fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသားကျန်းမာရေး

သန္ဓေတားမည်ဆိုလျှင်

26
VIEWS
Share on FacebookShare on TwitterShare on Linkedin
26/09/2016
in အမျိုးသားကျန်းမာရေး
1 min read
A A

သန္ဓေတားနိုင်မည့် နည်းလမ်းအမျိုးမျိုးကို ဖော်ပြပေးပါသည်။ မိမိနှစ်သက်သော၊ မိမိနှင့် အဆင်ပြေသော နည်းလမ်းကို အသုံး ပြုနိုင်မည်ဖြစ်သည်။

Abstinance ရှောင်ကြဉ်ခြင်း
ရှောင်ကြဉ်ခြင်းမှာ အမျိုးသမီးအင်္ဂါနှင့် သုက်ပိုး ထိတွေ့မှုမရှိစေခြင်းကို ဆိုလိုပါသည်။ လုံးဝမဆက်ဆံရ ဟုမဆိုလိုပါ။ သားမွေးလမ်းကြောင်းတွင်း ဆက်ဆံမှု၊ စအိုတွင်းဆက်ဆံမှုနှင့် အမျိုးသမီးအင်္ဂါနှင့် ထိတွေ့ဆက် ဆံမှုတို့ကို ရှောင်ကြဉ်ရန် ဖြစ်သည်။ ဤသို့ ရှောင်ကြဉ်ခြင်းသည် ရာနှုန်းပြည့် စိတ်ချရသောနည်းဖြစ်သည်။

Oral Contraceptive (Bioth Control Pill) သန္ဓေတားသောက်ဆေး
အမျိုးသမီး ဟော်မုန်းနှစ်မျိုးဖြစ်သည့် အီစထရိုဂျင် Oestrogen နှင့် ပရိုဂျက်စထရုန်း Progesterone တို့ကိုတွဲစပ် ထုတ်လုပ်ထားသော သန္ဓေတားသောက်ဆေးများကိုလည်း သန္ဓေတားရန်အတွက် သုံးစွဲနိုင်ပါသည်။ သန္ဓေတားသောက် ဆေးများသည် အမျိုးသမီးများ၌ လစဉ်သားဥပေါက်ကြွေခြင်း Ovulati ကိုမဖြစ် အောင် ဟန့်တားပေးခြင်းဖြင့် သန္ဓေတားပေးခြင်း ဖြစ်သည်။ ထို့အပြင် သားအိမ်အဝရှိ မြူးကပ်လွှာကို ပိုမိုပျစ် ချွဲစေခြင်းဖြင့် သုက်ပိုးများ ထိုးဖောက်ဝင်ရောက်မှုကို ဟန့်တားနိုင်သည်။ ဆေးဝါးကို နည်းစနစ်မှန်စွာ သုံးစွဲလျှင် သန္ဓေတားနိုင်သည့် စွမ်းရည်ကောင်းမွန်သည်။ မတော်တဆ ကိုယ်ဝန်ရရှိနိုင်မှု အခွင့်အလမ်းမှာ ဝ.၁ ရာခိုင်နှုန်း မျှသာဖြစ်သည်။

Cervical Cap သားအိမ်ခေါင်းအစွပ်
သစ်စေးဖြူဖြင့် ခွက်သဏ္ဌာန်ပြုလုပ်ထားသော သားအိမ်ခေါင်းအစွပ်ကို သန္ဓေတားရန်အတွက် အသုံးပြု နိုင်သည်။ သားအိမ်အတွင်း သုက်ပိုးများ ဝင်ရောက်မှုမရှိအောင် တားဆီးကာကွယ်ပေးခြင်း ဖြစ်သည်။

အမျိုးသားကွန်ဒုံး Male Condom
အမျိုးသားကွန်ဒုံးမှာ လိင်ဆက်ဆံမှုမှတဆင့် ကူးစက်ရောဂါများကို ကာကွယ်မှုပေးနိုင်သည့်အပြင် သန္ဓေတား ရန်အတွက်လည်း သုံးစွဲနိုင်သည်။ သုံးစွဲသည့် နည်းလမ်း မှန်ကန်လျှင် အကျိုးသက်ရောက်မှုကောင်းသည်။ သို့သော် အခြား နည်းလမ်းများနှင့် နှိုင်းယှဉ်ကြည့်လျှင် မတော်တဆ ကိုယ်ဝန်ရှိနိုင်သည့် အခွင့်အလမ်း များကြောင်း တွေ့ရသည်။

သန္ဓေတားထိုးဆေး Depo Provera
ပရိုဂျက်စထရုန်း Progesterone (Progestin) ဟော်မုန်းကို သုံးလအာနိသင်ရှိအောင် ပြုပြင်ထားသော ထိုးဆေး ဖြစ်သည်။ မမျိုးဥပေါက်ကြွေခြင်းကို ရပ်တန့်စေပြီး၊ သုက်ပိုးများ သားအိမ်အတွင်း အလွယ်တကူ မဝင်ရောက်နိုင်အောင် မြူးကပ်စ်လွှာအား ပိုမိုပျစ်ချွဲသွားစေသည်။

သားမွေးလမ်းကြောင်းအကာ Diaphragm
သစ်စေးဖြူဖြင့် ခွက်သဏ္ဌာန်ပြုလုပ်ထားပြီး သားမွေးလမ်းကြောင်းအတွင်း အိတ်အသွင်ထည့်သွင်းနိုင်သည်။ သုက်ပိုး များ သားအိမ်အတွင်း မဝင်နိုင်အောင် တားဆီးကာကွယ်ပေးထားခြင်းကြောင့် သန္ဓေမရနိုင်ခြင်း ဖြစ်သည်။

သားအိမ်တွင်းထည့်သည့်ပစ္စည်း IUD (Intrauterine Device)
သားအိမ်အတွင်း ထည့်သည့်ပစ္စည်းမှာ –
(က) ကော့ပါးနှင့် ပလတ်စတစ် ရောစပ်ပြုလုပ်ထားသောပစ္စည်း
(ခ) ပလပ်စတစ်နှင့် ပရိုဂျက်စထရုန်း ဟော်မုန်းတို့ဖြင့် ပြုလုပ်ထားသောပစ္စည်း
(ဂ) နောက်ဆုံးပေါ်ပစ္စည်း Mirena မှ ပရိုဂျက်စထရုန်း ဟော်မုန်းပါဝင်သည့်ပစ္စည်း စသည်ဖြင့် သုံးမျိုးရှိသည်။

အရေးပေါ်သန္ဓေတားသောက်ဆေး Emergency Pill
မတော်တဆ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုပြီးခဲ့ပြီးနောက် ကိုယ်ဝန်မရစေရန် ကာကွယ်လိုလျှင် အရေးပေါ် သန္ဓေတားဆေး သောက်ဆေးသုံးနိုင်သည်။ ပရိုဂျက်စထရုန်းဟော်မုန်းဖြင့် ထုတ်လုပ်ထားခြင်းဖြစ် သည်။

အရေပြားအောက်သွင်းဆေး Norplant
သဘာဝပရိုဂျက်စထရုန်းနှင့် အာနိသင်တူသော ပရိုဂျက်စတင် Progestin ကိုသေးငယ်သော ပလတ်စတစ်ဆေး တောင့်ငယ် ခြောက်တောင့်အဖြစ် ဖန်တီးထားခြင်းဖြစ်သည်။ ငါးနှစ်အထိ သန္ဓေတားနိုင်သည့် အာနိသင်စွမ်းအားရှိသည်။

ပလပ်စတစ်ကွင်း Nuva Ring
နူးညံ့ပျော့ပျောင်းသော ပလပ်စတစ်ကွင်း ဖြစ်သည်။ ဟော်မုန်း အီစထရိုဂျင်နှင့် ပရိုဂျက်စတင်တို့ ပါဝင်သည်။ သားဥ ပေါက်ကြွေမှုကို ကာကွယ်ပေးနိုင်သည်။
သဘာဝနည်းဖြင့် သန္ဓေတားခြင်း (Natural Family Planning or Natural Method)
ဤနည်းမှာ သားသမီးရနိုင်မည့် ရက်ကိုတွက်ချက်၍ လိင်ဆက်ဆံမှုရှောင်ကြဉ်ခြင်းဖြစ်သည်။ ထိုသို့ သန္ဓေမတည် နိုင်သောရက်နှင့် တည်နိုင်သောရက်တို့ကို မှန်းဆတွက်ချက်ရာတွင် –
(က) ပြက္ခဒိန်ရက်များဖြင့် တွက်နိုင်သည်။
(ခ) သားအိမ်ဝမြူးကပ်လွှာ အခြေအနေစစ်ဆေးကြည့်နိုင်သည်။
(ဂ) ခန္ဓာကိုယ်အပူချိန်ပြောင်းလဲမှုကို တိုင်းတာနိုင်သည်။

သုက်ပိုးသေစေသော ဆေးများ Spermicide
သုက်ပိုးများကို သေစေနိုင်သည့်ဆေးကို သားမွေးလမ်းကြောင်းတွင်း ထည့်သွင်းပြီးမှ လိင်ဆက်ဆံမှုပြု ခြင်းဖြစ်သည်။

သားကြောဖြတ်ခြင်း Sterilization
သားကြောဖြတ်ခြင်းမှာ အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးစလုံးတွင် လုပ်ဆောင်နိုင်သည်။ အမျိုးသားများတွင် လုပ်ဆောင်ရသည်မှာ ပို၍ လွယ်ကူအဆင်ပြေသည်။ မမျိုးဥပြွန် Fallopian tube (သို့) သုက်ပိုးပြွန် Vas Deferens ကိုဖြတ်တောက်ပစ်လိုက်သဖြင့် မမျိုးဥနှင့် သုက်ပိုးတို့ ထိတွေ့ပေါင်းစပ်ခြင်း မရှိတော့ပေ။ ပြန်လည် ပြုပြင်ရန် ခက်ခဲသဖြင့် သားသမီး လုံးဝမယူလိုသောအခါမျိုးတွင်သာ သုံးသင့်သည်။

 

AUTHOR – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

Previous Post

အပျက်သဘောဆောင် စိတ်ခံစားမှုတွေက ကျန်းမာရေးကို ဘယ်လိုသက်ရောက်လဲ

Next Post

မီးယပ်သွေးဆုံးချိန်မှာ ဖြစ်တတ်တဲ့ အပြောင်းအလဲတစ်ခု

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
744
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

1 year ago
1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

1 year ago
632

အသက် ၅၀ ကျော်အမျိုးသားတို့ကျန်းမာသွက်လက်နေဖို့

2 years ago
987

ကျန်းမာတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ကိုယ်ခံအားက ဘယ်လောက်အရေးပါလဲ?

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မီးယပ်သွေးဆုံးချိန်မှာ ဖြစ်တတ်တဲ့ အပြောင်းအလဲတစ်ခု

ဘယ်လောက်မွေးကြမည်လဲ

အိမ်မှာ ကြောင်ကလေးတွေ မွေးထားပါသလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.