fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ရောဂါနှစ်ထပ်ကွမ်း

59
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/09/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

လူတိုင္းသည္ ခႏၶာရလာၿပီးသည္ႏွင့္ ေရာဂါရလာစၿမဲပင္ျဖစ္ပါသည္။ လူ၏ ကိုယ္ခႏၶာတြင္ ပတ္သက္ ဆက္ႏြယ္လႈပ္ရွားမႈမ်ားျဖင့္ တည္ေဆာက္ထားေလရာ ေရာဂါတစ္ခု ခံစားရၿပီဆိုသည္ႏွင့္ ေနာက္ဆက္တြဲ ေရာဂါမ်ိဳးစုံလည္း ျဖစ္လာရျခင္းမွာ ဓမၼတာတစ္ခုပင္ျဖစ္ပါသည္။ ထို႔နည္းတူစြာပင္ ယေန႔တစ္ကမာၻလုံးတြင္ ကူးစက္ပ်ံ႕ႏွံ႔ၿပီးသားျဖစ္ေသာ HIV ပိုးသည္လည္း ျမန္မာႏိုင္ငံသားမ်ားထံ ကူးစက္ၿပီးျဖစ္ပါသည္။ လာေရာက္ကုသခံယူသူမ်ား၏ စစ္တမ္းမ်ား      ေကာက္ယူရရွိမႈအရသာ ကူးစက္ခံရသူ မည္မွ်ရွိသည္ကို ေဖာ္ျပေနၾကေသာ္လည္း စာရင္းမဝင္သူမ်ားစြာလည္း ရွိေနၾကပါသည္။

ကြၽန္ေတာ္သည္ HIV ပိုးရွိသူမ်ားကို ရန္ကုန္တြင္ ေဆးေပးေဝျခင္းလုပ္ငန္းသုံးႏွစ္ခန႔္ လုပ္ကိုင္ခဲ့သူအျမင္ႏွင့္ စာေပေရးသားျခင္းမ်ားေၾကာင့္ HIVပိုးရွိသူမ်ား၏ လက္ရွိခံစားရမႈအေထြေထြကို ပိုမိုသိရွိခြင့္ရလာပါသည္။ မိမိကိုယ္တိုင္မွလည္း HIV ၏ ႐ိုက္ခတ္မႈမ်ိဳးစုံကို ခံစားရၿပီး ျဖစ္သလို ေနာက္ထပ္ခံစားေနရသည့္ ဘဝတူမ်ား၏ အေျခအေနမွန္မ်ားႏွင့္ လိုအပ္ခ်က္မ်ားကို တတ္ႏိုင္သမွ် ျဖည့္စြမ္းေပးေနႏိုင္ျခင္းသည္လည္း မည္သူမွ် တိုက္တြန္းမႈမဟုတ္ဘဲ မိမိ၏   ကိုယ္ပိုင္ခံယူခ်က္ျဖင့္ ေဆာင္႐ြက္ေနျခင္းလည္း ျဖစ္ပသည္။ ဤသို႔ HIVပိုး ကူးစက္ခံရသူမ်ားထဲတြင္မွ ေနာက္ဆက္တြဲ အသဲေရာင္ ဘီပိုးႏွင့္ စီပိုးတို႔ပါတြဲ၍ ေရာဂါႏွစ္ထပ္ကြမ္း ခံစားေနရသူမ်ား၏ ဘဝအေထြေထြႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈခံယူပုံ အဆင့္ဆင့္မ်ားကိုပါ ေလ့လာမွတ္သားခြင့္ရေနပါသည္။

မၾကာေသးမီကာလမွပင္ ကြၽန္ေတာ္၏ အဖြဲ႕မွ ART ေဆးတိုက္ေကြၽးထားေသာ အမ်ိဳးသမီးေလး ကြယ္လြန္သြားေၾကာင္း သိရွိလာရသျဖင့္ သူ႔ဘဝကို    အေသးစိတ္ သိရွိထားသူတစ္ဦးအေနျဖင့္ ေနာက္လူမ်ားကို ကုသမႈပုံစံက်ေစရန္ ဤသို႔ ေရးသားရျခင္းပင္ျဖစ္ပါသည္။ လြန္ခဲ့သည့္ ေလးႏွစ္ေက်ာ္ကာလ တုန္းက ထိုမိန္းကေလးသည္ ခင္ပြန္းသည္ HIVေၾကာင့္ ကြယ္လြန္သြားခဲ့ၿပီး သမီးေလးတစ္ေယာက္ က်န္ခဲ့ရွာပါသည္။ သို႔ေသာ္ ကံေကာင္းေထာက္မ   သျဖင့္ သူမတြင္ HIV ပိုးကူးစက္ခံခဲ့ရေသာ္လည္း သူမ၏သမီးေလးသည္ HIV စက္ကြင္းမွ လြတ္ခဲ့ရေလသည္။ သို႔ေသာ္ သူမထံတြင္ အသဲေရာင္ စီပိုးရွိ   ေနသျဖင့္ HIV ေရာ၊ စီပိုးပါ ေရာဂါႏွစ္ထပ္ကြမ္း ခံစားေနရသူအျဖစ္ႏွင့္ စတင္သိရွိခြင့္ရခဲ့ပါသည္။ ထိုစဥ္အခ်ိန္က ART ေဆးဝါးမ်ား အခမဲ့ ရရွိမႈ ခက္ခဲေန   ေသးရာ သူမအတြက္ ေသာကအပူမီး ေတာက္ေနခ်ိန္လည္း ျဖစ္ပါသည္။

ထို႔အတြက္ေၾကာင့္ ကြၽန္ေတာ္၏အဖြဲ႕မွ ARTေဆးသာ ေပးေဝကုသႏိုင္သျဖင့္ အသဲေရာင္စီပိုးကို ကုသေပးေသာအထူးကု သမားေတာ္ႀကီးႏွင့္ ျပသၿပီး ကုသမႈခံယူေစရပါသည္။ ထိုစဥ္အခါက အသဲေရာဂါအထူးကုမ်ားထဲတြင္ ထိုအသဲကုဆရာဝန္ႀကီးမွာ HIV ပိုးရွိေနၿပီး အသဲေရာင္ ဘီပိုးစီပိုးရွိသူမ်ားကိုပါ ကုသေပးမႈစနစ္ကို ကြၽမ္းက်င္သည့္ ဆရာဝန္ႀကီးပင္ျဖစ္ပါသည္။ ထိုစဥ္က သူမကို တိုက္ေႂကြးရမည့္ ART ေဆးမ်ားထဲတြင္ စီပိုးပါရွိေနသူမ်ားအတြက္ တိုက္သင့္သည့္ ART ေဆးတစ္မ်ိဳးသည္ ျမန္မာႏိုင္ငံသို႔ဝင္ေရာက္ခါစ ျဖစ္ၿပီး ခက္ခဲသည့္ေဆးဝါးတစ္မ်ိဳး ျဖစ္ေနပါသည္။ သို႔ေသာ္ ထိုဆရာဝန္ႀကီး၏ေမတၱာရပ္ခံခ်က္ေၾကာင့္ ထို မိန္းကေလး ထိုေဆးကိုေသာက္ခြင့္ရခဲ့ပါသည္။

သို႔အတြက္ေၾကာင့္ သူမ၏က်န္းမာေရးဆိုး႐ြားမႈသည္ တစ္ခဏျခင္းပင္ျပန္လည္ နလန္ထူလာၿပီး ပုံမွန္အေျခအေနသို႔ ေရာက္လာခဲ့ပါေတာ့သည္။ သို႔ေသာ္ HIV ပိုးရွိသူတိုင္း ႀကဳံေတြ႕ ရစၿမဲျဖစ္သည့္ လူမႈဒုကၡမ်ိဳးစုံကို ခံစားရမႈမ်ား ရွိေနၿပီးသူမ၏ သမီးေလးအတြက္ ရသည့္နည္းျဖင့္ ေျဖရွင္းကာ ဘဝရပ္တည္မႈျပဳ   ေနရပါသည္။ ထိုသို႔ဘဝဒဏ္ကို ႀကံ့ႀကံ့ခံရင္ဆိုင္လွ်က္ တစ္ပါးသူမ်ားကို ကူညီမႈမ်ား ျပန္လည္ေပးစြမ္းႏိုင္သည့္ အဆင့္ထိ တိုးတက္မႈ ရွိလာပါေတာ့သည္။ ထို႔ေနာက္ပိုင္းတြင္ ကြၽန္ေတာ္၏ ART ေပးျခင္းလုပ္ငန္းမ်ားကို ရပ္နားခဲ့ၿပီး သူမကိုလည္း ART အခမဲ့ေပးသည့္ ေဆးခန္းမ်ားသို႔ ဂ႐ုတစိုက္အပ္ႏွံထားၿပီး     ေနာက္ပိုင္း ကြၽန္ေတာ္ႏွင့္ အထိအေတြ႕နည္းပါးသြားခဲ့ပါသည္။ ဤကဲ့သို႔ ႏွစ္ႏွစ္ေက်ာ္ၾကာၿပီးသည့္ ေနာက္ပိုင္း မၾကာေသးခင္အခ်ိန္က တပည့္တစ္ဦး သတင္းေပးမႈေၾကာင့္ သူမသည္ အသဲေရာဂါျဖင့္ ကြယ္လြန္သြားၿပီျဖစ္ေၾကာင္း သိရွိလာရသည့္အတြက္ စိတ္မေကာင္းမႈလည္း ျဖစ္ခဲ့ရပါသည္။

သူမ၏ အေၾကာင္းစုံကို စုံစမ္းၾကည့္ရာတြင္လည္း လူမႈဒုကၡမ်ိဳးစုံကို ခံစားရလွ်က္ မိသားစု၏ ခြဲျခားဆက္ဆံမႈခံေနျခင္းမ်ား ေနာက္ပိုင္းတြင္ အသဲအထူးကု ဆရာဝန္ႀကီးႏွင့္ ပုံမွန္ျပသစစ္ေဆးခံယူျခင္းမ်ား ပ်က္ကြက္ခဲ့သည္ကိုလည္း သိရွိလာခဲ့ရပါသည္။ သူမ၏ အျဖစ္အပ်က္ကို အေျခခံၿပီး ေရာဂါႏွစ္ထပ္ကြမ္းသမားမ်ား ျဖစ္ၾကသည့္ HIV ပိုးလည္းရွိ ဘီပိုးစီပိုးႏွင့္ပါတြဲလွ်က္ ျဖစ္ေနသူမ်ားအဖို႔ ဆရာဝန္ႏွစ္ဦးႏွင့္ ပူးတြဲျပသၿပီး ကုသမႈခံယူသင့္ေၾကာင္းကိုပါ အသိေပးလိုပါသည္။ အေၾကာင္းအရင္းခံမွာလည္း HIV အထူးကု တိုင္းသည္လည္း အသဲေရာဂါကို သာမန္မွ်သာ ကြၽမ္းက်င္မည္သာျဖစ္ၿပီး အသဲအထူးကု ဆရာဝန္မ်ားသည္လည္း HIV ကုထုံးကို ေယဘူယ်မွ်သာ တတ္ကြၽမ္းႏိုင္မည္သာျဖစ္ပါသည္။

ထို႔အတြက္ေၾကာင့္ ဆရာဝန္တိုင္းသည္လည္း ကြၽမ္းက်င္ရာ လိမၼာျဖစ္တတ္သလို မိမိတို႔၏ အသက္ကို ဉာဏ္ေစာင့္ျခင္းသာျဖစ္၍ မိမိ၏ အသက္ကို ကာကြယ္ရန္ မိမိသာ စဥ္းစားဆုံးျဖတ္ရမည္သာျဖစ္ပါသည္။ ထို႔အျပင္ အသဲေရာင္ဘီပိုးရွိသူ တစ္ေယာက္သည္လည္း HIV ပိုးရွိ၍ ခုခံအားစနစ္မ်ားေကာင္း    ေနေသးသျဖင့္ ART ေဆးလည္းမေသာက္လိုေသး၍ မည္သည့္ ဆရာဝန္မွ ျပသမႈမ်ိဳး မလုပ္ခဲ့ပါ။ သို႔ေသာ္ အလုပ္တာဝန္မ်ား ပင္ပန္းလာေသာအခါ က်န္းမာေရးခ်ိဳ႕ယြင္းလာမွ ဆရာဝန္ထံ ျပသည့္အခါ သူ႔ထံတြင္ရွိေနေသာ ဘီပိုးမွ ဒုကၡေပးျခင္းခံရသည့္အျပင္ အသဲကင္ဆာႏွင့္ ဆုံးပါးသြားခဲ့ပါသည္။

ဤသို႔ ေရာဂါႏွစ္ထပ္ကြမ္းရွိေနသည့္ HIV ပိုးရွိေနသူမ်ားအဖို႔ သာမန္ HIV ပိုးရွိေနသူမ်ားထက္ မိမိတို႔၏ က်န္းမာေရးကို ပိုမိုဂ႐ုတစိုက္ ကုသမႈခံယူသင့္ပါ သည္။ HIV ေၾကာင့္ အသက္ဆုံးရႈံးမႈမရွိေသာ္လည္း ထို ဘီပိုးစီပိုးတို႔၏ ဒုကၡေပးမႈေၾကာင့္ အသက္အႏၲရာယ္ရွိလာႏိုင္သည္ကို အစဥ္သတိ ရွိေစလိုပါ သည္။HIV ပိုးကို ART ေဆးမ်ားျဖင့္ သက္တမ္းေစ့ ေနထိုင္ႏိုင္ေအာင္ ေပးစြမ္းႏိုင္သည္ဆိုေသာ္လည္း ဤကဲ့သို႔ ဘီပိုးစီပိုးမ်ားျဖင့္ ေရာဂါႏွစ္ထပ္ကြမ္းရွိေန   သည့္ HIV+ တို႔သည္ကုသမႈ စနစ္ႏွစ္မ်ိဳးျဖင့္ မိမိတို႔၏အသက္ကို ေစာင့္ေရွာက္ကာကြယ္ႏိုင္ၾကေစရန္ ေရးသားတင္ျပလိုက္ရပါေတာ့သည္။

Author: လႈိင္ (peer), Healthcare Journal, vol 7, no 6 (12.2.16)

(Unicode)

လူတိုင်းသည် ခန္ဓာရလာပြီးသည်နှင့် ရောဂါရလာစမြဲပင်ဖြစ်ပါသည်။ လူ၏ ကိုယ်ခန္ဓာတွင် ပတ်သက် ဆက်နွယ်လှုပ်ရှားမှုများဖြင့် တည်ဆောက်ထားလေရာ ရောဂါတစ်ခု ခံစားရပြီဆိုသည်နှင့် နောက်ဆက်တွဲ ရောဂါမျိုးစုံလည်း ဖြစ်လာရခြင်းမှာ ဓမ္မတာတစ်ခုပင်ဖြစ်ပါသည်။ ထို့နည်းတူစွာပင် ယနေ့တစ်ကမ္ဘာလုံးတွင် ကူးစက်ပျံ့နှံ့ပြီးသားဖြစ်သော HIV ပိုးသည်လည်း မြန်မာနိုင်ငံသားများထံ ကူးစက်ပြီးဖြစ်ပါသည်။ လာရောက်ကုသခံယူသူများ၏ စစ်တမ်းများ      ကောက်ယူရရှိမှုအရသာ ကူးစက်ခံရသူ မည်မျှရှိသည်ကို ဖော်ပြနေကြသော်လည်း စာရင်းမဝင်သူများစွာလည်း ရှိနေကြပါသည်။

ကျွန်တော်သည် HIV ပိုးရှိသူများကို ရန်ကုန်တွင် ဆေးပေးဝေခြင်းလုပ်ငန်းသုံးနှစ်ခန့် လုပ်ကိုင်ခဲ့သူအမြင်နှင့် စာပေရေးသားခြင်းများကြောင့် HIVပိုးရှိသူများ၏ လက်ရှိခံစားရမှုအထွေထွေကို ပိုမိုသိရှိခွင့်ရလာပါသည်။ မိမိကိုယ်တိုင်မှလည်း HIV ၏ ရိုက်ခတ်မှုမျိုးစုံကို ခံစားရပြီး ဖြစ်သလို နောက်ထပ်ခံစားနေရသည့် ဘဝတူများ၏ အခြေအနေမှန်များနှင့် လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်စွမ်းပေးနေနိုင်ခြင်းသည်လည်း မည်သူမျှ တိုက်တွန်းမှုမဟုတ်ဘဲ မိမိ၏   ကိုယ်ပိုင်ခံယူချက်ဖြင့် ဆောင်ရွက်နေခြင်းလည်း ဖြစ်ပသည်။ ဤသို့ HIVပိုး ကူးစက်ခံရသူများထဲတွင်မှ နောက်ဆက်တွဲ အသဲရောင် ဘီပိုးနှင့် စီပိုးတို့ပါတွဲ၍ ရောဂါနှစ်ထပ်ကွမ်း ခံစားနေရသူများ၏ ဘဝအထွေထွေနှင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူပုံ အဆင့်ဆင့်များကိုပါ လေ့လာမှတ်သားခွင့်ရနေပါသည်။

မကြာသေးမီကာလမှပင် ကျွန်တော်၏ အဖွဲ့မှ ART ဆေးတိုက်ကျွေးထားသော အမျိုးသမီးလေး ကွယ်လွန်သွားကြောင်း သိရှိလာရသဖြင့် သူ့ဘဝကို    အသေးစိတ် သိရှိထားသူတစ်ဦးအနေဖြင့် နောက်လူများကို ကုသမှုပုံစံကျစေရန် ဤသို့ ရေးသားရခြင်းပင်ဖြစ်ပါသည်။ လွန်ခဲ့သည့် လေးနှစ်ကျော်ကာလ တုန်းက ထိုမိန်းကလေးသည် ခင်ပွန်းသည် HIVကြောင့် ကွယ်လွန်သွားခဲ့ပြီး သမီးလေးတစ်ယောက် ကျန်ခဲ့ရှာပါသည်။ သို့သော် ကံကောင်းထောက်မ   သဖြင့် သူမတွင် HIV ပိုးကူးစက်ခံခဲ့ရသော်လည်း သူမ၏သမီးလေးသည် HIV စက်ကွင်းမှ လွတ်ခဲ့ရလေသည်။ သို့သော် သူမထံတွင် အသဲရောင် စီပိုးရှိ   နေသဖြင့် HIV ရော၊ စီပိုးပါ ရောဂါနှစ်ထပ်ကွမ်း ခံစားနေရသူအဖြစ်နှင့် စတင်သိရှိခွင့်ရခဲ့ပါသည်။ ထိုစဉ်အချိန်က ART ဆေးဝါးများ အခမဲ့ ရရှိမှု ခက်ခဲနေ   သေးရာ သူမအတွက် သောကအပူမီး တောက်နေချိန်လည်း ဖြစ်ပါသည်။

ထို့အတွက်ကြောင့် ကျွန်တော်၏အဖွဲ့မှ ARTဆေးသာ ပေးဝေကုသနိုင်သဖြင့် အသဲရောင်စီပိုးကို ကုသပေးသောအထူးကု သမားတော်ကြီးနှင့် ပြသပြီး ကုသမှုခံယူစေရပါသည်။ ထိုစဉ်အခါက အသဲရောဂါအထူးကုများထဲတွင် ထိုအသဲကုဆရာဝန်ကြီးမှာ HIV ပိုးရှိနေပြီး အသဲရောင် ဘီပိုးစီပိုးရှိသူများကိုပါ ကုသပေးမှုစနစ်ကို ကျွမ်းကျင်သည့် ဆရာဝန်ကြီးပင်ဖြစ်ပါသည်။ ထိုစဉ်က သူမကို တိုက်ကြွေးရမည့် ART ဆေးများထဲတွင် စီပိုးပါရှိနေသူများအတွက် တိုက်သင့်သည့် ART ဆေးတစ်မျိုးသည် မြန်မာနိုင်ငံသို့ဝင်ရောက်ခါစ ဖြစ်ပြီး ခက်ခဲသည့်ဆေးဝါးတစ်မျိုး ဖြစ်နေပါသည်။ သို့သော် ထိုဆရာဝန်ကြီး၏မေတ္တာရပ်ခံချက်ကြောင့် ထို မိန်းကလေး ထိုဆေးကိုသောက်ခွင့်ရခဲ့ပါသည်။

သို့အတွက်ကြောင့် သူမ၏ကျန်းမာရေးဆိုးရွားမှုသည် တစ်ခဏခြင်းပင်ပြန်လည် နလန်ထူလာပြီး ပုံမှန်အခြေအနေသို့ ရောက်လာခဲ့ပါတော့သည်။ သို့သော် HIV ပိုးရှိသူတိုင်း ကြုံတွေ့ ရစမြဲဖြစ်သည့် လူမှုဒုက္ခမျိုးစုံကို ခံစားရမှုများ ရှိနေပြီးသူမ၏ သမီးလေးအတွက် ရသည့်နည်းဖြင့် ဖြေရှင်းကာ ဘဝရပ်တည်မှုပြု   နေရပါသည်။ ထိုသို့ဘဝဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်လျှက် တစ်ပါးသူများကို ကူညီမှုများ ပြန်လည်ပေးစွမ်းနိုင်သည့် အဆင့်ထိ တိုးတက်မှု ရှိလာပါတော့သည်။ ထို့နောက်ပိုင်းတွင် ကျွန်တော်၏ ART ပေးခြင်းလုပ်ငန်းများကို ရပ်နားခဲ့ပြီး သူမကိုလည်း ART အခမဲ့ပေးသည့် ဆေးခန်းများသို့ ဂရုတစိုက်အပ်နှံထားပြီး     နောက်ပိုင်း ကျွန်တော်နှင့် အထိအတွေ့နည်းပါးသွားခဲ့ပါသည်။ ဤကဲ့သို့ နှစ်နှစ်ကျော်ကြာပြီးသည့် နောက်ပိုင်း မကြာသေးခင်အချိန်က တပည့်တစ်ဦး သတင်းပေးမှုကြောင့် သူမသည် အသဲရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရှိလာရသည့်အတွက် စိတ်မကောင်းမှုလည်း ဖြစ်ခဲ့ရပါသည်။

သူမ၏ အကြောင်းစုံကို စုံစမ်းကြည့်ရာတွင်လည်း လူမှုဒုက္ခမျိုးစုံကို ခံစားရလျှက် မိသားစု၏ ခွဲခြားဆက်ဆံမှုခံနေခြင်းများ နောက်ပိုင်းတွင် အသဲအထူးကု ဆရာဝန်ကြီးနှင့် ပုံမှန်ပြသစစ်ဆေးခံယူခြင်းများ ပျက်ကွက်ခဲ့သည်ကိုလည်း သိရှိလာခဲ့ရပါသည်။ သူမ၏ အဖြစ်အပျက်ကို အခြေခံပြီး ရောဂါနှစ်ထပ်ကွမ်းသမားများ ဖြစ်ကြသည့် HIV ပိုးလည်းရှိ ဘီပိုးစီပိုးနှင့်ပါတွဲလျှက် ဖြစ်နေသူများအဖို့ ဆရာဝန်နှစ်ဦးနှင့် ပူးတွဲပြသပြီး ကုသမှုခံယူသင့်ကြောင်းကိုပါ အသိပေးလိုပါသည်။ အကြောင်းအရင်းခံမှာလည်း HIV အထူးကု တိုင်းသည်လည်း အသဲရောဂါကို သာမန်မျှသာ ကျွမ်းကျင်မည်သာဖြစ်ပြီး အသဲအထူးကု ဆရာဝန်များသည်လည်း HIV ကုထုံးကို ယေဘူယျမျှသာ တတ်ကျွမ်းနိုင်မည်သာဖြစ်ပါသည်။

ထို့အတွက်ကြောင့် ဆရာဝန်တိုင်းသည်လည်း ကျွမ်းကျင်ရာ လိမ္မာဖြစ်တတ်သလို မိမိတို့၏ အသက်ကို ဉာဏ်စောင့်ခြင်းသာဖြစ်၍ မိမိ၏ အသက်ကို ကာကွယ်ရန် မိမိသာ စဉ်းစားဆုံးဖြတ်ရမည်သာဖြစ်ပါသည်။ ထို့အပြင် အသဲရောင်ဘီပိုးရှိသူ တစ်ယောက်သည်လည်း HIV ပိုးရှိ၍ ခုခံအားစနစ်များကောင်း    နေသေးသဖြင့် ART ဆေးလည်းမသောက်လိုသေး၍ မည်သည့် ဆရာဝန်မှ ပြသမှုမျိုး မလုပ်ခဲ့ပါ။ သို့သော် အလုပ်တာဝန်များ ပင်ပန်းလာသောအခါ ကျန်းမာရေးချို့ယွင်းလာမှ ဆရာဝန်ထံ ပြသည့်အခါ သူ့ထံတွင်ရှိနေသော ဘီပိုးမှ ဒုက္ခပေးခြင်းခံရသည့်အပြင် အသဲကင်ဆာနှင့် ဆုံးပါးသွားခဲ့ပါသည်။

ဤသို့ ရောဂါနှစ်ထပ်ကွမ်းရှိနေသည့် HIV ပိုးရှိနေသူများအဖို့ သာမန် HIV ပိုးရှိနေသူများထက် မိမိတို့၏ ကျန်းမာရေးကို ပိုမိုဂရုတစိုက် ကုသမှုခံယူသင့်ပါ သည်။ HIV ကြောင့် အသက်ဆုံးရှုံးမှုမရှိသော်လည်း ထို ဘီပိုးစီပိုးတို့၏ ဒုက္ခပေးမှုကြောင့် အသက်အန္တရာယ်ရှိလာနိုင်သည်ကို အစဉ်သတိ ရှိစေလိုပါ သည်။HIV ပိုးကို ART ဆေးများဖြင့် သက်တမ်းစေ့ နေထိုင်နိုင်အောင် ပေးစွမ်းနိုင်သည်ဆိုသော်လည်း ဤကဲ့သို့ ဘီပိုးစီပိုးများဖြင့် ရောဂါနှစ်ထပ်ကွမ်းရှိနေ   သည့် HIV+ တို့သည်ကုသမှု စနစ်နှစ်မျိုးဖြင့် မိမိတို့၏အသက်ကို စောင့်ရှောက်ကာကွယ်နိုင်ကြစေရန် ရေးသားတင်ပြလိုက်ရပါတော့သည်။

Author: လှိုင် (peer), Healthcare Journal, vol 7, no 6 (12.2.16)

Previous Post

ကီဂယ်လ် လေ့ကျင့်ခန်း

Next Post

ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးအဆိပ်သင့်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
753
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
635

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
997

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးအဆိပ်သင့်ခြင်း

တော်တော်စိတ်ဒုက္ခပေးနိုင်တဲ့အရေပြားရောဂါတွေ( ဆေးမတည့်လို့ဖြစ်တဲ့ အမဲကွက်တွေ) (အပိုင်း ၁)

တော်တော်စိတ်ဒုက္ခပေးနိုင်တဲ့အရေပြားရောဂါတွေ( ဆေးမတည့်လို့ဖြစ်တဲ့ အမဲကွက်တွေ) (အပိုင်း ၂)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.