ဇီဝကတို့ ခန္ဓာကိုယ်မှာ အရိုးဟာ အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်ပါတယ်။ ထိုအရိုးတွေကို ထုံးဓာတ် Calcium နဲ့ မီးစုန်းဓာတ် Phosphorus တို့နဲ့ အဓိက ဖွဲ့စည်းထားတယ်။ အရိုးဖြစ်ထွန်းမှုကို ပါရာသိုင်းရွိုက် ဟော်မုန်းတွေနဲ့ ဗိုက်တာမင်ဒီ တို့က ထိန်းညှိပေးတယ်။ ဒါ့အပြင် လိင်ဟော်မုန်းတွေဖြစ်တဲ့ တက်တို
စတီးရုန်း testosterone နဲ့ အီစထရိုဂျင် estrogen တို့ကလည်း ထုံးဓာတ် စုပ်ယူရာမှာ ပါဝင် လုပ်ဆောင်ပေးကြပါတယ် ။
အသက် ၃၀ မပြည့်ခင်မှာ ထုံးဓာတ် ၂၀ ရာခိုင်နှုန်းခန့် နှစ်စဉ် အစားထိုးဖြစ်ထွန်းပါတယ်။ ဒါပေမယ့် အသက် ၃၀ကျော်သွားရင်တော့ အရိုးအဆစ်တွေ
သိပ်မဖြစ်ထွန်းတော့ဘဲ ထုံးဓာတ်စုပ်ယူမှုလည်း အားနည်းလာပါတယ်။ အသက်ကြီးလာတာနဲ့ အမျှ တစ်နှစ်လျှင် အရိုးပမာဏ ၁ရာခိုင်နှုန်းခန့် ဆုံးရှုံးတတ်ပါတယ် ။
ထိုကဲ့သို့ အသက်ကြီးလာတာနဲ့ အမျှ အရိုးတွေ ပါးလာ ၊ ပွလာ ၊ ကြွပ်ဆတ်လာတာကို အရိုးပွ ရောဂါလို့ ခေါ်ပါတယ်။ အရိုးပွ ရောဂါအတွက် ကုထုံးနည်းတွေ အမျိုးမျိုး ရှိပါတယ်။ အရိုးပွ ရောဂါ မဖြစ်အောင် ဘယ်လို စားသောက်ရမလဲ ဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးပေးပါ့မယ် ။
ထုံးဓာတ် Calcium ဟာ အရိုးဖြစ်ထွန်းဖို့ အဓိက လိုအပ်ပါတယ်။ ထုံးဓာတ် အကြွယ်ဝဆုံးကတော့ နို့နဲ့ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ဒိန်ခဲ ၊ဒိန်ချဉ် တွေ
ပဲဖြစ်တယ်။ ဒါ့အပြင် အစိမ်းရောင်ရှိတဲ့ ဟင်းသီး ဟင်းရွက်များ ၊ပဲပိစပ် နဲ့ ငါးတို့ကို စားသုံးရင်လည်း ထုံးဓာတ် ရရှိပါတယ်။ ဒါ့ကြောင့် အရိုးပွခြင်းမဖြစ်အောင် ထုံးဓာတ်ကြွယ်ဝတဲ့ အစားအသောက်များကို စားသုံးပါ ။
ထုံးဓာတ်ဖြစ်ထွန်းဖို့ရာ နေရောင်က ရတဲ့ ဗိုက်တာမင်ဒီ ဓာတ်လည်း လိုအပ်ပါသေးတယ်။ ထုံးဓာတ် စုပ်ယူရာတွင် ဗိုက်တာမင်စီ နဲ့ သွပ်ဓာတ်တို့လည်း လိုအပ်ပါသေးတယ်။ ဗိုက်တာမင်စီကို အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ရှောက်နဲ့ သံပရာမျိုးရင်းဝင် အသီးတွေမှ ရရှိနိုင်ပါတယ်။ သွပ်ဓာတ်ကို
တော့ ကြက်သား ၊ မှို ၊ နာနတ်သီး ၊ သစ်တော်သီး ၊ ချယ်ရီသီး ၊ စွန်ပလွန်သီး ၊ ထောပတ် စတာတွေမှာ ပေါကြွယ်ဝပါတယ် ။
ဟင်းသီးဟင်းရွက်များများစားတဲ့သူတွေမှာ အရိုးပွ ရောဂါဖြစ်နိုင်ခြေ နည်းပါမယ်။ အထက်ပါ ထုံးဓာတ် ၊ ဗိုက်တာမင်စီဓာတ်တို့ ရတာအပြင် ဖိုက်တို
အီစထရိုဂျင် phytoestrogen လို့ခေါ်တဲ့ ဟော်မုန်းဓာတ် တစ်မျိုးလည်း ရပါသေးတယ် ။ အဆိုပါ ဖိုက်တို အီစထရိုဂျင်ဟာ သွေးမဆုံးခင် အရိုးပါးလွှာမှု မဖြစ်အောင်ကာကွယ်ပေးတဲ့ အီစထရိုဂျင် ဟော်မုန်းနဲ့လည်း စပ်ဆိုင်မှု ရှိပါတယ် ။ အဆိုပါ ဖိုက်တို အီစထရိုဂျင်ဟာ ပဲခြောက် ၊ပဲပိစပ် ၊တို့ဟူးတို့မှာလည်း ပါရှိပါသေးတယ် ။
အသားဓာတ်တွေဟာ ထုံးဓာတ်စုပ်ယူမှုမှာ ဟန့်တားနိုင်ပါတယ် ။ ထုံးဓာတ်စုပ်ယူမှုကို ဟန့်တားပေးသော တခြားအစားအစာတွေမှာ ကဖင်း ၊ သကြား ၊သကြားဓာတ်ပါသော အစားအသောက်များ ၊ အဆီပါဝင်သော အစားအသောက်တို့ပဲ ဖြစ်ပါတယ်။
သတိတစ်ခု ဆင်ခြင်ပြုကာ ၊အစာကို ဆေးသဖွယ် ဂရုပြု စားသောက်တတ်ကြပါစေ ……………………….
Author : ခေတ်သစ် ဇီဝက