fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

ကွန်ဒုံးသုံးလျှင်ရမည့် အကျိုးများ

593
VIEWS
Share on FacebookShare on TwitterShare on Linkedin
01/10/2016
in အမျိုးသားကျန်းမာရေး
1 min read
A A

ကွန်ဒုံး (Condom) ဟုဆိုလျှင် အနည်းငယ်မျှ နားအဝင်ရိုင်းသည်ဟု ထင်ရသော်လည်း ဆေးပညာ ရှုထောင့်ကမူ ကွန်ဒုံးအသုံးပြုခြင်း၏ အကျိုးရလဒ်များကို သုတေသနပညာရှင်များက ဖော်ထုတ်တင်ပြလျက် ရှိပါသည်။ ကွန်ဒုံးကိုပင် ကျေးဇူးတင်ရမည်ဟု ဆိုနိုင်သည်။ အကြောင်းမူ ကွန်ဒုံးကြောင့် လိင်ဆက်ဆံမှုမှ တစ်ဆင့် ကူးစက် ရောဂါများ Sexually Transmitted Diseases (STDs) ကို အတိုင်းအတာတစ်ခုအထိ ကူးစက်မှု လျော့နည်းစေ နိုင်ခြင်းဖြစ်၏။ သားဆက်ခြားစီမံချက်တွင်လည်း ကွန်ဒုံးသည် အရေးကြီးသော ကဏ္ဍမှ ပါဝင်သည်ဟု ဆိုနိုင်ပါသည်။

ကွန်ဒုံးကို သစ်စေး၊ သိုးအရေ၊ ပေါ်လီယူရီသိန်း (Latex ၊ Lambskin ၊ Polyurethane) တို့နှင့် ပြုလုပ် ထားလေ့ရှိသည်။ သစ်စေးဖြင့်ပြုလုပ်သော ကွန်ဒုံးမှာ လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကို ပိုမိုကာကွယ်နိုင်စွမ်းရှိသည်ဟု ဆိုပါသည်။ ကွန်ဒုံး၏ အရွယ်အစားသည် လိင်အင်္ဂါနှင့် သင့်တင့်မျှတရုံဖြစ် သင့်သည်။ ကျပ်လွန်းတင်းလွန်းလျှင် ကွဲသွားနိုင်သည်။ ချောင်လွန်းလျှင်လည်း မတော်တဆ ကျွတ်ထွက်သွား တတ်ပါသည်။

တချို့သည် သန္ဓေတားလိုသဖြင့် ကွန်ဒုံးသုံးသည့်အပြင် တွဲဖက်၍ သုက်ပိုးသေစေသော ခရိမ် (သို့) ဂျယ်လီပါ သုံးတတ်ကြသည်။ အကျိုးသက်ရောက်မှု ပိုမိုကောင်းသည်ဟု ဆိုနိုင်ပါသည်။

ကွန်ဒုံးသည် လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်တတ်သောရောဂါများကို လျော့နည်းစေနိုင်ပါသလား။
ဤမေးခွန်းကို ‘ဟုတ်ကဲ့ပါ’၊ ‘မှန်ပါသည်’ ဟုဖြေရလိမ့်မည်။ အထူးသဖြင့် သစ်စေးဖြင့်ပြုလုပ်ထားသော ကွန်ဒုံးသည် လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်တတ်သောရောဂါများကို ကာကွယ်မှု အမြင့်မားဆုံးပေးနိုင်ကြပါ သည်။ နည်းလမ်းမှန်ကန်စွာ အသုံးပြုဖို့ အရေးကြီးပါသည်။ ဂနိုရောဂါ (Gonorrhoea) ၊ ကလာမိုက်ဒီးယား (Chlamydia) ၊ HIV/AIDS ခုခံအားကျဆင်းမှု ကူးစက်ရောဂါစသည်တို့က ကာကွယ်ပေးနိုင်သည်။ လိင်ဆက် ဆံဖော်၏ လိင်ပိုင်းဆိုင်ရာအမူအကျင့်ကို အတိအကျမသိနိုင်ပါက ကွန်ဒုံးကို မလွဲမသွေသုံးသင့်ကြသည်။ ကွန်ဒုံး သုံးစွဲခြင်းသည် အမျိုးသမီးနှင့် အမျိုးသားနှစ်ဦးစလုံးအတွက် ကာကွယ်မှုပေးနိုင်သည်။ အကျိုးရှိသည် ဖြစ်၏။
သိုးအရေနှင့်ပြုလုပ်သော (သို့) ပေါ်လီယူရီသိမ်းနှင့်ပြုလုပ်သော ကွန်ဒုံးသည် သစ်စေးကွန်ဒုံးကဲ့သို့ ကာကွယ်မှုပေးနိုင်ခြင်းမရှိဟု ဆိုပါသည်။

ကွန်ဒုံးသည် သန္ဓေတားပေးနိုင်ပါသလား။
ကွန်ဒုံးသည် သန္ဓေတားပေးနိုင်သော အကာအကွယ်ပစ္စည်းတစ်ခုဟုလည်း သတ်မှတ်နိုင်ပါသည်။ အမျိုးသားတို့ ထုတ်လွှတ်သော သုက်ရည်သည် သားမွေးလမ်းကြောင်းတွင်းသို့ ဝင်ရောက်နိုင်ခြင်းမရှိသဖြင့် သန္ဓေတည်ခြင်း (ကိုယ်ဝန်ရစေခြင်း) မဖြစ်နိုင်တော့ပေ။ ကွန်ဒုံးသည် အမျိုးသား၊ အမျိုးသမီးတို့၏ မျိုးပွားခြင်း ဆိုင်ရာလုပ်ငန်းများကို အနှောင့်အယှက်မပျက်စေဘဲ ပုံမှန်အတိုင်းရှိသဖြင့် အားသာချက်ရှိသည်ဟု ဆိုနိုင်ပါ သည်။

ကွန်ဒုံးသုံးစွဲရာတွင် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ကြပါရန် အရေးကြီးပါသည်။

  • နောက်ဆုံးသတ်မှတ်ရက် လွန်မလွန် စစ်ဆေးပါ။ ရက်လွန်သော ကွန်ဒုံးကို မသုံးသင့်ပါ။
  • ကွန်ဒုံးအား ချို့ယွင်းချက်ရှိမရှိ စစ်ဆေးရပါမည်။ ပေါက်ပြဲနေခြင်းရှိမရှိ၊ အနာအဆာကင်းမကင်း၊ ကျွတ်ဆတ်နေ ခြင်းရှိမရှိစသည်တို့ကို မသုံးမီ စစ်ဆေးရမည်ဖြစ်၏။
  • အပေါ်ယံအိတ်ခွံကို ဖောက်ရာတွင် ဂရုတစိုက်ဖောက်ရပါမည်။ သွားဖြင့် ကိုက်ဖောက်ခြင်း (သို့) လက်သည်းကို အသုံးပြု၍ ဖောက်ခြင်း မပြုရပါ။
  • ကွန်ဒုံး၏ထိပ်၌ လေခိုမနေစေရပါ။ လေခိုနေခြင်းရှိမရှိကိုလည်း စစ်ဆေးရပါမည်။ ရှိနေပါက ညင်သာစွာ ညှစ်ထုတ်ပေးပါ။
  • ကွန်ဒုံးများတွင် အများအားဖြင့် သုက်ရည်စုရန် ထိပ်ပိုင်း၌ နေရာငယ် ထားပေးပါသည်။ အကယ်၍ အထူးဖန်တီး ပြုလုပ်ထားသော နေရာမပါလျှင် ထိပ်၌ နေရာအနည်းငယ်ချန်ထားပေးရမည်ဖြစ်သည်။
  • ကွန်ဒုံးနှင့် လိင်အင်္ဂါအကြား လေခိုအောင်းနေခြင်းမရှိရပါ။ ခိုအောင်းနေသော လေများကြောင့် ကွန်ဒုံးပေါက်ပြဲ သွားနိုင်ပါသည်။
  • အကယ်၍ လိင်အင်္ဂါအရေပြားသည် အငုံဖြစ်နေပါက ကွန်ဒုံးသုံးစွဲရာတွင် အရေပြားကို အနည်းငယ် နောက်သို့ ဆွဲပေးရန် လိုအပ်သည်။
  • ရောဂါကူးစက်မှုကို ကာကွယ်လိုပါက ဆက်ဆံမှုပြုတိုင်း ကွန်ဒုံးသုံးရပါမည်။
  • ကွန်ဒုံးကို ပြန်လည်အသုံးပြုခြင်း မပြုရပါ။ တစ်ကြိမ်သုံးပြီး စွန့်ပစ်ရန်သာ ဖြစ်ပါသည်။
  • ကွန်ဒုံးကို အေး၍ ခြောက်သွေ့သောနေရာတွင် သိမ်းထားရန်ဖြစ်ပါသည်။ လေ၊ အလင်းရောင်နှင့် အပူဓာတ် ကြောင့် ကွန်ဒုံးပျက်စီးသွားနိုင်ပါသည်။

ကွန်ဒုံးပေါက်ပြဲတတ်မှုသည် ၂ ရာခိုင်နှုန်းဖြစ်ကြောင်း တွေ့ရသည်။ ကွန်ဒုံးသုံးစွဲမှုနည်းလမ်း မမှန်ကန် ခြင်းကြောင့် ကွန်ဒုံးဖြင့်ဆက်ဆံမှုတွင် ကိုယ်ဝန်ရရှိနိုင်မှုမှာ ၁၅ ရာခိုင်နှုန်းခန့်ဖြစ်သည်။ ကွန်ဒုံးကို နည်းလမ်းမှန် ကန်စွာ စနစ်တကျသုံးစွဲပါက ကိုယ်ဝန်ရရှိနိုင်မှုမှာ ၂ ရာခိုင်နှုန်းမျှသာ ရှိပါသည်။
ကွန်ဒုံးသုံးခြင်းသည် သာမန်အားဖြင့် ပြဿနာတစ်စုံတစ်ရာ မရှိတတ်ကြပေ။ သို့သော် သစ်စေးနှင့် ဓာတ်မတည့်မှုကြောင့် အဖုအပိမ့် ထွက်ခြင်း၊ ယားယံခြင်း၊ နှာရည်ယိုခြင်း၊ ရောင်ရမ်းခြင်း၊ လေပြွန်ကျဉ်း၍ အသက်ရှုကျပ်ခြင်း၊ သွေးဖိအားကျခြင်းဖြင့် လိင်ဆက်ဆံမှုမှ တစ်ဆင့်ကူးစက်တတ်သော ရောဂါများကို ကာကွယ်နိုင်သည်သာမက သားဆက်ခြားခြင်းအတွက်လည်း အကျိုးရှိပါသည်။

 

AUTHOR – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

Previous Post

ဦးနှောက်ရောင်ရမ်းခြင်း

Next Post

ဘော်ဒီလိုးရှင်း Body Lotion လိမ်းတာ ချွေးပေါက်ပိတ်သလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
745
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

1 year ago
633

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
988

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဘော်ဒီလိုးရှင်း Body Lotion လိမ်းတာ ချွေးပေါက်ပိတ်သလား

Pokemon Game

ကလေးငိုခြင်းကို နားလည်ထားရန်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.