fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အရပ်ရှည်စေလိုလျှင်

242
VIEWS
Share on FacebookShare on TwitterShare on Linkedin
01/09/2017
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Zawgyi)

လူတိုင္း ပုပုညက္ညက္ကေလးဆိုရင္ အျမင္အရ အထင္ေသးစရာ ျဖစ္ေနတယ္။ ဒါ့ေၾကာင့္ အရပ္ျမင့္ခ်င္ၾကတာျဖစ္တယ္။ တစ္ခုသိထားသင့္တာက မ်ိဳး႐ိုးက အရပ္ပုျပတ္တဲ့ မ်ိဳး႐ိုးဆိုရင္ ပုေနတယ္။ အကယ္၍ အစားအေသာက္နဲ႔ အေလ့အက်င့္ပါ ျပင္ယူမယ္ဆိုရင္ေတာ့ ထိုက္သင့္တဲ့အရပ္ ရွိေနမယ္။

(၁) ဘားတန္းခိုျခင္း
လူတိုင္းသိထားၿပီး တကယ္ထိေရာက္တဲ့ က်န္းမာေရး ေလ့က်င့္ခန္းပဲျဖစ္တယ္။ ေလ့က်င့္ဖို႔ အသုံးျပဳမယ့္ဘားတန္းက လက္ဆန႔္တန္းခိုထားတဲ့ေနာက္မွာ ကိုယ့္အရပ္လြတ္တဲ့ အျမင့္မ်ိဳးျဖစ္ရင္ အေကာင္းဆုံးပဲ။ ေလ့က်င့္မယ့္ဘားတန္းမွာ ကိုယ့္အရပ္နဲ႔လြတ္ေလာက္ေအာင္ မျမင့္ဘူးဆိုရင္ ဒူးႏွစ္ဖက္ေကြးၿပီး ေလ့က်င့္တာမ်ိဳး လုပ္ႏိုင္တယ္။ ဘားတန္းခိုတဲ့အခ်ိန္မွာ လက္ေတြမွာ အားထည့္ၿပီး ခႏၶာကိုယ္တစ္ခုလုံးကို ေျဖေလွ်ာ့ထားႏိုင္သမွ် ေျဖေလွ်ာ့ၿပီးလုပ္ဖို႔လိုမယ္။ ကိုယ္သက္လုံရရင္ရသေလာက္ ငါးႀကိမ္ကေန အႀကိမ္ (၂၀)အထိ တစ္ရက္ (၃)ႀကိမ္ လုပ္ေပးသင့္ပါတယ္။

(၂) ကုန္းေပၚမွာ ေရကူးျခင္း
တကယ္တန္းေျပာရရင္ ေရကူးတာ အရပ္ရွည္ေစတယ္။ ေရကူးကန္မရွိေတာ့ ကုန္းေပၚမွာ ၾကမ္းျပင္မွာ ေမွာက္လ်က္ အေနအထားနဲ႔ လွဲေနၿပီး၊ လက္ႏွစ္ဖက္ကို ခႏၶာကိုယ္ေဘးတစ္ဖက္တစ္ခ်က္မွာ တန္းတန္းခ်ထားကာ ဘယ္ဘက္လက္ကို ဆန႔္ႏိုင္သမွ်ဆန႔္ၿပီး ေခါင္းေရွ႕ကိုခ်ရမယ္။ တစ္ၿပိဳင္တည္းမွာပဲ ဘယ္ဘက္ေျခေထာက္ကို ေျမႇာက္ကာ အနည္းဆုံး (၄)စကၠန႔္ေနႏိုင္ရမယ္။ ေနာက္ပိုင္းမွာ စကၠန႔္ (၂၀)ထိေနႏိုင္ကာ ေလ့က်င့္သြားရမယ္။ ဘယ္ဘက္ၿပီးရင္ ညာဘက္ကိုလည္း လုပ္သင့္တယ္။ တစ္ခါလုပ္ရင္ ဘယ္ညာအနည္းဆုံး (၃)ႀကိမ္လုပ္ေပးသင့္ပါတယ္။

(၃) တင္ပါးဆုံး ပင့္ေျမႇာက္ျခင္း
သည္ေလ့က်င့္ခန္းက ႐ိုး႐ိုးရွင္းရွင္းနဲ႔ ထိေရာက္တဲ့နည္းလမ္းျဖစ္တယ္။ ၾကမ္းျပင္မွာ ပက္လက္လဲေလ်ာင္းေနၿပီး ဒူးကိုေျမႇာက္ ေျခေထာက္ႏွစ္ဖက္ကို တင္ပါးနဲ႔ ကပ္ႏိုင္သမွ် ကပ္ရမယ္။ အဲဒီေနာက္ တင္ပါးဆုံကို ပင့္ေျမႇာက္ရမယ္။ ယင္းအေနအထားနဲ႔ စကၠန႔္ (၂၀)ကေန (၃၀)ေလာက္ၾကာေအာင္ ေနႏိုင္ဖို႔ ႀကိဳးစားသင့္တယ္။ တစ္ခါေလ့က်င့္ရင္ (၃)ႀကိမ္ေလာက္ ေလ့က်င့္သင့္ပါတယ္။
တင္ပါးဆုံပါေအာင္ ေျခေထာက္အေကြးအဆန႔္ လုပ္ေပးရင္လည္း ရပါတယ္။ ၾကမ္းျပင္မွာ လဲေလ်ာင္းေနၿပီး ေျခေထာက္ကို ေကြးကာ၊ ဆန႔္ထုတ္တဲ့ သင္ခန္းစာကို ေန႔စဥ္အႀကိမ္ (၂၀)လုပ္ေပးျခင္းက အရပ္ျမင့္တက္လာမွန္း သိသာမွာျဖစ္ပါတယ္။ ေန႔စဥ္လုပ္ဖို႔ေတာ့ လိုပါလိမ့္မယ္။ အေလ့အက်င့္ လုပ္ပါမ်ားရင္ ခက္ခက္ခဲခဲလုပ္စရာ မလိုေတာ့ဘူး။

(၄) ေႁမြေဟာက္ပါးပ်ဥ္ေထာင္ျခင္း
ေယာဂေလ့က်င့္ခန္းတစ္မ်ိဳးျဖစ္ပါတယ္။ ခႏၶာကိုယ္ ေမွာက္ရက္ အေနအထားနဲ႔လွဲေနၿပီး၊ ပုခုံးေအာက္နားမွာ လက္ဖဝါးေမွာက္လ်က္ အေနအထားနဲ႔ စတင္ရမယ္။ လက္ႏွစ္ဖက္ကို အားျပဳၿပီး ခါးအထက္ပိုင္း ခႏၶာကိုယ္ကို ျဖည္းျဖည္းခ်င္း ေျမႇာက္ရမယ္။ ေျမႇာက္ႏိုင္သမွ် အျမင့္ဆုံးအေျခအေနမွာ (၅)စကၠန႔္ကေန၊ စကၠန႔္ (၃၀)ထိ ေနႏိုင္ဖို႔ ႀကိဳးစားသင့္ပါတယ္။ ယင္းေလ့က်င့္ခန္းက ခါးကို ဆန႔္တန္းေစၿပီး ရွိရင္းစြဲအရပ္ထက္ ပိုျမင့္ေစတယ္။

(၅) ေျခေျမႇာက္၊ လက္ေျမႇာက္ေလ့က်င့္ခန္း
ေျခေျမႇာက္ လက္ေျမႇာက္ေလ့က်င့္ခန္းက လုပ္ရတာလြယ္ၿပီး ဘယ္ေနရာမွာမဆို လုပ္ဖို႔အဆင္ေျပပါတယ္။ မတ္တပ္ရပ္အေနအထား ဘယ္ဖက္ဒူးကို ေျမႇာက္လိုက္တဲ့အခ်ိန္မွာ ညာဘက္တံေတာင္နဲ႔ ဒူးကိုထိကာ တစ္ခ်ိန္တည္းမွာပါ ဘယ္လက္ကိုလည္း ဆန႔္ေျမႇာက္လိုက္ရမွာျဖစ္တယ္။ သည္ေလ့က်င့္ခန္းကို အႀကိမ္အေရအတြက္မ်ားမ်ား လုပ္ေပးဖို႔လိုပါတယ္။
ဒါဟာ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈအတြက္ အေထာက္အကူျဖစ္ၿပီး ေျခလက္ေတြဆန႔္ထြက္ေစကာ ေဟာ္မုန္းကို အားေကာင္းေအာင္လည္း အကူအညီေပးႏိုင္ပါတယ္။

(၆) အရပ္ရွည္ခ်င္ရင္ ေရကူးပါ
ေရကန္ပဲျဖစ္ျဖစ္၊ စီးဆင္းေနတဲ့ေခ်ာင္း၊ ေျမာင္းပဲျဖစ္ျဖစ္ ေရကူးသင့္ပါတယ္။ ေရသန႔္ဖို႔ေတာ့လိုပါတယ္။ ေရမၾကာခဏလဲေပးတဲ့ကန္ ျဖစ္သင့္တယ္။ ဒါမွ ႂကြက္ေသးကတစ္ဆင့္ ကူးႏိုင္တဲ့ လက္ပတိုစပိုင္လိုးစစ္ (Leptospirosis) အသားဝါ အသည္းေရာင္ေရာဂါ ကာကြယ္ႏိုင္မွာျဖစ္တယ္။ ေရဆန္ကိုကူးျခင္းက ကိုယ္၊ လက္၊ တင္ပါး၊ လည္ပင္း၊ ေခါင္းအလိုက္သင့္ဆန႔္ထုတ္ကာ ကူးရတာျဖစ္လို႔ အရပ္ျမင့္ဖို႔ ရည္႐ြယ္ထားတဲ့ အ႐ိုး၊ ႂကြက္သား၊ အဆစ္အျမစ္မ်ား ရွည္ထြက္ေစတယ္။ သည္ထက္ေျပာရရင္ သက္လုံေကာင္းၿပီး အေမာခံႏိုင္ကာ အလွလည္းတိုးၿပီး က်န္းမာေရးနဲ႔ ျပည့္စုံေစပါတယ္။ ေန႔စဥ္ တစ္နာရီေလာက္ ေရကူးေပးႏိုင္ရင္ ခႏၶာကိုယ္အေလးခ်ိန္ အခ်ိဳးအဆ သာမန္ (၁၈ ဒႆမ ၉)မွ (၂၄ ဒႆမ ၉)အတြင္း ထိန္းထားႏိုင္မယ့္အျပင္ အရပ္လည္း ရွည္ထြက္ေစမွာ ျဖစ္ပါတယ္။

Author: Dr.သက္လြင္, Healthcare Journal, vol 8,no 31 (18.8.17)

(Unicode)

လူတိုင်း ပုပုညက်ညက်ကလေးဆိုရင် အမြင်အရ အထင်သေးစရာ ဖြစ်နေတယ်။ ဒါ့ကြောင့် အရပ်မြင့်ချင်ကြတာဖြစ်တယ်။ တစ်ခုသိထားသင့်တာက မျိုးရိုးက အရပ်ပုပြတ်တဲ့ မျိုးရိုးဆိုရင် ပုနေတယ်။ အကယ်၍ အစားအသောက်နဲ့ အလေ့အကျင့်ပါ ပြင်ယူမယ်ဆိုရင်တော့ ထိုက်သင့်တဲ့အရပ် ရှိနေမယ်။

(၁) ဘားတန်းခိုခြင်း
လူတိုင်းသိထားပြီး တကယ်ထိရောက်တဲ့ ကျန်းမာရေး လေ့ကျင့်ခန်းပဲဖြစ်တယ်။ လေ့ကျင့်ဖို့ အသုံးပြုမယ့်ဘားတန်းက လက်ဆန့်တန်းခိုထားတဲ့နောက်မှာ ကိုယ့်အရပ်လွတ်တဲ့ အမြင့်မျိုးဖြစ်ရင် အကောင်းဆုံးပဲ။ လေ့ကျင့်မယ့်ဘားတန်းမှာ ကိုယ့်အရပ်နဲ့လွတ်လောက်အောင် မမြင့်ဘူးဆိုရင် ဒူးနှစ်ဖက်ကွေးပြီး လေ့ကျင့်တာမျိုး လုပ်နိုင်တယ်။ ဘားတန်းခိုတဲ့အချိန်မှာ လက်တွေမှာ အားထည့်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဖြေလျှော့ထားနိုင်သမျှ ဖြေလျှော့ပြီးလုပ်ဖို့လိုမယ်။ ကိုယ်သက်လုံရရင်ရသလောက် ငါးကြိမ်ကနေ အကြိမ် (၂၀)အထိ တစ်ရက် (၃)ကြိမ် လုပ်ပေးသင့်ပါတယ်။

(၂) ကုန်းပေါ်မှာ ရေကူးခြင်း
တကယ်တန်းပြောရရင် ရေကူးတာ အရပ်ရှည်စေတယ်။ ရေကူးကန်မရှိတော့ ကုန်းပေါ်မှာ ကြမ်းပြင်မှာ မှောက်လျက် အနေအထားနဲ့ လှဲနေပြီး၊ လက်နှစ်ဖက်ကို ခန္ဓာကိုယ်ဘေးတစ်ဖက်တစ်ချက်မှာ တန်းတန်းချထားကာ ဘယ်ဘက်လက်ကို ဆန့်နိုင်သမျှဆန့်ပြီး ခေါင်းရှေ့ကိုချရမယ်။ တစ်ပြိုင်တည်းမှာပဲ ဘယ်ဘက်ခြေထောက်ကို မြှောက်ကာ အနည်းဆုံး (၄)စက္ကန့်နေနိုင်ရမယ်။ နောက်ပိုင်းမှာ စက္ကန့် (၂၀)ထိနေနိုင်ကာ လေ့ကျင့်သွားရမယ်။ ဘယ်ဘက်ပြီးရင် ညာဘက်ကိုလည်း လုပ်သင့်တယ်။ တစ်ခါလုပ်ရင် ဘယ်ညာအနည်းဆုံး (၃)ကြိမ်လုပ်ပေးသင့်ပါတယ်။

(၃) တင်ပါးဆုံး ပင့်မြှောက်ခြင်း
သည်လေ့ကျင့်ခန်းက ရိုးရိုးရှင်းရှင်းနဲ့ ထိရောက်တဲ့နည်းလမ်းဖြစ်တယ်။ ကြမ်းပြင်မှာ ပက်လက်လဲလျောင်းနေပြီး ဒူးကိုမြှောက် ခြေထောက်နှစ်ဖက်ကို တင်ပါးနဲ့ ကပ်နိုင်သမျှ ကပ်ရမယ်။ အဲဒီနောက် တင်ပါးဆုံကို ပင့်မြှောက်ရမယ်။ ယင်းအနေအထားနဲ့ စက္ကန့် (၂၀)ကနေ (၃၀)လောက်ကြာအောင် နေနိုင်ဖို့ ကြိုးစားသင့်တယ်။ တစ်ခါလေ့ကျင့်ရင် (၃)ကြိမ်လောက် လေ့ကျင့်သင့်ပါတယ်။
တင်ပါးဆုံပါအောင် ခြေထောက်အကွေးအဆန့် လုပ်ပေးရင်လည်း ရပါတယ်။ ကြမ်းပြင်မှာ လဲလျောင်းနေပြီး ခြေထောက်ကို ကွေးကာ၊ ဆန့်ထုတ်တဲ့ သင်ခန်းစာကို နေ့စဉ်အကြိမ် (၂၀)လုပ်ပေးခြင်းက အရပ်မြင့်တက်လာမှန်း သိသာမှာဖြစ်ပါတယ်။ နေ့စဉ်လုပ်ဖို့တော့ လိုပါလိမ့်မယ်။ အလေ့အကျင့် လုပ်ပါများရင် ခက်ခက်ခဲခဲလုပ်စရာ မလိုတော့ဘူး။

(၄) မြွေဟောက်ပါးပျဉ်ထောင်ခြင်း
ယောဂလေ့ကျင့်ခန်းတစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ် မှောက်ရက် အနေအထားနဲ့လှဲနေပြီး၊ ပုခုံးအောက်နားမှာ လက်ဖဝါးမှောက်လျက် အနေအထားနဲ့ စတင်ရမယ်။ လက်နှစ်ဖက်ကို အားပြုပြီး ခါးအထက်ပိုင်း ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း မြှောက်ရမယ်။ မြှောက်နိုင်သမျှ အမြင့်ဆုံးအခြေအနေမှာ (၅)စက္ကန့်ကနေ၊ စက္ကန့် (၃၀)ထိ နေနိုင်ဖို့ ကြိုးစားသင့်ပါတယ်။ ယင်းလေ့ကျင့်ခန်းက ခါးကို ဆန့်တန်းစေပြီး ရှိရင်းစွဲအရပ်ထက် ပိုမြင့်စေတယ်။

(၅) ခြေမြှောက်၊ လက်မြှောက်လေ့ကျင့်ခန်း
ခြေမြှောက် လက်မြှောက်လေ့ကျင့်ခန်းက လုပ်ရတာလွယ်ပြီး ဘယ်နေရာမှာမဆို လုပ်ဖို့အဆင်ပြေပါတယ်။ မတ်တပ်ရပ်အနေအထား ဘယ်ဖက်ဒူးကို မြှောက်လိုက်တဲ့အချိန်မှာ ညာဘက်တံတောင်နဲ့ ဒူးကိုထိကာ တစ်ချိန်တည်းမှာပါ ဘယ်လက်ကိုလည်း ဆန့်မြှောက်လိုက်ရမှာဖြစ်တယ်။ သည်လေ့ကျင့်ခန်းကို အကြိမ်အရေအတွက်များများ လုပ်ပေးဖို့လိုပါတယ်။
ဒါဟာ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်ပြီး ခြေလက်တွေဆန့်ထွက်စေကာ ဟော်မုန်းကို အားကောင်းအောင်လည်း အကူအညီပေးနိုင်ပါတယ်။

(၆) အရပ်ရှည်ချင်ရင် ရေကူးပါ
ရေကန်ပဲဖြစ်ဖြစ်၊ စီးဆင်းနေတဲ့ချောင်း၊ မြောင်းပဲဖြစ်ဖြစ် ရေကူးသင့်ပါတယ်။ ရေသန့်ဖို့တော့လိုပါတယ်။ ရေမကြာခဏလဲပေးတဲ့ကန် ဖြစ်သင့်တယ်။ ဒါမှ ကြွက်သေးကတစ်ဆင့် ကူးနိုင်တဲ့ လက်ပတိုစပိုင်လိုးစစ် (Leptospirosis) အသားဝါ အသည်းရောင်ရောဂါ ကာကွယ်နိုင်မှာဖြစ်တယ်။

ရေဆန်ကိုကူးခြင်းက ကိုယ်၊ လက်၊ တင်ပါး၊ လည်ပင်း၊ ခေါင်းအလိုက်သင့်ဆန့်ထုတ်ကာ ကူးရတာဖြစ်လို့ အရပ်မြင့်ဖို့ ရည်ရွယ်ထားတဲ့ အရိုး၊ ကြွက်သား၊ အဆစ်အမြစ်များ ရှည်ထွက်စေတယ်။ သည်ထက်ပြောရရင် သက်လုံကောင်းပြီး အမောခံနိုင်ကာ အလှလည်းတိုးပြီး ကျန်းမာရေးနဲ့ ပြည့်စုံစေပါတယ်။ နေ့စဉ် တစ်နာရီလောက် ရေကူးပေးနိုင်ရင် ခန္ဓာကိုယ်အလေးချိန် အချိုးအဆ သာမန် (၁၈ ဒဿမ ၉)မှ (၂၄ ဒဿမ ၉)အတွင်း ထိန်းထားနိုင်မယ့်အပြင် အရပ်လည်း ရှည်ထွက်စေမှာ ဖြစ်ပါတယ်။

Author: Dr.သက်လွင်, Healthcare Journal, vol 8,no 31 (18.8.17)

Previous Post

အသားအရေ ထိခိုက်ပျက်စီးလွယ်သူတွေ သတိထားဖို့

Next Post

ရေယုန် မကြာခဏပေါက်တဲ့ အကြောင်းရင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
603

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရေယုန် မကြာခဏပေါက်တဲ့ အကြောင်းရင်း

စိတ်ဓာတ်ကျခြင်းနဲ့ အစားအသောက်

ရောဂါနှင့်ဆေးမကိုက်ညီပါက နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်တဲ့ သွေးလေးဖက်နာ 

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.