fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

လေယာဉ်ခရီးစီးကြမယ်ဆိုရင်

277
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/10/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Unicode)

ခရီးသွားတယ်ဆိုတာ အမြဲကြုံနေရတဲ့ကိစ္စတစ်ခုပါ။ အပျော်ခရီးဖြစ်ဖြစ်၊ အလုပ်နဲ့ဖြစ်ဖြစ်တော့ သွားကြရတတ်ပါတယ်။ အဲလိုခရီးသွားကြတဲ့အခါ လေယာဉ်မှ မဖြစ်မနေစီးရမယ်ဆိုတာလည်း ကြုံလာနိုငိပါတယ်။ လေယာဉ်စီးပြီး ခရီးသွားကြမယ်ဆိုရင် ဘာတွေ ကြိုတင်ပြင်ဆင်ထားဖို့လိုတာလဲဆိုတာလည်း သိထားသင့်ပါတယ်။

လေယာဉ်စီးတာကို အသက်အရွယ်အနေနဲ့ တော့မကန့်သတ်ထားပါဘူး။ ဒါပေမယ့် မွေးစကလေးတွေ လေယာဉ်စီးဖို့လိုအပ်လာရင်တော့ ဒီခရီးက မဖြစ်မနေလားဆိုတာကို အရင်ဆုံးပြန်စဉ်းစားပါ။ ကလေး ဘာရောဂါမှမဖြစ်ဘဲ နေကောင်းနေတယ်ဆိုရင်တောင် ကလေး ခြောက်လပြည့်ပြီးမှ စီးတာပိုကောင်းပါတယ်။ လေယာဉ်စီးရမယ့်အချိန်ကိုလည်းပြန်ကြည့်ရတယ်။ လေယာဉ်သံကြောင့် ကလေး နားထိမှာလည်း တွေးထားရပါတယ်။ မွေးရာပါ နှလုံးရောဂါတို့ ၊အဆုတ်မကောင်းတာတို့ ၊ မွေးရက်ထက်စောမွေးတဲ့ ကလေးတွေဆို ကလေးဆရာဝန်ပြပြီး စိတ်ချတယ်ဆိုမှ စီးလို့ရပါမယ်။

လေယာဉ်စီးတဲ့အခါ ထိုင်ရတဲ့နေရာပေါ် မူတည်ပြီးတော့ လေယာဉ်သံ အတိုးအကျယ် ကွာပါတယ်။ နောက်ပိုင်းနားရောက်လေ စက်သံပိုဆူလေပါ လေယာဉ်သံကြောင့် နားတွေအူနိုင်တယ်။ လေယာဉ်တက်တဲ့ ခဏနဲ့ ဆင်းတဲ့ခဏတွေမှာ ပိုဖြစ်တတ်တယ်။ တချို့တွေက နားထဲ ဂွမ်းလုံးကြိုပြီး စို့ထားတတ်ကြတယ်။ ပီကေဝါးနေတတ်ကြတယ်။ အဲဒီ့အချိန်ခဏမှာ နှာခေါင်းရော ပါးစပ်ကပါ အသက်ရှူ ခဏအောင့်ထားပြီး နေလည်းရတတ်ပါတယ်။ နားအူတာက တစ်ခါတလေ လွယ်လွယ်ပြန်မပျောက်သွားတတ်လို့ပါ။

လေယာဉ်စီးရတဲ့အခါ ကြာတဲ့အချိန်လည်းအရေးကြီးပါတယ်။ လူငယ်တွေအဖို့ မသိသာပေမယ့် လူကြီးပိုင်းတွေ၊ သွေးကြောပိတ်နိုင်ခြေများတဲ့လူတွေ (ဥပမာ ကိုယ်ဝန်သည်တွေ၊ သန္ဓေတားဆေး သောက်နေတဲ့သူတွေ၊ သွေးကြောဆိုင်ရာ ရောဂါသည်တွေ) လေယာဉ်စီးတဲ့အခါ အရမ်းသတိထားရပါတယ်။လေယာဉ်ပေါ်မှာ ကြာကြာထိုင်နေရလေ သွေးကြောပိတ်တာတွေဖြစ်ဖို့ အခွင့်များလေပါပဲ။ တချို့လူနာတွေဆို လေယာဉ်စီးဖို့အတွက် ဆရာဝန်နဲ့ကြိုတင်ပြသပြီး သေချာစစ်ဆေးထားဖို့ လိုပါတယ်။ လေယာဉ်ပေါ်မှာထိုင်တဲ့အခါ ခြေတွေကို အမြဲလှုပ်ရှားပေးနေရပါမယ်။ လေယာဉ်ပေါ်မှာလည်း နှစ်နာရီခြားလောက်လည်း လမ်းထလျှောက်ပေးပါ။ အပေါ့အပါး သွားပေးလို့ ရပါတယ်။

တချို့သော နှလုံးရောဂါသမားတွေ၊ အဆုတ်မကောင်းတဲ့သူတွေ လေယာဉ်စီးပြီး ခရီးသွားဖို့လိုတယ်ဆို ရောဂါအခြေအနေနဲ့ သက်ဆိုင်ရာဆရာဝန်ခွင့်ပြုချက်နဲ့မှ စီးလို့ရပါတယ်။ ရောဂါတွေကို ပိုပြီးဆိုးနိုင်စေပါတယ်။ နှလုံးသွေးကြောပိတ်တာမှာ stent ထည့်တဲ့လူနာတွေ၊ pneumothorax လို့ခေါ်တဲ့အဆုတ်ပြင်ပအလွှာမှာ လေဝင်ထားလို့ ကုသမှု ခံယူထားတဲ့လူနာတွေ အဓိကပါ။

နောက်တစ်ခုကတော့ လေယာဉ်စီးပြီး ခရီးသွားတယ်ဆိုရင် အလုပ်ပဲဖြစ်ဖြစ်၊ အလည်ပဲဖြစ်ဖြစ် စိတ်လည်း သက်တောင့်သက်သာ ဖြစ်ဖို့လိုပါတယ်။ စိတ်ထဲ စိုးရိမ်ပူပန်စိတ်တွေ များနေတယ်ဆိုရင် မူးပြီးအန်နေတာတွေ ဖြစ်နိုင်ပါတယ်။ ကားစီးလို့ မူးတတ်တယ်၊ အန်တတ်တယ်ဆိုရင်တော့ ပိုသတိထားရမှာပါ။လေယာဉ်မောင် လေယာဉ်မယ်တွေလည်း ကြိုပြောထားရပါမယ်။ ဒါမှ လိုအပ်တာတွေကို အသင့်ပြင်ထားပေးလို့ရမှာပါ။

လေယာဉ်ခရီးစီးတဲ့အခါ ပစ္စည်းတွေလည်း သင့်တော်သလိုပဲထည့်ပါ။ အတူဆောင်တဲ့ပစ္စည်းကို အတတ်နိုင်ဆုံးနည်းထားပါ။ မဖြစ်မနေပစ္စည်းလောက်ပဲ ထားပါ။ မဟုတ်ရင် ပစ္စည်းတွေ ကြည့်နေရတာနဲ့ပဲ စိတ်ပူပန်တာတွေ ပစ္စည်း သယ်ဆောင်နေရတာတွေကြောင့် သက်တောင့်သက်သာမရှိဘဲ ဖြစ်နေတတ်ပါတယ်။

Author : Dr. CST

(Zawgyi )

ခရီးသြားတယ္ဆိုတာ အၿမဲႀကဳံေနရတဲ့ကိစၥတစ္ခုပါ။ အေပ်ာ္ခရီးျဖစ္ျဖစ္၊ အလုပ္နဲ႔ျဖစ္ျဖစ္ေတာ့ သြားၾကရတတ္ပါတယ္။ အဲလိုခရီးသြားၾကတဲ့အခါ ေလယာဥ္မွ မျဖစ္မေနစီးရမယ္ဆိုတာလည္း ႀကဳံလာႏိုငိပါတယ္။ ေလယာဥ္စီးၿပီး ခရီးသြားၾကမယ္ဆိုရင္ ဘာေတြ ႀကိဳတင္ျပင္ဆင္ထားဖို႔လိုတာလဲဆိုတာလည္း သိထားသင့္ပါတယ္။

ေလယာဥ္စီးတာကို အသက္အ႐ြယ္အေနနဲ႔ ေတာ့မကန႔္သတ္ထားပါဘူး။ ဒါေပမယ့္ ေမြးစကေလးေတြ ေလယာဥ္စီးဖို႔လိုအပ္လာရင္ေတာ့ ဒီခရီးက မျဖစ္မေနလားဆိုတာကို အရင္ဆုံးျပန္စဥ္းစားပါ။ ကေလး ဘာေရာဂါမွမျဖစ္ဘဲ ေနေကာင္းေနတယ္ဆိုရင္ေတာင္ ကေလး ေျခာက္လျပည့္ၿပီးမွ စီးတာပိုေကာင္းပါတယ္။ ေလယာဥ္စီးရမယ့္အခ်ိန္ကိုလည္းျပန္ၾကည့္ရတယ္။ ေလယာဥ္သံေၾကာင့္ ကေလး နားထိမွာလည္း ေတြးထားရပါတယ္။ ေမြးရာပါ ႏွလုံးေရာဂါတို႔ ၊အဆုတ္မေကာင္းတာတို႔ ၊ ေမြးရက္ထက္ေစာေမြးတဲ့ ကေလးေတြဆို ကေလးဆရာဝန္ျပၿပီး စိတ္ခ်တယ္ဆိုမွ စီးလို႔ရပါမယ္။

ေလယာဥ္စီးတဲ့အခါ ထိုင္ရတဲ့ေနရာေပၚ မူတည္ၿပီးေတာ့ ေလယာဥ္သံ အတိုးအက်ယ္ ကြာပါတယ္။ ေနာက္ပိုင္းနားေရာက္ေလ စက္သံပိုဆူေလပါ ေလယာဥ္သံေၾကာင့္ နားေတြအူႏိုင္တယ္။ ေလယာဥ္တက္တဲ့ ခဏနဲ႔ ဆင္းတဲ့ခဏေတြမွာ ပိုျဖစ္တတ္တယ္။ တခ်ိဳ႕ေတြက နားထဲ ဂြမ္းလုံးႀကိဳၿပီး စို႔ထားတတ္ၾကတယ္။ ပီေကဝါးေနတတ္ၾကတယ္။ အဲဒီ့အခ်ိန္ခဏမွာ ႏွာေခါင္းေရာ ပါးစပ္ကပါ အသက္ရွဴ ခဏေအာင့္ထားၿပီး ေနလည္းရတတ္ပါတယ္။ နားအူတာက တစ္ခါတေလ လြယ္လြယ္ျပန္မေပ်ာက္သြားတတ္လို႔ပါ။

ေလယာဥ္စီးရတဲ့အခါ ၾကာတဲ့အခ်ိန္လည္းအေရးႀကီးပါတယ္။ လူငယ္ေတြအဖို႔ မသိသာေပမယ့္ လူႀကီးပိုင္းေတြ၊ ေသြးေၾကာပိတ္ႏိုင္ေျခမ်ားတဲ့လူေတြ (ဥပမာ ကိုယ္ဝန္သည္ေတြ၊ သေႏၶတားေဆး ေသာက္ေနတဲ့သူေတြ၊ ေသြးေၾကာဆိုင္ရာ ေရာဂါသည္ေတြ) ေလယာဥ္စီးတဲ့အခါ အရမ္းသတိထားရပါတယ္။ေလယာဥ္ေပၚမွာ ၾကာၾကာထိုင္ေနရေလ ေသြးေၾကာပိတ္တာေတြျဖစ္ဖို႔ အခြင့္မ်ားေလပါပဲ။ တခ်ိဳ႕လူနာေတြဆို ေလယာဥ္စီးဖို႔အတြက္ ဆရာဝန္နဲ႔ႀကိဳတင္ျပသၿပီး ေသခ်ာစစ္ေဆးထားဖို႔ လိုပါတယ္။ ေလယာဥ္ေပၚမွာထိုင္တဲ့အခါ ေျခေတြကို အၿမဲလႈပ္ရွားေပးေနရပါမယ္။ ေလယာဥ္ေပၚမွာလည္း ႏွစ္နာရီျခားေလာက္လည္း လမ္းထေလွ်ာက္ေပးပါ။ အေပါ့အပါး သြားေပးလို႔ ရပါတယ္။

တခ်ိဳ႕ေသာ ႏွလုံးေရာဂါသမားေတြ၊ အဆုတ္မေကာင္းတဲ့သူေတြ ေလယာဥ္စီးၿပီး ခရီးသြားဖို႔လိုတယ္ဆို ေရာဂါအေျခအေနနဲ႔ သက္ဆိုင္ရာဆရာဝန္ခြင့္ျပဳခ်က္နဲ႔မွ စီးလို႔ရပါတယ္။ ေရာဂါေတြကို ပိုၿပီးဆိုးႏိုင္ေစပါတယ္။ ႏွလုံးေသြးေၾကာပိတ္တာမွာ stent ထည့္တဲ့လူနာေတြ၊ pneumothorax လို႔ေခၚတဲ့အဆုတ္ျပင္ပအလႊာမွာ ေလဝင္ထားလို႔ ကုသမႈ ခံယူထားတဲ့လူနာေတြ အဓိကပါ။

ေနာက္တစ္ခုကေတာ့ ေလယာဥ္စီးၿပီး ခရီးသြားတယ္ဆိုရင္ အလုပ္ပဲျဖစ္ျဖစ္၊ အလည္ပဲျဖစ္ျဖစ္ စိတ္လည္း သက္ေတာင့္သက္သာ ျဖစ္ဖို႔လိုပါတယ္။ စိတ္ထဲ စိုးရိမ္ပူပန္စိတ္ေတြ မ်ားေနတယ္ဆိုရင္ မူးၿပီးအန္ေနတာေတြ ျဖစ္ႏိုင္ပါတယ္။ ကားစီးလို႔ မူးတတ္တယ္၊ အန္တတ္တယ္ဆိုရင္ေတာ့ ပိုသတိထားရမွာပါ။ေလယာဥ္ေမာင္ ေလယာဥ္မယ္ေတြလည္း ႀကိဳေျပာထားရပါမယ္။ ဒါမွ လိုအပ္တာေတြကို အသင့္ျပင္ထားေပးလို႔ရမွာပါ။

ေလယာဥ္ခရီးစီးတဲ့အခါ ပစၥည္းေတြလည္း သင့္ေတာ္သလိုပဲထည့္ပါ။ အတူေဆာင္တဲ့ပစၥည္းကို အတတ္ႏိုင္ဆုံးနည္းထားပါ။ မျဖစ္မေနပစၥည္းေလာက္ပဲ ထားပါ။ မဟုတ္ရင္ ပစၥည္းေတြ ၾကည့္ေနရတာနဲ႔ပဲ စိတ္ပူပန္တာေတြ ပစၥည္း သယ္ေဆာင္ေနရတာေတြေၾကာင့္ သက္ေတာင့္သက္သာမရွိဘဲ ျဖစ္ေနတတ္ပါတယ္။

Author : Dr. CST

 

Previous Post

အရိုးပွရောဂါနဲ့ အစားအသောက်

Next Post

မိန်းမကိုယ်အနံ့ဆိုး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
603

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မိန်းမကိုယ်အနံ့ဆိုး

ရင်သားကင်ဆာ

ကလေးဘယ်တော့မွေးမယ် ရက်တွက်မယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.