည်ကြောင့် အရေပြား ပျက်စီးတာကို ကာကွယ်ပေးပြီး နူးညံ့ချောမွေ့တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပါတယ်။ အရေးအကြောင်းတွေ၊ အပြစ်အနာအဆာတွေကို ဖယ်ရှားပေးပြီး moisture ကို ထိန်းထားနိုင်ဖို့ ကူညီပေးပါတယ်။ အရေပြားပေါ် ပျားရည်ကို သူ့ချည်းပဲလိမ်းပေးရင် အသားထဲ လျှင်မြန်စွာ စိမ့်ဝင်ပြီး စိုပြေနူးညံ့တဲ့ အသားအရေကို ရနိုင်ပါတယ်။ ဝက်ခြံ၊ အမာရွတ်နဲ့ အမည်းစက် စတာတွေကို ပျားရည်လိမ်းပြီး ကုသနိုင်ပါတယ်။
ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ငှက်ပျောသီးမှည့်မှည့် တစ်လုံးကို သမအောင်ရောမွှေပြီး မျက်နှာ၊ လည်ပင်း၊ ခြေ၊ လက်၊ စတဲ့ အရေပြားတွေအပေါ် ခပ်ပါးပါးလိမ်းပေးကာ ၁၅မိနစ်လောက်ထားပြီး ဆေးကြောလိုက်ရင်အလွန်နူးညံ့တဲ့ အသားအရေကို ပိုင်ဆိုင်ပါလိမ့်မယ်။ မနက်အိပ်ရာထချိန်မှာ ပျားရည်စစ်စစ် လက်ဖက်ရည်ဇွန် တစ်ဝက်ကို မျက်နှာမှာ လိမ်းထားပြီး ၁၅ မိနစ်ကြာရင် ရေနွေးနွေးနဲ့ ဆေးကြောသန့်စင်နိုင်သလို ရေနဲ့ပျားရည်ရောပြီးလည်း မျက်နှာသစ်ပေးနိုင်ပါတယ်။
ကျန်းမာသန်စွမ်းတဲ့ ဆံကေသာကို ပိုင်ဆိုင်ဖို့အတွက်ဆိုရင် ပျားရည်အနည်းငယ်ကို ဆံသားမှာလိမ်းကျံပြီး မျက်နှာသုတ်ပုဝါနဲ့ နာရီဝက်လောက် ပေါင်းထား ပြီး ခေါင်းလျှော်လိုက်ပါ။ ဆံပင်တွေခြောက်ပြီး ပွယောင်းယောင်းဖြစ်နေရင် ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ နွားနို့ဖန်ခွက်တစ်ဝက်ကို ရောစပ်ပြီး ဆံ နွယ်တွေကို နှံ့အောင်လိမ်း ၁၅ မိနစ်လောက်ထားပြီး ခေါင်းလျှော်ရည် အပျော့စားနဲ့ ခေါင်းလျှော်ချလိုက်ရင် သိသိသာသာ ပျော့ပျောင်းနူးညံ့တဲ့ ဆံကေသာကို ရမှာပါ။ ကျိုးကြေတဲ့ ဆံကေသာတွေအတွက် ပျားရည် စားပွဲတင်ဇွန်းတစ်ဇွန်း၊ ကြက်ဥအစိမ်းရဲ့ အနှစ်၊ သံလွင်ဆီ စားပွဲတင်ဇွန်းတစ်ဇွန်း ရောမွှေပြီး ဆံပင်ပေါင်းဆေးအဖြစ် တစ်ပတ်တစ်ကြိမ်လောက် အသုံးပြုနိုင်ပါတယ်။
ခန္ဓာကိုယ်တွင်းက ကလီစာတွေ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ ပျားရည်က ထောက်ကူပေးပါတယ်။ အထူးသဖြင့် အစာအိမ်ရောဂါ ဝေဒနာသည်တွေအတွက် အထူးသင့်လျှော်ပြီး အစာအိမ်နံရံမှာ ဖြစ်ပေါ်တတ်တဲ့ အနာများကို ကျက်စေပါတယ်။ ပျားရည် ထမင်းစားဇွန်း ၃ ဇွန်းနဲ့ သံပုရာသီး ၁ လုံးကို အရည် ညှစ်ပြီး ရေနွေးအဖြူနဲ့ သမအောင်မွှေကာ သကြားပါတယ်ဆိုရုံထည့် ညနေတိုင်း သောက်သုံးပေးရင် ရောဂါမျိုးစုံကို ကာကွယ်နိုင်ပါတယ်။
အသားအရေ မွဲခြောက်ပြီး ပိန်လှီနေသူတွေအတွက်လည်း အထက်ဖော်ပြပါနည်းအတိုင်း စွဲစွဲမြဲမြဲ သောက်သုံးပေးပါ။ ဆီးမှန်၊ ဝမ်းမှန်ဖြစ်ကာ စားကောင်းအိပ်ပျော်၊ အသားအရေကို ကြည်လင်စေမယ့် ဆေးစွမ်းကောင်းတစ်လက်ပါပဲ။
လှပစိုပြေဖို့အတွက်ရော၊ ကျန်းမာရေးအတွက်ပါ အသုံးဝင်တဲ့ ပျားရည်ကတော့ ဘယ်လိုမှမေ့မရနိုင်တော့ပါ။
Author: ညီညီကျော်, Healthcare Journal, vol 8, no 28 (28.7.17)