fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

လဘက်ရည်

250
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/10/2017
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Zawgyi)







Dr. CST

(Unicode)

မြန်မာဆိုတော့မြန်မာလဘက်ရည် ကြိုက်တာပေါ့ ဆိုတဲ့ ကြော်ငြာလိုပဲ မြန်မာလူမျိုးတွေမှာ ဟိုးရှေးအစဉ်အခါတည်းက လဘက်ရည်ကို စွဲစွဲမြဲမြဲသောက်တတ်ကြတယ် မိသားစုနဲ့ဖြစ်ဖြစ် မိတ်ဆွေအပေါင်းအသင်းနဲ့ဖြစ်ဖြစ် စကားစမြည်ပြောရင်း သောက်တတ်ကြတယ်။ မြန်မာမှာမှမဟုတ်ပါဘူး တစ်ကမ္ဘာလုံးမှာလည်း လဘက်ရည်သောက်တဲ့ အလေ့အထရှိကြပါတယ် နေ့လည်ခင်းနှစ်နာရီသုံးနာရီအချိန်တွေကိုတောင် tea time ရယ်ဆိုပြီး ပြောတတ်ကြပါတယ်။ အစည်းအဝေးတွေ work shop တွေ သင်တန်းတွေမှာလည်း tea time က မပါမဖြစ်ပါပဲ။

လဘက်ရည် လက်ဖက် ရေနွေးကြမ်း စတာတွေ အားလုံးက လက်ဖက်အရွက်နေ အဆင့်ဆင့် လုပ်ထားကြတာတွေပါ လက်ဖက်ရွက် ကောင်းတာပေါ်မူတည်ပြီး အရသာကွာပါတယ် လက်ဖက်ရွက်ကိုခူးပြီး အရသာကောင်းရဖို့ လိုသလို အဆင့်ဆင့်ပြုလုပ်ကြရပါတယ် ချိုချိုလေးလား ပြင်းပြင်းလေးလား စသဖြင့်ပါ။ မနက်စာစားတဲ့အခါ အိမ်မှာပဲဖြစ်ဖြစ် ဆိုင်မှာပဲဖြစ်ဖြစ် ထမင်းကြော်နဲ့တွဲစားတတ်သလို မုန့်တွေနဲ့လည်းတွဲစားလို့ရပါတယ် ဘာနဲ့ဖြစ်ဖြစ် တွဲစားလို့အဆင်ပြေတဲ့အထဲမှာပါပါတယ် နေ့လည်နေ့ခင်းဆိုလည်း ဘီစကစ် ပေါင်မုန့်စတာတွေနဲ့တွဲစားလို့ရပါတယ်။

နေရာဒေသလူမျိုးပေါ်မူတည်ပြီး လဘက်ရည်ကို အမျိုးမျိုးလုပ်သောက်ကြတယ် အိန္ဒိယလူမျိုးတွေမှာ လဘက်ရည်ကို ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်တတ်ကြတယ် အရှေ့အာရှတိုင်းသားတွေကတော့ လဘက်ရည်ထက် လဘက်ရည်ကြမ်းကို ပိုကြိုက်နှစ်သက်ကြတယ် မိတ်ရင်းဆွေရင်းတွေ တန်ဖိုးထားရတဲ့သူတွေ အချင်းချင်း လဘက်ရည်ကြမ်းတူတူသောက်တယ် လက်ဆောင်ပေးတတ်ကြတယ် တစ်ချို့တွေကျတော့ လဘက်ရည်နဲ့ သံပုရာကိုပေါင်းပြီး လီမွန်တီးသောက်တတ်ကြတယ်။

လဘက်ရည်က ကျန်းမာရေးနဲ့ ညီညွတ်သလား ကြည့်ရအောင်ပါ ဘယ်အရာမဆိုတန်ဆေးလွန်ဘေးပါပဲ ။ လဘက်ရည်က စိတ်ကိုလန်းဆန်းစေပါတယ် အိပ်ငိုက်ပြေစေတယ် ဗိုက်လည်းပြည့်စေပါတယ် လဘက်ရည်သောက်တဲ့အခါ သောက်တဲ့သူရဲ့အကြိုက်ပေါ်မူတည်ပြီး ချိုစိမ့်လား ကျစိမ့်လား ပေါ့စိမ့်လား ကွာတယ် နို့များများနဲ့သောက်ရင်တော့ အာဟာရဓာတ်ပိုရပါတယ်။ လဘက်ရည်က ဝမ်းလွယ်စေတဲ့အထဲမှာပါတယ် ဝမ်းပျက်တာမျိုးတော့မဟုတ်တာကြောင့် ဝမ်းချုပ်တဲ့သူတွေ သောက်ပေးလို့ရတယ်။

လီမွန်တီးသောက်တဲ့သူတွေဆို လဘက်ရည်မှာဖြစ်စေတဲ့အအီဓာတ်ကို လျှော့ချထားတာကြောင့် ခေါင်းမူးခေါင်းနောက်ဖြစ်တာတွေကို သက်သာစေပါတယ်။ တစ်ခုရှိတာကတော့ လဘက်ရည်က လေထိုးစေတတ်တဲ့ အစားအသောက်ထဲမှာ တစ်ခုအပါအဝင်ပါ ဒါကြောင့် လဘက်ရည်သောက်မယ်ဆို အဖတ်တစ်ခုခုနဲ့တော့တွဲစားတွဲသောက်ပေးတာကပိုသင့်တော်ပါတယ်။ လေထိုးတတ်တဲ့သူတွေသောက်မယ်ဆိုရင် လဘက်ရည်မပြင်းစေပါနဲ့ နို့များများနဲ့သောက်ပါ။ ကိုယ်ဝန်ဆောင်တွေရော လဘက်ရည်သောက်လို့ရလားလို့မေးတတ်ကြပါတယ်။ ကိုယ်ဝန်သည်တွေမှာ လေထိုးရင်အရမ်းခံရခက်ပါတယ် သောက်ဖြစ်တယ်ဆိုရင်လည်း နို့များများထည့်သောက်ပါ ခဏခဏတော့မသောက်ပါနဲ့။

အစာအိမ်ရောဂါအခံရှိတဲ့သူတွေ ရာသီလာရင်ကိုက်ခဲတတ်တဲ့သူတွေတော့ အောင့်နေတုန်းကိုက်ခဲနေတုန်း လဘက်ရည်မသောက်ပါနဲ့ လဘက်ရည်ကြမ်းမှသောက်တတ်တယ် ဆိုလည်း သောက်လို့ရပါတယ်။ မသောက်ခင်လေးမှာ လတ်လတ်ဆတ်ဆတ်လုပ်တာမျိုးတွေက ပိုပြီးသောက်လို့ကောင်းပါတယ်။ လဘက်ခြောက်လည်း အများကြီးမထည့်ဘဲ သင့်တော်ရုံပဲထည့်ပါ ဒါဆို ကျန်းမာရေးနဲ့လည်းညီညွတ်ပါတယ်။ လဘက်ရည်က သောက်တတ်ရင် ဆေးဖက်ဝင်ပါတယ် အရသာအမျိုးမျိုးကို လိုသလို လုပ်သောက်လို့ရပါတယ် တစ်နေ့တာရဲ့အချိန်လေးတွေမှာ လဘက်ရည်သောက်ရင်း ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ။

Dr. CST

 

Previous Post

သားသားမီးမီးတို့နွင့္ ကိုယ်လိမ်းပေါင်ဒါ အန္တရာယ်များ

Next Post

ကလေးတွေကို ဆူမှာလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
605

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးတွေကို ဆူမှာလား

အာထရာဆောင်းရိုက်မယ်ဆိုရင်

အရိုးအတက်ထွက်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.