fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ကီဂယ်လ် လေ့ကျင့်ခန်း

345
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/09/2017
in အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

တစ္သားေမြး တစ္ေသြးလွ ဆိုတာ အေပၚယံၾကည့္ ေျပာၾကတာမ်ားတယ္။ အတြင္းအဂၤါေတြပါ က်န္းမာသန္စြမ္းဖို႔ လိုေသးတယ္။ အမ်ိဳးသမီး ႀကီးငယ္မဟူ၊ အပ်ိဳေရာ၊ အအိုပါ တစ္ေဒၚလာမွ မကုန္ဘဲ၊ အထဲက အဂၤါမွန္သမွ် ျပန္ေကာင္းေအာင္ လုပ္လို႔ရတဲ့နည္း၊ အသုံးမ်ားေပမဲ့ အသစ္နဲ႔မျခား အားေကာင္းေနေစမဲ့နည္းကို ေရးပါမယ္။

ကိုယ္ဝန္တစ္ခါေဆာင္ရင္ တစ္ခါအတြင္းအဂၤါေတြ အားနည္းလာတယ္။ ၾကာရင္ အိမ္ေထာင္ေရးကိုပါ ထိခိုက္ႏိုင္တယ္။ ကိုယ့္ကိုယ္ကို သိမ္ငယ္စိတ္ဝင္ႏိုင္တယ္။ စားေဆး၊ ထိုးေဆးနဲ႔ မရပါ။ နတ္ေရကန္ထဲလဲ ဆင္းမရ၊ Pelvic floor exercises လုပ္မွ ေကာင္းတယ္။ တင္ပါးဆုံေအာက္ခံ ေလ့က်င့္ခန္းျဖစ္တယ္။ သားအိမ္က်၊ ဆီးအိမ္က်၊ အစာေဟာင္းအိမ္က်၊ ဆီးမထိန္းႏိုင္တာ၊ ဒီလိုေရာဂါေတြသာမက (ဗဂ်ိဳင္းနား) ႂကြက္သားေတြ အားေပ်ာ့ေနတာလဲ က်န္းမာေရးနဲ႔ လူမႈေရး၊ ျပႆနာပဲ။ အိမ္ေထာင္မက်ေသးသူေတြလဲ တခ်ိဳ႕ျဖစ္တတ္လို႔ ငါန္းဇြန္နယ္မွာ အပ်ိဳေလးတစ္ေယာက္ကို ခြဲေတာင္ေပးရေသးတယ္။

တင္ပါးဆုံအ႐ိုးကြင္းထဲမွာ အဂၤါေတြ အမ်ားႀကီးရွိတယ္။ ေယာက်ာ္း၊မိန္းမ နည္းနည္းမတူၾကဘူး။လူတစ္ေယာက္ကိုတစ္ဖက္မ်က္ႏွာမူမွာရပ္ခိုင္းၿပီး ေဘးတည့္တည့္ကေနၾကည့္ရင္ ေရွ႕ဆုံးမွာ ဆီးစပ္႐ိုး၊ ေနာက္မွာ ဆီးအိမ္၊ မိန္းမေတြမွာ သားအိမ္၊ ေနာက္ဆုံးမွာ အစာေဟာင္းအိမ္ရွိတယ္။ ေယာက်ာ္းေတြမွာ ဆီးအိမ္ေအာက္ကပ္ေနတဲ့ ဆီးက်ိတ္ရွိတယ္။ မိန္းမေတြမွာ သားအိမ္ေအာက္က တစ္ဆက္  တည္း (ဗဂ်ိဳင္းနား) ေမြးလမ္းေၾကာင္းရွိတယ္။ အစာေဟာင္းအိမ္ေအာက္ကဆက္ေနတာက စအို။

ဒီအဂၤါေတြကို သူ႔ေနရာသူ ပုံမွန္ရွိေနေအာင္ ႂကြက္သား၊ အ႐ြတ္ျပားေတြကေန ထိန္းေပး၊ တည့္ေပး မေပးထားတယ္။ ထိန္း၊ တည့္၊ မ လုပ္ေပးတာေတြ အားနည္းလာရင္ ေျပာခဲ့သလို အမ်ိဳးမ်ိဳး ျဖစ္လာေစႏိုင္တယ္။ ႂကြက္သားဆိုတာ ေလ့က်င့္ေပးရင္ သန္မာေစႏိုင္လို႔ ေလ့က်င့္ေပးရမယ္။

အရင္ဆုံး ဘယ္ႂကြက္သားေတြကို ေလ့က်င့္ရမလည္းသိေအာင္ လုပ္ရတယ္။ ဆြဲကိုင္ေထာက္ျပ မရႏိုင္လို႔ သင္ျပေပးရတယ္။ ဆီးသြားေနရင္း ဆီးမကုန္ခင္မွာ ဆီးသြားတာ ရပ္သြားေအာင္ ႀကိဳးစားၾကည့္ပါ။ ဘယ္ေနရာကို ညႇစ္ၿပီး မ,တင္ေပးရင္ ဆီးရပ္မလည္းဆိုတာ ကိုယ္တိုင္သိလာလိမ့္မယ္။ စအိုနဲ႔ ေမြးလမ္းေပါက္ေတြကို ပိတ္ၿပီး ဆြဲတင္သလို လုပ္ရတယ္မဟုတ္လား။ အဲတာေတြလိုသိရင္ အဲတာေတြကို ညႇစ္လိုက္ေလွ်ာ့လိုက္လုပ္ရတယ္။ အထက္နဲ႔ အတြင္းထဲဆီကို ဦးတည္ရတယ္။

အဲလိုေလ့က်င့္ေနတုံးမွာ တင္ပါးကို ဆြဲတင္တာမျဖစ္ေစပါနဲ႔။ ေပါင္၊ ေျခေတြလဲ ညႇစ္တာမ်ိဳး မလုပ္ရပါ။ အသက္ေအာင့္စရာ မလိုပါ။ သက္ေတာင့္သက္သာ အေနအထား(လွဲေနရင္း)စလုပ္ပါ။         အဆင္ေျပတဲ့အခါ ထိုင္ရင္းလုပ္ပါ။ ေနာက္ဆိုရင္ အလုပ္လုပ္ေနရင္းလဲလုပ္ပါ။ ကြန္ျပဴတာနဲ႔ စမတ္ဖုန္း သုံးေနရင္လည္း လုပ္ပါ။ အခ်ိန္မေ႐ြး လုပ္ႏိုင္ပါတယ္။ ႂကြက္သားေတြကို ညႇစ္ထိန္းထားတာကို အစမွာ ၂ စကၠန႔္၊ ေနာက္ ၁၀ စကၠန႔္ၾကာေအာင္ ႀကိဳးစားပါ။

ကြၽမ္းက်င္လာရင္ ဗိုလ္သင္တန္းတက္မယ္။ အသက္ မွန္မွန္ရွဴပါ။ ႂကြက္သားေတြကို ဆြဲတင္ၿပီးေနာက္ ျပန္ေလွ်ာ့ခ်တာကို ဇတ္ကနဲ လုပ္လိုက္ပါ။ တင္တာထက္ခ်တာကျမန္ပါေစ။၁၀ ႀကိမ္ ဆက္တိုက္လုပ္ပါ။ တစ္ခါလုပ္ ၈-၁၀ ႀကိမ္၊ တစ္ေန႔မွာ ၃ ခါလုပ္ပါ။ တကယ္လို႔ ကိုယ့္မွာ ဆီးအိမ္က်တာမ်ိဳး ရွိလို႔ ျပဳျပင္ရသူဆိုရင္ ပိုလုပ္ရပါမယ္။ သားအိမ္က်ခ်င္ေနတာ၊ ဗဂ်ိဳင္းနားထဲမွာ တစ္ဆို႔ဆို႔ ျဖစ္ေနတာ၊ ဗဂ်ိဳင္းနားတင္းအားေလွ်ာ့ေနတာေတြကို ေျပာတာ ျဖစ္တယ္။

ကိုယ္ဝန္ေဆာင္ေနခ်ိန္မွာပါ လုပ္သင့္တယ္။ ဆီးမထိန္းႏိုင္တဲ့ေရာဂါ Stress urinary incontinence ကိုပါ ကုႏိုင္တယ္။ ပိုဆိုးတဲ့ Urge urinary incontinence ကိုေတာ့ မရႏိုင္ပါ။ အမ်ိဳးသမီးတိုင္းမွာ သတိထားစရာေတြ ရွိတယ္။ ဝမ္းခ်ဳပ္လို႔ ညႇစ္ရတာ၊ အေလးအပင္မတာ၊ ေခ်ာင္းဆိုး၊ ႏွာေခ်၊ ရီေမာတဲ့ အခါမ်ိဳးတိုင္းမွာပါ တင္ပါးဆုံ႐ိုးကြင္းထဲက အဂၤါေတြကို ထိန္းေပးထားရမယ္။ လက္လြတ္စပယ္ မလုပ္ပါနဲ႔။ ျဖစ္ႏိုင္ရင္ ေဆာင့္ေၾကာင့္ မထိုင္ပါနဲ႔။ အိမ္သာသုံးတာမွာ ဒူးကို ၉၀ ဒီဂရီထားလို႔ရတာမ်ိဳးသာသုံးပါ။ ပက္လက္အိပ္ေနရင္း ေျခေထာက္ေျမႇာက္တာကို ၂ ဖက္လုံး တစ္ၿပိဳင္နာက္ မလုပ္ပါနဲ႔။ လုပ္ရရင္လဲ သတိရွိပါ။ မတ္တပ္ရပ္နဲ႔ ေျခ ၂ ဖက္ဆန႔္ၿပီး ခါးကုံးတာမ်ိဳး ဆင္ျခင္ပါ။ တင္ပါးဆုံ႐ိုးကြင္းထဲက အဂၤါေတြကို တြန္းထုတ္သလို မျဖစ္ေစနဲ႔။ ဆီးသြားတာကို တကယ္ ဆီးအိမ္တင္းေနမွသာသြားပါ။

ဝမ္းမခ်ဳပ္ပါေစနဲ႔။ ဒါေပမဲ့ ဝမ္းႏုတ္ေဆး၊ ခဏခဏမေသာက္ပါနဲ႔။ မန္က်ီးသီးမွည့္နဲ႔ ဝမ္းသြားေအာင္လုပ္ပါ။ ဝမ္းႏုတ္ေဆးေသာက္လို႔ျဖစ္ျဖစ္၊ ဝမ္းပ်က္လို႔ျဖစ္ျဖစ္၊ အရက္နာက်တာျဖစ္ျဖစ္ ပိုတက္ဆီယမ္ဓာတ္နည္းေစတယ္။ ႂကြက္သားေတြ အားေပ်ာ့မယ္။ ဓာတ္ဆားရည္ေသာက္ပါ။ ေရေႏြးၾကမ္းေသာက္ပါ။ အုန္းရည္ေသာက္ပါ။ ငွက္ေပ်ာသီး၊ လိေမၼာ္သီးစားပါ။ လိုအပ္ရင္ ပိုတက္ဆီယမ္ေဆးေသာက္ပါ။

စိတ္လည္းလွပါေစ၊ ကိုယ္လည္းအျပင္ကေရာ အတြင္းထဲကပါ လွၾကပါေစ။

Author: Dr. တင့္ေဆြ, Healthcare Journal, vol 7, No 6 (12.2.17)

(Unicode)

တစ်သားမွေး တစ်သွေးလှ ဆိုတာ အပေါ်ယံကြည့် ပြောကြတာများတယ်။ အတွင်းအင်္ဂါတွေပါ ကျန်းမာသန်စွမ်းဖို့ လိုသေးတယ်။ အမျိုးသမီး ကြီးငယ်မဟူ၊ အပျိုရော၊ အအိုပါ တစ်ဒေါ်လာမှ မကုန်ဘဲ၊ အထဲက အင်္ဂါမှန်သမျှ ပြန်ကောင်းအောင် လုပ်လို့ရတဲ့နည်း၊ အသုံးများပေမဲ့ အသစ်နဲ့မခြား အားကောင်းနေစေမဲ့နည်းကို ရေးပါမယ်။

ကိုယ်ဝန်တစ်ခါဆောင်ရင် တစ်ခါအတွင်းအင်္ဂါတွေ အားနည်းလာတယ်။ ကြာရင် အိမ်ထောင်ရေးကိုပါ ထိခိုက်နိုင်တယ်။ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်ဝင်နိုင်တယ်။ စားဆေး၊ ထိုးဆေးနဲ့ မရပါ။ နတ်ရေကန်ထဲလဲ ဆင်းမရ၊ Pelvic floor exercises လုပ်မှ ကောင်းတယ်။ တင်ပါးဆုံအောက်ခံ လေ့ကျင့်ခန်းဖြစ်တယ်။ သားအိမ်ကျ၊ ဆီးအိမ်ကျ၊ အစာဟောင်းအိမ်ကျ၊ ဆီးမထိန်းနိုင်တာ၊ ဒီလိုရောဂါတွေသာမက (ဗဂျိုင်းနား) ကြွက်သားတွေ အားပျော့နေတာလဲ ကျန်းမာရေးနဲ့ လူမှုရေး၊ ပြဿနာပဲ။ အိမ်ထောင်မကျသေးသူတွေလဲ တချို့ဖြစ်တတ်လို့ ငါန်းဇွန်နယ်မှာ အပျိုလေးတစ်ယောက်ကို ခွဲတောင်ပေးရသေးတယ်။

တင်ပါးဆုံအရိုးကွင်းထဲမှာ အင်္ဂါတွေ အများကြီးရှိတယ်။ ယောကျာ်း၊မိန်းမ နည်းနည်းမတူကြဘူး။လူတစ်ယောက်ကိုတစ်ဖက်မျက်နှာမူမှာရပ်ခိုင်းပြီး ဘေးတည့်တည့်ကနေကြည့်ရင် ရှေ့ဆုံးမှာ ဆီးစပ်ရိုး၊ နောက်မှာ ဆီးအိမ်၊ မိန်းမတွေမှာ သားအိမ်၊ နောက်ဆုံးမှာ အစာဟောင်းအိမ်ရှိတယ်။ ယောကျာ်းတွေမှာ ဆီးအိမ်အောက်ကပ်နေတဲ့ ဆီးကျိတ်ရှိတယ်။ မိန်းမတွေမှာ သားအိမ်အောက်က တစ်ဆက်  တည်း (ဗဂျိုင်းနား) မွေးလမ်းကြောင်းရှိတယ်။ အစာဟောင်းအိမ်အောက်ကဆက်နေတာက စအို။

ဒီအင်္ဂါတွေကို သူ့နေရာသူ ပုံမှန်ရှိနေအောင် ကြွက်သား၊ အရွတ်ပြားတွေကနေ ထိန်းပေး၊ တည့်ပေး မပေးထားတယ်။ ထိန်း၊ တည့်၊ မ လုပ်ပေးတာတွေ အားနည်းလာရင် ပြောခဲ့သလို အမျိုးမျိုး ဖြစ်လာစေနိုင်တယ်။ ကြွက်သားဆိုတာ လေ့ကျင့်ပေးရင် သန်မာစေနိုင်လို့ လေ့ကျင့်ပေးရမယ်။

အရင်ဆုံး ဘယ်ကြွက်သားတွေကို လေ့ကျင့်ရမလည်းသိအောင် လုပ်ရတယ်။ ဆွဲကိုင်ထောက်ပြ မရနိုင်လို့ သင်ပြပေးရတယ်။ ဆီးသွားနေရင်း ဆီးမကုန်ခင်မှာ ဆီးသွားတာ ရပ်သွားအောင် ကြိုးစားကြည့်ပါ။ ဘယ်နေရာကို ညှစ်ပြီး မ,တင်ပေးရင် ဆီးရပ်မလည်းဆိုတာ ကိုယ်တိုင်သိလာလိမ့်မယ်။ စအိုနဲ့ မွေးလမ်းပေါက်တွေကို ပိတ်ပြီး ဆွဲတင်သလို လုပ်ရတယ်မဟုတ်လား။ အဲတာတွေလိုသိရင် အဲတာတွေကို ညှစ်လိုက်လျှော့လိုက်လုပ်ရတယ်။ အထက်နဲ့ အတွင်းထဲဆီကို ဦးတည်ရတယ်။

အဲလိုလေ့ကျင့်နေတုံးမှာ တင်ပါးကို ဆွဲတင်တာမဖြစ်စေပါနဲ့။ ပေါင်၊ ခြေတွေလဲ ညှစ်တာမျိုး မလုပ်ရပါ။ အသက်အောင့်စရာ မလိုပါ။ သက်တောင့်သက်သာ အနေအထား(လှဲနေရင်း)စလုပ်ပါ။         အဆင်ပြေတဲ့အခါ ထိုင်ရင်းလုပ်ပါ။ နောက်ဆိုရင် အလုပ်လုပ်နေရင်းလဲလုပ်ပါ။ ကွန်ပြူတာနဲ့ စမတ်ဖုန်း သုံးနေရင်လည်း လုပ်ပါ။ အချိန်မရွေး လုပ်နိုင်ပါတယ်။ ကြွက်သားတွေကို ညှစ်ထိန်းထားတာကို အစမှာ ၂ စက္ကန့်၊ နောက် ၁၀ စက္ကန့်ကြာအောင် ကြိုးစားပါ။

ကျွမ်းကျင်လာရင် ဗိုလ်သင်တန်းတက်မယ်။ အသက် မှန်မှန်ရှူပါ။ ကြွက်သားတွေကို ဆွဲတင်ပြီးနောက် ပြန်လျှော့ချတာကို ဇတ်ကနဲ လုပ်လိုက်ပါ။ တင်တာထက်ချတာကမြန်ပါစေ။၁၀ ကြိမ် ဆက်တိုက်လုပ်ပါ။ တစ်ခါလုပ် ၈-၁၀ ကြိမ်၊ တစ်နေ့မှာ ၃ ခါလုပ်ပါ။ တကယ်လို့ ကိုယ့်မှာ ဆီးအိမ်ကျတာမျိုး ရှိလို့ ပြုပြင်ရသူဆိုရင် ပိုလုပ်ရပါမယ်။ သားအိမ်ကျချင်နေတာ၊ ဗဂျိုင်းနားထဲမှာ တစ်ဆို့ဆို့ ဖြစ်နေတာ၊ ဗဂျိုင်းနားတင်းအားလျှော့နေတာတွေကို ပြောတာ ဖြစ်တယ်။

ကိုယ်ဝန်ဆောင်နေချိန်မှာပါ လုပ်သင့်တယ်။ ဆီးမထိန်းနိုင်တဲ့ရောဂါ Stress urinary incontinence ကိုပါ ကုနိုင်တယ်။ ပိုဆိုးတဲ့ Urge urinary incontinence ကိုတော့ မရနိုင်ပါ။ အမျိုးသမီးတိုင်းမှာ သတိထားစရာတွေ ရှိတယ်။ ဝမ်းချုပ်လို့ ညှစ်ရတာ၊ အလေးအပင်မတာ၊ ချောင်းဆိုး၊ နှာချေ၊ ရီမောတဲ့ အခါမျိုးတိုင်းမှာပါ တင်ပါးဆုံရိုးကွင်းထဲက အင်္ဂါတွေကို ထိန်းပေးထားရမယ်။ လက်လွတ်စပယ် မလုပ်ပါနဲ့။ ဖြစ်နိုင်ရင် ဆောင့်ကြောင့် မထိုင်ပါနဲ့။ အိမ်သာသုံးတာမှာ ဒူးကို ၉၀ ဒီဂရီထားလို့ရတာမျိုးသာသုံးပါ။ ပက်လက်အိပ်နေရင်း ခြေထောက်မြှောက်တာကို ၂ ဖက်လုံး တစ်ပြိုင်နာက် မလုပ်ပါနဲ့။ လုပ်ရရင်လဲ သတိရှိပါ။ မတ်တပ်ရပ်နဲ့ ခြေ ၂ ဖက်ဆန့်ပြီး ခါးကုံးတာမျိုး ဆင်ခြင်ပါ။ တင်ပါးဆုံရိုးကွင်းထဲက အင်္ဂါတွေကို တွန်းထုတ်သလို မဖြစ်စေနဲ့။ ဆီးသွားတာကို တကယ် ဆီးအိမ်တင်းနေမှသာသွားပါ။

ဝမ်းမချုပ်ပါစေနဲ့။ ဒါပေမဲ့ ဝမ်းနုတ်ဆေး၊ ခဏခဏမသောက်ပါနဲ့။ မန်ကျီးသီးမှည့်နဲ့ ဝမ်းသွားအောင်လုပ်ပါ။ ဝမ်းနုတ်ဆေးသောက်လို့ဖြစ်ဖြစ်၊ ဝမ်းပျက်လို့ဖြစ်ဖြစ်၊ အရက်နာကျတာဖြစ်ဖြစ် ပိုတက်ဆီယမ်ဓာတ်နည်းစေတယ်။ ကြွက်သားတွေ အားပျော့မယ်။ ဓာတ်ဆားရည်သောက်ပါ။ ရေနွေးကြမ်းသောက်ပါ။ အုန်းရည်သောက်ပါ။ ငှက်ပျောသီး၊ လိမ္မော်သီးစားပါ။ လိုအပ်ရင် ပိုတက်ဆီယမ်ဆေးသောက်ပါ။

စိတ်လည်းလှပါစေ၊ ကိုယ်လည်းအပြင်ကရော အတွင်းထဲကပါ လှကြပါစေ။

Author: Dr. တင့်ဆွေ, Healthcare Journal, vol 7, No 6 (12.2.17)

Previous Post

အိပ်စက်ခြင်းနှင့် ကျန်းမာရေး (အပိုင်း ၂)

Next Post

ရောဂါနှစ်ထပ်ကွမ်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
753
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
635

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
997

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ရောဂါနှစ်ထပ်ကွမ်း

ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးအဆိပ်သင့်ခြင်း

တော်တော်စိတ်ဒုက္ခပေးနိုင်တဲ့အရေပြားရောဂါတွေ( ဆေးမတည့်လို့ဖြစ်တဲ့ အမဲကွက်တွေ) (အပိုင်း ၁)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.