(Zawgyi)
ကန္စြန္းဥ
ကန္စြန္းဥကို အဂၤလိပ္လို “Sweet Potato” ဟုေခၚသည္။ အာလူးမ်ိဴးႏြယ္ဝင္ျဖစ္ၿပီး ခ်ိဳေသာအရသာရွိေသာေၾကာင့္ “Sweet Potato” ဟု အမည္ရခဲ့ျခင္း ျဖစ္မည္ဟုထင္သည္။ ႐ုကၡေဗဒလိုကေတာ့ Ipomoea Batatas လို႔ေခၚပါတယ္။
ေတြ႕ဖူးသေလာက္ေတာ့ကန္စြန္းဥတြင္ ေ႐ႊေရာင္၊ခရမ္းေရာင္၊အျဖဴေရာင္ဆိုၿပီး အေရာင္ကြဲ၃မ်ိဳး ၃စားရွိသည္။ ကန္စြန္းဥကို အမ်ိဳးမ်ိဳးလုပ္စားၾကသည္။ မီးဖုတ္စားၾကသည္။ ျပဳတ္စားၾကသည္။ ေၾကာ္စားႏိုင္သည္။ ေပါင္းအိုးနဲ႔ေပါင္းကာ အေပၚကႏွမ္းေလးျဖဴးၿပီးလည္း စားၾကသည္။
ကန္စြန္းဥတြင္ ပ႐ိုတင္းဓါတ္မ်ား၊ အမွ်င္ဓါတ္မ်ား၊ ခႏၶာကိုယ္ထဲေရာက္ပါက ဗီတာမင္ေအအျဖစ္ေျပာင္းမည့္ ဘီတာကယ္႐ိုတင္းဓါတ္မ်ား၊ ကာဘိုဟိုက္ဒရိတ္ဓါတ္မ်ား၊ ကယ္လ္ဆီယံဓါတ္မ်ား ပမာဏ မ်ားျပားစြာပါဝင္သည္။ ကန္စြန္းဥရဲ႕အဓိက ေကာင္းက်ိဴးကေတာ့ ဘီတာကယ္႐ိုတင္းဓါတ္ မ်ားျပားစြာပါတဲ့အတြက္ ဗီတာမင္ေအခ်ိဳ႕တဲ့ျခင္းေၾကာင့္ျဖစ္ေသာ ၾကက္မ်က္သင့္ျခင္း (Night Blindness)ေခၚ အျမင္အာ႐ုံခ်ိဳတဲ့ေသာ ေရာဂါကို ကာကြယ္ႏိုင္သည္။
ပုံမွန္အ႐ြယ္အစားရွိတဲ့ ကန္စြန္းဥတစ္လုံးမွာ အၾကမ္းအားျဖင့္ အမွ်င္ဓါတ္ ၄ ဂရမ္ပါဝင္တဲ့အတြက္ ဝမ္းခ်ဳပ္ျခင္းကို ကင္းေဝးေစကာ ဝမ္းမွန္ေစတဲ့အျပင္ အူမႀကီးကင္ဆာ မျဖစ္ေအာင္လည္း ကာကြယ္ေပးပါတယ္။ ကယ္လ္ဆီယံဓါတ္ ႂကြယ္ဝေသာေၾကာင့္ အ႐ိုးမ်ားကို ခိုင္မာသန္စြမ္းေစပါတယ္။ ကာဗြန္ဟိုက္ဒရိတ္နဲ႔ပ႐ိုတင္းဓါတ္ႂကြယ္ဝစြာ ပါေသာေၾကာင့္ တစ္လုံးႏွစ္လုံးေလာက္ စားလိုက္လွ်င္ပင္ ဗိုက္ျပည့္သြားႏိုင္ၿပီး အဆာခံႏိုင္သည္။
သို႔ေသာ္ အစာအိမ္မေကာင္းသူ၊အစာအိမ္အားနည္းသူမ်ားဆိုရင္ေတာ့ ကန္စြန္းဥကို မစားသင့္ေပ။ ေနာက္ၿပီးကန္စြန္းဥကို တည္သီးတို႔ ငွက္ေပ်ာသီးတို႔နဲ႔ တြဲဖက္မစားသင့္ပါ။
Author : Dr. 528
(Unicode)
ကန်စွန်းဥ
ကန်စွန်းဥကို အင်္ဂလိပ်လို “Sweet Potato” ဟုခေါ်သည်။ အာလူးမျိူးနွယ်ဝင်ဖြစ်ပြီး ချိုသောအရသာရှိသောကြောင့် “Sweet Potato” ဟု အမည်ရခဲ့ခြင်း ဖြစ်မည်ဟုထင်သည်။ ရုက္ခဗေဒလိုကတော့ Ipomoea Batatas လို့ခေါ်ပါတယ်။
တွေ့ဖူးသလောက်တော့ကန်စွန်းဥတွင် ရွှေရောင်၊ခရမ်းရောင်၊အဖြူရောင်ဆိုပြီး အရောင်ကွဲ၃မျိုး ၃စားရှိသည်။ ကန်စွန်းဥကို အမျိုးမျိုးလုပ်စားကြသည်။ မီးဖုတ်စားကြသည်။ ပြုတ်စားကြသည်။ ကြော်စားနိုင်သည်။ ပေါင်းအိုးနဲ့ပေါင်းကာ အပေါ်ကနှမ်းလေးဖြူးပြီးလည်း စားကြသည်။
ကန်စွန်းဥတွင် ပရိုတင်းဓါတ်များ၊ အမျှင်ဓါတ်များ၊ ခန္ဓာကိုယ်ထဲရောက်ပါက ဗီတာမင်အေအဖြစ်ပြောင်းမည့် ဘီတာကယ်ရိုတင်းဓါတ်များ၊ ကာဘိုဟိုက်ဒရိတ်ဓါတ်များ၊ ကယ်လ်ဆီယံဓါတ်များ ပမာဏ များပြားစွာပါဝင်သည်။ ကန်စွန်းဥရဲ့အဓိက ကောင်းကျိူးကတော့ ဘီတာကယ်ရိုတင်းဓါတ် များပြားစွာပါတဲ့အတွက် ဗီတာမင်အေချို့တဲ့ခြင်းကြောင့်ဖြစ်သော ကြက်မျက်သင့်ခြင်း (Night Blindness)ခေါ် အမြင်အာရုံချိုတဲ့သော ရောဂါကို ကာကွယ်နိုင်သည်။
ပုံမှန်အရွယ်အစားရှိတဲ့ ကန်စွန်းဥတစ်လုံးမှာ အကြမ်းအားဖြင့် အမျှင်ဓါတ် ၄ ဂရမ်ပါဝင်တဲ့အတွက် ဝမ်းချုပ်ခြင်းကို ကင်းဝေးစေကာ ဝမ်းမှန်စေတဲ့အပြင် အူမကြီးကင်ဆာ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ကယ်လ်ဆီယံဓါတ် ကြွယ်ဝသောကြောင့် အရိုးများကို ခိုင်မာသန်စွမ်းစေပါတယ်။ ကာဗွန်ဟိုက်ဒရိတ်နဲ့ပရိုတင်းဓါတ်ကြွယ်ဝစွာ ပါသောကြောင့် တစ်လုံးနှစ်လုံးလောက် စားလိုက်လျှင်ပင် ဗိုက်ပြည့်သွားနိုင်ပြီး အဆာခံနိုင်သည်။
သို့သော် အစာအိမ်မကောင်းသူ၊အစာအိမ်အားနည်းသူများဆိုရင်တော့ ကန်စွန်းဥကို မစားသင့်ပေ။ နောက်ပြီးကန်စွန်းဥကို တည်သီးတို့ ငှက်ပျောသီးတို့နဲ့ တွဲဖက်မစားသင့်ပါ။
Author : Dr. 528